Tuesday, July 3, 2012

ကျမတို့စားတဲ့ခေါက်ဆိန့်ခေါက်ဆွဲများ...

မင်္ဂလာပါရှင်~~~
ကိုင်း..ဒီတခါတော့ စားစရာလေးတွေနဲ့အာလူးပေးအုံးမယ်နော်..။ခေါက်ဆိန့်ဆိုတာကို ခပ်တုံးတုံးဘာသာပြန်မယ်ဆိုရင် "ထမင်းအမျှင်" "အမျှင်နဲ့ထမင်း"လို့များဆိုလေမလားဘဲ။ကျမတို့ဆီက ခေါက်ဆိန့်က မြန်မာအခေါ် မုန့်တီဖတ်ပေါ့။ ဒီနေရာမှာကျမပြောချင်တဲ့ ခေါက်ဆွဲက ဆန်ခေါက်ဆွဲပါ။ သူ့ကျတော့ "လှီးဖြတ်ထားတဲ့ထမင်း" ပေါ့..။

ဟင်းဟင်း...အင်းသား-ရှမ်းမ နဲ့တွေ့တော့ အခေါ်အဝေါ် အသုံးအနှုံးတွေလည်း ကပေါက်တိကပေါက်ချာ၊ဖြစ်သွားရရှာတာပေါ့လေ။😂

ခေါက်ဆိန့်ကို ကျမတို့နည်း၂ မျိုးနဲ့ချက်စားတတ်ကြပါတယ်။ပထမနည်းကခေါက်ဆိန့်ဂျိန်း(မ်)(မုန့်တီဟင်းအချို)လို့အဓိပ္ပါယ်ရတဲ့ ၊ကျိုင်းတုံမုန့်တီပေါ့။အဓိကပါဝင်တာကတော့ ပဲပုပ်ချပ်၊ခရမ်းချဉ်သီး၊ကြက်သွန်ဖြူနီဂျင်း၊ဝက်သား၊ဝက်သွေးခဲ..ဒါတွေပေါ့။ထဲ့စားတတ်တဲ့ အရွက်တွေကတော့ ရွှေပဲရွှက်၊လက်ပံပွင့်ခြောက်ပြုတ်၊ပဲပင်ပေါက်၊ကော်ဖီထုပ်ပါးပါးလှီးနဲ့ကြက်သွန်မြိတ် နံနံပင် နှမ်းထောင်း (မုန့်တီပုဂံတခုလုံးရောင်စုံဖြစ်သွားတယ်)အဲလို..အမယ်အများကြီးပေါ့။အရင်ကတော့ အလှုပွဲ ရှင်ပြုပွဲ တွေမှာ ဒီခေါက်ဆိန့်ဘဲကျွေးတာထုံးစံရှိပါတယ်။ခုတော့ ကြက်ဆီ ထမင်းယဉ်ကျေးမှု့တွေ အစားထိုးဝင်လာကြတယ်တဲ့။ 

အဒေါ်အိမ်ကချက်ကျွေးတဲ့ ခေါက်ဆိန့်(စားခါနီးဒါတ်ရိုက်တာစိတ်မပါဘူးလေ.အဟိ😌)
နောက်တနည်းက ခေါက်ဆိန့်ကျန် လို့ခေါ်တဲ့(မုန့်တီအပေါ့) ပါ။ သူကျတော့ ဟင်းအနှစ်မလိုဘဲ ဝက်အူခြောက်ကျွတ်ကျွတ်ကြော်(ဝက်အူတွေကိုနေလှမ်းပြီး ကျွတ်နေအောင်ကြော်ထားတာ)၊လေးကို အပေါ်ကနေဖြူးစားတာပါ။သူ့အဓိကတော့ဝါထိန်နေတဲ့ ဆီချက်(နမ့်မန်းဖူး ဝက်ဆီနဲ့ချက်တာ၊ခဲပြစ်ပြစ်ကြီးပေါ့) နဲ့ကျွတ်ကျွတ်ကြော်ထားတဲ့ကြက်သွန်မြိတ်ကြော်(ဒါလည်းနေလှမ်းပြီးပြန်ကြော်တာ)။ဟင်းရည်အိုးလည်း ကြက်သွန်ဖြူနီဂျင်းနဲ့ပြုတ်ထားတဲ့ ဝက်ရိုးပြုတ်ရည်အကြည်လေးပါ။ အဲ့..အထဲကိုဝက်သွေးခဲလည်းထည့်တတ်ကြပါတယ်။

