Tuesday, October 9, 2012

ခေါက်ဆွဲစားသူများ....

မင်္ဂလာပါရှင်~~~

အားလူးစားသူများ ဆိုပြီးကမ္ဘာကျော်တဲ့ ပန်းချီကားကိုအားကျလို့  ခေါက်ဆွဲကြိုက်ပြီး၊ အားလူးပေးတတ်တဲ့
မယ်မီးလည်း ခေါက်ဆွဲအကြောင်းကို ခေါက်ဆွဲစားသူများကနေ နဲနဲပါးပါးလေး ပြောပြချင်ပါတယ်..:P

တကယ်ပါ ခေါက်ဆွဲကြိုက်သူတွေကတော့ ဘယ်နေရာရောက်ရောက် အခွင့်အရေးရှိရင် စားချင်ကြတာဘဲ။ကျမ ဟိုတလောက နယူးယောက်မြို့ ထဲရောက်တော့ ဂျာမာန်သံရုံးနားမှာပါဘဲ.။
ခေါက်ဆွဲဆိုင်တဆိုင်တွေ့ တယ်။ လူတွေတန်းစီနေကြတာ။ စားကောင်းမှာဘဲဆိုပြီး ဝင်တာပေါ့။
အထဲမှာထိုင်ပြီးတော့လည်း ဘာမှာရမှန်းသိဘူး..ဟီး။ စားပွဲထိုးကိုမေးကြည့်တယ်။ ရောင်းအကောင်းဆုံး၊
ခေါက်ဆွဲထဲက တပွဲပေးပါပေါ့..ဒီလိုခပ်တည်တည်နဲ့  မှာလိုက်တာ...ဟောကြည့် မဲမဲပြဲပြဲလေး..ဗျ..။


 
ဇီချွန်အမဲသားခေါက်ဆွဲအစပ်တဲ့..။စားဖူးသေးဘူး..ပူပူလောင်လောင်နဲ့  သူတို့ လိုတဖူးဖူးမှုတ်ပြီး၊
ပါးစပ်ထဲထဲ့ နှုတ်ခမ်းထော်ပြီး စုပ်သွင်းလိုက်တာပါဘဲ..မဆိုးဘူးဗျ..။
မကုန်ဘူးထင်နေတာ တက်တက်စင်အောင်ပြောင်သွားပါရော့လား:P


ဒီအနောက်နိုင်ငံက food court တရုတ်ဆိုင်တွေမှာ သွားစားရင် ဒီလိုခေါက်ဆွဲမျိုးနဲ့ ဘဲညားရတယ်။
ခေါက်ဆွဲက သပ်သပ်၊အသားက သပ်သပ်၊အရွက်က သပ်သပ်စီပုံပေးလိုက်တာဘဲ။
သိပ်ချေးမများရင် စားလို့ ဖြစ်ပါတယ်။ ဆီနဲနဲများတာက လွဲရင်ပေါ့လေ..။

ပင်လယ်စာဆိုပြီးမှာလိုက်တာ ပုဇွန်တွေတပုံတခေါင်းကြီး၊ ပုဇွန်ချည်းဘဲစားပြီး၊ 
ဗိုက်တင်းသွားပါရော့လား..။
ထိုင်းဆိုင်မှာ ထိုင်းအုန်းနို့ ခေါက်ဆွဲမှာစားမိပါတယ်။ စပ်လိုက်တာ အဖတ်တွေကတော့ပုဂံအပြည့်ဘဲ။ အရည်လေးက ဖင်ကပ်လေးဘဲပါတယ်။ စားဖူးနေကျ ခေါက်ဆွဲနဲ့ လည်းတူဘူး..။ တကယ်ပါ ၁၂ ဒေါ်လာကျော်ပေးရပြီး ကောင်းလည်းကောင်းဘူး..ဟင်း..။

မကောင်းဘူးလို့ ပြောပေမဲ့လည်း တဝက်ကျော်လောက် ပြောင်အောင်ရှင်းလိုက်နိုင်တယ်လေ....ဟိ။ 

