Saturday, June 29, 2013
အဆောက်အဦဟောင်းဖျက်သိမ်းပြီးအခြေခံအုတ်မြစ်ပြန်ချခြင်း..
မင်္ဂလာပါရှင်~~~~
အဟွန့်..ခေါင်းစဉ်ဖတ်ပြီးမယ်ငီးတယောက်နိုင်ငံရေးစလုပ်ပြီလို့ထင်ကြမယ်...။
တိုင်းသူပြည်သားအားလုံးနေ့စဉ်လုပ်ဆောင်နေတာတွေဟာနိုင်ငံရေးတဲ့...။
စာစောင်တခုထဲမှာဖတ်မိသလိုပါဘဲ..။
ဒီတော့ ကျမတို့နေ့စဉ်ရုန်းကန်စားသောက်နေတာတွေဟာနိုင်ငံရေးတခုဘဲပေါ့နော်...။
လိုရာဆွဲတွေးပြီး အတင်းဆွဲစေ့လိုက်ပါတယ်...(အဟဲ)
ကျမပြောပြခဲ့တာတွေ၊အာလူးဖုတ်ခဲ့တာတွေဟာမြန်မာနိုင်ငံကလူမျိုးပေါင်း ၁၃၅ မျိုးရှိတဲ့အထဲမှာ ၊ 
အကြီးဆုံးပြည်နယ်တခုက လူမျိုးစုငယ်များစွာ နေထိုင်လုပ်ကိုင်စားသောက်ပုံတွေ ...ဆိုပါတော့..။
ကဲ...မသိဖူးတာတွေ မမြင်ဖူးတာတွေ တွေ့ရတယ်..။
ကိုယ့်နိုင်ငံက လူမျိုးအကြောင်းတွေ ပိုသိလာတယ်...ဒီတော့ မယ်ငီးက နိုင်ငံရေးလုပ်နေတယ်..
လို့သဘောထားပေးလိုက်ပေါ့နော်.....
ဟားဟား....သူများတွေ ပြောကြဆိုကြလွန်းလို့၊လူတတ်ကြီးလုပ်ပြီး ပြောကြည့်တာပါ...။
တကယ်ဆို ဒီမယ်ငီး ငချွတ်လေး ဘာသိမှာတုံး...ဘာမှမသိ၊ ကိုယ့်သွားနေတဲ့လမ်းရဲ့တမိုက်လောက်ဘဲ၊
ကြည့်ရှောက်တတ်တဲ့လူသားတယောက်ပါ...^_^
ဟင်းဟင်း....လာပါ...အိမ်ဆောက်ကြရအောင်....။
ကျမဒီတခါ ပြန်ရင် အိမ်ဆောက်ကန်ထရိုက်တာကြီးလုပ်မလို့....။
သူများတွေလည်း..ဒီလိုဘဲ ရှာစားနေကြတာ...ဖြစ်တာဘဲ...။
အလုပ်မရှိမှာစိုးလို့မပြန်နိုင်သူတွေပူနဲ့နော်...။
ကဲ..အတွေ့အကြုံလေးတွေမျှအုံးမယ်လေ...။
ရန်ကုန်မှာ အိမ်ဖျက်၊တိုက်ဖျက်ရင် ဘယ်လိုလုပ်ကြလဲ မသိဘူး...။
ကျမတို့ဆီမှာ အိမ်ရဲ့ခိုင်မာမှု့ရှိမရှိအုတ်၊ကိုကြည့်တယ်။တူနဲ့ထုရမှာလေ...။
ပြီးတော့ဈေးဖြတ်တာပေါ့..။အင်း..ဘယ်လောက်လဲဟုတ်လား.
