Friday, August 31, 2012

စိန့် မြစ်ခရီးနဲ့ မျော်စင်ကြီး

မင်္ဂလာပါရှင်~~~
Paris ရောက်ရင် အီဖယ်တာဝါကိုသွားရသလို၊ ဒီစိန့် မြစ်သင်္ဘောခရီးစဉ်လေးကလည်း၊
လူတိုင်း မသွားမဖြစ်တဲ့ နေရာလေးပေါ့။
ကျမတို့ ကို ဂိုက်ကမနက်စောစောဟော်တယ်က ထွက်တာနဲ့ အဲ့..ကိုတန်းခေါ်သွားပါတယ်။

သူတို့ တံတားတွေလည်း ဥရောပလက်ရာတွေနဲ့ ခန့် ညားလှပနေတာ...


မြစ်လမ်းကြောင်းခရီးစဉ်တလျောက်ပြမြေပုံ...
ဘေးတဖက်တချက်မှာ သမိုင်းဝင်အဆောက်အဦ ကြီးကြီးမာမားတွေ ပြည့်နေတာဘဲ...။
တံတားတွေ ဘယ်လောက်ပေါများသလဲဆိုတာ ပုံထဲမှာမြင်နိုင်တယ်လေ..။
စုစုပေါင်း ၃၇ ခုတောင်ရှိတယ်တဲ့ဗျား...။ရှေးအကျဆုံးက မြစ်လယ်ခေါင်မှာရှိတဲ့ ကျွန်းငယ်လေးရဲ့ ထိပ်နဲ့ ၊ဟိုဖက်ဒီဖက်ထိပ်ဖြတ်ပြီးဆက်နေတဲ့ Pont Neuf တံတားပါ။ 
၁၆၀၇ ခုနှစ်ကတဲကဆောက်ထားတာတဲ့...။

 


Le Louvre ကိုစိန့် မြစ်ကနေလှမ်းတွေ့ ရတာ...(သစ်ပင်တွေကလည်းကမ်းနဖူးအပြည့်..ဒါတ်ရိုက်လို့ မကောင်း:))))


d'Orsay အရင်ကဘူတာရုံကြီးတဲ့...ဒီလောက်လှတဲ့ဘူတာရုံ..အထဲမဝင်ခဲ့ရပါဘူး...
ခုတော့အနုပညာ ပြတိုက်လုပ်ထားပါတယ်။

ဒါကတော့ နံမည်ကျော်တဲ့  Grand Paris ဆိုတဲ့ပြတိုက်ပါ။
ထုံးစံအတိုင်းပါဘဲ အရင်တုံးကတော့ နန်းတော်ပေါ့။

 

 Hotel de Ville ကိုနောက်ဖက်ကနေဘဲကြည့်ခဲ့ရပါတယ်။
ဒီလောက်ကြီးမားခန့် ညားလှတဲ့ အဆောက်အဦကြားထဲမှာ ပဲရစ်မြို့ ကအသေးဆုံးတိုက်ခန်းတဲ့ဗျားးးး

တိုက်၂လုံးကြားထဲက ပြုတင်းပေါက်တခုနဲ့ ဝင်ပေါက် ဘဲရှိတဲ့ အိမ်လေးး:P

သူ့ ကျတော့ အဝေးကကြည့်မြင်နိုင်ပါဧ။်..ပေါ့။

မြစ်ပေါ်ကအမြန်တက်မှ....:P အဆောက်အဦတိုက်ကြီးတွေဘဲမြင်နေရတာ သိပ်မဟန်သေးဘူး။

 
 Notre Dame  အဲ့နားရောက်တော့လူတွေအများကြီး ထုံးစံအတိုင်းဂိုက်က ဒီနေရာမှာ ချ၊
ဒီနေရာမှာ နောက်တနာရီတိတိ ပြန်လာဆိုပြီးတာတာလုပ်သွားတာပေါ့။
ကျေးဇူးရှင်ကြီးကလည်း ဗိုက်နာလို့ တဲ့။ ပြူးပြူးပြဲပြဲနဲ့ အိမ်သာရှာလည်းမတွေ့ ဘူး။
နောက်ဆုံး coffee shop ကောင်းကောင်းရှာမှရတော့မယ်ဆိုပြီး ရှာပုံတော်ဖွင့်ရတာပေါ့။
 