ထိုင်းဆိုင်ကဘဲ ဖတ်ထိုင်းနဲ့ ကြက်ကင်တဲ့...။

ဒီနယူးဂျာစီ Garden state plaza ..ကိုလည်းခဏခဏသွားဖြစ်တယ်။ food court က ထိုင်းဆိုင်ဆိုပြီး၊
တရုတ်မမလေးတွေရောင်းနေတဲ့ အမဲသားခေါက်ဆွဲ အစပ်တဲ့...။ နဲနဲပေါ့တယ်။ဒါပေမဲ့ စားကောင်းတယ်။
ခေါက်ဆွဲဆိုပြီး ဘာလို့ မုန့် တီဖတ်သုံးတာလဲသိဘူး..။ 

ဒါကျတော့..ကျမမိတ်ဆွေတယောက် ပဲပုပ်မှုန့် တွေတဗူးလက်ဆောင်လာပေးလို့ ၊ ကျိုင်းတုံမုန့် တီချက်စားတာလေ..။ ဇလုံလိုမျိုးနဲ့ တောင်ထဲ့စားရတယ်။ မစားရတာကြာလို့ ..:P
ရွှေပဲရွက်လေး နဲ့ ဝက်သားနဲ့  တော်တော်တော့ ဟုတ်နေသလိုဘဲ..။
အဲ...ပဲပုပ်နဲနဲလေးများသွားတယ်..;)))


ဂျပန် soba ခါက်ဆွဲဆိုတာလည်းကြိုက်တာပေါ့...။ရယ်ဒီမိတ်ထုတ်ဝယ်ပြီး ကိုယ့်ဖာသာကိုယ်လုပ်စားကြည့်တာလေ...။ ကြာခဲ့ပါပြီလေ။ သူ့ အရည်ကိုဖျော်တာ နဲနဲများသွားတယ်...။

ဂလိုလေး ခေါက်ဆွဲကို အရည်ထဲစိမ်ပြီး စားရတယ်တဲ့....အရမ်းကြိုက်တယ်။
အသားမပါလို့ သွားကြားညှပ်စရာမလိုပါ...။
ဒီဟာလေးကို ကကြီးလူမျိုးတွေက ဘယ်စရင်းထဲထဲ့ထားတဲ့အစားအစာလည်းတော့မသိဘူး။
ကျမတော့ ခေါက်ဆွဲ စရင်းထဲထဲ့လိုက်တယ်။ဆိုင်မှာမစားဖူးပါဘူး။ ဒီလိုရယ်ဒီမိတ်က တထုတ်မှ 
၁ ဒေါ်လာဝန်းကျင်ဘဲရှိတာ။ အချည်ထုတ်ဖေါက်ထဲ့ပြီး မိုက်ကရိုဝေ့နဲ့ ဘလူးဘလူး ခဏလေးဘဲ၊
လုပ်လိုက်ရင် စားလို့ ရပြီလေ . .။


အရသာလည်း ချဉ်ပြုံးပြုံးနဲ့ .. မုန့် ကြာစေ့ကို အချဉ်ထဲ့စားရသလိုပါဘဲ..။

သူတို့ ပဲခေါက်ဆွဲကိုလည်း ကျမကပဲပြားထပ်ထဲ့လိုက်သေးတယ်။ ဒေါ်ကျုတီတွေ့ ရင်ဘာပြောမလဲမသိဘူး။
ဒီအာလူးကားကြီးနဲ့  ဒီခေါက်ဆွဲ ဘာမဆိုင်သလိုပါဘဲ...။ ဒါပေမဲ့ ကျမက အတင်းဆွဲစေ့လိုက်တော့..၊
သူ့ ခမြာလည်း ကန့် လန့် ကန့် လန့် နဲ့ ပါလာရတာပေါ့နော်..:)))
ကျမကို ဟိုအနောက်ဖက်ကမ်းခြေမှာနေတဲ့ သူငယ်ချင်းတယောက်က အာလူးပေးတတ်လွန်းလို့ တဲ့၊
သူ့ ရုံးနားမှာ ကားတစင်းတွေ့ တာ ကျမကိုသတိရစွာနဲ့ ဓါတ်ပုံရိုက်ပြီးပို့ ပေးလိုက်ပါတယ်တဲ့။ 