ရမ်းတုတ်ပြီးတွက်ချက်ပေးလိုက်တယ်လေ။
machine ဆိုတာမှ မရှိတာ manual လေဗျာ..လျှပ်စစ်မီးဆိုတာ ဘာလဲဗျ...။
အော်...ခရမ်းချဉ်သီးလေးလို နီဖန့်ဖန့်လေးနဲ့ည ၁၂ နာရီလောက်မှာ
အိမ်လည်ခေါင်ထိပ်က ဟာလေး
ကိုပြောတာလား.။ဘုရားမီးအဖြစ်ပူဇော်လို့တောင်မဖြစ်ပါဘူး..။
ဖယောင်းတိုင်ကသူ့ထက်ပိုလင်းပါတယ်..။
လူဘယ်နှစ်ယောက်သုံးပြီးဘယ်နှစ်ရက်လုပ်ရမလဲဆိုတာမူတည်ပြီး ဈေးဖြတ်ပါတယ်..။
အိမ်ဖျက်ပြီးထွက်လာတဲ့ အကျိုးအပျက်တွေကိုပစ်ဖို့ဘယ်ဖို့
ကား ၂ စင်းလောက် အဆင်သင့်ဌားထားရတယ်။ တခါ ၅ဝဝဝ တဲ့...။
ကျမအမရဲ့တပည့်လေး..မို့လို့ဒီဈေးနဲ့ရတယ်..။
ဘယ်တာတော့ဟုတ်ပြီ..ဘယ်မှာသွားပစ်မလဲ..။
မြို့ပြင်က ချိုင့်ခွက်နေရာကြည့်ပြီးသာ သွန်လိုက်ပါ..ပေါ့..။
တနေ့ကို အခေါက်ပေါင်း ၂ဝကျော်တယ်...။မြေတူးပြီးလည်းပစ်ရတယ်လေ...။
ကံကောင်းထောက်မစွာနဲ့ မြေကို ရောင်းလို့ရပါတယ် ကားတစင်းကို ၃ဝဝဝ...။
မြေဖိုး အခေါက် ၂ဝကျော်လောက်ပြန်ရတယ်...။ အခေါက်ရေပေါင်း ၄ဝ  ကျော်ဘယ်ရတယ်...။
အုတ်ကလည်းရှေးအုတ်ပိုကြီးပြီးထူတယ်..။အားလုံးနီးပါးပြန်သုံးလို့ရတယ်...။
အုတ်စိမ်းတွေတော့ ဝဲထုတ်ရတာပေါ့...။ မြေကြီးဘဝအဖြစ် အသွင်ပြောင်းသွားတယ်လေ...။
သွပ် နဲ့သစ်လည်း..အားလုံးပြန်သုံးတယ်...။ ဖျက်တဲ့အချိန်မှာတော့ နဲနဲကြည့်ရတယ်..။ 
အလုပ်သမားတွေနဲ့ရင်းနှီးမှု့ယူထားရတာပေါ့...။
နို့မို့ရင် ပစ်စလက်ခတ်လုပ်လိုက်ရင်လည်း ပြန်သုံးလို့မရဘူးလေ...။
ဒီလိုပြောင်သလင်းခါနေအောင်ရှင်းရပါတယ်...။
ပြီးမြေတိုင်းမယ်ပေါ့...ဘာစက်မှမလိုပါဘူး...။ရေပိုက်လေး ရေဖြည့်၊ ရေချိန်ညှိတာတဲ့...။
ဟိုထိပ်ကလူက တဖူးဖူးမှုတ်လို့...။ဒီအလုပ်က ပြည်မကလာတဲ့လက်သမားဆရာကြီးတွေလုပ်တာ။
သူတို့က ဟိုး..နှစ်ပေါင်း ၂ဝနီးပါး ကျိုင်းတုံကိုရောက်နေကြတာတဲ့..။
ဒီက အာခါလူမျိူးတွေနဲ့အိမ်ထောင်ကြလို့၊ခလေးတွေဘာတွေနဲ့၊ရှမ်းစကားသာမတတ်တာ..။
အာခါစကားကိုမွတ်နေတာဘဲ...။ ကျမကိုရေနွေးကြမ်းလာတောင်းသောက်တယ်..။
သူတို့ဆရာက ရေနွေးအိုးမတည်ပေးပါနဲ့၊ထမင်းစားမှသာပေးပါလို့ပြောထားတယ်လေ..။
ကွမ်းလည်းမဝါးခိုင်းဘူး..။အလုပ်ပျက်တယ်တဲ့...။စည်းကမ်းကြီးတယ်..။
ကျမတော့ ရေနွေးဓါတ်ဗူးလိုက်ချပေးပြီး သူတို့ဆရာလာရင် ဖွက်ပေးရတာအမော..ရှင့်...။
အိမ်ဖျက်တော့လည်း အလုပ်ကြမ်းသမားတွေနဲ့မဖျက်ဘူး..။လက်သမားဆရာတွေနဲ့ဖျက်တယ်..။
သူတို့ကနားလည်တယ်လေ..သစ်တွေဘယ်နေရာပြန်သုံးလို့ရမရ..။စုပုံပြီးထားတာကိုက စနစ်တကျပါ။
အိမ်နံရံအုတ်ဖြိုမှ အလုပ်ကြမ်းသမားတွေနဲ့..ကောင်လေးတွေ..ငယ်ငယ်လေးတွေပါ...။ 
တိုင်းထွာပြီးမြေအရာပေးလို့ အခြေခံအုတ်မြစ်ချဖို့ကျင်းတူးရပါတယ်...။
အိမ်က ၂ထပ်ဆောက်မှာမို့လို့ ၈ပေ အနက်တူးရတယ်တဲ့...။
တမြို့လုံးဒီလိုတွက်ကြတယ်တဲ့။တထပ်ဆို ၄ပေ...။
၃ထပ်ဆို ၁ဝပေကျော် တူးပေးရတယ်တဲ့..။
ကျမဦးလေးက လမ်းဝန်ထောက်အငြိမ်းစားပါ သူပြောတာက
ဒီလို နိယာမ သူလည်းမကြားဖူး...ပါတဲ့..။
ကျိုင်းတုံနိယာမတရပ်..ဆိုပါတော့...။
ပြီးရင် ဟော..ကျောက်ကြီးတွေ ကား ၄ စင်းဝယ်ရပါတယ်...။
အဲ့..ကျောက်တွေကျင်းထဲထဲ့ရပါတယ်...။
ပြီးဘိလပ်မြေတထပ်လောင်းပါတယ် ။
 နောက်သူတို့အခေါ်အုတ်ဖိနပ်ထဲ့ပါတယ်...။
နောက်ဘိလပ်မြေထပ်လောင်းပါတယ်...။
 ဘိလပ်မြေတွေ ကုန်သလားမပြောနဲ့...။
တညလောက်သိပ်ပြီး...
