Tuesday, August 11, 2026

Wednesday, December 31, 2025

၂၀၂၅ ခုနှစ်

 မင်္ဂလာပါရှင်…

December 31 အချိန်ဆိုလူတွေသွားကြလည်ကြစားကြနဲ့တရုန်းရုန်းပျော်နေကြချိန်ပေါ့လေ

ကိုယ်တွေကတော့ အသက်အရွယ်ရလာလို့လားမသိ😁 သိပ်စိတ်မလူပ်ရှားတော့ဘူး

ဒီနှစ်ထဲ လူပ်ရှားချက်ကကြမ်းလွန်းပါ့😉 

ဖေဖော်ဝါရီလ ကတည်းက တနေရာ ၃ လနူန်းနဲ့လူပ်တရှားက်ကြွကြက်ဖဖြစ်လို့☺️

Utah  Delta  ၃ လ, Ohio Youngstown ၃ လ, Germany Forchheim ၃လ🤓

အခုနောက်တနေရာအတွက်ထုပ်ပိုးပြင်ဆင်😎

ဒီတခါတော့ North Carolina Raleigh တဲ့။ ၃ လမဟုတ်ပဲ နှစ်ချီကြာမဲ့သဘော

ဒီတော့ NJ ကို တာတာလုပ်ရမယ်။ မေဒိကားမှာအိမ်တလုံးဆိုတာ မနေလည်း 

ပက်ချံကုန်နေရတာလေ😄 ဌားထားဘာညာကအပြောလွယ်ဒီတော့

ရောင်းလိုက်တာကပိုကောင်း…မရောက်ဖူးတဲ့နေရာသစ်တခုမှာအတွေ့အကြုံသစ်နဲ့ဆုံရအုံးမှာပေါ့လေ…


ဒါက Salt Lake City မြို့ပါ..ကိုယ်တွေနေရတာကအဲ့မြို့နဲ့နောက်၂နာရီကြာကားမောင်းသွားရတဲ့သဲကန္တာရနေရာ Delta မြို့လေးအပြင်ဖက်ကဂေါက်ကွင်းထဲမှာ😁 အိမ်ပတ်ချာလည်ဂေါက်ကွင်း☺️


ရောက်ခါစဂေါက်ကွင်းကမြက်ခင်းအဝါရောင်အညိုရောင်တွေနဲ့ဖေဖော်ဝါရီလလေ..


မနက်မိုးလင်းမိုးချုပ်လူမပြတ်ဘူး လူဦးရေ ၃၀၀၀ လောက်ပဲရှိတဲ့မြို့လေးကဂေါက်ရိုက်ပဲရိုက်နိုင်လွန်း 😎..မနက်စောစော၉:၀၀ မကျော်ခင်လမ်းသွားလျောက်ရတယ်။

ဒါကတော့ Ohio Youngstown ကပါ..ထုံးစံအတိုင်းမြို့လေးကသိပ်မသေးလှပေမဲ့လည်ပတ်စရာသိပ်မရှိပါ အရင်ကစီးပွါးရေးကောင်းပေမဲ့နောက်ပိုင်းမြို့ပျက်သာသာဖြစ်နေတဲ့မြို့…အရင်ကဆိုတာနှစ်ပေါင်း ၆၀ ကျော်ကာလကိုဆိုလိုတာပါ။
နေရတာကလည်း Mall အကြီးကြီးတခုနဲ့တွဲနေတဲ့ဟော်တယ်မှာ ပတ်ချာလည် ကားရပ်ကွင်း မနက်ဆို မနက်စာစားပြီးလမ်းလျောက် 😎
အရိပ်ထဲမှာကိုယ်တွေကအရပ်အရှည်ကြီးပေါ့😂

ဒါကတော့ ဂျာမဏီက ဟော်တယ်ကနေမြင်ရတဲ့ညနေခင်းနေဝင်ချိန်

ဟော်တယ်ကို ဘူတာရုံကနေလှမ်းမြင်ရတာ..အဲ့ဒီ A စာလုံးထိပ်ကအခန်းကကိုယ့်အခန်းပါ။ ဘူတာရုံနဲ့နီးတော့ ပိတ်ရက်ဆိုအမြဲတမ်းလည်လည်ထွက်ပဲ😉 ကပ်ရပ် ၂ နိုင်ငံလောက်လည်ဖြစ်သေးဗျား။ 

အကြုံချရေးပြရရင် ၃ထောင်၃ညပုံပြင်တောင်ထိုင်ငိုသွားမှာ…အပြန်ထိုင်းဝင်လည်သေး..😆  အလည်လွန်ဖျားတာများတပတ်ကျော်ခုအဖျားပျောက်ပြီး..အိမ်သိမ်းဆည်းနေရ..နောက်ခရီးအတွက်လေ😌😉

ကိုယ်ဘ့ဝဆိုတာ မရပ်မနားသွားလာလူပ်ရှားနေရတာပါပဲလေ..

