Thursday, February 16, 2012

စာကျက်ဝိုင်းကဆရာမငယ်ဘဝ

မင်္ဂလာပါရှင်~~~

ရေးဖို့ ပြင်နေတာတော့ကြာပါပြီလေ။အိမ်ကကျေးဇူးရှင်က အရင်ကပျက်သွားတဲ့ Dell laptop ကိုစမ်းသပ်ပြင်နေတယ်လေ။ပြင်တာကအရေးမကြီးပါဘူး။laptop ၂ခုလုံးမောင်ပိုင်စီးတာကမမိုက်ဘူး။
ဘာတဲ့ သူပြောတာကတော့ back up လုပ်တာတဲ့။ဒေါ်မီးတို့ တော့ဘာနားလည်မလဲ။
ကျမ လုပ်ထားတာတွေတခုမှမပျောက်စေနဲ့ နော်။ဒါဘဲပြောတတ်တာ။ဒီတော့ သူလုပ်တာတွေကို
ဘာမှဝင်ရှည်လို့ မရဘူးပေါ့။ နောက်ဆုံးတော့လည်းပြန်ကောင်းလာတယ်။
အော် ....သူတို့ တွေကဟိုဟိုဒီဒီဆိုရင်လည်းဖြစ်တာဘဲ။
ကိုယ်တို့ နဲ့ ကွာပါ့..။ဘာမှမသိဘူးမတတ်ဘူး..ဒါဗြဲ..သက်သာချက်တော့။ဟီးးးးး
ဒါကြောင့်ပါ....ကဲပြန်စတာပေါ့နော်..။
ကျောင်းသား တသိုက်နဲ့ ဆရာမငယ်ဘ၀ အကြောင်းတစေ့တစောင်းပေါ့...။

ကျမရဲ့ ဆရာမဘ၀လေးကပျော်စရာလေးပါ။များသောအားဖြင့် ကျောင်းသားမိဘတွေက အတင်းလာထိုးထည့်..အဲလေ..လာအပ်ကြတာပါ။ဆွေမျိုးတွေထဲကရှိသလို ရပ်ကွက်ထဲက ကလေးတွေနဲ့ 
ပေါ့။ကျောင်းပိတ်ရင် ပျော်ပွဲစားထွက်မယ်ဆိုတာချည်းဘဲတောင်းဆိုနေကြတယ်လေ။
သူတို့ မိဘတွေကိုပြောပြီးပြီ။ဆရာမငယ်သာ ခေါင်းငြိမ့်ရင်ရတယ်ဆိုဘဲ။
ကျမကိုပြန်သင်ပေးနေကြတာလေ။ရိုးရိုးကျောင်းပိတ်ရက်ဆိုရင်လည်း မုန့် လုပ်စားဖို့ ဒင်းတို့ မြှောက်ပေးတာနဲ့ ၊မုန့် တီကြော်တို့ ဂျုံခေါက်ဆွဲကြော်တို့ ၊
ခဏခဏလုပ်ကျွေးရသေးတယ်။ဝိုင်းလုပ်ဝိုင်းစားကြတယ်ဆရာမငယ်ကဒကာကြီးပေါ့။ 
ကျောင်းပိတ်ရက်ရှည်ကာလတခု မှာတော့ကျမတို့ ပျော်ပွဲစားထွက်ကြပါတယ်။
ကျမအမရဲ့ တပည့်တွေနဲ့ ပေါင်းပြီးတော့။သူတို့ က ရ တန်းကျောင်းသားအရွယ်တွေ။
ကျမ ကလေးတွေကတော့ သူငယ်တန်းကနေ  ရ တန်းအထိ။