အုတ်နဲ့တိုင်ပတ်ပတ်လည်ကို ပြန်စီတယ်။ အထဲဖက်ကိုတော့ ဘိလပ်မြေထပ်လောင်းပြီး၊
အပြင်ဖက်ကြတော့ အုတ်ကျိုးတွေပြန်ထဲ့ပါတယ်...။
အားလုံးပြီးသွားပြီဆိုမှ ကျမက အိမ်ကိုနောက်တပေခွဲထပ်မြင့်လိုက်တဲ့အတွက်၊ သံချောင်းတွေနဲ့ဘောင်ခပ်၊
ပြီးမြေကိုမြင့်အောင်လုပ်ရပါတယ်.... ။ကျမတို့အိမ်က ကုန်းအတက်မှာဆိုတော့မြေမျက်နှာပြင်မညီပါဘူး..။
ရေချိုးခန်းအိမ်သာက..ဟိုးနောက်ဆုံးမှာ ပြီးတောင်ပေါ်လို မြင့်တက်နေတာပေါ့...။
ဒါကြောင့်အိမ်အရှေ့ကိုမြင့်လိုက်တယ်လေ..။
အိမ်ပြင်နီယာမကြီးလေ...အဟဲ..အင်ဂျင်နီယာဟုတ်ဘူးဗျ..:P
ကိုယ့်ဖာသာကိုယ်တတ်သလောက်မှတ်သလောက်နဲ့ဝါးချလိုက်တာပါဘဲ...။
အဲဒီအထဲကို သဲတွေအများကြီးထဲ့ရတယ်...။ ရေလောင်းဆိုတော့..၊ရေတွင်းခန်းအောင်
တညလုံးကျမလောင်းပါတယ်..။ကျမမပစ်ရသေးတဲ့မြေတွေနဲ့လည်းပြန်ဖို့ပါတယ်...။
မနက်ဆိုရင် မြူနှင်းတွေကျပြီး အရမ်းအေးနေတဲ့အချိန် မှာတွေပေါ့..ကျမကရေပိုက်ကြီးဆွဲပြီး အလုပ်လုပ်နေပြီ..။သူတို့လာနေကျမနက်ရနာရီခွဲမတိုင်မှီ..လုပ်စရာရှိတာတွေလုပ်ထားရတယ်...။
အလယ်ကတိုင်တွေကိုပါ တခါထဲလောင်းလိုက်တယ်...။
မြေဖို့၊သဲဖို့...။
ဘိလပ်မြေလောင်း...။
ဟောသူတို့တောင် နေ့လည် ၃နာရီနားတဲ့အချိန် မှာထိုင်နေလို့ရပြီ....
ကျမက ညနေ ၃ နာရီ ဆိုရင် သူတို့ကို အမြဲတခုခုကျွေးတယ်...လေ..။
ထုံးစံရယ်လို့မရှိပေမဲ့ ကိုယ်စားနေတာကို ကြည့်နေတဲ့မျက်လုံးလေးတွေက သနားစရာကောင်းတယ်..။
နောက်မှသူတို့ရဲ့အစားအသောက်တွေအကြောင်းပြောမယ်..အာလူးဖုတ်မယ်လေ...။
ကဲ...ခုတော့ မယ်ငီး အခြေခံကောင်းသွားပြီနော်....။
ခိုင်ခိုင်မာမာ အုတ်မြစ်ချလိုက်ပါပြီ...။
မိတ်ဆွေ...အိမ်တွေများဆောက်ချင်တဲ့စိတ်ဆန္ဒရှိခဲ့ရင်လည်း...ခေါ်ပါနော်...။
ကန်ထရိုက်တာကြီး....လုပ်မှာဗျ....