Photo credit
မုန့်ပွဲပြင်မှ အရွက်ထဲ့(ရာသီအလိုက်ပေါ့၊ဆောင်းတွင်းဆိုရင် ရွှေပဲရွက်နဲ့)အဲဒီအပေါ်မှာ မုန့်ဖတ််ထည့်ပြီး ဟင်းရည်ခပ်တဲ့ ယောင်းမကြီးကြီးပေါ့ ဟင်းရည်တဇွန်းလောင်းထဲ့၊ပြီးယောင်းမကိုအပေါ်ကနေ မှောက်အုပ်ပြီး အရည်တွေကို အိုးထဲပြန်လောင်းပါတယ်။ ဒီလို ၂ခါ ၃ခါလောက်လုပ်ပေးတယ်။ရှမ်းလိုတော့ "ထန်"
တယ်လို့ခေါ်ပါတယ်။ခေါက်ဆိန့်ခေါက်ဆွဲတွေထန်ဖို့အတွက် ဟင်းရည်အိုးကိုအမြဲပွက်ပွက်ဆူအော်တည်ထားရတာပေါ့။(ထန်တာလည်း မီးဖိုချောင်ရဲ့ပညာပါဘဲ၊ဆိုင်တွေမှာဆို ပွက်နေတဲ့အလည်ကဆီမပါတဲ့အရည်နဲ့ထန်ပြီး၊နောက်ဆုံးဟင်း
ရည်ထဲ့ပေးခါနီးမှ ဘေးကဆီလေး အရိုးအသားလေး၊ သွေးခဲလေး၊တွေကိုမွှေနှောက်ပြီးထဲ့ပေးတတ်ပါတယ်)ထန်မှဘဲ မုန့်ဖတ်လေးတွေလည်းအိပြီးပူပူလေး။ဟင်းရွက်လည်းစိမ်းစော်နံ တော့ဘူးပေါ့။

အဒေါ်အိမ်ကခေါက်ဆိန့်ဟင်းရည်အိုး
အဲ..ခေါက်ဆိန့်ကျန်အတွက်ဆိုရင် ဆီချက်တဇွန်းခပ်ထဲ့၊(ခဲနေတဲ့ဆီကအရည်ပျော်ပြီးဝါဝင်းရောင်လေးထလို့နဘေးကမုန့်ဖတ်တွေပေါ်စီးဆင်းသွားတယ်။ကျမက တူကိုင်ပြီး မျက်လုံးမမှိတ်တမ်း ကြည့်နေခဲ့ဖူးတယ်..လေ။ဟင်းဟင်း..ဒါငါ့အလှည့်ကွ ငါ့ပုဂံကွ...😂ကြက်သွန်မိတ်ကျွတ်ကျွတ်ကြော်လေးနဲနဲနဲ့ဝက်အူ ကြော်နဲနဲပေါ့ ဖြူးပေးလိုက်တာဘဲ။ပြီးမှ ကိုယ်လိုတဲ့ အပေါ့အငံအချဉ်အစပ်အတွက် ဆား၊ငရုပ်သီးမှုန့်လှော်၊သံပုရာသီး(စျေးကြီးချိန်ဆိုရင် မန်ကျည်းသီးမှည့်ဖျော်ရည်နဲ့ဘဲညားတာပေါ့လေ)..ဒီလောက်ပါဘဲ အင်မတန်မှ စားကောင်းတဲ့
ခေါက်ဆိန့်ကျန်ပေါ့။အရင်တုံးကဆိုရင်တော့ ခေါက်ဆိန့်ဆိုင်နှဘေးမှာသားရေပွကြော်၊ပဲကြော်(စားတော်ပဲ)အကြော််ဆိုင်ကအမြဲကပ်ရပ်ရှိတတ်တယ်။ဝက်ခေါက်ကြော်နဲ့စားရင်လည်း အဆီမပါအခေါက်ချည်းဘဲဆို ပိုလိုက်ပါတယ်။နို့မို့ရင်လည်း ကောက်ညှင်းပေါင်းကို၊အဲဒီဟင်းရည်မှာတို့တို့စားရင်လည်း၊ကောင်းမှကောင်းပေါ့။