စားစရာတွေတော့ အဓိက ကောက်ညှင်းပေါင်းပေါ့။လူ ၄၀ နီးပါးအတွက် အထုတ်ပေါင်း ၅၀ 
ဝယ်တာပေါ့။ကျမတို့ ဆီမှာက ကောက်ညှင်းပေါင်းကိုဖက်ရွက်တမျိုးနဲ့ ထုတ်ပေးတာ။
ဆူးနုနုလေးနဲ့ ဗမာလိုဘာအရွက်လို့ ခေါ်လဲမပြောတတ်ဘူး။အရွက်ကခပ်ဝိုင်းဝိုင်းလေးနဲ့ အရိုးကိုချိုးပြီး၊
ကတော့ပုံလေးလုပ်ပြီး ကောက်ညှင်းပေါင်းလေးလက်သီးဆုပ်လောက် ထည့်၊လှည့်ပတ်ခေါက်ပြီး။
နှီးနဲ့ တုတ်ပေးလိုက်တာဘဲ။အဲဒါကို ထိုဖူးသုပ်(ကျမတို့ ဆီမှာအချဉ်အတွက်ထိုဖူးချဉ်ရည်ဆမ်းပေးတယ်။
မန်ကျည်းရည်တို့ သံပုရာသီးတို့ သုံးဘူး၊ထိုဖူးမကျိုခင်အဲဒီအရည်ကိုတရက်ထားပြီးချဉ်ရည်အဖြစ်သုံးတာပေါ့
ထိုဖူးချဉ်(ဆီထိုဖူးလို့ ရန်ကုန်ဖက်ကခေါ်တယ်၊ကျမတို့ ဖက်မှာတော့ဆီမစိမ်ဘူးလေ)။
ဝက်ခေါက်ကြော်၊ကျိုင်းတုံဝက်အူချောင်း..ဒီလောက်ဆိုရင်ကျမတို့ အတွက်တော့ နတ်သုဓာပါဘဲလေ။
ဆရာမငယ်တော့ ကလေးတွေပြောသမျှလုပ်ပေးရပါတယ်။
ဒင်းတို့ ကဆင်းဒ၀စ် ဆိုတော့လည်း၊ငါးသေတ္တာသုပ်ပြီးပေါင်မုန့် ၂ချပ်ညှပ်ပြီးပေးလိုက်တာဘဲ။
ကိုကာကိုလာဗူးကြီးတွေ၊ရေဗူးတွေနဲ့ ခလေးအသေးတွေ၊စားစရာ၊ဖျာ၊ကားတာယာတွေလည်းပါသေးတယ်။
ကားနဲ့ ကျန်တဲ့ခလေးတွေက စက်ဘီးဆိုက်မျိုးစုံ ၂၀ကျော် ၃၀ နီးပါးလောက်က တန်းစီပြီးနောက်ကနေလိုက်ကြတယ်လေ။ခလေးတွေကို ကျမရော ကျမအမရောမနိုင်မှာဆိုးလို့ နောက်ဆရာမတယောက်ကိုပါခေါ်လိုက်သေးတယ်။
သူကတော့ဒုတ်တချောင်းနဲ့ တဟဲ့ဟဲ့နဲ့ အော်နေတော့တာဘဲ။
ရေချောင်းကည်းသိပ်မနက်ပါဘူး၊ဒူးတ၀က်လောက်တောင် မနက်ပါဘူးလေ။
သဲသောင်ပေါ်မှာပြေးလွှားဆော့ကစားကြတာပေါ့။
ကျမကတော့ BMX စက်ဘီးကို(အဲဒီခေတ်က ဓါတ်ရှင်မှာခေတ်စားတယ်လေ၊ပုံစံအမျိုးမျိုးနဲ့ စီးတာလေ)။
ခလေးတွေနဲ့ ပြိုင်စီးကြတယ်။ဓါတ်ပုံတွေရိုက်ထားတာရှိတယ်။
ဒါပေမဲ့ကျမလွန်ခဲ့တဲ့၂နှစ်လောက်ကဘန်ကောက်လေဆိပ်မှာသေတ္တာပျောက်သွားတယ်လေ။
ဓါတ်ပုံတွေယူလာမိတဲ့အခေါက်မှ..ဗျာ..။အင်း..အရင်ဘ၀ကဘာတွေများသူများပစ္စည်းတွေ၊
မတရားခိုးယူထားမိလည်းမသိဘူးလေ။ခုတော့ပြန်ပေးလိုက်ရတယ်လို့ ဘဲသဘောထားလိုက်ပါတယ်။