Bye 👋 ၂၀၂၅

လာမဲ့နှစ်သစ်အခါမှာရွှင်လန်းချမ်းမြေ့ကြပါစေ....မြန်မာပြည်ကြီးအေးချမ်းပါစေ..

Monday, August 11, 2025

၂၆ ပတ်လည်

😁✌ခုမှ ၂၆ ပဲရှိသေးဗျား...

ပုတယ်ပြောလို့ခြေဖျားထောက်😂




တကယ်တော့ဒီနှစ်အရမ်းခရီးထွက်ရတဲ့နှစ် အိမ်နဲ့ ရန်ဖြစ်ထားသလိုပဲ😁 
တခြားပြည်နယ်တွေ ၃ လစီပတ်နေရ ခုတော့ Ohio မှာ
အရင်ဖေဖော်ဝါရီကစ ၃ လ Utah မှာ နောက် ၃ လ ???
  1. Happy Birthday to me 💕☺

Sunday, August 11, 2024

၁၆ နှစ်မ 😉

 11 Aug ဆိုရင်..ခေါင်းတချက်ထောင်ကြည့်ပြီး ပြန်ငိုက်တတ်တဲ့အကျင့်က ကြာခဲ့ပြီပဲ


HAPPY BIRTHDAY TO ME 😍

Thursday, February 1, 2024

Thursday , Feb 01, 2024

လွန်ခဲ့တဲ့၃ နှစ်က အဖြစ်အပျက်ကို

မှတ်မှတ်ယယပြောရင်တော့
လကုန်ချိန် Blog ရေးနေတုံး
<<( blogspot.com ) မှာရေးလာတာ
၁၀ နှစ်ကျော်လာပြီလေ>>
အရင်က ပိုရေးဖြစ်တယ်။
တဖြေးဖြေးအရေးကြဲလာပြီး
နောက်မှ တလ တပုဒ်တော့
ရေးသင့်တယ်တယ်ဆိုပြီး
လကုန်ချိန်မှာရေးလေ့ရှိတာ😬
ဒီကညနေချိန်ဆိုပါတော့
သူငယ်ချင်း မက်ဆေ့ ပို့လာတာ။
ကမန်းကတန်းသတင်းဖွင့်ကြည့်ရင်း
ရင်ထဲကခံစားချက်ပြောမပြတတ်ဘူး။
ရင်ထဲဟာကနဲ အေးကနဲ
ဒေါသစိတ်တွေထောင်းကနဲ..
မျိုးစုံကိုတချိန်ထဲခံစားလိုက်ရတယ်။
၁နှစ်ပြည့်ချိန်လည်း
သတင်းတွေကြည့်ရင်းနဲ့
အိမ်မှာပဲနေခဲ့တာ
ပြီးခဲ့တဲ့ ၂နှစ်ပြည့်ကတော့
တကဲ့အမှတ်တယနဲ့ကိုယ့်အတွက်
ကြေကွဲဝမ်းနည်းစရာတခုဖြစ်ခဲ့ပါတယ်။
၂ နှစ်ပြည့် မြန်မာပြည်မှာ
ဘာတွေဘယ်လိုတွေဖြစ်နေကြလဲ
သတင်းကြည့်ရင်း ညနက်သွားတယ်။
ည ၁၂ နာရီတောင်ကျော်သွားတာ။
မနက်နိုး မနက်စာစား
ဘုရားဆွမ်းကပ်နေတုံး
အိမ်ခေါင်းလောင်းထိုးသံကြားလို့
အပြေးဆင်းသွားဖွင့်တာ
ရဲတွေ ၃ယောက်လောက်လောက်လန့်သွားတာ
နောက်မှ အိမ်အောက်ထပ်က
တံခါးပွင့်လာပြီး Mike ရဲ့အမထွက်လာတယ်။
Mike ကတယောက်ထဲနေတာ
အိမ်နီးနားချင်းကောင်းမိတ်ဆွေဖြစ်ပြီး
ကိုယ်တွေချက်သမျှသွားပေးရင်
အရမ်းသဘောကျတာ
ပဲပြုတ်ထမင်းကြော်ကအစ
သူအရမ်းကြိုက်တယ်တဲ့။
သူ့အမျိုးအားလုံးနဲ့လည်းခင်နေတာ။
သူ့ကိုခေါ်မရလို့သူ့အမက