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~~
မီးမီး
Friday, June 21, 2013
မြို့ ရောက်တုံးအလှူတကာဝင်နွဲခဲ့တာပေါ့...
မင်္ဂလာပါရှင်~~~~
မနှစ်ကဆောင်းရာသီကာလ ၄ လတာအချိန် ကတော့ကျမအတွက်တသက်မမေ့နိုင်တဲ့ အမှတ်တရ၊
အချိန်ကာလတွေပါဘဲရှင်...။
ရောက်ကတဲက ခေါင်းမဖော်နိုင်၊လည်လည်မသွားနိုင်၊..ဟင်းဟင်း..သူများတွေပြောသလို..
အို...ယားလို့ တောင်ကုတ်အားဘူး..ရှင့်..ဆိုတဲ့အတိုင်းပါဘဲ...:P
နှစ်ပေါင်း ၂၄ နှစ် တောင်ဝေးနေခဲ့ရတာ..။ သူများတွေလိုလည်းလူရာဝင်ချင်သေးတယ်လေ..။
သွားချင်လာချင်တာပေါ့။ဒီမှာက အလှူအဒါန်းတွေအန်မတန်မှပေါများပါတယ်...။
အလှူဆိုတာ လှူတဲ့နေ့ မှာဘဲစားရတာဟုတ်ဘူးလေ...။
အကူနေ့ ဆိုတာရှိသေးပါတယ်။ ကြက်သွန်လေးခွါ(ဓါးတိုလေးတွေကို ကိုယ့်အိမ်ကနေကိုယ် 
ခါးညားလေးညှပ်လို့ ယူသွားတတ်ကြတယ်)ကူလိုက်၊ ခရမ်းချဉ်သီးဆေးကူ၊ပုဂံလေးဆေး..ဘာညာညာပေါ့။
တပတ်မှာ အလှူတွေအနဲဆုံး ၂ ခုလောက်တော့ အိမ်မှာဖိတ်စာရောက်တယ်။
နာမည်တပ်ထားတာအရင်ကြည့်လိုက်တယ်...။
အမေ့နံမည်၊အမနံမည်၊တူမလေးနံမည်..ဒါတွေဘဲ...။မယ်ငီး နံမည်တလုံးမှမပါ...:((
အေးလေ..သူများတွေလည်းကိုယ့်ကိုသိမှမသိကြတာ...။
အဲဒါနဲ့ ..ကျမလေ..သိလား..အမျိုးတွေတွေ့ ရင်..နင်တို့ အလှူမလုပ်ဘူးလား..။
ငါ့ဖိတ်ပါဟယ်...အတင်းလိုက်ပြောထားရတယ်...။
အဲဒီအချိန်မှာ ဝမ်းကွဲ မောင်(အင်း..ရက်ပိုင်းခြားတယ်လို့ ပြောကြတယ်၊သူကကြီးလားကျမကအကြီးလား
ဆိုတာတောင်မေ့နေတယ်) ...မိန်းမခလေးမွေးတယ်။
ဒီမှာလေ..မီးနေချိန်မှာ သွားမကြည့်၊မလည်ထားဖူးဆိုရင်၊ ကင်ပွန်းတပ်မဖိတ်ဘူးတဲ့ဆရာ...။
အဲဒါ ဆေးရုံကဆင်းပြီး ကင်ပွန်းတပ်ခါနီးမှာ ကမန်းကတန်း(တနင်္ဂနွေနေ့ )မှာ သွားလည်ရသေးတယ်..။
ကိုင်း...ကင်ပွန်းတပ်ပွဲ..သွားတာပေါ့။မနက်ရနာရီခွဲဆိုရင် အိမ်မှာအလုပ်သမားတွေရောက်ပြီလေ...။
စောစောသွားရမယ်...။ကြာကြာအာလူးဖုတ်နေလို့ မရဘူး...။
ဒီကပွဲတွေဆိုတာလည်းအစောကြီးလုပ်လေ့ရှိတယ်။ ဘုန်းကြီးကိုအာရုံဆွမ်းဘဲကပ်တာများတယ်။
ဆောင်းချမ်းချမ်း ဆိုင်ကယ်တဝှီးဝှီးနဲ့ လေတိုးလိုက်တာ..။
ရောက်တာနဲ့ တိုးခွေ့ ပြီးတန်းထိုင်စားတော့တာဘဲ..။အားလုံးက ဝိုင်းပြီးနှုတ်ဆက်တာ ပေါ့။