ကဲပါလေ..ခလေးတွေအကြောင်းပြောရင်းဘေးချော်နေပြန်ပြီ။
သူတို့ တွေစာကျက်အောင်လေ..ချော့မော့ပြော ကျွေး ဆူလိုက် အော်လိုက်နဲ့ ပေါ့။ သူတို့ လေးတွေစာတော်ကြပါတယ်။တချို့ ဆေးတက္ကသိုလ်ရသွားကြတယ်ပြောတယ်။ 
မူးယစ်ဆေးဝါးမူ့ နဲ့ ထောင်ကျသွားတဲ့၊ကောင်လေးလည်းရှိတယ်။
ငယ်ငယ်ရွှယ်ရွှယ်နဲ့ အိမ်ထောင်ကျသွားကြတာလည်းပါတယ်။
အချိန်တွေပြောင်းတော့ဘ၀တွေလည်း ပြောင်းကုန်ကြပြီပေါ့။
ကျမကိုတွေ့ တော့သူတို့ လေးတွေအားပါးတရလာနူတ်ဆက်ကြပါတယ်။
ကျောင်းတွေအကန့် အသတ်ရက်မရှိပိတ်လိုက်တော့ ကျမလည်းတပည့်လေးတွေကိုအမဆရာမနဲ့ ၊
အပ်ပြီး အိမ်မှာအမြဲလာတည်းတတ်တဲ့ မိတ်ဆွေ(သူတို့ ကကျောက်ကုန်သည်တွေပါ)။
နဲ့ ထိုင်းကိုခဏအလည်ဆိုပြီး သွားလိုက်တာ...။
၉ နှစ်ကြာသွားပါတယ်။
ဒီလိုပါဘဲလေ.. ဘ၀ဆိုတာမထင်မှတ်ဘဲမမျော်လင့်ဘဲ..ပြောင်းလဲသွားကြတာ။
နောက်ဆုံးတော့ မိမိကိုယ်တိုင်ကြောင့်ပါဘဲ..နော်။

အချိန်ကိုလုပြီး ကြုံရင် ထိုင်းမှာနေခဲ့တဲ့အတွေ့ အကြုံတွေ အားလူးလာဖုတ်ပါအုံးမယ်လေ။
အားလုံးဘဲ ကျမ်းမာ ပျော်ရွှင်ချမ်းမြေ့ ကြပါစေ..။
မီးမီး

16 comments:

  1. မမမီးငယ်ပျောက်နေပါတယ်မှတ်တာ လတ်စသတ်တော့
    အချစ်ကြီးကလိနေလို့ကိုးး
    စက်ပြောပါတယ် ..
    ကျိုင်းတုံအကြောင်းလာမစနဲ့ လွမ်းစရာတွေအများကြီးဘဲ
    ပြောရင်းဆိုရင်း ဆီတို့ဖူးစားချင်လာဘီး)))
    အားလူးဖုတ်တာကိုစောင့်နေမယ်နော်
    ချစ်တဲ့

    ဂျာရစ်

    ReplyDelete
    Replies
    1. ဂျာရစ်လေးကကျိုင်းတုံမှာနေခဲ့ဖူးတာလား..။
      စားစရာတွေက လွှမ်းစရာလေးတွေပေါ့နော်။
      ဆီတို့ ဖူးနဲ့ ကောက်ညင်းပေါင်းလေး၊
      ပို့ ပေးမယ်(အိမ်မက်ထဲမှာ)..အဟဲ။
      စိတ်ချ အားလူးများများဖုတ်မှာ..။

      Delete
    2. မီးမီးငယ်ရေနေကောင်းပါစ...ကောက်ညှင်းပေါင်းနှင့်တိုဖူးချဉ်ကိုအရမ်းသတိယ
      ပါတယ်..မစားရတာလဲကြာလှပြီဟီးးးးးးးးးးး

      မေတ္တာဖြင့်..
      ရွှေဝန်းရတနာ....