သူ့သော့နဲ့ဝင်သွားတာ
Mike က ကုတင်ပေါ်မှာပဲ
အိပ်နေပြီးအသက်မရှိတော့ဘူး😢
ရဲကားတွေဆေးရုံကားတွေနဲ့ရူပ်ရှက်ခတ်
သူ့အမကိုလည်းအပြင်ထွက်ခိုင်း
သေချာစစ်ကြတာ
ဘယ်လိသေသလဲ..
သွေးရိုးသားရိုးလားပေါ့..။
သူဆုံးက ည သန်းခေါင်ချိန်လောက်တဲ့။
ကိုယ်တို့တွေမအိပ်သေး
သတင်းကြည့်နေတုံးပဲပေါ့..။
တကယ့်ကွေးသောလက်မဆန့်ခင်
ဆိုတဲ့စကားအတိုင်းပါပဲ..။
သေမင်းဆိုတာကြီးက
လက်တကမ်းအကွာမှာပဲရှိကြတာ။
မသေခင်ကျန်ရှိတဲ့အချိန်မှာ
တန်ဖိုးရှိတဲ့ အလုပ်တွေ
သူတပါးကို ကူညီဖေးမပေးတာတွေ
ဗုဒ္ဓဘာသာလိုဆို
ကုသိုလ်ကောင်းမူ့ပြုတယ်ပေါ့
ဘုန်းကြီးလူမှကျောင်းဆောက်မှ
ကုသိုလ်ရတာမဟုတ်ပါဘူး..။
လိုအပ်သူကို ပေးနိုင်ကူညီနိုင်တာလည်း
ကုသိုလ်ပြုခြင်းပါပဲမဟုတ်လား။
ဒီနေ့မှာ ဝမ်းမနာ သားသမီးတူတူမ
မောင်ငယ်ညီငယ် အရွယ်လေးတွေကို
(၆ ယောက်ရှိတယ်လေ)
အားပေးထောက်ပံ့လိုက်တယ်။
လတိုင်းထောက်တာပါ။
သူတို့လေးတွေရဲ့သတ္တိနဲ့
ကျုပ်တို့ခရီးအတော်ရောက်လာပြီလေ..။
လက်ကျန်အားနဲ့အတူတူထပ်ရုန်းကြရအောင်
ပုံက ကလေးထိန်းကျောင်းရှေ့က
တံမံတလင်းပြားကြားထဲခလေးတွေ
ပန်းမျိုးစေ့တွေချထားကြတာတဲ့။
ပွင့်ချိန်တန်တော့ ပက်ကြားအက်ကြက်းထဲက
ပန်းပင်လေးတွေ တန်းစီထွက်လာကြတာ..။
အချိန်တန်ရင် ပန်းကပွင့်ကြတာပါပံ။
မျိုးစေ့မှန်ရင်တသက်လုံးငုပ်မနေပါဘူးလေ..

#meemeenage



Friday, August 11, 2023

2023 August

 ၆၀ တဲ့ မယုံနိုင်စရာ..😁




ဆံပင်အရှည်ထားလိုက်ဖို့ကြံစည်..ခြောက်ဆယ်မှာဂေါက်နေတယ်လို့ပြောရမလားမသိ😂

HAPPY BIRTHDAY ...MEEMEE


Wednesday, December 28, 2022

2022 အတွက်

မင်္ဂလာပါရှင်~~~
မနှစ်က ၃၀ ဒီဇင်ဘာမှာခရီးထွက်တဲ့အကြောင်းတိုလေးရေးပြီးတနှစ်လုံးအိပ်ပျော်နေတာပေါ့😁 ပြောမဲ့သာပြောရတာပါ ကိုယ်တို့နိုင်ငံသားအတော်များများကတော့ အတော်စိတ်ပင်ပမ်းစိတ်ဆင်းရဲရတဲ့ကာလတွေပေါ့ တချို့ကလွဲရင်ပေါ့လေ။တကယ်ပဲ ခုချိန်ထိ အဖြူအမည်း မကွဲပြားတာတွေကလည်းအများသားဗျ။ 😑ထားပါတော့လေ တချို့က ကြက်သားတုံးမစားတတ်ဘူးဗျ ဆိတ်ချီးတုံးပဲကြိုက်တယ်ဆိုလား။ 😄 