ခပ်မှောင်မှောင်...မှာဖုံးနဲ့ ဘဲကမန်းကတန်းရိုက်ရတာ...။သူတို့ ကအော်ဟစ်နေကြတယ်။
ဒီကလည်းမြန်မြန်စားနေရတယ်လေ...။ထုံးစံက ဧည့်သည်တွေအရင်စားတာ..:))
ကျမက ဆွေမျိုးရင်းဖြစ်ပြီး ဝင်တီးနေလို့ ..အဟဲ..။
တွေ့ လား..မဲမဲကြီးက နမ့်ပူ(လယ်ဂဏန်းထောင်း)၊သူ့ နဘေးက ကောင်းကောင်းမသဲကွဲဘူး..၊
အဲဒါက ခရမ်းချဉ်သီးထောင်း..။ခပ်နီနီလေးက ခိ့ပါ(ငါးအစိမ်းကိုတကောင်လုံးတောက်တောက်စင်းပြီး၊
ရှမ်းအမွှေးအကြိုင်အရွှက်ပေါင်းစုံနဲ့ အချဉ်တည်၊ပြီး ပြန်ကြော်ထားတာ)၊ဆားငံဘဲဥ၊ကြက်သားကင်..၊
နောက်..ခေါက်ဆိန့် ပေါ့....
ကျမရဲ့ ခေါက်ဆိန့် ပန်းကန်...ကောက်ညှင်းလေးနဲ့ ခိ့ပါတို့ ၊တချက်လောက်ဝါးပြီး ခေါက်ဆိန့် တကော်
လောက်၊ပါးစပ်ထဲရှလွတ်...ဟား...ဟိုက..မယ်ငီး၊ဒီက ဘယ်တုံးကရောက်လဲ၊ဘာလဲညာလဲပြောနေကြတာ.။
ကျမလည်း ပါးစပ်ကပလုတ်ပလောင်းနဲ့ ..ဟီးဟီး..။
ကူတဲ့နေ့ ကဘာလို့ မလာလဲ..ဆိုပြီးပေါင်တွင်းကြောလာလိမ်တဲ့ ကြီးဒေါ်လည်းရှိသေးဗျား...။
မအားလို့ ပါ..အခါတသောင်းလောက်ရှင်းပြပေးပြီး၊ အားနာပါးနာနဲ့ ခလေးကိုတချက်ဓါတ်ပုံရှိက်ခဲ့ပါတယ်။
အောက်ထပ်အပြင်ဖက်မှာ ပြင်ဆင်နေတာဓါတ်ပုံရိုက်မလို့ ၊ကင်မရာထုတ်ချိန်တောင်မရှိဘူး..ဝိုင်းအော်
နေကြတာနဲ့ ၊ တာတာ...ဆိုပြီးဆွေမျိုးတသိုက်ကြားထဲကနေလွားကနဲလွားကနဲ..ထွက်ပြေးရတာပေါ့..။
ဟူး...စားထားတာလေးတွေတောင် ထမင်းလုံးစီရသေးဘူး...၊အိမ်မှာကြားကြားယားယား..လုပ်ရပြီလေ။
နောက်တခါကြတော့..အဖွားရဲ့မွေးစားသား..ဇာတာဆက်..မွေးနေ့ (ကျမတော့တိုက်ရိုက်ဘာသာပြန်လိုက်ပြီ)
ရှမ်းလို စေ့ပ်ဂျိုင်းတာ..ဆိုတော့ ဇာတာဆက်တာပေါ့..ကဲ..ဒီလိုဘဲမှတ်ထားလိုက်ပါ..။
ဒီက ခဏခဏ စေ့ပ်ဂျိုင်းတာ လုပ်ကြတယ်..။ လန်းနားရှမ်း၊ဂုံရှမ်းထုံးစံပေါ့..။
ဘုန်းကြီးက ပရိတ်ချည်ကြိုးကို စေ့ပ်ဂျိုင်းတာလုပ်တဲ့သူထိုင်တဲ့အပေါ်မှာ( ညောင်ထောက်တဲ့တိုင်၎ တိုင်ကို အလယ်မှာစုထားတဲ့ပုံစံ လုပ်ထားပြီး၊အဲဒီမှာကြိုးကိုအရစ်ရစ်ပတ်ထားတယ်) အားလုံး ပတ်ထားပြီး၊
အဲဒါကိုဝိုင်းကိုင် ပြီးဘုရားစာတွေရွှတ်ဖတ်ကြတာလေ...။
ကျမရောက်တော့ နဲနဲနောက်ကျသွားတယ်..။ဘုန်းကြီးတောင်အာရုံဆွမ်းဘုန်းပေးပြီးပြန်ခါနီးပါပြီ...။