ကဲ...ဘယ်လောက်ကြီးတဲ့အာလူးလဲ...ဒေါ်မီးအာလူးနဲ့ အပြိုင်နေမှာပေါ့နော်...ဟား...:)))
ဒီလိုလေး အစားအသောက်တွေနဲ့ ဆွဲဆောင်ပြီး တခုခွင့်တောင်းရအုံးမယ်၊
နောက်အပတ်မှာကျမခရီးထွက်ရအုံးမယ်။ ဒီခရီးက နဲနဲကြာပြီး ဟိုကိုးနတ်ရှင်သိပ်မကောင်းတဲ့
ဒေသဖက်ဆိုတော့ ဒီလို  အာလူးလေးတွေ လာပေးဖို့ ခက်မယ်နဲ့ တူတယ်။ ၄/၅ လလောက်ကြာမယ်။
အခြေအနေပေးရင်တော့တွေ့ ကြပါအုံးမယ်လေ။

အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေ...
မီးမီး

20 comments:

  1. ခရီးထွက်မယ်၊ကြာမယ်ဆိုတော့လွမ်းစရာလေးတွေတော့ဖြစ်ကုန်ပြီ။အာလူး
    သီးကြီးနဲ.အပြိုင်အာလူးပေးတတ်တဲ့အမီးကိုတော့သတိရနေမှာပါ။




    ReplyDelete
    Replies
    1. အန်တီရေ...
      ဒီတခါတော့နဲနဲအလုပ်လုပ်ပြီးရူပ်နေမဲ့ခရီးစဉ်ပေါ့။
      တခါမှ မကျင်လည်ဖူးတဲ့ နယ်ပယ်တခုမှာ၊
      အရာကြီးလိုလို ခွက်သိမ်းလိုလို သွားလုပ်ရမှာ၊
      ပြန်လာရင် အဲ့အကြောင်းကို ပြန်ပြောပြအုံးမယ်နော်။

      Delete
  2. ဟုတ်တယ်နော်... ဒီက အာရှလူမျိုးတွေရောင်းတဲ့ ခေါက်ဆွဲကြော်က သိပ်ဆီများတယ်..၊ တို့ကတော့ ဂျုံခါက်ဆွဲနဲ့အာလူးဆို တသက်လုံး အိမ်မှာ တခါမှ မစားခဲ့ဘူး။ (ဆန်နဲ့လုပ်တဲ့ ခါက်ဆွဲပဲ ကြိုက်တာ)ခုတော့ အခြေအနေအရ စားနေပါတယ် :D

    Gute Reise!!

    ReplyDelete
    Replies
    1. ဟုတ်ပါ့ စူးနွယ်ရေ့ ..
      ဆီတွေဝေ့နေတာဘဲ..။
      ကျမတော့ ဘယ်ခေါက်ဆွဲလာလာ အရင်စမ်းသပ်မြည်းရမှလေ။
      ဆန်ခေါက်ဆွဲ ကျတော့ဗီယက်နမ်ဆိုင်နဲ့ ထိုင်းဆန်မှာဘဲ ရတယ်။
      ကျန်တာတော့ ကိုယ့်ဖာသာကိုယ်ချက်စားဘဲနော်..။
      Vielen Dank für Ihre Freundlichkeit.

      Delete
  3. ခေါက်ဆွဲကြိုက်သူမို့ လာအားပေးသွားပါတယ် မမီးရေ...။ ဘာပဲပြောပြော တို့ရှမ်းမုန့်တီကတော့အကောင်းဆုံးပဲ...။

    ReplyDelete
    Replies
    1. မိုးငွေ့ ရေ..
      ကိုယ်တို့ ခေါက်ဆိန့် ကတော့ စူပါပေါ့။
      အရမ်းစားနိုင်တယ်။
      တပုဂံနဲ့ ဝရိုးထုံးစံရှိခဲ့ဘူးနော်..:P

      Delete
  4. ခေါက်ဆွဲကအကြိုက်ကြီးထဲမှာမပါဘူး။
    မစားရတာကြာရင်တော့လုပ်စားပြန်ရော။
    လွမ်းလို့ ကျန်ရစ်ခဲ့ရမှာပေါ့လေ။း)
    ခရီးမှာပျော်ပါစေ။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. ကျေးဇူးတင်ပါတယ်။
      ပြန်လာရင် ကျိုင်းတုံက ရှမ်းဟင်း၊
      ဆန်းဆန်းလေးတွေ ဒါတ်ဒါတ်များစွာနဲ့ ၊
      မအိုင်အိုရာကို ပြောပြမှာပေါ့...:)))

      Delete
  5. ခေါက်ဆွဲမျိုးစုံပဲနော်... ပျော်ရွှင်စရာခရီးလေးဖြစ်ပါစေနော်အမ...

