မင်္ဂလာပါရှင်~~~
မရောက်ဖူးတဲ့ဒေသရောက်တော့မှ မမြင်ဘူးတာတွေလည်း၊ မြင်ခဲ့ရတာပေါ့..:P
Paris ကိုရောက်တဲ့Tourist တွေအတွက်၊သွားကိုသွားကြတဲ့နေရာဖြစ်တဲ့ NOUVELLE EVE ကို ဂိုက်ခေါ်သွားတော့လည်းရောက်ခဲ့ရတာပေါ့။ဝင်ကြေးမှာရှန်ပိန်တယောက်တခွက်ပါတယ်။ထပ်သောက်ချင်
ရင် ပိုက်ပိုက်လေးထပ်ပေးပေါ့..။အားလုံးဘဲ၂ခွက်၃ခွက်တွေ မှာသောက်နေကြတာတွေ့ တယ်။
(ရှန်ပိန်များ..ဘာလို့ ဈေးကြီးတာလည်းမသိပါဘူး။အရသာကချဉ်စုပ်စုပ်နဲ့ ..အဟဲ)
ကျမတော့၃ခါလောက်ငုံခဲ့ပါတယ်။ဈေးကြီးလို့ ၊နှမြောလို့ ..ကြိုက်ပါဘူး၊တောသားပြောလည်းခံရမှာဘဲ:))
ပြပွဲအဝင်ဝ..။ဒီလိုမျိုးပြပွဲတွေ အဲဒီနေရာပတ်ဝန်းကျင်မှာအများကြီးရှိတယ်တဲ့။
ကတဲ့မမလေးတွေ တကယ်လှ၊ရင်စည်းပါလည်းလှ၊မပါလည်းပိုလှ။ဆိုတဲ့အမျိုးသမီးကျတော့ဖော်ဘူးဗျ..။
Moulin Rouge တဲ့ ဒါကပိုနာမည်ကြီးတဲ့နေရာတဲ့။နှစ်ပေါင်း၁၂၀ကျော်ပြီ။
ဒီလိုပေါင်တံလေးတွေမြောက်မြောက်ပြီးကတဲ့can-can အကစတင်ပေါက်ဖွားလာတဲ့နေရာတဲ့...။
ပြပွဲစတာနဲ့ ဒါတ်ဒါတ်တွေပေးမရိုက်ဘူး။အပေါ်ကနေသေသေချာချာစောင့်ကြည့်နေတာ။
(အပေါ်ဆုံး၂ပုံကအင်တာနက်ကမ္ဘာကနေကျေးဇူးပြုယူလာတာလေ..:)))
အဆောက်အဦအဝင်ဝ..။
နောက်တညတော့ Paris တမြို့ လုံးစီးမြင်ရတဲ့ အဆောက်အဦ ကိုသွားကြပါတယ်။
ညနေခင်း နေဝင်ချိန်..ကားထဲကနေလျှပ်တပျက်ရိုက်ချက်တွေလေ။
အပေါ်ထပ်ရှေ့ ဆုံးခုံလုထိုင်ပြီးရိုက်တာနော်။
Tour Montparnasse လို့ ခေါ်တဲ့အဆောက်အဦ ၅၉ထပ်ရှိပြီး၊၅၆ထပ်မှာပဲရစ်တမြို့ လုံးကို၊
အပေါ်စီးကနေကြည့်နိုင်ပါတယ်။အဲဒီကနေအပေါ်ဆုံးအထိကိုတော့လှေခါးနဲ့ 
လမ်းလျောက်တက်သွားကြည့်နိုင်ပါတယ်။လေအရမ်းတိုက်ပြီးအေးလွန်းလို့ အမြန်ပြန်ပြေးခဲ့ရတယ်။
လမ်းလျောက်တက်သွားကြည့်နိုင်ပါတယ်။လေအရမ်းတိုက်ပြီးအေးလွန်းလို့ အမြန်ပြန်ပြေးခဲ့ရတယ်။
(ကျမတို့ ရောက်ခဲ့တုံးအချိန်က အမြင့်ဆုံးတဲ့။မနှစ်ကတော့ Tour First အဆောက်အဦက ထိပ်ပိုင်းလေးပြင်မြင့်လိုက်လို့ သူကဒုတိယအဆင့်ကျသွားတယ်)
မှန်ကနေတဆင့်ရိုက်ရတာအလင်းကပြန်တော့၊သိပ်အဆင်မပြေဘူး။
နဲနဲမှောင်လာမှ လှလာသလိုဘဲ...။မြို့ ကွက်လေးတွေ နံပြားလိုပုံ၊ပြားကားကားကြီးလိုဘဲမြင်မိတယ်။
လေးထောင့်စပ်စပ်မဟုတ်နေဘူး။
ဒါပေမဲ့ လှနေတယ်လေ...လင်းလို့ ဝင်းလို့ သာလို့ ယာလို့ ...။
အဲဒီမှာ ပြခန်းနဲနဲရှိတယ်။မြို့ ပြတိုးတက်ဖြစ်ပေါ်ပုံ၊အီဖယ်တာဝါတည်ဆောက်ပုံ..စတာတွေပေါ့။
ကဲ..ခပ်မှောင်မှောင်လေးမှာ၊ကိုယ်တို့ လည်းခပ်ပြောင်ပြောင်ဘဲ..(နဲနဲဝင်အုံးမှ:P...)