ဓါတ်ပုံနဲ့ တကွမရှင်းပြရတော့ ဘူးပေါ့ရှင်...။ နောက်တခါနော့်...:)
ကဲ..ကျမအဒေါ်တွေကြီးကြီးတွေက စားနေပြီ...။ခေါက်ဆိန့် နဲ့ ကောက်ညှင်းပေါင်း နမ့်ဖစ်ပေါ့...။
ရောက်အောင်သွားပြီး (ဖုံးနဲ့ ပါဘဲ) မှတ်တမ်းလေးတင်ခဲ့ပါတယ်...။
ငယ်သူငယ်ချင်းက ရွှေပဲရွှက်ထဲ့တာဝန်ယူပါတယ်...။
ခေါက်ဆိန့် တောင်းတွေနဲ့ ရွှေပဲရွှက်....လင်ပန်းတချပ်ကို ၃ စီပန်းကန်ထဲ့ပါတယ်။
မုန့် ဖတ်ကအေးနေတော့ ဟင်းရည်နဲ့ နွေးပြီးပျော့အောင်လုပ်တဲ့သဘောပါ..။
ယောက်မ တဇွန်းဆို တပန်းကန်နီးပါး ဟင်းရည်ရပါတယ်...။
အဲ..သူတို့ ကကျမကိုပြောကြတယ်..နင်က ဟင်းရည်အိုးဘဲရိုက်တယ်..။
ငါတို့ ကိုကျတော့ ဓါတ်ပုံမရိုက်ပေးဘူးလား..တဲ့...။ကဲ...ကြည့်ကြပါအုံးရှင်..ဟင်းရည်အိုးကြီးနဲ့ 
အန်တီကြီးတွေ..။
ကျမဦးလေး...အပြတ်ဝါးတီးဖွင့်နေတာ...:)))
ကျမအမနဲ့ ညီမဝမ်းကွဲ...ပုဂံကအကြီးကြီး...
(စကားမစပ်..အဲ့ဒီအိမ်ကိုကျိုင်းတုံမှာတာဝန်ကျဖူးတဲ့အစိုးရ ဝန်ထမ်းတော်တော်များများသိကြတယ်။
အထူးသဖြင့်စစ်တပ်ကလူတွေပေါ့...ဟောင်ကောင်သားရောင်းတယ်လေ...ဟောင်တဲ့အကောင်လေ..:)))
စားရင်ဌက်ဖျားကာကွယ်တယ်ဆိုလား....) လူတွေတရုန်းရုန်းနဲ့ ပေါ့....
နောက်တခုက နေ့ လည်ဆွမ်းကပ်တာ၊ဦးလေးဆုံးတာ၁ဝနှစ်ပြည့်(အမေ့ညီမရဲ့ ယောက်ကျား)။
အပေါ်က ကိုရင်လေးတွေကိုကပ်မဲ့ဆွမ်းပွဲ....
ကျမမအားလို့ မလာတော့ဘူး...လို့ ပြောတာစိတ်ဆိုးကြတယ်လေ...။
ရေစက်ချတာ..ကြေးသွန်းရေစက်ချခွက်နဲ့ က ကျမအဒေါ်...။
ဒီတော့ပြေးပြေးလွှားလွှား..နဲ့ ..ရောက်အောင်သွားလိုက်ပါတယ်၊ခြေတော်ရာစေတီမှာ လုပ်တာ...။
နောက်တခုကျတော့ အမေ့ဓမ္မမိတ်ဆွေ..ရဲ့ သားမင်္ဂလာဆောင်။
အိမ်လာဖိတ်တော့ခပ်တည်တည်နဲ့ မေးလိုက်တယ်..သမီးလည်းလာလို့ ရလား..ပေါ့...။
ရတယ်ဆိုတော့..ဘာပြောကောင်းမလဲ..ကင်မရာကိုလွှယ်ပြီးသွားတာ...။
စားပွဲဝိုင်းတခုကို ၁ဝယောက်ထိုင်ရတဲ့ တရုတ်ထုံးစံစားပွဲဆိုတော့ ကျမတို့ ကဆွေမျိုးတသိုက်နဲ့  ချိန်းပြီးသွားတာပေါ့။တူမလေးနဲ့ ညီမ အမတွေက ကျမဓါတ်ပုံရိုက်တာကိုရှက်လို့ တဲ့..အတင်းဆွဲကြတယ်..။
ခက်တာဘဲ..ဟင်းချက်တဲ့နေရာဝင်မယ်ဆိုလည်းပေးမဝင်ဘူး..ရှက်လို့ တဲ့..။
ဝက်စတူးဟင်း...တဲ့...။
ကျမတော့ ခပ်တည်တည်ဘဲရှက်ပါဘူးနော့်...ဟီး..