ကျမငယ်ငယ်တုံးက ကျိုင်းတုံမဟာမြတ်မုနိဘုရားကြီးနှဘေးက ညောင်စောင့်နတ်ကွန်းနှဘေးကပ်ရပ် မှာခေါက်ဆိန့်ကျန်ဆိုင်တဆိုင်ရှိတယ်။ သစ်သားထိုင်ခုံရှည်ပု လေးနဲ့(အစွန်းမှာထိုင်မိရင် ဘေးကလူထသွားတဲ့အခါ ထိုင်ခုံမြောက်တက်သွားတတ်တယ်လေ..ဟီး)ဆိုင်ရှင်က သူ့ဟင်းအိုးမီးရှိန်လျော့ရင် ထင်းတုံးကြီးတစထပ်ထဲ့၊ပြောင်းတံကြီးနဲ့တဖူးဖူးမှုတ်လို့၊မီးခိုးတွေ ကိုယ့်ဖက်ရောက်လာရင်တဟွတ်ဟွတ်နဲ့မီးခိုးတွေသီး လက်လေးနဲ့ခါ အစားမပြတ်ပါဘူး ကုန်းပြီးလွေးခဲ့တာဘဲ...တကယ်သတိရတယ်။(ဒါတွေက ဟိုးအရင်ကလေးဘဝက စားခဲ့တဲ့ မယ်မီးရဲ့ခေါက်ဆိန့်ကျန်စား အတွေ့ အကြုံပေါ့၊)ခုတော့အားလုံးပြောင်းလဲ ကုန်ပါပြီ။ကျမတောင် တနှစ်တခါဘဲပြန်မှ စားရတယ်။
ခုကျိုင်းတုံမှာမနက်ဆိုရင် စျေးကြီးထဲက အသားရုံပတ်ဝန်းကျင် မှာတဆိုင်တွေ့တယ်။ဆိုင်ကအလယ်တန်းဆိုတော့ ထိုင်စားနေရင် ကိုယ့်နောက်ကျော လူလာတိုးတာလည်းခံရတယ်။ရှေ့ကနေ ကိုယ်ကစားပြီးနှပ်တရှုပ်ရှုပ်နဲ့သုပ်နေတာလည်း၊သူတို့သွားရင်းလာရင်းတွေ့နိုင်တယ်။😇ဟီး..ကျမတော့တရက်အားတင်းပြီး သွားထိုင်စားခဲ့တယ်။မြို့ကလူတွေက သိပ်စားလေ့မရှိဘူး။သူတို့ကအစားအစာရောင်းတဲ့တန်းမှာဘဲစားလေ့ရှိတယ်။

အောက်က ဒါတ်ပုံကတော့ မှောင်မှောင်မဲမဲ ညောင်ပင်အောက်မှာစားတုံးက ။ကျန်တဲ့ပုံတွေက ဝါးနေတာ။


 ညနေဖက်ဆိုရင်တော့ နောင်တုံကန်နားက ညောင်ပင်အောက်မှာ ရောင်းတယ်။ ၂ ဆိုင်ကပ်ရပ်။တအားလူစည်တယ်။ကျမတော့ခဏခဏသွားစားတယ်။ခြင်ကတဝှီးဝှီး၊မှောင်မှောင်မဲမဲ (လက်တဖက်ကကုတ် အောက်ကဒူးကိုနန့်ပေးရတယ်လေ ခြင်မနားအောင်လို့ 😁အဲဒါ ကျမတို့ဒေသရဲ့တကယ့်အရသာပေါ့နော်...။

