Friday, February 17, 2012

နယူးယောက်ဟိုတယ်ပေါ်ကကြွက်နဲ့ နယူးယောက်Tour

မင်္ဂလာပါရှင်~~~
ဟိုးတခါကဒီဇင်ဘာလပိတ်ရက်အချိန်ကာလတွေမှာ သွားလည်ခဲ့တာတွေ ရေးမယ်ဆိုပြီး၊
ဓါတ်ပုံတွေရှာမတွေ့ တာနဲ့ လန်ဒန် နဲ့  ဂျာမဏီ ဘာလင် ဆိုပြီးရှေ့ မဆက်နိုင်ဘဲရပ်လိုက်တာ၊(အဟား..ကိုယ့်ဖာသာဘဲသိတယ်၊
ဘယ်သူမှ မသိဘူး။လုပ်မယ်ပြောပြီးမလုပ်တော့လခလည်းအဖြတ်မခံရဘူး။အဆူခံရခြင်းလည်းမရှိဘူး..၊
မိုက်ထှာနော်...အော်..ကိုယ်က ဒီစာမျက်နှာရဲ့ အရှင်သခင်ကြီးကိုး..;p )
ကဲ...မကျေနပ်ဘူးအချစ်ရယ်တစ်ကပြန်စမယ်...

ကိုဘားမား..အဲ..အိုဘားမားပါလေ။သူနန်းတက်ဖို့ ပြင်ဆင်နေတဲ့အချိန်ကပေါ့..။

 
အင်ပါယာစတိတ်ပေါ်ကိုတော့နယူးယောက်ရောက်ပြီး သိပ်မကြာဘူးသွားလည်ဖြစ်ခဲ့ပါတယ်။
လေကလည်းတိုက်လိုက်တာ။လူကလည်းများ။တိုးဝှေ့ ပြီးဓါတ်ပုံတွေလုရိုက်ရတယ်။
ရှေ့ နောက်တောင်မြောက်လည့်ပတ်ပြီးရိုက် ဒါပါဘဲလေ။
အပေါ်ကနေစီးမြင်ရတော့မိုးမျော်တိုက်ဆိုတာလည်း မီးခြစ်ဗူးတွေထာင်ထားတဲ့အတိုင်းပါဘဲလေ။
ပိတ်ရက်ဆိုရင်လူများတော့လက်မှတ်ကို အွန်လိုင်းကနေ၀ယ်တာပိုကောင်းတယ်။
နို့ မို့ ရင်တန်းစီပြီးအကြာကြီးစောင့်ရတယ်။

 ပြီး sightseeing Tour ကားလက်မှတ်ဝယ်၊ဆင်းချင်တဲ့နေရာဆင်း၊သွားချင်တာသွားပြီးနောက်ဆုံးကား၊
အမှီနဲ့ ပြန်လာခဲ့တာပေါ့။ဒါက စနေတနင်္ဂနွေလိုပိတ်ရက်မျိုးမှာသွားလည်တာ။
စစချင်းထိုင်တော့ အပေါ်အမိုးဖွင့်မှာပေါ့။အအေးဒဏ်မခံနိုင်တော့အောက်ထပ်ပြန်ပြေးဆင်းရတယ်။
ဒါတောင် အောက်တိုဘာလလောက် ဘဲရှိသေးတာ။ကျမမှာချမ်းနေလို့ နေပူလို့ တော်သေးတယ်။
Twin Tower (ဆောက်လက်စဘဲရှိသေးတယ်)၊တရုတ်တန်း၊ဒါလောက်ဘဲဆင်းတယ်။
ကျန်တာကားပေါ်ကနေဘဲပြူးပြဲကြည့်တာပေါ့။တောသားမြို့ ရောက် လည်ပင်းတောင်ညောင်းတယ်။
မော့မော့ကြည့်ရလို့ တိုက်တွေကို။မြို့ ထဲမှာနေရမယ်ဆိုရင်ကျမဘယ်လိုမှနေတတ်မှာမဟုတ်ဘူး။
နားညီးလိုက်တာ ဝေါ်ဝေါ်ကားတွေနဲ့ ဆူညံနေတာဘဲ။(ကျမအခေါ်ဝေါ်ဝေါ်ကား..မီးသတ်ကား၊ဆေးရုံကား
ရဲကားတွေလေ တချိန်လုံးဝေါ်နေလို့ ):D
ကျမတို့ နေတဲ့ ကျွန်းဆွယ်အဖျားလေး ကနေနယူးယောက်မြို့ ထဲကိုရထားစီးလာရင်၊ ၄၅မိနစ်လောက်ကြာပါတယ်။ ကျမတို့ နှစ်ယောက်ကလည်းဘယ်သွားသွား tour ၀ယ်ပြီးသွားလေ့ရှိပါတယ်။ မရောက်ဖူးတဲ့ဒေသဆိုရင် ရှင်းပြတဲ့သူ လိုက်ပြတဲ့သူနဲ့ အချိန်တိုတိုအတွင်းမှာနေရာအစုံ နှံစပ်သွားမှာလေ။
ဒါနဲ့ မြို့ တော်ဝါရှင်တန်ဆိုတာသွားလည်ခြင်တာနဲ့ ဝါရှင်တန်tour၀ယ်ပါတယ်။
စစခြင်းစုရပ်ကလည်း မနက် ၆နာရီလောက်အချိန်နဲ့ မြို့ လယ်ခေါင်မှာ။
အိမ်ကနေထွက်လာမယ်ဆိုရင်တော်တော်ကသီမှာ..။
ဒါနဲ့  မြို့ ထဲမှာညအိပ်ဖို့ ဖြစ်လာရတယ်။တညအိပ်မဲ့အတူတူ ၂ညလောက်အိပ်ပြီး၊
လည်ရင်ပိုကောင်းမယ်ဆိုပြီး နာမည်ကျော် အင်ပါယာစတိတ်နားပတ်ဝန်းကျင်က
ဟော်တယ်တခုမှာ၊တည်းခဲ့ကြပါတယ်။
အဲဒီဟော်တယ်မှာပေါ့