တချို့ ဆိုင်တွေဆို ဖွင့်တောင်ဖွင့်သေးဘူး။
ထိုင်စရာနေရာနဲ့ ကျကျနနဆိုင်ရှိမှ ရေအိမ်အကြောင်းမေးလို့ ရမှာလေ။
ခပ်လှမ်းလှမ်းထောင့်တထောင့်မှာတော့တဆိုင်တွေ့ တယ်။ ကဲ..ဘာဘဲဖြစ်ဖြစ်ဝင်ရမှာဘဲ။
ကဲ..ကာဖီချီနို၊ခရိုဆောင်း၊လိမ္မော်ရည် ရယ်အောက်ပုံကပါတဲ့ကြက်ဥကြော်ရယ်...၁၂.၅၀ ယူရိုတဲ့...။
ရေအိမ်ကလည်း သူတို့ ပလပ်စတိတ်ပြားစေ့လေးနဲ့ ထဲ့ဖွင့်ရတယ်။
အဲတာကို..ကိုယ်တော်ကမစောင့်နိုင်တော့ ပြား၅၀ အစစ်ထဲ့ပြီးသွားခဲ့ရတယ်လေ...:P

 

သူ့ ကိစ္စများနေတုံး အပြင်သွားပြီးရှောက်ကြည့်ခဲ့တာ..အဝေးကနေပြီးရိုက်တာဘဲ.ဘာမှန်းလဲသိဘူး။
လူတွေ..Tourist တွေနေရာတကာပြည့်....။
 
နောက်တော့မြို့ အနှံ့ ကားပေါ်ကနေတော်တော်များများဘဲရူစားပြီး၊လည်ပတ်ခဲ့ရတယ်။

Les Invanlides လို့ ခေါ်တဲ့စစ်သမိုင်းပြတိုက်ပါ။
စစ်မူထမ်းဟောင်းရုံးနဲ့ စစ်ဆေးရုံလည်း..အဲထဲမှာပါဘဲ။

 ပြင်သစ်လေကြောင်းလိုင်းရုံးချုပ်...

စစ်သမိုင်းပြတိုက်အဆောက်အဦရဲ့ ရှေ့ တည့်တည့်ရောက်ပြီး ညာဖက်ကွေ့ လိုက်ရင် အီဖယ်တာဝါဖက်ကို
သွားတဲ့လမ်းဖြောင့်ထဲကိုရာက်ပြီလေ။

ရှေ့ ကTourist တွေကိုဝန်ဆောင်မှု့ ပေးတဲ့ ပြင်သစ်လုပ် Citroen ကားလေးပါ။



လမ်းရဲ့ ညာဖက်ခြမ်းမှာလေ...ထိုးထိုးထောင်ထောင်နဲ့ ကိုဖိုးမှောင်...:P


အပေါ်တက်ဖို့ တန်းစီနေတဲ့လူအုပ်ကြီးကလည်း ရာချီထောင်ချီ..။


 

အဲဒီပတ်ဝန်းကျင်မှာ ပလပ်စတိတ်လေးခင်းပြီး အီဖယ်ပုံစံငယ်လေးတွေရောင်းနေတာတွေ့ တယ်ဟုတ်။
သူတို့ ကိုလည်း စည်ပင်ကလိုက်ဖမ်းလို့ အထုပ်တွေသိမ်းပြီးပြေးကြရတယ်။
ဒါတော့ ဘယ်နေရာမဆိုတူတာဘဲ..:)))


ပြင်သစ်မျော်စင်ကသာရှည်တာဟုတ်ဘူး...။ကျမရဲ့ ပို့ စ်လည်းရှည်နေထှာ..ပြီးကိုပြီးနိုင်တော့ဘူး:P
အပြန်ကျတော့ ကားပေါ်ကနေဘဲ ငေးမောကြည့်ရူ ကင်မရာကိုင်ပြီး ပါးစပ်လေး ဟ လို့ ...:)))
ရိုက်ဖို့ တောင် မေ့ခဲ့တာတွေအများကြီး....ပါရီတော့ တကယ်လှတယ်...။