လူ့ဘဝဆိုတာ အချိန်ပိုင်းလေးတခုပါပဲ၊ ရှိနေချိန်လေး အဓိပ္ပါယ်ရှိအနှစ်သာရပြည့်ပြည့်နဲ့ကိုယ့်ရဲ့လူ့ဘဝကြီးအသုံးချသွားပါရစေ.. ။

ကိုယ့်တာဝန်ကိုယ် အကောင်းဆုံးဖြစ်အောင်လုပ်ခဲ့တယ်။
 
မိဘအတွက်ဆိုရင်လည်းတာဝန်ကျေတဲ့သားသမီးဖြစ်ခဲ့တယ်။
 
ကိုယ်နေတဲ့ပတ်ဝန်းကျင်ကိုလည်း မဖျက်ဆီးဘူး။ ကိုယ့်နိုင်ငံအစားအစာလေးတွေ"ပဲပြုတ်"လုပ်ပြီးသူများကို သွားပေးတာပါ။ 
ပြီးမှငါ မြန်မာနိုင်ငံကဆိုပြီး ကိုယ့်ရဲ့လက်၃ချောင်းထောင်ပုံတဲ့အင်္ကျီ ပုတ်ပြရပြောရ ဆွယ်ရတာလအမော 😁အိမ်နီးနားခြင်းတွေနဲ့ မိတ်ဆွေတွေဖြစ်လို့ စုပေါင်းသစ်ပင်ပန်းပင်တွေစိုက်ပြီး ပျော်စရာကောင်းတဲ့ အသိုင်း အဝိုင်းအသေးလေးတခုဖန်တီးနိုင်ခဲ့တယ်။ ဘိတ်ကတ်ကြေးကိုက် ပဲပြုတ်ထမင်း‌ ကန်စွမ်းဥသာကူကျို သူတို့အားပါးတရစားတာမြင်ရရင် ကိုယ့်ပီတိပြောမပြတတ်ပါကွယ်။ရက်စ‌ပိတွေချက်ပြုတ်နည်း‌ပေးရနဲ့တချို့တွေ သူတို့မွေးနေ့မှာ လူ ၂၀ စာလောက် ကျကျနနချက်ကြွေးကြသတဲ့။မြန်မာနိုင်ငံ အစားအစာလို့မင်းပြောလိုက်သေးလားလို့ကိုယ့်မှာသတိပေးရတာအခါခါ။ ‌

ကိုယ်ကိုးကွယ်တဲ့ဘာသာ တရား အတတ်နိုင်ဆုံး နားလည်သဘောပေါက်အောင်လေ့လာရတယ်။ တရားတွေနာယူရတယ်။ အရင်ကတနေ့ ၂ပုဒ်နာယူနိုင်ပေမဲ့ "တလ၇" YouTube ‌တွေနားထောင်ပေးနေရလို့ တပတ်တခါတောင်အနိုင်နိုင် 😏 ဒီတော့ မနက်ဖက်တရားပိုထိုင်ဖြစ်အောင်ကြိုးစားရတယ်။ ပုတီးမစိတ်တတ်ပါ😁 ပဌာန်းရွတ်ကအလွှတ်မရ စာဖတ်နေရသလိုပဲ ဒါနဲ့ပဲ တရားပိုထိုင်ဖြစ်လာပါတ်။ ကိုယ်စိတ်ချမ်းသာရာ ကိုယ်ရွှေးချယ်လုပ်နေရလို့ စိတ်ချမ်းမြေ့ရပါတယ်။ 

