Tuesday, May 1, 2012
ကျမတို့ ဒေသ ကအစားအစာတွေပေါ့..
မင်္ဂလာပါရှင်~~~
မနက်စောစောဆိုရင် အိမ်နားမှာအခွန်လွှတ်ဈေးလေးကရှိတော့၊
အဲနားက ရတာလေးတွေစားဖြစ်တယ်။
ကောက်ညှင်းပေါင်း၊ထိုဖူးသုပ်၊ကျိုင်းတုံဝက်အူချောင်း၊နမ့်ဖစ်...။
အရင်တုံးကဆိုရင် ပုဂံတောင်လိုဘူး။
အားလုံးဖက်နဲ့ ဘဲထုတ်ပေးလိုက်တာ။
ဒီအတိုင်းဖြေစားရုံဘဲ။
ဇိမ္ဘဲ..ေဆးစရာမလိုပါ..။
ဖက်ထုတ်ကြော်နဲ့ ဟင်းထုတ်ဆိုင်။ပေါက်စီဆိုင်..။
ဈေးလေး..စောလွန်းလို့ ရောင်းတဲ့သူတောင်ရောက်သေးဘူး။
ထိုဖူးနွေး..။ကျမတို့ ဆီကအသားမပါဘူး။ကုလားပဲနဲ့ လုပ်တာဟုတ်ဘူး။
ထိုအွန်လို့ ခေါ်တဲ့ စားတော်ပဲနဲ့ ပါ။
ခုနောက်ပိုင်း ကျိုင်းတုံမှာကုလားပဲနဲ့ လည်းလုပ်ရောင်းလာပြီတဲ့။
ခု..တရုတ်ကလာတဲ့ထိုဖူးနွေးလုပ်ဖို့ ရယ်ဒီမိတ်အမှုန့် ထုတ်တွေရောင်းတယ်တွေ့ တယ်။
တရုတ်လုပ်ဆိုရင် အစားအစာကရှောင်တာဘဲကောင်းပါတယ်။
ဘာတွပေါက်တတ်ကရထဲ့မှန်းကိုခန့် မှန်းလို့ မရဘူးလေ။
ဟင်းချက်ဖို့ လည်းဝယ်လာခဲ့တယ်။အိုစွမ်းသုတ်မယ်၊မုန်ညှင်းအချိုစောမယ်၊ပိန္နဲသီးဟင်းရည်နဲ့ ..။
အိုစွမ်းက အသင့်လှီးပြီးသားလေး။
သူ့ ထဲထဲ့ဖို့ မြေပဲထောင်းကလည်းအဆင်သင့်ထုတ်ပြီးရောင်းတယ်။
ပိန္နဲသီးဟင်းချက်မယ်။ဆူးပုတ်ကအမေနဲ့ အမကစားဘူးတဲ့။
ဒါကြောင့်စွယ်တော်ရွက်နဲ့ ခတ်မယ်။
ဂျာမဏီမှာနေတုံးကချက်စားဖူးတဲ့ပိန္နဲသီးဟင်း
မုန်ညှင်းက အချိုစော လုပ်မယ်။
မုန်ညှင်းစောဟင်း(အစပ်)ကိုလူကြိုက်များကြတယ်။
ကျမတော့အဖွားကြီးလေး။အချိုပိုကြိုက်တယ်။
ဘယ်လိုချက်လဲဟုတ်လား.....အဟဲ..။
လွယ်လွန်းလို့ ပြောပြရမှာတောင် အားနာမိပါတယ်။
ကျမနည်းဆိုရင်...ကြံသကာ၊မကျည်းသီး၊ဌက်ပျော်သီး၊လိမ္မော်သီး၊သစ်တော်သီး၊ဆားနဲနဲ။
ရေမြုပ်နေအောင်ထဲ့။ပြီးမီးအေးအေးနဲ့ ၂နာရီကြော်လောက်ထိတည် ထားလိုက်။
အိပြီး ..ချိုချိုချဉ်ချဉ်လေး။ကျန်တဲ့ဟင်းကစပ်စပ်နဲ့ ပိန္နဲသီးဟင်းရည်နဲ့ အားပါးပါး...။
ကောင်းမှကောင်း...။
