ကျမတော့ ထမင်းနဲ့ခေါက်ဆွဲဆိုရင်ခေါက်ဆွဲဘဲရွေးမယ်..။ဘယ်အချိန် ဘယ်နေရာမှာမဆို စားနိုင်ပါတယ်။
အဲဒီတော့ ဘယ်သွားသွားဘယ်နေရာရောက်ရောက်ခေါက်ဆွဲဘဲမှာစားပါတယ်တခြားမမှာတတ်လို့ပါ.:((
တခါတလေလည်းအဆင်ပြေပါတယ်..။တခါတလေလည်း စားလည်းမစားခြင်ထားပစ်ခဲ့ရမှာလည်းနှမြော..။
မိန်းခလေးတွေလေ..ဈေးကြီးလို့နှမြော စားမကုန်လို့နှမြော.( ကျမရဲ့မကောင်းတဲ့အကျင့်တွေပေါ့)
The Netherlands,Keukenhof Gardens,(Lisse ဘူတာရုံကတရုတ်ဆိုင်ဖက်ထုပ်ပြုတ်၊စားမကောင်းပါ)နေမကောင်းလို့သာမှာစားတာ..နိုးနိုးပါဘဲ
The Netherlands Amsterdam ဒါလည်းဘူတာကြီးအနားကပါဘဲငန်တယ်.sea food noddle ဆိုပြီးဗျာ. စိတ်ထဲမယ်ဗြဲလရမ်းကြီး ကောင်းဘူး...
ဒါကတော့ ဝက်နံရိုးခေါက်ဆွဲ ဆိုပြီး မှာလိုက်တာ..ခေါက်ဆွဲကသပ်သပ်..၊
ဆီတပိသာနဲ့ ဝက်နံရိုးက သပ်သပ်ရောက်လာပါတယ်.။
ဘူတာရုံတခုခု နားက ရှော့ပ်ပင်းစင်တာတခုထဲကလို့မှတ်မိပါတယ် ငိုချင်သွားပါတယ်.။
ဒါကBelgium Antwerp ထိုင်းစားသောက်ဆိုင်က ခေါက်ဆွဲတဲ့.....။
၁၀.၅၀ ယူရိုလား မသိဘူးပေးရပြီး တစက်ကလေးမှမကောင်းပါ...။ကောင်းမကောင်းစဉ်းစားပေးချိန်မတောင်မရလိုက်ဘူး။
၁ဝ ပေါင်ကျော်ကျော်ပေးရတယ်.တကယ်ကောင်းတယ်..။

နောက်ဆုံးတော့ ဘယ်နေရာကခေါက်ဆွဲဘဲဖြစ်ဖြစ်ကျမရဲ့ခေါက်ဆွဲကိုဘယ်မှီကြမလဲ
ဆီမပါ ရိုးစင်းပေမဲ့ အင်မတန်မှစားကောင်းပါတယ် ..ဟဲဟဲ...:P