ကောင်းနိုးရာရာဆိုတာ ကိုယ့်အတွက်သာမ ကိုယ့်ပတ်ဝန်းကျင် မိသားစု အပေါင်းအသင်း မထိခိုက်အောင် မနစ်နာအောင် မလုပ်တတ်ဖို့ကလည်း အရေးကြီးပါတယ်။ကိုယ်တွေက မဦးဆောင်နိုင်တော့ ကောင်းမယ်ထင်တာလုပ်ရင်း နောက်လိုက်ကောင်းဖြစ်အောင် နေတတ်ရတယ်။

တဦးတယောက်ချင်းစီရဲ့ကြိုးစားမူ့ကနေအခုချိန်ထိ ခရီးပေါက်လာခဲ့ကြပြီ လာမဲ့နှစ်သစ်မှာ တိုင်းပြည်အသစ်ပြန်ထူထောင်ကြမယ်လေ
၆၀ မပြည့်ခင်ပေါထားမှ😇😂
အေးချမ်းသာယာသောနှစ်သစ်ရည်မှန်းလျက်
#meemeenage

Thursday, December 30, 2021

Kalahari indoor water park ခရီး

 မင်္ဂလာပါရှင်~~~

၂နှစ်လောက် အိမ်တွင်းအောင်းသတ္တဝါကနေ ပထမဆုံးအကြိမ်အဖြစ် အပြင်ထွက်ရတော့ ခလေးတွေကစားတဲ့နေရာလည်း အိုကြီးအိုမနဲ့သွားကဲခဲ့ပါတယ်...😁 သွားစရာနီးနီးနားနားပဲရှာရတာလေ 
အမိုးအောက်ထဲမှာ ရေနဲ့ပတ်သက်တာမျိုးစုံဆော့လို့ရ checkin လုပ်တာနဲ့ လက်ပတ်တခုစီပေးတာပေါ့ အဝင်မှာ လက်ပတ်ထဲကစကင်ဖတ်ပြီးမှဝင်ရ ပျောက်ရင် ပိုက်ဆံထပ်ပေးအသစ်လုပ်ရမယ်တဲ့ ဒီတော့ လက်ပတ်ကိုပတ်ထားလိုက်တာ ရေချိုး အိပ်တာကအစ ဘာမှမဖြစ်😉
ဟော်တယ်ခန်းက အိပ်ခန်း၂ခန်းပါ အကျယ်ကြီး ရေချိုးခန်းအိမ်သာ ၂ခု ဧည့်ခန်းလည်းပါ မိသားစုကြီးအတွက်နေမှာ ကိုယ်တွေတော့ ၅ယောက်ရှိ ကုတင် ၂လုံးပါတဲ့အခန်း ယောက်ကျား၂ယောက်အိပ် မိန်းမ၃ယောက်က ကုတင်ကြီးပေါ်တိုးခွှေ့အိပ် 😂 အေးတဲ့ရာသီမှာဆိုတော့ အေးဆေးပဲ..

ဟော်တယ်စဝင်တုံးကအခြေအနေပတ်ကြည့်ပြီးနောက်နေ့မှဆော့ဖို့စိတ်ကူးထားခဲ့ မှန်းချေကမကိုက် တောင်ပေါ်တက်အပြန်အရမ်းအေးတာနဲ့ ပက်လက်လှန်ပြီးအိပ်ပစ်လိုက်တာ ညမိုးချုပ်သွားပါလေရော့😎ရေကိုမထိပဲ
ပြန်လာ
လိုက်ရတယ်လေ
ဟော်တယ်တခုလုံး အာဖရိကအငွေ့အသက်တွေချည့်ပဲ ကြည့်စရာတွေများ 
တိရိစ္ဆာန်ပုံတွေတွေ ဟော်တယ်တခုလုံးအပြည့် ကြမ်းပြင်မှာလည်းရှိ..
တကယ်လှတယ်..
ပိုးချည်နဲ့ထိုးထားတဲ့ပန်းချီကားအရမ်းလှတယ်
မြင်သမျှလှအောင်ဆင်တတ်ကြပါပေတယ် ကိုယ်တွေလည်းမြင်သမျှဒါတ်လေးဖမ်းမှတ်တမ်းတင်မိတာပေါ့လေ😂