တကယ်ဆိုရင် ကျမက ဒီအပေါ်ကပုံလို Aw lahm လာအိုအခေါ်
ကိန်လမ်လို့ ရှမ်းလိုခေါ်တဲ့ဟင်းသီးဟင်းရွက်ပေါင်းစုံထဲ့တဲ့ဟင်းစားချင်တာ။
အဲဒီထဲမှာသစ်စလိုလိုတခု တွေ့ တယ်ဟုတ်လား။
အဲဒါဟာကိုရှာဝယ်တာမရလို့ ။
အဲဒါက ငရုတ်သီး ပင်စည်အမြစ် ပေါ့။စပ်စပ်မွှေးမွှေးလေး။
အင်တာနက်မှာစားစရာလိုက်မွေရင်းနဲ့ လောဖက်ကအစားအစာမှာတွေ့ မိတာ။
သူတို့ က ကျွဲသားရေ(သားရေပွကြော်)နဲ့ ချက်တာ။
ကျမတို့ ကတော့ ၀က်ခေါက်နဲ့ ချက်တယ်။
စားလို့ အရမ်းကောင်းတယ်။
ဘိုလိုတော့ chilli wood တဲ့။ဒီကနေ ပုံတွေယူပါတယ်။
တကယ့်ရှမ်းဟင်းတွေပေါ့။
ရှမ်းဟင်းကြိုက်တဲ့ကျမမိတ်ဆွေများအတွက်ပါ..။
မိုင်းလားဖက်ကအမျိုးတွေ လာပေးတဲ့ ရေညှိခြောက်ကြော်နဲ့ တူတဲ့အစာလည်းတွေ့ တယ်...။
နှမ်းစေ့တွေ ငရုတ်သီးတွေနဲ့ အခြောက်လုပ်ထားပြီးဆီနဲ့ ပြန်ကြော်တာ။
ကျမတို့ ဖက်ကပိုပြီး အစာများများထဲ့တယ်။
သူတို့ က နှမ်းတွေဘဲပိုများတာတွေ့ ရတယ်။
လွန်ခဲ့တဲ့နှစ်တွေကကျမရဲ့ ၂၀မ်းကွဲအမဈေးထဲမှာမုန်ညှင်းရောင်းတာတွေ့ လို့ အမှတ်တရရိုက်ထားတာ။
တူစိုက်ထားတဲ့မုန်ညှင်းချဉ်ကိုကျမတို့ က တရုတ်ချဉ်လို့ ခေါ်တယ်။
အလယ်က အိုးကျတော့ ရှမ်းချဉ်ပေါ့။
သူ့ ကိုခေါက်ဖွန်းနဲ့ စားတယ်။နောက်ဆုံးအိုးက ကတက်ချဉ်ပေါ့။
အားလုံးသုတ်စားစား၊ကြော်စားစား စားလို့ ကောင်းကြတာပါဘဲ။
ကျမအမက နံမည်ကြီးအချဉ်သည်ကြီး၊နွေရာသီအလှုအတန်းတွေဆိုရင်သူ့ ဆီမှာဘဲအော်ဒါမှာကြတယ်။
 သူတို့ လာအိုဖက်မှာလည်း ကျမတို့ လိုဘဲ သုပ်စားဟန်တူပါတယ်။
ကျမလည်း ခေါက်ဆိန့် တရက်ချက်စားဖြစ်ပါတယ်။
ကျမထုံးစံပေါ့..။ဆီလည်းနဲနဲနဲ့ ..။ရှမ်းမုန်ညှင်းချဉ်နဲ့ ။
တကယ့် ခေါက်ဆိန့် မှာမြေပဲဆံထောင်းမထဲ့ပါဘူး။
နှမ်းထောင်းနဲ့ ပါ။နှမ်းထောင်းကိုကြက်သွန်မိတ်နဲ့ တခါထဲရောနှယ်ထားလိုက်ပါတယ်။
ကြက်သွန်ဖြုအမိတ်နဲ့ ဆိုပိုတောင်လိုက်ဖက်ပါတယ်။
...............................................
