Friday, August 3, 2012

ငါးကင်၊ငါးပေါင်း၊ငါးအကြောင်းများ...

မင်္ဂလာပါရှင်~~~
အင်းသားမျိုးဆိုတော့၊ငါးကြိုက်ပါတယ်။ကျမ်းမာရေးအတွက်ငါးကြိုက်ပါတယ်။
ငါးအသားလေးနူးညံ့လို့ ငါးကြိုက်ပါတယ်။
ဂျပန်ကအသက်ရှည်တဲ့သူတွေငါးဘဲစားတယ်ဆိုလို့ ငါးကြိုက်ပါတယ်။
ငါးစားရင်မှတ်ညာဏ်ကောင်းတယ်ဆိုလို့ ငါးကြိုက်ပါတယ်..။
အဟဲ.... ပုံစံအမျိုးမျိုးနဲ့ ဆင်ခြေပေးပြီး ငါးမကြိုက်တဲ့ ခင်ပွန်းသည်ကိုဆွဲဆောင်ရပါတယ်။
အစကတော့ ခါးခါးသီးသီးပါ။နောက်တော့ ဆရာဝန်ကအဆီတွေလျော့ပါ၊ငါးဘဲစားပါဖြစ်လာတော့။
ကျမခွင်ထဲတန်းတန်းမှတ်မှတ်ရောက်လာရပါတော့တယ်။

ကျမလည်း သိပ်ထူးထူးဆန်းဆန်းချက်တတ်ဘူးလေ။
ဒီတော့ခပ်လွယ်လွယ်လေးတွေဘဲရှာကြံရပါတယ်။
သူများဆီကဖတ်လိုက် ကိုယ့်နည်းကိုယ်ဟန်လေးနဲ့ ပြန်ချက်တာပေါ့။
ကြော်စားရင်လည်း ဆီများလို့ သိပ်မဟန်ဘူးလေ။
ဒီတော့ကင်စား ဖုတ်စား ပေါင်းစား ရတာပေါ့လေ။

ကဲ..ကျမကင်နည်းပြောပြမယ်နော်..။
ဟီး..လွယ်လွန်းလို့ ပြောရမှာအားနာမိပါတယ်။

saba လို့ ကျမသိတဲ့ငါးကိုဆိုင်မှာတော့ Mackerel လို့ ရေးထားတာတွေ့ ပါတယ်။
အဲဒီငါးက အမျိုးမျိုးရှိတယ်ကျမဝယ်တတ်တဲ့ကိုးရီးယားဆိုင်မှာတော့ ဆားသိပ်ထားတာလည်းရှိတယ်။
အသားထူ၊အရိုးမများတော့ စားရတာကောင်းပါတယ်။
အဲဒါကို ကျမတော့ ဆိုင်ကသန့် ပေးလိုက်လည်းပြန်ပြီ့းဆားနဲ့ ဆေးတတ်တယ်။
ပြီး...စပါးလင်တချောင်းဗိုက်ထဲထဲ့ကင်လိုက်တာဘဲ။
ဒီလိုလေး...ဒယ်ပြားကိုဆီနဲနဲလူးလိုက်တယ်။ငါးကဆီများတယ်။အများကြီးပြန်ထွက်လာတတ်တယ်။
တဖက်ကို ၁၅ မိနစ်(သိပ်ကြီးရင်)ကင်ရင် ရပြီ။အချဉ်လေးလုပ်ပြီးထမင်းပူပူလေးနဲ့ စားရင်ကောင်းစ်....:D
ဒီဆော်လမွန်ငါး ကိုတော့ ထောပတ်လေးနဲနဲ သံပုရာသီးအခွံလေးခြစ်နဲနဲ..၊
ဆားငရုတ်ကောင်းလေးဖြူးဖုတ်လိုက်တာဘဲ..။
မီးပိတ်မှ သံပုရာကွင်းလေးတင်ပြီး အိုဝင်မှာခဏလောက်ထားလိုက်တယ်။
 ဒီငါးကတော့ ပဲငံပြာရည်တွေ ပျားရည်တွေနဲ့ စမ်းကင်ကြည့်တာ။စားလို့ ကောင်းပေမဲ့ အမြင်မလှဘူးနော်..။

ဒီငါးကိုတော့ချည်တုတ်ဖို့ ရာကြိုးကုန်နေလို့ ၊အပ်ချည်နဲ့ ဘဲစခန်းသွားလိုက်ရတယ်..ဟီး..။
အထဲမှာအစာသွပ်ဖို့ က နံနံပင် ကြက်သွန်ဖြူ ငရုပ်သီး ဆား ငရုပ်ကောင်း..ဒါပါဘဲ။
 ဂလိုလေး..မီးအေးအေးလေးနဲ့ ၊ပြူတင်းပေါက်တွေဖွင့်၊အဖုံးလေးအုပ်....