၂၀၀၀ ခုနှစ်ပတ်ဝန်းကျင်က ရန်ကုန်စမ်းချောင်းဖက်ပဒုမ္မာကွင်းနားမှာ၊ခေါက်ဆိန့်
ကျန်ဆိုင်တဆိုင်ရှိခဲ့ဖူးတယ်။သူတို့က ကြက်အူနဲ့လုပ်တာပါ။ခရမ်းချဉ်သီးနဲ့ချက်ထားတဲ့ကြက်သားဟင်းလည်းထဲ့ပေးတယ်။စားကောင်းတယ်။ခုရှိတော့ဘူး။
စျေးနားမှာဝယ်စားတဲ့ခေါက်ဆိန့်ဂျိန်း(မ်)၊ခေါက်ဆွဲဖတ်နဲ့တဝက်ဆီရောထားတယ်။
ကျိုင်းတုံရဲ့ပတ်ဝန်းကျင်ရွာလေးတွေဖက်မှာတော့ ခေါက်ဆိန့်အစား ခေါက်ဆွဲကိုသုံးတာများတယ်။ဟင်းရည်အိုးကလည်း လေးထောင့်ပုံး (ဆီပုံးဟောင်းကိုအသွင်ပြောင်းထားတာပေါ့) နဲ့အုတ်ခဲတုံး ၃ တုံး၊ဖိုခနောင့်ဆိုင်ပေါ်တင် ထင်းချောင်းကြီး၂ချောင်း၃ချောင်းလောက်ထဲ့ထားပြီး၊မီးခိုးတွေအူတက်နေတဲ့နေတာပေါ့။သူတို့အခေါ်( ခေါက်ဆွဲ စို့စို့)တဲ့။အသားကမယ်မယ်ရရ မပါပါဘူး။ ဟင်းအိုးတအိုးလုံးကို ဝက်သား သုံးထပ်သားလေးနဲနဲ ဝက်သွေးခဲနဲနဲ ကျဲကျဲ၊ခရမ်းချဉ်သီးဖတ်လေးတွေ ပေါလောပေါ်လို့။စားရင်လည်းမီးခိုးနံလေးနဲ့..ကျမတော့၊စားလို့ကောင်းခဲ့တာဘဲ။(ရန်ကုန်က မုန့်ဟင်းခါးဆိုင်လိုပေါ့ ရွာတိုင်းရှိတယ်)။
တောပုံစံ ခေါက်ဆွဲဂျိန်း(မ်)ပေါ့..။


တရုတ်ဘုရားရှိခိုးကျောင်းကကျွေးတဲ့သက်သတ်လွတ်ခေါက်ဆွဲဂျိန်း(မ်)ခေါက်ဆွဲကျန်ကတော့ ထိုင်းက ကွေ့သယိုနဲ့ခပ်ဆင်ဆင်ပေါ့။ကျမတို့ဆီက ဝက်သားတတုံးကိုဟင်းရည်အိုးထဲထဲ့ပြုတ်လိုက်တာဘဲ။နူးမှဆယ်ပြီး ပါးပါးလေးလှီး ခေါက်ဆွဲထန်ပြီး အပေါ်ကနေ အသားလေးထဲ့ ကြက်သွန်ဖြူဆီချက်လေး ဆား၊ငရုပ်သီး၊
ငံပြာရည်၊ပဲငံပြာရည်၊သံပုရာသီး ဒါလေးတွေထဲ့စားတာပါ။

ကျမ တောင်ကြီး ရန်ကုန် မန္တလေး ရောက်မှ ရှမ်းခေါက်ဆွဲ၊ဆိုတဲ့ဝေါ်ဟာရနဲ့ဆန်ဆီးဆန်ဖွယ်မြီးရှည်၊ဆိုတာကြားဖူး၊မြင်ဖူး၊စားဖူးတာ။ကျမတို့စားတာနဲ့ကွာတာကိုး။ထိုဖူးချဉ်တွေ(သူတို့အခေါ်ဆီထိုဖူး)၊ထဲ့ချက်တာ၊ထိုဖူးနွေးထဲအသားထဲ့တာဆိုရင် အရမ်းအံသြဘဲ။သြော်...တကျောင်းတရွာ တဂါထာ ဆိုတာပေါ့နော်။

ကျမတို့ဖက်မှာ ခေါက်ဆွဲကို ကိုယ်တိုင်(homemade) လုပ်တာကိုး..။ပြီး ကပ်ကျေးနဲ့ညှပ်တာလေ။နောက်မှစက်ကြီးတွေပေါ်လာပြီး စက်နဲ့ညှပ် စက်လုပ်ခေါက်ဆွဲ တွေဖြစ်လာကြတယ်။ကျမတော့ တောခေါက်ဆွဲ လက်ညှပ်ဘဲကြိုက်တယ်။ဆီသိပ်မပါဘူး။စက်လုပ်တွေက ဆီတွေမှတထောကြီး။(ရန်ကုန်မှာ ဆန်မုန့်ကိုအချဉ်ဖေါက်ပြီးလုပ်တာလားမသိဘူး။ချဉ်စော်နံရတယ်လို ့ခံစားမိတယ်။)ကျမတို့ဖက်က နံဘူးဗျို့အာမခံတယ်။ရောက်ရင်ဝယ်စားကြနော်။ကျမနဲ့စာအပြန်
အလှန်ရေးရင်းသိတဲ့မိတ်ဆွေ လော(လာအို) ကရှမ်းအစားအစာBlogက ခေါက်ဆွဲလုပ်နည်းပါ။
သူ့blogကနေယူလာတဲ့ဓါတ်ပုံ၊တောခေါက်ဆွဲလုပ်ပုံ။