ကဲ...နောက်မှ ကျမတို့ ဖက်ကအစားအစာအကြောင်းလေးတွေ အားလူးဆက်ဖုတ်ကြတာပေါ့နော်။
မီးမီး
30 comments:
  1. ဖတ်၇င်းနဲ.တောင်သေ၇ကျသွားတယ်။ဆီပြန်ဟင်းဆိုသေ၇မကျဘူး၇ှမ်းစာ
    တွေဆို၇င်ကြားတာနဲ.တင်စိတ်ကမထိန်းနိင်ဘူး။၇ှမ်းချဉ်တွေ.တော.ပိုဆိုးသွား
    တယ်။အာလူးဆက်ဖုတ်တာတာစောင်.နေမယ်နော်....
    ReplyDelete
    Replies
    1. ဒီကရှမ်းမလည်းအားလူးဖုတ်ဝါသနာခပ်ပါပါရယ်..ဟီး..။
      နောက်ကျရင် ရှမ်းစာတွေများများတင်ပေးရမယ်နဲ့ တူတယ်။
      Delete
  2. ဟီးစားချင်လာပြီ မမရေ
    ReplyDelete
    Replies
    1. အားပါးတရသုံးဆောင်ပါကွယ်:))
      Delete
  3. ဘုရားရေ တကယ် ဘုရားစူး သရေယိုသွားတယ် အမး)
    ReplyDelete
    Replies
    1. တကယ်ကြီးလား...။
      အဲ..နောက်ဆိုရင်အိမ်လာလည်။
      ချက်ကျွေးမယ်လေ..:P
      Delete
  4. ရှလွတ်ရှလွတ်။
    ReplyDelete
    Replies
    1. ရော့..လက်သုတ်ပုဝါလေးဆောင်ထားအုံး။
      :))
      Delete
  5. မမမီးငယ်ရေ တို့ဖူးကလေ ဂျာရစ်လုပ်တာ ကုလားပဲနဲ့မို့လားမသိဘူး ရှမ်းတို့ဖူးမဖြစ်ဘူး .
    တို့ဖူးကြော်စားချင်တယ် ရှမ်းတို့ဖူးကိုဘယ်လိုလုပ်ရမလဲ ဘာနဲ့လုပ်ရမလဲ ပြောပြပါ တင်ပေး ဘလော့မှာ နော်နော် မြန်မြန်တင်နော် မကြာနဲ့း)))
    ReplyDelete
    Replies
    1. ဒန်အိုးလေးရေ..ကုလားပဲနဲ့ လည်းဖြစ်ပါတယ်။
      ဒါပေမဲ့ စားတော်ပဲကပိုနှုးညံမလားမသိပါဘူး။
      အဆက်မပြတ်တော့မွှေနေရမယ်။
      ရေကိုအရင်တည်ဆူလာမှ ရေစိမ်ထားကြိတ်ထားတဲ့ပဲရည်တွေကိုလောင်းထဲ့။
      တလစပ်သာမွှေပေတော့ မမရေ..။
      အသေလက်ညောင်းတယ်။
      အဲဒါမှစားလို့ ကောင်းတယ်။
      နောက်ကျရင် အသေးစိပ်ပြောပြမယ်လေ..။
      သာပျော့ကြီးကိုချက်ကျွေးမလို့ လား..။
      Delete
  6. Meemee, I am interested to see you quoted form our cookbook "Food from Northern Laos", and thank you for posting a link. But can you tell me in English script where you are based, what nationality? I cannot read the script on your website. My computer does register Thai script, so it is not Thai.
    We are interested in all kinds of SE Asian food.
    Cheers,
    Kees Sprengers
    ReplyDelete
    Replies
    1. Kees Sprengers,
      First I want to tell you thanks you very much for your photo that I used.
      I saw your website anciently,but I love very much.
      And I saw my childhood dishes there,so I used in my post.
      I should tell you,but I didn't have chance.
      I belive you understand me.
      I was born in KyingTong(KengTong)eastern Shan State,Myanmar(Burma).My grandpa from my mother side is original from Thailand.But we are not Thai.