 တွေ့ လားစားချင်စရာလေး..ဒါပေမဲ့တအိမ်လုံး နံဟောင်နေတာဘဲ..:(((

 တခါတုံးကပေါင်းစားတဲ့ကကတစ်ငါး...ဂျင်း၊ကြက်သွန်မိတ်ဒါဘဲပါတယ်...။လွယ်ချက်နော်...။
 အရည်လေးများများသောက်လို့ လည်းရတယ်လေ..။

ဒါက..ဟိုးအပတ်ကချက်စားတဲ့ငါးပေါင်း..လှီးဖြတ်ထားတဲ့ဂျင်းကြက်သွန်ကိုလည်းကြည့်ပါအုံး..။
ကြမ်းထော်လို့ ....။သံပုရာသီးညှစ်ထဲ့ထားတယ်။
ဒီနေ့ တော့ ကကတစ်အကြီးကြီးတကောင်ရခဲ့တယ်။
ကောင်းကောင်းလေးချက်မယ်..ဈေးကြီးလိုက်တာ ၁၀ ကျော်တောင်ပေးရတယ်။
ဟော...တွေ့ ပြီ...မကျည်းသီးနဲ့ ပဲပုပ်စေ့ ငရုပ်သီး ချဉ်ငံစပ် ကြော်ချက်တဲ့..။
အောင်မြင်ဖြစ်မြောက်ရင် လာပြီး အာလူးဖုတ်အုံးမယ်နော်...

အားလုံးဘဲ ရွှင်လန်းချမ်းမြေ့ ကြပါစေ
မီးမီး

18 comments:

  1. တို.လဲ ငါးကြိုက် ....
    မမီး ပို.စ်ထဲက ငါးတွေက ကိုယ်.အကြိုက်တွေချည်းပဲ။
    ဆာဘားငါးကင်ကို ဂျပန်ရောက်မှ အားရပါးရစားဖူးတယ်။
    အမေက ငါးသလောက်ပေါင်းချက်သလို ချက်ကျွေးတယ်။
    ပုံတွေကြည်.ပီး သဘောတွေကျသွားစ်..

    ReplyDelete
    Replies
    1. ငါးကြိုက်တယ်လား...။
      ဆာဘာငါးကိုအစကသိပ်မစားဘူး။
      နောက်ပိုင်းမှကင်ရတာလွယ်လို့ စားဖြစ်နေတယ်။
      အပေါ်ဆုံးကငါးဆာငံသီးပေါင်းက?
      ရန်ကုန်Queenpark Hotel က၊
      ဒုတိယပုံကဘန်ကောက်မှာ။
      :)))

      Delete
  2. တို့လည်း ငါးသိပ်ကြိုက်တယ် ငယ်တုန်းကတော့ လုံးဝမကြိုက်ဘူး ခုမှ...
    အပ်ချည်ကြိုးနဲ့တကောင် ကင်ထားတဲ့ပုံစံ ကြိုက်တယ် :D

    ReplyDelete
    Replies
    1. စူးနွယ်ရေ့ ..အဲဒီလိုကင်တာ၊
      ကျိုင်းတုံကရှေးရိုးပုံစံလေ။
      တချို့ လည်းစပါးလင်၊ရှမ်းနံနံတွေငရုပ်သီးမှုန့် တွေ၊
      ထဲ့သေးတယ်၊များများထဲ့ရင်မူလငါးအရသာပျောက်သွားမှာစိုးလို့ ၊
      ကိုယ်ကင်ရင် ခပ်ရိုးရိုးလေးဘဲကင်တတ်တယ်။

      Delete
  3. တို့လည်းကြိုက်တယ်

    ReplyDelete
    Replies
    1. အကြိုက်ချင်းတူနေပြီနော်..:)))

      Delete
  4. အိမ်မှာငါးကြိုက်တာအိမ်ရှင်ထီးတစ်ယောက်ဘဲ။ကိုယ်အပါအဝင်အားလုံးကကြော်မှစားတယ်။
    မကောင်းမှန်းသိပေမဲ့ပြင်လို.မရသေးဘူး။ကြိုးစားကြည့်ပါ့မယ်။မီးမီးဟင်းတွေကအကုန်စားချင်
    စရာတွေဘဲ။နဲနဲစီစားသွားပါတယ်။ကောင်းမှကောင်း။

    ReplyDelete
    Replies
    1. အန်တီဦးရေ..
      ဒီမှာကြော်စားရင် သိတဲ့အတိုင်းနံဟောင်နေတာဘဲ။
      ဒီကအိမ်ဖွဲ့ စည်းပုံကကျမတို့ ဆီမှာလိုကြော်လှော်ချက်ပြုတ်ရတာအဆင်မပြေဘူး။
      ကိုးရီးယားနဲ့ မူတူးတို့ အိမ်တွေဆိုရင်၊
      ပြူတင်းပေါက်မှာအနံစုပ်ပန်ကာ၂ခုစီအပိုတပ်ထားကြတာတွေ့ တယ်။
      မီးဖိုထိပ်မှာလည်းတခုရှိတာမလောက်ဘူးလေ..။
      နောက်ကြုံရင်ကျမရဲ့ ဟင်းဆန်းလေးတွေချက်အုံးပြအုံးမယ်လေ..။
      :D