    ReplyDelete
    Replies
    1. ကျေးဇူးဘဲနော် baby လေးရေ

      Delete
  6. အားပါး... ဒီလောက်များတဲ့ ခေါက်ဆွဲတွေ ဒီတစ်နေရာပဲ တွေ့ရသေးတယ်... ခရီးစဉ်တစ်လျှောက် ပျော်ရွင်ပါစေ ခင်ဗျာ

    ReplyDelete
    Replies
    1. အဟား..စုဆောင်းထားတော့၊ဂလောက်တောင်ရှိတာပေါ့ဗျ..။
      ပေးတဲ့ဆုနဲ့ ပြည့်ပါစေလို၏..:))

      Delete
  7. ခေါက်ဆွဲဆိုလာထားဘဲ
    ဘယ်လိုလုပ်လုပ်အကုန်ကြိုက်တယ်
    အကြိုက်ဆုံးကတော့ ငယ်ငယ်တုန်းက မျက်စိရှေ့မှာတင် ဂျူံနယ် ကြိတ်ပြီး ပြုတ်ရောင်းတဲ့
    အညာဈေးထဲက တရုတ်ကြီးလုပ်တဲ့ ကြက်ဥဂျူံခေါက်ဆွဲ အကြိုက်ဆုံးဘဲ
    ပဲငံပြာရည်အနောက်နဲ့ ဆီချက် ငရုတ်သီးမှုန့်လေးထည့် ....ခေါက်ဆွဲခြောက်ကြွတ်ကြော်လေးနဲ့
    ကောင်းမှကောင်းပဲဗျာ....
    မေမီး ခေါက်ဆွဲတွေလည်း အကုန်ကြိုစ်စ်စ်
    ပဲပြားလေးထည့်ထားတာက လွဲရင်ပေါ့ :)))




    ReplyDelete
    Replies
    1. ဟင်းဟင်း..အကြိုက်ချင်းတူနေတာကိုးကွ..:P
      ဘယ်အညာဘယ်မြို့ ကဈေးထဲမှာလဲ၊သွားရှာစားအုံးမှ..။
      ကျုပ်က မဲမဲဆိုရင်ငယ်ငယ်ကသိပ်မုန်းတာ။
      ပဲငံပြာရည်တောင်ကြိုက်ဘူးမုန်းလို့ မဲလို့ ။
      ပဲခေါက်ဆွဲမဲမဲပေါ် ပဲပြားဖြူဖြူလေးတင်ထားတော့၊
      သိပ်မမဲသလိုဖြစ်နေသလားလို့ ..ဟီး။

      Delete
  8. I wish I could try ကျိုင်းတုံမုန့် တီ. Look delicious..

    We will miss you.. and enjoy your trip.. take a lot of pics..

    ReplyDelete
    Replies
    1. You should try,I am sure you will like it very much.
      I will try to be the best Photographer lady:P

      Delete
  9. အကြာကြီးဆိုတော့လွမ်းနေတော့မှာပေါ့ ကိုးနတ်ရှင်ကောင်းပါစေလို့ဆုတောင်းရမှာပေါ့ သီတာ

    ReplyDelete
    Replies
    1. မသီတာ..
      များများလွမ်းနေတာနဲ့ တန်အောင်၊ကျမတို့ မြို့ ကအကြောင်းနဲ့ ၊
      ထိုင်းမှာနေခဲ့တဲ့အကြောင်းတွေ ဓါတ်ပုံမပါဘဲ၊
      အခွင့်ရရင်ဟိုကနေပြောပြမယ်နော်..:)))

      Delete
  10. ခေါက်ဆွဲကြိုက်တယ်..
    အိမ်က သမီးငယ်လေးလည်း ကြိုက်လို့ ခဏခဏ စားဖြစ်တယ်။

    NSA

    ReplyDelete
  11. ဒီကလည်း ခေါက်ဆွဲကြိုက်..မကြိုက်လည်း အပြောင်ရှင်းတာ မမီးနဲ့  တူတယ်..:P..ကိုးနတ်ရှင် ကောင်းရင် အာလူး လာဖုတ်ဦးနော်..:D

    ReplyDelete