ပြီးတော့ မြို့ ပတ်ပြတာပေါ့..။
နေ့ လည်ကမရောက်လိုက်တဲ့နေရာလေးတွေလွှတ်သွားတဲ့နေရာတွေ၊ပြန်ကြည့်ရတယ်လေ။
ဒီလမ်းလေးက ဘယ်အချိန်မဆိုလူတွေနဲ့ အပြည့်...။
နေ့ လည်ကလူတွေပြည့်နှက်နေတာတွေ၊ကြက်ပျောက်ငှက်ပျောက်။
ကိုင်း...နောက်ဆုံးပိတ်လေးကို...ညစာလေးနဲ့ ဧည့်ခံမယ်:))
ဒုတိယညမှာ စားခဲ့ရတာက လည်ချောင်းအဝမှာဘဲ ပျောက်ကွယ်သွားပါတယ်...ဟီး
စစချင်း..ထုံးစံအတိုင်းဝိုင်ဖြူ နီ ကြိုက်တာယူ၊တယောက်တခွက်...။
ချိစ်ဆလတ်တဲ့...အားလုံးတူတူဘဲ။ရွှေးစရာပလာနတ္တိ..choice မရှိ။
ခိုစာလား.. ကြောင်စာလား..လို့ ထင်နဲ့ နော်..ဒါဘဲစားခဲ့ရတယ်။ပုဂံကြီးကြီးတော့လာချပေးတယ်:(((
ကျမက ငါးနဲ့ ....လေ။
အချိုပွဲနဲ့ အစာပိတ်လေး..ကဲပြောဘူးလား။လည်ချောင်းဝမှာတင်ပျောက်ကွယ်သွားပါတယ်ဆို...။
အကျွန်ုပ်...မဝခဲ့ဘူးဗျ...(အဟဲ)
ပြီးသေးဘူးနော်..ခုမှဒုတိယအပိုင်း..နောက်တပိုင်းကျန်သေးပါတယ်... :)))))
ခဏနားလိုက်ပါအုံးမယ်လေ..။
အားလုံးဘဲ ရွှင်လန်းချမ်းမြေ့ ကြပါစေ။
မီးမီး
ဟုတ်တယ်ဟယ် နဲနဲလေး မြင်ရတာတောင်မ၀ဘူး။
ReplyDeleteဘရော့ကလီတော့အဲလောက်မနဲသင့်ပါဘူး။ နော့း)
သိပြီ ဒါးတို့ ခရင်းတို့ လွတ်လွတ်ကင်းကင်းတင်နိုင်အောင်နဲနဲလေးထဲ့ပေးထားတာဖြစ်ရမယ်။ စားသုံးသူအဆင်ပြေအောင်ပါး))
အိုင်အိုရာ
အဲ့မှာ..ဈေးကြီးတယ်ဆိုပြီး၊ဂလောက်လေးဘဲပေးတော့၊
Deleteဘယ်ဝမလဲနော့်...။
မအိုင်အိုရာပြောသလိုနေမှာ..
စားသုံးသူတွေအဆင်ပြေပြီးဝိတ်ကျ၊လှပစေချင်တဲ့စေတနာတွေလေ..
:))))
ပျော်စရာကြီး...
ReplyDeleteတကယ့်ပျော်စရာကြီးပါဘဲ:P
Deleteမမီးမီးရေ... လာလည်ပြီး ဓာတ်ပုံတွေတ၀ကြီးကြည့်သွားပါတယ်...
ReplyDeleteBaby ရေ
Deleteကြည့်ပြီးမူးသွားရော့လား...အဟဲ:))))
ဒီလမ်းလေးက ဘယ်အချိန်မဆိုလူတွေနဲ့ အပြည့်.....
ReplyDeleteဆိုတဲ့ နေရာကို တခါလောက် ရောက်ဖူးချင်တယ် :D :D
အစားစာတွေကတော့ လုံးဝ မ၀ဖူး
ချစ်သမီး စားတဲ့စတိုင် မာမီ သိတယ် ဟုတ် :PPP
ပို့စ်က ကျနော့ ဘလော့မှာ လင့် မတက်ဖူး ဖြစ်နေတယ်
သူများ ဘလော့ကို သွားကြည့်မှ ပိုစ်တက်နေမှန်းသိတယ်
ဆောရီ ချစ်ယောက္ခမဂျီးးးးးးးးးးးး အာဘွားးးးး :))
အဲ့နားကအဝတ်အစားတွေလိုက်ကြည့်တာ..
Deleteတထည်ကို ယူရိုထောင်ဂဏန်းနဲ့ ရေးထားတယ်..။
ဒင်းတို့ သုညတိုးတာမှားသွားတာနေမှာ...:)))
လမ်းဘေးကတရုတ်တွေရောင်းတဲ့၊
မိတ်အင်ချိုင်းနား in French ၊
မှာတော့လူကြိတ်ကြိတ်တိုးနေပါတယ်။
ပုဝါ ၄ထည်ကို၁၀ယူရိုဘဲ...
ကိုယ်တောင်ပဲရစ်လက်ဆောင်ဆိုပြီးတိုးခွေ့ ဝယ်ခဲ့သေးဗျားးးး
မြန်မာပြည်မှာသွားပေးတာ၊သူတို့ တွေကပျော်လို့ ...
ပြင်သစ်ကလာတာကွ....တဲ့ :P
ကျုပ်ကိုပြန်လင့်ထားပေါ့။အမွေတွေဘာတွေရချင်ရင်...ဌဲဌဲဌဲ...
Nice pictures..
ReplyDeleteYou need to visit some places twice in Paris. Day view and night view.
Did you wait at the LV line? :)
Thanks...:P
DeleteYes,I visited day time too.
May be I will post it for next week.
For LV ,I just passed that area....
In shopping area are over crowded because of near X'mas!!!
လှလိုက်တဲ့ ပဲရစ်ရယ်..လည်ချင်လိုက်တာ..အားကျပါဘိ..
ReplyDeleteစန်းထွန်းလေးရာ..
Deleteလည်ချင်မှန်းသိလို့ ခုခေါ်သွားနေတယ်လေ:P