      Delete
  5. ကျနော်လာပီ မားမားးးး
    ခုတလော ကွန်ကျူတာ ကလိလိုက်တာ
    ကွန်မန်းပြန်ချင်တာဖြစ်ဖြစ် ပေးချင်တာဖြစ်ဖြစ်
    တနေရာရာမှာ စာရေး...ပြန်ကူး ပြီးမှ ပြန်ပွား ပြန်ထည့်နေရဒယ်
    ဇော်ဂျီ ဇော်ဂျီ ချင်း ဖိုက်နေထှာလား မသိပါဖူး :DDD
    ငါးဟင်းးးးးးဆို အကုန်ကြိုက်တယ် မားမားးးး
    ပို့ပေး ...နော်.. :DDD
    ငါးကိုကြော်ပြီးတော့ ခရမ်းချဉ်သီးနဲ့အခြောက် ဆီပြန်ချက်ပီး
    ဒယ်ဒယ်ကို ချက်ကျွေးလိုက်ဘာာာဂျာ (မြေပဲဆန်ကြော်လေးက အရံ)
    အညာသူ အညာသား ဒါမျိုးဆို သိမ့် ကြိုက်ထှာ :DDD

    ReplyDelete
    Replies
    1. ချွေးမဂျီးရေ...
      ပေါ်မလာအတော်ကြာလို့ ပြန်များသွားပီလားလို့ ...
      ကြော်တာတော့နေ့ တိုင်းစားဘူး..။
      အဟဲ..ဆီမကြိုက်ပါဘူးဆို..ဒီကောင်မလေးနော်..။
      ကျုပ်ကကင်ပြီးပြန်အရိုးလေးနွင်၊ဖဲ့ပြီးမှခရမ်းချည်သီးလေးနဲ့ ချက်တာတော့။
      ဘာနည်းလဲတော့မသိပါဘူးဟာ..။
      မြေပဲဆံလည်း အစေ့ရည်တွက်ပြီးမှကျွေးတာ...ဗြဲ..။
      ရှင့်ယောက္ခမတော်ချင်စိတ်ရှိသေးလား..:P

      Delete
  6. ငါးကင် ၊ ငါးပေါင်း နှစ်မျိုးလုံးကြိုက်တယ်။:)

    ReplyDelete
    Replies
    1. မရဲ့ ဟင်းတွေနဲ့ လဲစားမယ်နော်..
      :P

      Delete
  7. မိုက်တယ်ကွာ။း)
    အိုင်အိုရာ

    ReplyDelete
    Replies
    1. မိုက်မိုက်လေး..
      လုပ်ထားလို့ လေ...
      ;p

      Delete
  8. Mee Nage,
    You want to post fish photos,you are InnTharr. When you need to show off Kengton foods and local photos you are Gon Shan. When we were in college you said I am Shann Gyee it means original super-duper Shann. Thanks to you not yet saying you are "Wa" or "Koekant". You wrote good buddy. Your writing style is much better than now when you always joked on my note books in school. Silly Mee Nage. Keep your international food modification work.

    ReplyDelete
    Replies
    1. အိုကီတိုကီ..
      ဟဟ..နံမည်လေးကလည်းတယ်ရွှေးတတ်ပါလား..ကိုယ့်လူ...။
      KKT..I sware I will never ever say "Wa" or "Koekant".
      Because I am only InnTharr-Shan :P
      I believed I never say Shann Gyee,but Thai people call Shan is the same meaning as you said "Shann Gyee".
      Too many different minatory in Shan group,I even don't know exactly:D
      Even I speak Burmese with very bad pronunciation,I can write good Burmese..hahaha..Right!!!!
      It was happen for long time ago, wrote on your note book,just kidding you.
      But you never forget it..May be since that time my writing was very good....Hahahahaha..
      My cook experience is not too good,but I will keep try to express here like a good cook:P........
      Thanks for stopping by.. :))))))

      Delete
  9. ဓာတ်ပုံတွေက ! လို့ ပဲ မြင်ရတယ်..ကွန်ပျူတာဘာတွေ crash ဖြစ်ပြန်ပြီလဲမသိ..နောင်မှ လာမျှော်ဦးမယ်..

    ReplyDelete
    Replies
    1. စန်းထွန်းလေးရေ..
      တကယ်ကျေးဇူးတင်တယ်သိလား...
      ပြန်ကြည့်လိုက်တော့ ! အဲဒါဘဲမြင်ရတယ်။
      ခုပန်တင်ထားလိုက်ပြီ..ဘာဖြစ်လို့ လဲသိဘူးနော်..

      Delete