ရန်ကုန်ပြည်လမ်းပေါ်မှာအသစ်ဖွင့်တဲ့ Citymart Mall ဆိုလားဘဲ၊ညီမလေးဝမ်းကွဲပြောပြတာ။အဲဒီအောက်ထပ်မှာ ခေါက်ဆိန့်၂ မျိုးလုံးရတယ်တဲ့။ကျမရောက်သွားတုံးက ကားရပ်စရာမရှိ ကားကြပ်၊တော်တော့်ကို အဆင်မပြေဖြစ်တာနဲ့မစားလိုက်ရဘူး။

ကဲ..ဒီနေ့တော့ ခေါက်ဆိန့်ခေါက်ဆွဲ နဲ့ဘဲတခန်းရပ်လိုက်အုံးမယ်။နောက်တခါကျတော့ ဆန်ထိုဖူး မြေပဲထိုဖူး (ပဲပိစပ်)ထိုဖူး မြားမြောင်လှစွာသောထိုဖူးသုပ်မျိုးစုံနဲ့ 
အားလူးဖုတ်ကြတာပေါ့...😘😎
အားလုံးရွှင်လန်းချမ်းမြေ့ကြပါစေ
#meemeenage

16 comments:

  1. အဒေါ်အိမ်ကချက်ပေးတာ ကောင်းမယ့်ပုံပဲ..စမ်းချောင်းပဒုမ္ပာကွင်းနားကဟာ စားဖူးခဲ့တယ် ဟုတ်တယ် ခုမရှိတော့ဘူး...။ လက်ပံပွင့်ခြောက်ရှိတယ် ပဲပုပ်ရှိတယ်.. ချက်စားချင်လာပြီ :)

    ReplyDelete
    Replies
    1. အဒေါ်တို့ ကဟင်းချက်ကောင်းတယ်။
      ဆောင်းတွင်းမုန်ညှင်း(ဘိန်းခင်းထဲကလေ)ဆိုမြေအိုးလေးနဲ့ ၊
      ချက်တာ၊ခရမ်းချဉ်သီးနမ့်ဖစ်ထောင်းနဲ့ ကောင်းမှကောင်း..။
      စမ်းချောင်းပဒုမ္ပာကွင်းနားကဟာ စားဖူးတယ်လား။
      သူတို့ အိမ်လည်းအဲပတ်ဝန်းကျင်မှာဘဲ။
      ခုကျိုင်းတုံကအစားအစာတွေရောင်းတယ်တဲ့။
      ချက်စားရင်လည်းမျှပါအုံး..စူးနွယ်ရေ့ :P

      Delete
  2. အောင်ညန်.လေး ထမင်းစားပီးကြည်.လဲ ချားချင်တာပဲ မမီးမီးရေ။ခေါက်ဆွဲဆိုတာနဲ. တအားကြိုက်။ ငမ်းသွားတယ်နော်။ ရှလွတ်ရှလွတ်............

    ReplyDelete
    Replies
    1. ကျမလည်းထမင်းမစားဘဲ၊ခေါက်ဆွဲတွေဘဲစားချင်နေတာ။
      အဟဲ...အကြိုက်ချင်းတူနေပြီ။

      Delete
  3. စားချင်လိုက်တာ မမမီးမီးရယ်...ပုံတွေကြည့်ပြီးသရေကျရတယ်...။ မြေပဲတိုဖူးကို အရမ်းစားချင်နေတာ ဘယ်သူ့မှမှာလို့မရဘူး...။ ခေါက်ဆွဲကို ၀ါးတန်းပေါ်တင်ထားတာကြည့်ပြီး ငယ်တုန်းက တာလေမှာ ခေါက်ဆွဲကို အဲဒီဖိုအထိပူပူနွေးနွေးသွားဝယ်ပြီးငံပြာရည်ထဲ သံပုရာသီးညှစ်ပြီး ဒီတိုင်းတို့စားတာကို သွားသတိရမိတယ်...။