      Delete
    3. မီးမီးငယ်ရေနေကောင်းပါစ...ကောက်ညှင်းပေါင်းနှင့်တိုဖူးချဉ်ကိုအရမ်းသတိယ
      ပါတယ်..မစားရတာလဲကြာလှပြီဟီးးးးးးးးးးး

      မေတ္တာဖြင့်..
      ရွှေဝန်းရတနာ....

      Delete
    4. မီးမီးငယ်ရေနေကောင်းပါစ...ကောက်ညှင်းပေါင်းနှင့်တိုဖူးချဉ်ကိုအရမ်းသတိယ
      ပါတယ်..မစားရတာလဲကြာလှပြီဟီးးးးးးးးးးး

      မေတ္တာဖြင့်..
      ရွှေဝန်းရတနာ....

      Delete
    5. နေကောင်းပါတယ် ဘုန်းဘုန်း။
      တပည့်တော်လည်း ကောက်ညင်းပေါင်းကိုလွှမ်းနေတာ။
      ...။

      Delete
  2. ထိုင်းအတွေ့ အကြုံလေးတွေအာလူးလာဖုတ်ရင်အီစကို့ အတွက်နေရာချန်ထားနော်။
    အစအဆုံးမညီးတမ်းနားထောင်မှာ။း)
    အို်င်အိုရာ

    ReplyDelete
    Replies
    1. တကယ်လား...။
      မအိုင်အိုရေ..ကျိုင်းမိုင်(ဇင်းမယ်)မှာ အလည်သွားရင်း၊
      သောင်တင်သွားတာပေါ့။
      အလုပ်တဖက်၊ကျောင်းတဖက်နဲ့ လေ။
      ပြောပြအုံးမှာ...။

      Delete
  3. ဆရာမလေး BMX စီးတာ မြင်ယောင်မိသွားတယ်...း)

    ReplyDelete
    Replies
    1. မိုးငွေ့ ရေ..အသက်တာကြီးသွားတယ်။
      ဦးနှောက်နဲ့ နှလုံးသားလေးက နုနုငယ်ငယ်လေးရယ်..။
      အဟီးးးးမိုးငွေ့ လိုကဗျာဆန်ကြည့်တာ..။
      မတူနိုင်ပါဘူး။ :P
      ကျမက ခုန်ပေါက်ပြေးလွှားဆော့ကစား အရမ်းမက်ခဲ့တာ..။

      Delete
  4. ထိုင်းကိုခဏအလည်ဆိုပြီး သွားလိုက်တာ... ၉ နှစ်ကြာသွားပါတယ် << :D

    ReplyDelete
    Replies
    1. ဒေါ်မီးရဲ့ ခဏလေ...။
      ကြာမှန်းတောင်သိလိုက်ဘူးရယ်..။

      Delete
  5. ထိုင်းအကြောင်း အားလူးဖုတ်မှာကို စောင့်နေတယ်နော့..

    ReplyDelete
    Replies
    1. ထိုင်းဆိုရင်စားစရာကနေစရမယ်နဲ့ တူတယ်။
      စန်းထွန်းရေ..။

      Delete
  6. ဟန်ကြည်July 25, 2013 7:56 AM

    ကိုယ်တိုင်လည်း စာသင်နေလို့ ထင်ပါရဲ့...စာသင်တဲ့အကြောင်းဖတ်ရရင် ဘာပဲဖတ်ဖတ် အရသာကိုရှိလို့...ဒီကကျောင်းသားတွေကတော့ ပျော်ပွဲစားမထွက်ခိုင်းရဲဘူး...တော်ကြာ ဒပ်ဖရင် ရောက်ကုန်ကြမှာစိုးလို့း)

    ReplyDelete
    Replies
    1. ကျမခလေးတွေက နှပ်ချေးတန်းကနေ ၇ တန်းအထိဘဲလေ..။
      အဲဒီတုံးကတော့ တကယ်ပျော်တယ်..။
      ခုခေတ်ဆိုရင်တော့ ဘယ်ပျော်ပွဲစားထွက်တော့မှာလဲ..။
      ဖုံးတလုံးရှေ့ ၊ကွန်ပြူတာရှေ့ လောက်ဘဲထိုင်ချင်နေကြတာနော်..။

      Delete