အခန်းက ၄ ထပ်မှာပါ။ညမောမောနဲ့ ပြန်လာတော့ စားလက်စမုန့် ထုပ်တွေပစ်ချပြီးအိပ်တော့တာဘဲ။
တကျီ့ ကျီ့ နဲ့ အသံကြားတော့လန့် နိုးလာတယ်။ဘာမှန်းလဲမသိပါဘူး။
ပြန်အိပ်တော့လည်းဒီအတိုင်းဘဲ..။ခဏခဏနဲ့ ဆိုတော့လည်း၊ထရတော့တယ်။
(အေးတာနဲ့ စောင်ပုံကခွါခြင်ဘူးလေ)။အားပါးပါး....တွေ့ ပြီ..။
ကိုယ်တော်မျက်ပြူးလေးက ပလပ်စတိတ်အိတ်ထဲကမုန့် ကိုဆွဲနေတာကိုးးးး။
ရူးရူးဆိုမှပြေးတာ အမေရိကန်ကြွက်က ကြီးမှကြီး...။
ဒါနဲ့ ရေချိုးခန်းထဲက မျက်နှာသုတ်ပုဝါတွေအားလုံးယူပြီး တံခါးဝမှာပိတ်ဆို့ ထားလိုက်ရတယ်။
အဲဒါတွေ ဟော်တယ်မှာပြောရင်ရပေမဲ့ ခရီးထွက်ချိန် ပြသာနာမများခြင်လို့ ..။
ဟိုတယ်ကိုစောစောစီးစီးတာတာလုပ်ပြီး လစ်ကြတာပေါ့။
အဲဒီခန်းဆီး၂ခုကဖွင့်လိုက်ရင်နောက်ဖက်ကတိုက်နဲ့ တန်းနေအောင်တွေ့ ရတယ်:(((


ဟိုတယ်ကနေလှမ်းကြည့်ရင်အင်ပါယာစတိတ်ကိုမြင်ရတဲ့ပုံပါ။


ဒါကအရင်က Time square  နေရာတ၀ိုက်ပေါ့။
ခုတော့ပုံပြောင်းလိုက်တယ်ကားလမ်းတခြမ်းပိတ်ထားတယ်။
ရုပ်ရှင်တွေထဲမှာခဏခဏမြင်ဖူးတာ ..ဒီဘုရားကျောင်းကို။
ကိုင်း...window shopping ထွက်မယ်....။


၄၇ လမ်းပတ်ဝန်းကျင်မှာ စိန်တန်းရှိတယ်တဲ့။စိန်ဆိုင်တွေ ရတနာဆိုင်တွေအများကြီးပေါ့။
အဲ..၄၇ လမ်းထဲက စိန်ရတာနာဆိုင်တွေရဲ့ မြေအောက်ထပ်မှာ အလုပ်ရုံတွေအများကြီးရှိပြီး၊
မြန်မာတွေတော်တော်များများ အလုပ်လုပ်ကြတယ်လို့ မိတ်ဆွေတယောက်ကပြောပြပါတယ်။
ပိုင်ရှင်တွေက မြင်ရတာ ဂျုးနဲ့ ကုလားတွေချည်းဘဲ..။
ကျမတော့ နာမည်ကြီးတဲ့ ဒီဇိုင်းတွေတ၀ကြီး ၀ယ်ခဲ့...အဲလေ ကြည့်ခဲ့ဒါတ်ဒါတ်ရိုက်ခဲ့တာပေါ့။
ကဲ..မပြောဘူးလား..အားရင်အာလူးလာဖုတ်ပါမယ်ဆိုတာ...။
ဟီးးးးး....
အားလုံးဘဲပျော်ရွှင်အေးချမ်းကြပါစေရှင်...
မီးမီး
(မနေ့ ကရေးပြီး ဘာနှိပ်တာမှားသွားလဲသိဘူး..ပို့ စ်ကစာမပါဘဲတက်သွားတယ်..)
အဟဲ..လက်သင်ကလေးမို့ ခွင့်လွှတ်ကြပါရှင်)