      We are ชาวไทเขิน.
      http://en.wikipedia.org/wiki/Kengtung
      You can see here too.
      http://www.youtube.com/watch?v=PVcTqs9tfhQ
      I cannot see your email address in your website.
      I can sent you more information of our people and our culture.
      best regards
      meemee
      Delete
  7. ပိန္နဲသီးကအခွံခွါလှီးထားရင်ဖြူလား၊ညိုသွားလား။ဒီမှာကအဖြူတွေဘဲတွေ.ရတော့
    တစ်ချို.ကချွတ်ဆေးသုံးထားတယ်ပြောတာနဲ.မစားရဲတာ့ဘူး။တို.ဟူးသုတ်ထဲ
    ထည့်တဲ့တို.ဟူးချဉ်ကောလုပ်တတ်လား။လုပ်တတ်ရင်နည်းလေးပြောပြပေးပါနော်။
    ကျိုင်းတုံဘက်ကစားမစားတော့မသိဘူး။
    ReplyDelete
    Replies
    1. အန်တီ.
      သူတို့ က ဆားရည်တို့ အချဉ်ရည်တို့ နဲ့ စိမ်ရင်၊
      အရောင်မပြောင်းဘူးလို့ ပြောပါတယ်။
      ထိုဖူးသုတ်ထဲထည့်တဲ့ ထိုဖူးချဉ်က၊
      ထိုဖူးကိုမကြိုခင် မွေထားတဲ့ ပဲနှစ်ကိုဆားနဲနဲပဲထည့်ပြီး။
      တညသိပ်ထားရင်ပဲချဉ်ရပြီ။
      သိပ်ပြစ်နေရင်ရေနဲနဲရောလိုက်ပေါ့။
      ရေခဲသေတ္တာထဲမှာမထားပါနဲ့ ။
      အခန်းအပူချိန်ဆိုရပါပြီ။
      ကျိုင်းတုံမှာထိုဖူးသုတ်စတိုင်အမျိုးမျိုးဘဲအန်တီရေ..:))
      Delete
  8. အကုန်စားချင်တယ်ကွယ်... မီးမီးကိုကျေးဇူးတင်တယ် ဒီဟင်းတွေနဲ့ ဝေးကွာနေတာ နှစ်ပေါင်းဘယ်လောက်ကြာပီလဲ...။ ဟိုတလောက တောင်ကြီးသွားတော့ ဈေးထဲမယ် ဆွယ်တော်ရွက်တွေ့လို့ဝယ်ခဲ့သေးတယ်...။ အိမ်မှာ ပဲပုပ်နဲ့အရည်လေးချက်စားကြတယ်...။
    ReplyDelete
    Replies
    1. စွယ်တော်ရွက်ကို ဗမာပြည်ဖက်မှာ ကဗျာဘဲစပ်တတ်ကြတယ်။
      ဟီးးးစားကြည့်ကြတာဟုတ်ဘူး။
      ဒီလောက်စားကောင်းတာနော်။
      သရက်ရွက်နုတောင်ကျမတို့ သုတ်စားကြတာ။
      မိုးငွေ့ စားဖူးလား။
      Delete
  9. ဟယ်..အရမ်းကိုစားချင်စရာလေးတွေ..
    စားချင်လိုက်တာ..