ကျေးဇူးတော်များနေ့ပိတ်ရက်ဆိုတော့ လူတွေအများကြီးမို့ ပိတ်ရက်မတိုင်ခင်သွားခဲ့တာပါ။ ဒါပေမဲ့လည်း လူကများပါတယ်။ အိမ်ထဲအောင်းနေရတဲ့ကာလရှည်ကြာတော့ လူတိုင်းစိတ္တဇလိုလို ခပ်ကြောင်ကြောင်ဖြစ်ကြမှာပါပဲ။ ကိုယ်တို့နိုင်ငံသားတွေကပိုဆိုးတယ်။ ကိုဗစ်နှောက်ယှက်လို့ စီးပွးရေးကြပ်တည်းချိန် ငလူးတသိုက် အတ္တကြီးမားလွန်းကြလို့ တနိုင်ငံလုံး ဇောက်ထိုးမှောက်လှဲပါလေရော့..။ အပြင်ရောက်နေတဲ့နိုင်ငံသားတွေအနေနဲ့ အထဲကလူတွေကိုဒီအချိန်မှာ ပြန်ကြည့်ရူထောက်ပံ့သင့်တယ်လေ။ အားရချက်ကတော့ အားလုံးနီးပါး တက်ကြွလူပ်ရှားနေကြတာများ ပြောရရင် တထောင့်တညမကဘူးဗျ..။ အချိန် အသိပညာ ငွေကြေး အစစအရာရာ စိတ်ရောကိုယ်ပါချွေပေးဖဲ့ပေးနေတာများ မြင်ရာကြားရ မျက်ရည်များတောင်လည်မိပါရဲ့။စကားတခွန်းကြိုတင်ပြောထားလိုက်ချင်သေး..။ အရေးတော်ပုံအောင်မြင်မှာကမြေကြီးလက်ခတ်မလွဲပါ..။ အမှန်တရားက ပိုပြီးရဲရင့် ပွဲလည်တင့်တာ..အမြဲတမ်းပါပဲလေ။
ကဲ..စိတ်ပမ်းလူပမ်းတာတွေ ခဏအသာထားလို့ ဟော်တယ်ဖက်ပြန်သွားရအောင်
ကိုယ်တွေက (၇)ထပ်မှာ အခန်းရှ့ကအခန်းနံပါတ်လေးကပ်ထားတာ အရမ်းချစ်ဖို့ကောင်းပဲ။ စားသောက်ဆိုင်တွေလည်းအများကြီးပဲ။ 
လူတွေမပါအောင် ဓါတ်ပုံရိုက်ရတဲ့ပညာလည်းခက်ခဲပါ့ဗျား
ကာစီနိုစက်တွေလည်းတွေ့ခဲ့တယ် လူကတော့သိပ်မရှိ
မွေးနေ့ရှင်ကြီးကို surprise လုပ်ဖို့ညာတာပါတေးအခန်းအပြင်ခေါ်ထုတ်ခဲ့
တွေ့သမျှမှတ်တမ်းယူဖို့လက်မနှေးခဲ့
မခိုင်ကအခန်းထဲမှာပြင်ဆင်ထားတာ
အမှတ်တ၇ပေါ့...ပြည်နယ်( ၃)ခုက အရွယ်မတူ နယ်ပယ်မတူပဲ ခင်မင်ရင်းနှီးခဲ့ကြတယ်။ အရမ်းပျော်ခဲ့ကြရတယ်..။ အခုရေးနေရတဲ့အချိန်က ၁၂/၃၀/၂၀၂၁ နှစ်မကူးခင်ဒီတပုဒ်တော့ပြီးမှရမယ်ဆိုပြီး စာစရေးတဲ့အချိန်အတိုင်း တင်မိပါတယ်။