မြို့ သစ်ကလိရှမ်းခန်းမကြီးမှာ...ပါ...။
ဟိုဟိုဒီဒီထရိုက်တာ..ဒါတ်တွေကလည်းခပ်မွဲမွဲတွေချည့်ဘဲ...
ကဲ...ယူနန်တရုတ်ဟင်းခေါ်မလားဘဲ....ရောက်လာပါပြီ...။
ခမျာလည်းကြာကြာမနေရရှာပါဘု့ ...ဆွေတော်မျိုးတော်တသိုက်ကြားမှာ ဖြိုက်ကနဲ ပေါ့...အနိစ္စ..အဟိ။
ဆိုင်ကယ်တွေ..အများကြီး..မင်္ဂလာဆောင်သွားဖို့ ၊ဘယ်လောက်ဘဲလှတပတဝတ်ထား..
ဆိုင်ကယ်တဝှီး..ဆိုပြန်လှန်နေတာဘဲ...အဟဲ..ဆံပင်ပုံစံပြောတာပါ...။
ခရစ်မမတ်ရောက်တော့ အမဝမ်းကွဲက စားကြောတခုကနေပြန်လာပြီးပြောပါတယ်။
အဲဒါပြန်ရောက်ပြီး ကျမငီးငီး..ကိုမေးနေတယ်တဲ့...။
မဖိတ်ပေမဲ့သူ့ ကိုချစ်ရင် ဒီကောင်မလေး လာရမယ်ဆိုဘဲ....။
ဟား..အပြေးကလေး..ပေါက်ချသွားတာပေါ့...။ဆရာမအိမ်နဲ့ ကျမတို့ က..နဲနဲဝေးတယ်။
ရောက်တာနဲ့ ခေါက်ဆိန့် ဇလုံကြီးကိုလည်းကြည့်ပါအုံး..အယ်စတုံ...:))
နောက်ပြီး ဝက်သားချဉ်ထမင်း(နေ့ ဆွမ်)...စားနိုင်တော့ဘူးနဲနဲဘဲမြည်းမယ်ဆိုပြီး...။
ဟော..တပုဂံလုံးကုန်ခဲ့ပါတယ်....ရှလွှတ်...ကောင်းမှကောင်း...။
ဆရာမဒေါ်ခင်တင့်ဟိန်း...ကိုလည်း...ချစ်မှချစ်...။
ဟော....နောက်တူမလေးတယောက် မောင်ဂလာဆင်..မင်္ဂလာဆောင်ပြန်ရော.....ဝါးတီး....ဟီးဟီး..။
ကောင်မလေးက အော်စီမှာကျောင်းတက်ရင်း..မြို့ ကပါဘဲတရုတ်ကောင်လေးနဲ့ တွေ့ ...တာတဲ့...။
ဒီတော့တရုတ်ဟင်း...ပေါ့..တရုတ်ဘုံကျောင်းမှာလေ...။
ဘာဟင်းတွေမှန်းတောင်မသိပါဘူး...။
ခြေမြန်လက်မြန်အသင်းဝင်တွေဆိုတော့ (ဆွေတော်မျိုးတော်တသိုက်လေ)..အလျင်မှီအောင်ဆွဲရတယ်။
ထိုဖူးဟင်းက တမျိုးလေးဘဲ...စုံအောင်မရိုက်နိုင်ပါဘူး...ခပ်သွက်သွက်လေးဝါးခဲ့တာပေါ့...:)
နောက်တခါ..ကျမဆရာမလည်းဟုတ်၊အမျိုးလည်းတော်တဲ့ ဆရာမတာမွန်း ဆီလည်လည်သွား၊
ရှမ်းဖြေဆေးတွေတောင်း၊ခေါပုတ်၊ရေညှိ၊ရှမ်းမုန့် ကြွတ်တွေ..အများကြီးမလာခဲ့သေးတယ်။
နောက်ဆုံးပွဲတခုက ပြန်ခါနီးတော့ဟုတ်ဘူး...ဇန်နာဝါရီလပိုင်းကလား..သိပ်မသေချာတောဘူး...။
ခြေတော်ရာစေတီမှာဘဲ..ရှမ်းဘုန်းကြီး..အာပတ်ဖြေ..ပွဲ..အယ်..ဒီလိုဟုတ်သေးဘူး..။
 ဘယ်လိုဘာသာပြန်ရပါ့... ရှမ်းလို "ခေါင်ဝပ်"...။ ထားပါတော့လေ....။