    ReplyDelete
  4. မိုးငွေ့........ has left a new comment on your post

    စားချင်လိုက်တာ မမမီးမီးရယ်...ပုံတွေကြည့်ပြီးသရေကျရတယ်...။ မြေပဲတိုဖူးကို အရမ်းစားချင်နေတာ ဘယ်သူ့မှမှာလို့မရဘူး...။ ခေါက်ဆွဲကို ၀ါးတန်းပေါ်တင်ထားတာကြည့်ပြီး ငယ်တုန်းက တာလေမှာ ခေါက်ဆွဲကို အဲဒီဖိုအထိပူပူနွေးနွေးသွားဝယ်ပြီးငံပြာရည်ထဲ သံပုရာသီးညှစ်ပြီး ဒီတိုင်းတို့စားတာကို သွားသတိရမိတယ်...။
    (မိုးငွေ့ ပေးတဲ့ကော်မန့် ကအီးမေးထဲရောက်လာပေမဲ့၊ဒီမှာပေါ်ဘူးဟယ်။
    ဒါကြောင့်ပြန်တင်လိုက်တယ်လေ။)

    ReplyDelete
    Replies
    1. မြေပဲထိုဖူးကဆန်မုန့် တချိုး မြေပဲ၃ချိုးနဲ့ ကြိတ်တယ်လို့ တော့၊
      ညီမလေးကပြောတာဘဲ။ကျမလည်းတခါမှမစမ်းဖူးဘူး။
      ကျိုင်းတုံလေယာဉ်ကွင်းမှာရောင်းတယ်။
      ဒီတခါပြန်ရင်ယူလာပေးမယ်နော်။
      ကျမတို့ လည်းခေါက်ဆွဲပြားတွေဝယ်ပြီး၊
      ပဲငံပြာရည် မြေပဲဆန်ထောင်း ငရုပ်သီးဆီချက်နဲ့ တို့ စားကြတယ်။
      အရမ်းကောင်းနော်...။

      Delete
  5. မနေ့ ကရှမ်းပြည်ကသူငယ်ချင်းကရှမ်းခေါက်ဆွဲလုပ်ထားတယ်လာခဲ့ပါဆိုတာနဲ့ သွားစားဖြစ်တော့ မီးမီးနဲ့ ကျူတီကိုသတိရနေတာ။ သူငယ်ချင်းရဲ့ လာအိုသူငယ်ချင်းလည်းလာပြီးအရည်ရောအသုပ်တွေရောအားပေးသွားတယ်။ သူ့ သမီးလေးပါလာလို့ ကြာကြာမနေနိုင်တာနဲ့ ခေါက်ဆွဲတွေအကြောင်းတောင်မမေးလိုက်ရဘူး။း)
    အိုင်အိုရာ

    ReplyDelete
  6. လာအိုမှာနေတဲ့ရှမ်းတွေကိုထိုင်းတွေက ရှမ်းလေး(ထိုင်းနွဲ့ )လို့ ခေါ်တယ်။
    ကျမတို့ ကိုရှမ်းကြီး(ထိုင်းယိုင်)တဲ့။အားလုံးစားသောက်တာတွေဆင်ဆင်တူကြပါတယ်။
    နောက်ကြုံရင်တခြားဟင်းတွေလည်းမေးကြည့်အုံးမရေ...။
    ကျမခေါက်ဆွဲသရဲဘွဲ့ ကိုကျုတီယူသွားပြီ။
    သူ့ ခေါက်ဆွဲတွေမှမျိုးစုံ၊ရေခဲထဲ့တာတွေရောပါတယ်။
    :P

    ReplyDelete
  7. ဗိုက်ဆာသွားပြီ..စားချင်တယ်..

    ReplyDelete
  8. မအားတဲ့ကြားထဲကပြေးလာစားရှာသား...။
    သြော်..စန်းထွန်းရေ...။
    လည်လည်လာ ကျွေးမယ်။

    ReplyDelete
  9. ဟိုက် စားသောက်စရာတွေ
    ခက်တာက ပုံတွေကြည့်ပြီး တံတွေးမျိုးရ ဟင့်း)

း)

    ReplyDelete
    Replies
    1. ဟင်းတွေနဲ့ လှဲစားမယ်လေ။
      ;P

      Delete
    2. ဟေ့ ငါ့ဟာ လေး တင် ပေး အုန်း ဟ

      Delete