Sunday, August 19, 2012

ရင်စည်းဗလာကချေသည်နဲ့ ပဲရစ်ညခင်း..


မင်္ဂလာပါရှင်~~~


မရောက်ဖူးတဲ့ဒေသရောက်တော့မှ မမြင်ဘူးတာတွေလည်း၊ မြင်ခဲ့ရတာပေါ့..:P 
Paris  ကိုရောက်တဲ့Tourist တွေအတွက်၊သွားကိုသွားကြတဲ့နေရာဖြစ်တဲ့  NOUVELLE EVE ကို ဂိုက်ခေါ်သွားတော့လည်းရောက်ခဲ့ရတာပေါ့။ဝင်ကြေးမှာရှန်ပိန်တယောက်တခွက်ပါတယ်။ထပ်သောက်ချင်
ရင် ပိုက်ပိုက်လေးထပ်ပေးပေါ့..။အားလုံးဘဲ၂ခွက်၃ခွက်တွေ မှာသောက်နေကြတာတွေ့ တယ်။
(ရှန်ပိန်များ..ဘာလို့ ဈေးကြီးတာလည်းမသိပါဘူး။အရသာကချဉ်စုပ်စုပ်နဲ့ ..အဟဲ)
ကျမတော့၃ခါလောက်ငုံခဲ့ပါတယ်။ဈေးကြီးလို့ ၊နှမြောလို့ ..ကြိုက်ပါဘူး၊တောသားပြောလည်းခံရမှာဘဲ:))

ပြပွဲအဝင်ဝ..။ဒီလိုမျိုးပြပွဲတွေ အဲဒီနေရာပတ်ဝန်းကျင်မှာအများကြီးရှိတယ်တဲ့။
ကတဲ့မမလေးတွေ တကယ်လှ၊ရင်စည်းပါလည်းလှ၊မပါလည်းပိုလှ။ဆိုတဲ့အမျိုးသမီးကျတော့ဖော်ဘူးဗျ..။
 
Moulin Rouge တဲ့ ဒါကပိုနာမည်ကြီးတဲ့နေရာတဲ့။နှစ်ပေါင်း၁၂၀ကျော်ပြီ။
ဒီလိုပေါင်တံလေးတွေမြောက်မြောက်ပြီးကတဲ့can-can အကစတင်ပေါက်ဖွားလာတဲ့နေရာတဲ့...။


ပြပွဲစတာနဲ့ ဒါတ်ဒါတ်တွေပေးမရိုက်ဘူး။အပေါ်ကနေသေသေချာချာစောင့်ကြည့်နေတာ။
(အပေါ်ဆုံး၂ပုံကအင်တာနက်ကမ္ဘာကနေကျေးဇူးပြုယူလာတာလေ..:)))


အဆောက်အဦအဝင်ဝ..။

နောက်တညတော့ Paris တမြို့ လုံးစီးမြင်ရတဲ့ အဆောက်အဦ ကိုသွားကြပါတယ်။
ညနေခင်း နေဝင်ချိန်..ကားထဲကနေလျှပ်တပျက်ရိုက်ချက်တွေလေ။
အပေါ်ထပ်ရှေ့ ဆုံးခုံလုထိုင်ပြီးရိုက်တာနော်။

Tour Montparnasse လို့ ခေါ်တဲ့အဆောက်အဦ ၅၉ထပ်ရှိပြီး၊၅၆ထပ်မှာပဲရစ်တမြို့ လုံးကို၊
အပေါ်စီးကနေကြည့်နိုင်ပါတယ်။အဲဒီကနေအပေါ်ဆုံးအထိကိုတော့လှေခါးနဲ့ 
လမ်းလျောက်တက်သွားကြည့်နိုင်ပါတယ်။လေအရမ်းတိုက်ပြီးအေးလွန်းလို့ အမြန်ပြန်ပြေးခဲ့ရတယ်။


