အဖေ့ကိုဒီအချိန်မှာတကယ်အောင့်မေ့တမ်းတမိတယ်။
အဖေသာရှိနေသေးရင် အဖေ့သမီးလည်း ပူပင်ဗျာပါဒနဲ့  ပြေးလွှားခရီးသွားနေစရာတောင်
မလိုတော့ဘူး..။ အဖေ့ကိုသတိရတော့ အဖေ့ငါးဟင်းကိုလည်းလွှမ်းတယ်။ တနေ့ ကကိုးရီးယားဆိုင်မှာ၊
ငါးကြင်းအကောင်ကြီးကြီးရခဲ့တော့ အဖေ့အင်းသားစတိုင်ဟင်းချက်နည်းနဲ့ ချက်ထားတာ ပြောပြအုံးမယ်။
(အချိန်နဲနဲရလို့  ဟင်းချက်တာလေး နဲနဲပြောပြတာနော့်...း)))
အဖေ့အင်းသားငါးဟင်းပေါ့...အငွေ့ တထောင်းထောင်းထလို့ ...
အဖေက ဟင်းချက်အင်မတန်ကောင်းတဲ့ အင်းသားတယောက်ပေါ့ဗျာ....။
သူငါးဟင်းချက်တာလည်း ဘာမှထွေထွေထူးထူး မပါပါဘူး။
ကြက်သွန်ဖြူနီနဲနဲ၊ ဂျင်း၊စပ်တဲ့ငရုတ်သီးစိမ်းအကြီးတထောင့်၊နံနံပင်..ဒီလောက်ပါဘဲ။
ငါးကို အရေခွံတင်းယုံကြော်တာ ဟုတ်ဘူး။ ခပ်ကြွပ်ကြွပ်လေးဖြစ်အောင်ကြော်လိုက်တာ။
ကျမက ၂၁ ရာစုနှစ်ရဲ့  အိမ်ထောင်ရှင်မဆိုတော့ ဟင်းစချက်တာနဲ့ ကွန်ပြူတာလေးလှပ်ရသေးတယ်လေ။
သူများတွေဘာကိုဘယ်လိုချက်သနည်း..ဆိုတာလိုက်ရှာကြည့်တာက နေ့ စဉ်အလုပ်ပေါ့။
နောက်ဆုံး ၂တုံးက နဲနဲမဲတူးသွားတယ်လေ..းP
အဖေက အရိုးထွင်ပြီး အတုံးခပ်သေးသေးဖြစ်အောင် ပြန်ဖဲ့ထားတတ်တယ်။
ကိုးရီးယားအရောင်တင်မှုန့်  သုံးတာအရမ်းကြီးကိုနီတာပါဘဲ..ဆီများတယ်လို့ ထင်ရတယ်။
သိပ္ပံနည်းအရ ဘယ်လိုဓါတ်ပေါင်းတွေပြုနိုင်တာတွေတော့ သိဘူး...။ စားလိုက်တာဘဲ..း)))
ဓါတ်ပုံတောင် မရိုက်အားတော့ပါဘူး..းD
ကိုယ့်ဖာသာကိုယ် အချိန်မရှိဘူးပြောပေမဲ့ ဒီလိုလေးတော့ အချိန်လုပြီး ရေးတတ်နေပြီ...။
ကဲ.....ဝေဟင်ခရီးနှင်တော့မယ်....။
အားလုံးဘဲ ရွှင်လန်းချမ်းမြေ့ ကြပါစေ...
မီးမီး