Grand Paris  ရဲ့ အရှေ့ ဖက်ဝင်ပေါက်...။


Avenus des Champs-Elysees  ဈေးအကြီးဆုံး၊အကောင်းဆုံးတွေဘဲ ရောင်းတဲ့ ဆိုင်တန်းကြီး ရှိတဲ့လမ်း..တဲ့။ အသေအချာကြည့်ထားအုံးမှ။ 
ထီပေါက်ရင် တလမ်းလုံးက ဆိုင်တွေမှာ ဝယ်ပစ်လိုက်အုံးမှာ....:)))


ဒါက ... သမ္မတအိမ်သွားတဲ့လမ်းပေါ့။ အချိန်ကလည်းသစ်ရွက်ကြွေချိန် ဆောင်းအကူး ကာလပေါ့။


 Nicolas Sarkozy (အဲဒီတုံးက သမ္မတပေါ့) နေတဲ့ အိမ်တော်၊


အပေါက်ဝမှာလည်း အစောင့်တယောက်ထဲတွေ့ ခဲ့တယ်။ သူအိမ်မှာမရှိတာလားမသိဘူး။



Hotel de Ville အရင်တုံးက ဒါတ်ပုံတွေထဲမြင်ဘူးတာ..လှလို့ ။ 
ခုပြင်နေတာနဲ့ တိုးနေလို့ ..မမိုက်တော့ဘူးပေါ့။

စကားမစပ်...ပြောရမယ်ဆိုရင် ကျမအရင်တုံးက Marie Antoinette ဆိုတဲ့ရှပ်ရုင်ကိုကြည့်ဖူးတယ်။
သူကတော့ ကမ္ဘာကျော်စကားတခွန်း ပြောခဲ့တဲ့ အမျိုးသမီး၊ ပြင်သစ်လူဝီ၁၆ဘုရင်ရဲ့ မိဖုရား ဖြစ်ပါတယ်။
"ပေါင်မုန့် မရှိရင် ကိတ်မုန့် စားပေါ့ " အဲဒီစကားကို ကျမတို့ ခဏခဏယူသုံး ပြောင်လှောင်ခဲ့ဖူးတယ်လေ။
အဲဒါကို ရုပ်ရှင်ပြန်ရိုက်ထားတာ ၂ခုရှိတယ်။
 ၁၉၃၈ ခုနှစ်ကတခု နဲ့  ၂၀၀၆ မှာနောက်အသစ်တခု ပြန်ရိုက်ပါတယ်။ ကျမကြည့်ခဲ့တာ နောက်အသစ်ရိုက်တဲ့ကားပါ။
ဗာဆိုင်းနန်းတော် ဆိုပြီးငယ်ငယ်က သမိုင်းမှာသင်ခဲ့ဖူးတာ။
ခုတော့ ရိုက်ရှင်ကြည့်ပြီး အရမ်းသွားချင်နေခဲ့တာ။
သွားတော့လည်း မရောက်ခဲ့ပါဘူး..ဟီး။
ရုပ်ရှင်ထဲမှာပါတဲ့  သူတို့ စားတာ ဝတ်တာ ကြည့်ပြီး စိတ်ကျဉ်းကျပ်လိုက်တာ...။
မကြည့်ရသေးရင်လည်း ကြည့်နိုင်ပါတယ်။နန်းတော်ကြီးက ခန်းနားလွန်းနေတယ်..။
အဲဒီရုပ်ရှင်က ဟာသဒရမ်မာ အမျိုးအစားထဲကပါ။

အဲ...နောက်ဆက်ရန်ရှိသေးတယ်...ပြီးကိုမပြီးနိုင်တော့ဘူး...:)))
တကယ်ပါ ၄ခုနဲ့  ဒီပြင်သစ်ကိုနူတ်ဆက်ပါ့မယ်...:P

အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေ...
မီးမီး
( ၃ ရက်လောက်ရေးယူရတယ်။ဖောင့်ကာလာတွေ ဘယ်လိုဖြစ်လည်း သိဘူး။အရောင်ရောနေတယ်။
ပြင်တာလည်းရဘူးးးးးသီးခံပါရှင်...ကြိုးစားပြီးပြင်ကြည့်ပါအုံးမယ်:))))

10 comments:

  1. ကိုယ်သွားမယ်လို့ ရွယ်ထားတဲ့ထဲမှာပြင်သစ်လည်းပါတယ်။
    ခုထိတော့ရောက်နိုင်သေးဘူး။
    ဘယ်ချိန်များမှရောက်မလဲမသိတော့ဘူးမီးမီးငယ်ရေ။
    ဒါ့ကြောင့်မီးမီးနဲ့ ကပ်ပြီးအနှံ့ လိုက်လည်လိုက်ပစ်လိုက်တယ်နော်။
    ကျေးဇူးနော်။း)
    အိုင်အိုရာ

    ReplyDelete
    Replies
    1. ဒီကလည်းထပ်သွားချင်နေတယ်။
      ရွှေနန်းတော်ကြီးရောက်ခဲ့ဘူးလေ..:P
      တနေ့ တော့ မအိုင်အိုရာလည်း ရောက်သွားမှာပါ။
      နောက်ပို့ စ်တခုနဲ့ ထပ်ခေါ်အုံးမယ်။
      (ပြီးကိုပြီးနိုင်တော့ဘူး...လို့ မပြောကြေး..ဟီး)
      :)))

      Delete
  2. ရောက်ဖူးချင်တဲ့ မြို့လေး တစ်မြို့ပါပဲ မမရေ.....:)))
    အားကျလိုက်တာနော်...

    ReplyDelete
    Replies
    1. သိနေတယ်နော်..အိန်ဂျယ်လေး..တနေ့ ၊
      ရောက်သွားမှာပါ..:)))

      Delete
  3. တကယ်သွားတဲ့သူ ပါးစပ် အဟောင်းသား ဖြစ် မဖြစ်တော့ ပြောမနေပါနဲ့..
    ဓာတ်ပုံတွေကို ပြန်ကြည့်ရတဲ့သူတောင် အပြေး သွားကြည့်ချင်စိတ်တွေ ပေါက်ပါတယ်..
    ပုံတွေ၊ ရှင်းပြချက်တွေ ဝေေ၀ဆာဆာနဲ့ ရေးတဲ့အတွက် ကျေးဇူးပါ..
    -m

    ReplyDelete
    Replies
    1. Welcome ပါ။
      စာကအရောင်မညီ ဖြစ်နေလို့ ၊
      စိတ်ပျက်နေတာ..။
      အားပေးတာ ကျေးဇူးပါရှင်။

      Delete
  4. အရမ်းသွားချင်တဲ့ နေရာလေးတွေပါ...
    ဘယ်တော့များမှ ရောက်မလဲ မသိပါဘူး...
    ဓာတ်ပုံတွေကြည့်ပြီး အားကျသွားပါတယ် မမီးမီးရေ...

    ReplyDelete
    Replies
    1. နောက်တခေါက်ထပ်သွားရလို့ ရှိရင်..
      အိန်ဂျယ်လေးနဲ့ အတူတူသွားကြမယ်လေ..
      :P

      Delete
  5. သေချာတာက မမီးငယ် လက်ရာတွေ တိုးတက်လာတယ်..ပြင်သစ်က တကယ်လှတာပဲ..တနေ့ နေ့ ပေါ့..အရင်စလုံးရုံးက အိုင်တီဒါရိုက်တာက ပြင်သစ်ကြီးလေ..Bon Jour လို့  နှုတ်ဆက်တယ်..ပြင်သစ်ရုပ်ရှင်တွေ ဆုံးသွားရင် FIN ( The End )..ရန်ကုန်အိမ်မှာတုန်းက စလောင်းနဲ့  TV5 ပြင်သစ်လိုင်း ကြည့်ဖူးတယ်..ပြင်သစ်လို နားမလည်ပေမယ့် ခရီးသွားအစီအစဉ်တွေ ကြည့်တာ

    ReplyDelete
  6. အဟိ...(ဂလိုပြောခံရတော့လည်း ပျော်ထှာ):)))
    အားလုံးနီးပါးက ကားပေါ်ကနေရိုက်တာနော်..။
    အပေါ်ထပ်ရှေ့ ဆုံးခုံကို လုပြီးထိုင်တာ:P..။
    (မပြီးနိုင်သေးလို့ နောက်ဆုံးတပို့ စ်ကျန်နဲ့ နောက်ယှက်ရအုံးမယ်။

    ReplyDelete