    :)
    ReplyDelete
    Replies
    1. အသားငါးဟင်းတော့၊
      ကောင်းကောင်းလည်းချက်တတ်ဘူး။
      ဟင်းရွက်တွေဘဲစားတတ်တော့ ၊
      သူများတွေကျမလိုကြိုက်ပါ့မလားလို့ တောင်စဉ်းစားနေတာ...။
      ကျေးဇူးပါ..သုံးဆောင်ပါရှင်..။
      Delete
  10. အိုစွမ်းဆိုတာ အော်စွန့် ကိုပြောတာလားအမ? အမ ဟင်းတွေကိုကြည့်ပီး မစားရတာကြာပီမို့ ကီးဘုတ်ပေါ် သွားရည်တောက်တောက်ယိုတယ်ခွိ
    ReplyDelete
    Replies
    1. သူများတွေကအိုဆိုလို့ လိုက်အိုရတာပါ။
      တကယ်ကျမတို့ ခေါ်သလိုဆိုရင်တော့။
      အဲလိုရေးရင်လည်းဘယ်သူမှနားလည်မှာဟုတ်ဘူးလေ..ဟီး။
      မြန်မြန်သုတ်လိုက်ကွန်ပျက်သွားမယ်:))
      Delete
  11. ဟင်..မနေ့ ကမန့် ထားတာလည်းပေါ်ဘူး။
    ကဲ..ထပ်တင်မယ်ကွာ။ ဒီနေ့ တောင်သတိရနေတာကိုယ်ကပိန္နဲသီးမရှိသေးလို့ ကြက်သားဟင်းကိုငါးပိချက်လိုချက်ပြီး ဆူးပုတ်အုပ်ထားတာ။ ဆီနဲနဲလေးနဲ့ အရမ်းကောင်းလို့ သတိရနေတာ။ ကိုယ်ကချစ်ချစ်ကြောင့်ဆီပြန်ဟင်းတွေချက်ဖြစ်ပေမဲ့ဆီတွေနဲ့ နယ်စားလေ့သိပ်မရှိဘူး။ ဒါကြောင့်ရှမ်းဟင်းတွေကြိုက်တာ။
    (အကြိုက်တွေချည့်ဘဲ။
    မုန်ညင်းစောကအချိုဆိုပေမဲ့ချဉ်တင်တင်လေးဆိုတော့ပိုကောင်းမှာပေါ့။ စမ်းကြည့်ချင်လာပြီ။
    ပိန္နဲသီးဟင်းကတော့နှိုက်ကိုစားချင်လာတယ်။
    ခေါက်ဆိန့် ကိုနှမ်းနဲ့ ဆိုကြိုက်မှာ။ ကိုယ်ကမြေပဲတွေပါတဲ့ဟင်းတွေသိပ်မကြိုက်တတ်လို့ ။
    ထပ်တင်အုန်းနော်။း)
    အိုင်အိုရာ)
    ReplyDelete
    Replies
    1. အဲ..များလည်းဘာမှမလုပ်ရဘူး။
      ကွန်အကြောင်းလည်းခပ်တုံးတုံးဘဲ။
      ဘာမှတတ်ဘူး။
      အိုင်အိုရာတို့ ဟင်းခေါင်းစဉ်တွေဖတ်ပြီးကျမဆိုအရမ်းစဉ်းစားရတယ်။
      မကြားဘူးတာတွေများနေလို့ ။
      ကြက်သားဟင်းငါးပိ..တဲ့ထူးဆန်းတယ်ဗျာ..။
      ဆူးပုတ်ကလည်းအုပ်သေး..။
      ကျမလည်းသူများဆီကနည်းလမ်းလေးတွေနဲ့ အသက်ဆက်နေရတယ်လေ။
      မုန်ညှင်းစောအချိုချက်ကြည့်ကြိုက်စေရမယ်..ဟဲ။
      Delete
  12. ဟင်မနေ့ ကမန့် ထားတာလည်းပေါ်ဘူး။
    ကဲ..ထပ်တင်မယ်ကွာ။
    (အကြိုက်တွေချည့်ဘဲ။
    မုန်ညင်းစောကအချိုဆိုပေမဲ့ချဉ်တင်တင်လေးဆိုတော့ပိုကောင်းမှာပေါ့။ စမ်းကြည့်ချင်လာပြီ။
    ပိန္နဲသီးဟင်းကတော့နှိုက်ကိုစားချင်လာတယ်။
    ခေါက်ဆိန့် ကိုနှမ်းနဲ့ ဆိုကြိုက်မှာ။ ကိုယ်ကမြေပဲတွေပါတဲ့ဟင်းတွေသိပ်မကြိုက်တတ်လို့ ။
    ထပ်တင်အုန်းနော်။း)
    အိုင်အိုရာ)
    ဒီနေ့ တောင်သတိရနေတာ။ ပိန္နဲသီးမရှိသေးလို့ ကြက်သားကိုငါးပိချက်လိုချက်ပြီး ဆူးပုတ်အုပ်ထားတာ ဆီနဲနဲလေးနဲ့ အရမ်းစားလို့ ကောင်းလို့ သတိရနေတာ။ ကိုယ်ကချစ်ချစ်ကြောင့်ဆီပြန်ဟင်းတွေချက်ဖြစ်ပေမဲ့ ဆီတွေနဲ့ သိပ်နယ်စားလေ့မရှိဘူး။ အရည်ဟင်းဆိုလည်းဆီတွေတအားဝေ့နေရင်ကြောက်တယ်။
    ReplyDelete
    Replies
    1. အိမ်ကချစ်ချစ်တော့ဆရာဝန်ပြောမှ၊
      ဆီပြန်စားခြင်းရပ်တော့တယ်။
      ကောင်းလိုက်တာ..။
      မစားတာက လျှာမှာရှတတ အရသာအထိအတွေ့ ရှိနေတယ်လို့ ။
      ခံစားရလို့ ..။
      Delete
  13. အကုန်လုံး စားချင်တယ် မမီးရေ..