(ကျမတို့ ရောက်ခဲ့တုံးအချိန်က အမြင့်ဆုံးတဲ့။မနှစ်ကတော့ Tour First အဆောက်အဦက ထိပ်ပိုင်းလေးပြင်မြင့်လိုက်လို့ သူကဒုတိယအဆင့်ကျသွားတယ်)


မှန်ကနေတဆင့်ရိုက်ရတာအလင်းကပြန်တော့၊သိပ်အဆင်မပြေဘူး။




နဲနဲမှောင်လာမှ လှလာသလိုဘဲ...။မြို့ ကွက်လေးတွေ နံပြားလိုပုံ၊ပြားကားကားကြီးလိုဘဲမြင်မိတယ်။
လေးထောင့်စပ်စပ်မဟုတ်နေဘူး။

ဒါပေမဲ့ လှနေတယ်လေ...လင်းလို့ ဝင်းလို့ သာလို့ ယာလို့ ...။

အဲဒီမှာ ပြခန်းနဲနဲရှိတယ်။မြို့ ပြတိုးတက်ဖြစ်ပေါ်ပုံ၊အီဖယ်တာဝါတည်ဆောက်ပုံ..စတာတွေပေါ့။


ကဲ..ခပ်မှောင်မှောင်လေးမှာ၊ကိုယ်တို့ လည်းခပ်ပြောင်ပြောင်ဘဲ..(နဲနဲဝင်အုံးမှ:P...)

ပြီးတော့ မြို့ ပတ်ပြတာပေါ့..။
နေ့ လည်ကမရောက်လိုက်တဲ့နေရာလေးတွေလွှတ်သွားတဲ့နေရာတွေ၊ပြန်ကြည့်ရတယ်လေ။



ဒီလမ်းလေးက ဘယ်အချိန်မဆိုလူတွေနဲ့ အပြည့်...။

နေ့ လည်ကလူတွေပြည့်နှက်နေတာတွေ၊ကြက်ပျောက်ငှက်ပျောက်။


ကိုင်း...နောက်ဆုံးပိတ်လေးကို...ညစာလေးနဲ့ ဧည့်ခံမယ်:))
ဒုတိယညမှာ စားခဲ့ရတာက လည်ချောင်းအဝမှာဘဲ ပျောက်ကွယ်သွားပါတယ်...ဟီး

စစချင်း..ထုံးစံအတိုင်းဝိုင်ဖြူ နီ ကြိုက်တာယူ၊တယောက်တခွက်...။


ချိစ်ဆလတ်တဲ့...အားလုံးတူတူဘဲ။ရွှေးစရာပလာနတ္တိ..choice မရှိ။

ခိုစာလား.. ကြောင်စာလား..လို့ ထင်နဲ့ နော်..ဒါဘဲစားခဲ့ရတယ်။ပုဂံကြီးကြီးတော့လာချပေးတယ်:(((

ကျမက ငါးနဲ့ ....လေ။

အချိုပွဲနဲ့ အစာပိတ်လေး..ကဲပြောဘူးလား။လည်ချောင်းဝမှာတင်ပျောက်ကွယ်သွားပါတယ်ဆို...။
အကျွန်ုပ်...မဝခဲ့ဘူးဗျ...(အဟဲ)

ပြီးသေးဘူးနော်..ခုမှဒုတိယအပိုင်း..နောက်တပိုင်းကျန်သေးပါတယ်... :)))))
ခဏနားလိုက်ပါအုံးမယ်လေ..။
အားလုံးဘဲ ရွှင်လန်းချမ်းမြေ့ ကြပါစေ။
မီးမီး

12 comments:

  1. ဟုတ်တယ်ဟယ် နဲနဲလေး မြင်ရတာတောင်မ၀ဘူး။
    ဘရော့ကလီတော့အဲလောက်မနဲသင့်ပါဘူး။ နော့း)
    သိပြီ ဒါးတို့ ခရင်းတို့ လွတ်လွတ်ကင်းကင်းတင်နိုင်အောင်နဲနဲလေးထဲ့ပေးထားတာဖြစ်ရမယ်။ စားသုံးသူအဆင်ပြေအောင်ပါး))
    အိုင်အိုရာ

