Thursday, October 11, 2012

ငြိမ်းချမ်းတဲ့နယ်မြေမှာပန်းများလန်းကြစေဖို့ စုပေါင်းကူညီကြပါစို့ 

မင်္ဂလာပါရှင်~~~~


ဒီတခါတော့ မိတ်ဆွေတယောက်အကူအညီတောင်းလို့  ရွာဆော်ကြီးလုပ်ပါရစေရှင်။
ကျမတော့ဒီပွဲမှာ ပါဝင်ဖို့ အခွင့်အရေးလွတ်သွားပေမဲ့၊ ကူညီကြေငြာပေးရတာနဲ့ ဘဲ၊
ကျေနပ်လိုက်ပါတယ်။
ကိုရဲလွင်ရေးတဲ့သီချင်းတွေ၊ဆောင်းဦးလှိုင်ရဲ့ အသံချိုချိုအေးအေးလေးတွေ၊ ကျမအကြိုက်ပေါ့။
ကျမတို့ တိုင်းပြည်က ကျမတို့ လူမျိုးတွေအတွက်၊စည်းလုံးညီညွတ်တဲ့၊ ကျမတို့ အားလုံးရဲ့ စိတ်ဓါတ်တွေနဲ့ တတ်အားသရွေ့ ဝိုင်းဝန်းကူညီကြရအောင်....။ 



ကချင်ပြည်နယ်နှင့်ရခိုင်ပြည်နယ်ဆီသို့“ပန်းခရမ်းပြာ၏အိမ်မက်များ”

နေ့ရက်   ။ ။ အောက်တိုဘာလ ၂၈ ရက်(တနင်္ဂနွေနေ့)၊ ၂၀၁၂ ခုနှစ်

အချိန်     ။ ။ နံနက် ၁၁ နာရီမှ နေ့လည် ၁နာရီအထိ
                ရန်ပုံငွေ ရိုးရာအစားအစာမျိုးစုံဈေးေ
ရာင်းပွဲ
                နေ့လည် ၁ နာရီခွဲမှ ညနေ ၅ နာရီ အထိ
 
အစီအစဉ်။ ။ စာရေးဆရာမဒေါ်သန်းမြင့်အောင် (ဒု-ဥက္ကဋ္ဌ၊ နာရေးကူညီမှုအသင်း - ရန်ကုန်)၊
                 တေးရေး ကိုရဲလွင် (မဇ္ဈိမလှိုင်း)၊ 
                 တေးရေး၊ တေးဆို ဆောင်းဦးလှိုင်၊
                 တို့၏ ပြည်ပရောက်မိသားစုများနှင့်တွေ့ဆုံဆွေးနွေးဖျော်ဖြေပွဲ နှင့် 
                 နယူးယောက်မြို့ခံ Exit Band ၏တီးခတ်သီဆို ဖျော်ဖြေမှုအစီအစဉ်

 နေရာ    ။ ။ Aviation Career & Technical Education High School

                45-30 36th Street
                Long Island City, NY 11101

ရန်ပုံငွေများကို ကချင်ပြည်နယ်နှင့်ရခိုင်ပြည
်နယ်ရှိလူမှုရေးလုပ်ငန်းများအတွက် နာရေးကူညီမှုအသင်း - ရန်ကုန် နှင့် ၈၈ မျိုးဆက် ကျောင်းသားများအဖွဲ့တို့ကတဆင့်လှူဒါန်းသွားမှာဖြစ်ပါတယ်

ရွှင်လန်းချမ်းမြေ့ ကြပါစေ...
မီးမီး

6 comments:

  1. ဘယ်လိုလာရမလဲမမမီးငယ်ရယ်း)))

    ဂွတ်း))

    ReplyDelete
    Replies
    1. google map မှာရှာကြည့်တော့၊
      ဒန်အိုးလေးနေရာနဲ့ နဲနဲဝေးနေတယ် :P
      ဒီတော့ သူတို့ ကိုဘဲ အဲ့နေရောသွားခိုင်းလိုက်တော့မယ်..။
      င့ါနှမလေး ပင်ပန်းနေမှာစိုးရိမ်လို့ ပါကွယ်..
း))))

      Delete
  2. အဲဒီနေ့ မှာ Strike to Breast Cancer Walk Event မှာ ပါနေမို့ လို့  မလာနိုင်ဘူး ဖြစ်နေတယ်..အမ်..နယူးယောက်နဲ့  ကန်တက်ကီက သိပ်မဝေးပါဘူး မိုင်၈၀၀ ၁၃နာရီခွဲလောက်ပဲ ဝေးတာ..:D

    ReplyDelete
    Replies
    1. လမ်းလျောက်ရင်းနဲ့ မြန်မာသီချင်းဖွင့်နားထောင်နော်...းP
      ကျမလည်း..အဲ့ဒီအချိန်ဆိုရင် ရှမ်းခေါက်ဆွဲနဲ့ ငြိမ့်နေလောက်ပြီ:)))
      (ကပ်ကြွားခြင်း...ဟင်းဟင်းး))))

      Delete