11 comments:

  1. ကိုင်း နယူးယောက်ကို မမီးငယ်ဆီကပဲ လည်လိုက်တော့တယ်..း)

    ReplyDelete
    Replies
    1. စန်းထွန်းရေ..
      နယူးယောက်ကိုကျမတော့သိပ်မကြိုက်ဘူး။
      ရူပ်ရှက်ခပ်နေတဲ့မြို့ လို့ ဘဲပြောရမယ်နဲ့ တူတယ်။
      ဟီး...

      Delete
    2. ဖတ်လို့ကောင်းပါတယ်...ဒါပေမဲ့ စာရေးသူကိုယ်တိုင်ကတော့ မျက်နှာနည်း၂ပဲတွေ့ရတယ်..လူတွေ့မှာစိုးလို့ထင်တယ်

      Delete
    3. rockefeller center ကိုသွားပြီးပြီလား...ဓါတ်ပုံတွေကြည့်ရပြီ..ကျေးဇူး..စု

      Delete
    4. ဟုတ်ပါဘူးရယ်...Anonymousလေးရယ်
      မျက်နှာပါနေရင်ဓါတ်ပုံက သိပ်မပီပြင်ဘူး။
      ထင်လို့ ပါ..:P

      စု..
      အမြဲလာလည်ပါ..။
      တံခါးဖွင့်ထားပါတယ်။ဖိတ်ပါတယ်။
      :)))

      Delete
  2. ဒို့ တွေနယူးယောက်မှာတည်းတုန်းကကျတော့အခန်းသော့ကကျလိုက်မကျလိုက်ပွင့်လိုက်မပွင့်လိုက်နဲ့ ဒို့ အဖေါ်အမကြီးလည်းဒေါသတွေထွက်တာအရမ်းဘဲ။ ဒါနဲ့ သူကမအိပ်ရဲတော့ဘူး။ မအိပ်ရဲပေမဲ့ပစ္စည်းတွေကဒို့ ကသိပ်မထုတ်ထားရသေးတော့သူ့ အခန်းမှာအဖေါ်ရအောင်သွားပြောင်းအိပ်ပေးလိုက်ရတယ်။ သူ့ အခန်းကလည်း ကင်းဆိုက်ဇ်ဆိုတော့လေ။ သော့ကလည်းဆရာ သူတို့ လာဖွင့်ရင်ပွင့်တာများတယ်။ ဒါပေမဲ့နောက်တော့သူတို့ လည်းဖွင့်မရတာနဲ့ ကြုံသွားတယ်။ ဒို့ တည်းတာက ဘရော့ဒ်ဝေးနားမှာ။ နယူးယောက်ဟိုတယ်ကတော့တခြားမြို့ ကဟိုတယ်နဲ့ ဈေးချင်းတူရင်တော်တော်ညံ့တယ်လို့ ထင်မိတယ်။ တော်တော်ကျဉ်းတယ်။
    အင်ပါယာစတိတ်ကိုမရောက်ခဲ့ဘူးရယ်။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. ဟုတ်တယ်နော်၊မြို့ ထဲကဟော်တယ်တွေအသေညံ့တာ။
      ပေးရတဲ့ဈေးနဲ့ ဆိုနယူးဂျာစီမှာ Hilton မှာနေလို့ ရတယ်။
      မနက်စာလည်းရှိဘူး။
      အပြင်အဆင်ကိုက လုံးဝမမိုက်တာနော်..။
      နောက်ရောက်ရင်ကျမတို့ ဆီလာခဲ့နော်..။

      Delete
  3. ဓာတ်ပုံက ဘယ့်နှယ်ကြောင့် မျက်နှာ တစ်စိတ်ပဲပြတာလဲ အစ်မရယ်။ :P

    ReplyDelete
    Replies
    1. အပြည့်ပုံပါရင်မြတ်ကြည်ညအိပ်မရဘဲဖြစ်နေမှာစိုးလို့ ..
      တစိတ်တခြမ်းလေးဘဲသရဲခြောက်ပါရစေ...
      ဟီး...

      Delete
  4. new york လိုက်လည်တယ်... ပျောစရာကြီး...

    ReplyDelete
    Replies
    1. အစုံလိုက်ပို့ မယ်လာခဲ့..ကူးကူးလေးရေ။
      မြေပုံတကိုင်ကိုင်နဲ့ ဘယ်သွားသွား၊
      ကိုယ်တို့ ၂ယောက်ငြင်းခုံနေတာက နေ့ တ၀က်လောက်။
      မြေပုံကတောင်ဖက်ပြရင်၊သူကမြောက်ဖက်ကိုလားခြင်နေတာလေ။

      Delete