    ReplyDelete
    Replies
    1. အဲ့မှာ..ဈေးကြီးတယ်ဆိုပြီး၊ဂလောက်လေးဘဲပေးတော့၊
      ဘယ်ဝမလဲနော့်...။
      မအိုင်အိုရာပြောသလိုနေမှာ..
      စားသုံးသူတွေအဆင်ပြေပြီးဝိတ်ကျ၊လှပစေချင်တဲ့စေတနာတွေလေ..
      :))))

      Delete
  2. ပျော်စရာကြီး...

    ReplyDelete
    Replies
    1. တကယ့်ပျော်စရာကြီးပါဘဲ:P

      Delete
  3. မမီးမီးရေ... လာလည်ပြီး ဓာတ်ပုံတွေတ၀ကြီးကြည့်သွားပါတယ်...

    ReplyDelete
    Replies
    1. Baby ရေ
      ကြည့်ပြီးမူးသွားရော့လား...အဟဲ:))))

      Delete
  4. ဒီလမ်းလေးက ဘယ်အချိန်မဆိုလူတွေနဲ့ အပြည့်.....
    ဆိုတဲ့ နေရာကို တခါလောက် ရောက်ဖူးချင်တယ် :D :D
    အစားစာတွေကတော့ လုံးဝ မ၀ဖူး
    ချစ်သမီး စားတဲ့စတိုင် မာမီ သိတယ် ဟုတ် :PPP
    ပို့စ်က ကျနော့ ဘလော့မှာ လင့် မတက်ဖူး ဖြစ်နေတယ်
    သူများ ဘလော့ကို သွားကြည့်မှ ပိုစ်တက်နေမှန်းသိတယ်
    ဆောရီ ချစ်ယောက္ခမဂျီးးးးးးးးးးးး အာဘွားးးးး :))

    ReplyDelete
    Replies
    1. အဲ့နားကအဝတ်အစားတွေလိုက်ကြည့်တာ..
      တထည်ကို ယူရိုထောင်ဂဏန်းနဲ့ ရေးထားတယ်..။
      ဒင်းတို့ သုညတိုးတာမှားသွားတာနေမှာ...:)))
      လမ်းဘေးကတရုတ်တွေရောင်းတဲ့၊
      မိတ်အင်ချိုင်းနား in French ၊
      မှာတော့လူကြိတ်ကြိတ်တိုးနေပါတယ်။
      ပုဝါ ၄ထည်ကို၁၀ယူရိုဘဲ...
      ကိုယ်တောင်ပဲရစ်လက်ဆောင်ဆိုပြီးတိုးခွေ့ ဝယ်ခဲ့သေးဗျားးးး
      မြန်မာပြည်မှာသွားပေးတာ၊သူတို့ တွေကပျော်လို့ ...
      ပြင်သစ်ကလာတာကွ....တဲ့ :P
      ကျုပ်ကိုပြန်လင့်ထားပေါ့။အမွေတွေဘာတွေရချင်ရင်...ဌဲဌဲဌဲ...

      Delete
  5. Nice pictures..

    You need to visit some places twice in Paris. Day view and night view.

    Did you wait at the LV line? :)

    ReplyDelete
    Replies
    1. Thanks...:P
      Yes,I visited day time too.
      May be I will post it for next week.
      For LV ,I just passed that area....
      In shopping area are over crowded because of near X'mas!!!

      Delete
  6. လှလိုက်တဲ့ ပဲရစ်ရယ်..လည်ချင်လိုက်တာ..အားကျပါဘိ..

    ReplyDelete
    Replies
    1. စန်းထွန်းလေးရာ..
      လည်ချင်မှန်းသိလို့ ခုခေါ်သွားနေတယ်လေ:P

      Delete