ဒီလို တနှစ်တခါ ကျိုင်းတုံမြို့ နယ်တခုလုံးမှာရှိတဲ့ ဘုန်းကြီးကျောင်းက ပွဲကျင်းပမဲ့သတ်မှတ်ထားတဲ့နေရာမှာ
တဲထိုးနေပြီးစုပေါင်းတရားစာတွေရွှတ်ဖတ်နာကြား၊တရားတော်တွေဆွေးနွေးကြတာလေ...။
တမြို့ လုံးလာသမျှလူတွေကို ထမင်း ကျွေးတယ်..။
အယုတ်အလတ်အမြတ်မရွှေး၊အထူးသဖြင့် တောင်းရမ်းစားသောက်တဲ့သူတွေရောဝင်ထိုင်စားလို့ ရပါတယ်။
ဟင်းတွေကအစုံဘဲ...ကျမတို့ ရောက်တော့နောက်ကျနေပြီ၊အိမ်ကအလုပ်သမား ထမင်းစားနားချိန်
မှာပြေးသွားရတာလေ..။ဟင်းအိုးထဲမှာ..ဟင်းတွေမရှိတော့ဘူး..။
ကျမခပ်တည်တည်နဲ့ သူများစားနေတဲ့စားပွဲတွေကိုလှည့်ပတ်ကြည့်ပါတယ်။
တချို့ ကဟင်း ၂ပွဲယူထားတယ်လေ...။စားတော့ ၂ယောက်လောက်ဘဲ...။
သွားတောင်းပါတယ်(အရှက်ကိုမရှိ ပါဘူး...:P) နဲနဲလောက်မျှပါလား ကျမလည်းစားချင်လို့ ပါလေ၊ ဆိုပြီးတော့ပေါ့..။ညီမလေးဝမ်းကွဲက အတင်းလိုက်ဆွဲတယ်...ဘာရမလဲ..မယ်ငီးကွ..။
ပြည့်စုံတဲ့ထမင်းဟင်းဝိုင်းလေးနော်...။
နောက်တော့ ကျမကိုတွေ့ တာနဲ့ သူများတွေ ဟင်းလာပို့ ပါတယ်..။
အဟီး...မျက်နှာပြဲမျိုးကွ..အဲ..မျက်နှာကြီးမျိုး...ဗျ....
ဘုန်းကြီးကျောင်းအရည်အတွက်လိုက်ပြီး အလှူခံခွက်ထဲ အလှူငွေထဲ့...။
ပြီးတော့ပြန်တာပေါ့..သူများတွေလည်းပြန်ကြပြီလေ..။
ကျမတို့ ဆီကဘုန်းကြီးကျောင်းတွေသွားရင် ထမိန်၊လုံချည်ဝတ်ကိုဝတ်ရတယ်။
ရန်ကုန်မှာ..အင်း..ဒီမှာလည်းတွေ့ ဖူးတယ်..။
ဘုန်းကြီးကျောင်းလာတာ..လက်ပြတ်၊ဂျိုင်းပြတ်နဲ့ ညအိပ်ဝတ်လိုပုံစံဂါဝန်ကြီးနဲ့ ၊စိတ်ပျက်စရာ...။
ဟိုမှာဆိုအသေကဲ့ရဲ့ ကြမှာ..မိဘကမသွန်သင်ဘူးလားလို့ ပြောမှာဘဲ...။
ယဉ်ကျေးမှု့ မတူတာများလားမသိပါဘူး...လေ..။
ကျမတူမလေးက ဝက်သားချဉ်မစားရလို့ စိတ်ကောက်တာ..ဝယ်ပေးရတယ်လေ...။
ကိုင်းဒေါ်ကြီးတွေလည်းပြန်ပြီ...။
သုံးဘီးပေါ်တက်..အိမ်ပြန်မယ်...။
ကျမလည်း ဒီတခါတော်တော်လေရှည်သွားပါတယ်...။
ကျမရေးမယ်ပြောမယ်နဲ့ ...ဂတိတွေပေးထားပြီး ကြောင်တောင်ကြီးနဲ့ မေ့နေတာလေ...:)
ဆက်လက်ကြိုးစားအားထုတ်ပြီး...အာလူးတွေတလှေကြီိးုပေးအုံးမယ်နော်...
မီးမီး