    ReplyDelete
    Replies
    1. အားလုံးတာစားပါကွယ်..။
      Delete
  14. HI Meemee,
    Thanks for getting back to me. my email address is kees@galangalpress.com Dorothy's email is dorothy@galangalpress.com.
    Dorothy learned about Burmese food many years ago, in early '70s, when she helped a Burmese family in Wellington New Zealand set up a Burmese restaurant there. And I love the Burmese curries and other dishes she cooks.
    A few years ago we bought an English language book called "A taste of Shan" by Page Bingham, and we'd like to find out more about Shan food.
    We have so far never visited Burma, but are planning to visit end of this year or early next year (Next cool season). I am not certain if we will be able to visit Kengtung, that will depend on the political situation at that time.
    You mention our website. have you actually seen a copy of our book? From the Wiki link you sent, I see Kengtung is quite close to Laos, so U understand that some of the food can be similar.
    if you want to respond to us, maybe easier by email.
    Cheers,
    Kees
    ReplyDelete
    Replies
    1. Kees,
      I sent you email attached with my home town photo.
      Thanks..
      meemee
      Delete
  15. တမီးယေး မန့်ထားတာလဲ အရှိဝူး
    မားမားမေမေမီးမီး
    ပန္နဲသီးဟင်းစားဂျင်လယ်
    ဒီတခါတော့ သရေကျပီးပဲ ကျန်တွားလယ်
    တူညား အညာတူ
    ပဲ အကြောင်းပဲ ကောင်းကောင်း သိလယ်
    ရှမ်းစာတွေ ဆို အကုန်ကြိုက်လယ်
    အိမ်က ဘာထည့်ပေးလိုက်တေးလဲ
    မတိဂျင်ယောင် ဆောင်အနေနဲ့နော်
    တခုခု ပို့ပေး ဒါပဲ
    အိတ်အခွန်ပို့ပေးလဲ ဖျစ်လယ် :D :D
    ReplyDelete
  16. တမီးရေ..
    လူတောင်မဲပြန်ဘယ်လာရတာ..။
    ဒီတခါအပြန် British Airway ကြီးနဲ့ ၊
    ဟီတရိုးဆိုတာကိုဖြတ်လာရတာ၊
    လူတယောက်သေတ္တာတလုံးဘဲရတယ်။
    ဘာမှမဘယ်ဖြစ်ခဲ့ပါဘူး၊
    အဲ..ရှမ်းဆေး ယာကဲ့ ဆိုတာဗိုက်နှာဗိုက်အောင့်ပျောက်တဲ့ဆေးဘဲ၊
    ပါခဲ့တယ်။အားတိုင်းစားင်္ပြးရင်တွေချောင်နေလို့ 
    မုန့် တွေခဏခဏရှာစားနေရတယ်။
    ဟီး..ဟိုကမုန့် တွေပို့ ပေးပါအုံး..။
    ReplyDelete