အေးချမ်းသာယာသောနှစ်သစ်ရည်မှန်းလျက်
#meemeenage


Friday, September 17, 2021

လမ်းမမြင်ကမ်းမမြင်မြန်မာပြည်ကြီး

မင်္ဂလာပါ တကယ်ဆိုရင် မင်္ဂလာမရှိတော့ပါဘူး စိတ်ဆင်းရဲခြင်းများစွာနဲ့မြန်မာနိုင်ငံသားတွေ ရင်နာစရာကောင်းလိုက်တာ ကိုဗစ်နဲ့ မိတ်ဆွေအပေါင်းအသင်းတွေဆွေမျိုူးတွေလည်းပါကုန်ပြီ ကပ်ကြီး ၃ပါးစလုံးကြုံဖူးတာ်ဆိုတော့ ကိုယ်တို့တွေအတော်ကံဆိုးတာပဲ အရင်ဘဝက ဘာတွေမကောင်းမူ့လုပ်ခဲ့ကြလဲမသိ ခုတော့ဆုတောင်းနေရတယ် ပညာမဲ့သူဆင်ခြင်ညာဏ်တရားကင်းမဲ့သူတွေနဲ့မဆုံတွေ့ပါရစေနဲ့လို့ ဆုတောင်းတိုင်းလည်းရတာမှမဟုတ်တာကြီးနော်..ဘဝတွေအဆင်မပြေကြလိုက်တာ အိပ်လို့လည်းမပျော်အိပ်ဆေးလည်းမတိုးတော့ဘူး ဘာပဲဖြစ်ဖြစ် မြန်မာနိုင်ငံသားတွေ အားလုံးအတွက်ဆုတောင်းပေးနေလျက်ပါ ကပ်ကြီး ၃ပါးရန်ကနေကင်းလွတ်ကြပါစေ
#meemeenage

Wednesday, August 11, 2021

August 11 2021

မင်္ဂလာပါ~~~
တကယ်ဆိုရင် ၂၀၂၁ ဖေဖော်ဝါရီလကစပြီး လုံးဝမင်္ဂလာမရှိတော့တာပါ။
လာနိုးနိုး ပြောင်းနိုးနိုး ပြီးနိုးနိုးနဲ့ ထိုင်မရထမရ ဂွကျကျဘဝကြီးလုံးဝအဆင်မပြေချက်..။

၆လနဲ့ ၁၀ရက်တာကာလမှာ..တရားမရှာပဲတရားတွေရလို့။

သူခိုးတွေက သူတော်ကောင်းစကားတသွင်သွင်ဌားသုံးလို့။

ဥပဒေစကားပြောနေလေသူက မင်းမဲ့စရိုက်ကြီးနဲ့။

ဘုရားတရားနဲ့နေတာပါဆိုလေသူက ခိုးထုပ်ခိုးထည်တွေနဲ့။

ငါဟဲ့ယောက်ကျားဆိုလေသူတသိုက်က သတ္တိခဲ ကျည်ကာအင်္ကျီနဲ့
သူများတွေကိုတော့ပစ်သတ်ရဲရိုက်သတ်ရဲတယ်တဲ့။

သူတော်ကောင်းမမကြီးတသိုက် ဘုရားစာဆိုလိုက်
သူခိုးကြီးတသိုက်ကို ဦးချလိုက်နဲ့။

ပတ်ဝန်းကျင်တခုလုံး မျက်နှာဖုံးစွပ်လူသားတွေ
သိသာထင်ရှားလာနေကြပြီတဲ့။

တတိုင်းပြည်လုံး ကြိမ်မီးအုံးလိုတငွေ့ငွေ့နဲ့ပူလောင်နေတာ
တချို့ကလည်း အေးရာအေးကြောင်းနေတုံးပဲဗျ။

နှစ်ပေါင်း ၆၀ ကျော်ဂုတ်ခွစီးရတဲ့အရသာကို သူတို့မစွန့်နိုင်သလို
တဖက်ကလည်း ခွခံရတဲ့အရသာများကြိုက်နေလားမသိ ငြိမ်ခံနေသူနဲ့။

လူမျိုးပေါင်းစုံ တိုင်းရင်းသားပေါင်းစုံ ဘာသာပေါင်းစုံ ထိမိခတ်မိကြ
ဝဲဂယက်ထဲလည်နေကြတုံး မိစ္ဆာကြီးကသွားဖြီးလို့ပျော်နေတာပေါ့။

မြန်မာနိုင်ငံရဲ့တခုတည်းသောရည်မှန်းချက်က ကတုံးပေါ်ထိပ်ကွက်
လူပေါ်လူဇော်လုပ်တဲ့ စောရသူခိုးမျိုးတွေကို အမြစ်ကနေဆွဲနုတ်ဖို့ပါပဲ။

ဝမ်းနည်းစရာကောင်းတာက အဲ့ဒီလူတသိုက်ကလက်နက်ကိုင်ထားပြီ
လိုင်စင်ရဓါးမြကြီးဖြစ်နေလေတော့ ပြည်သူတွေ ဆုံးရူံးမူ့ကြီးမားလိုက်တာဗျာ။

ဘယ်လိုပဲဖြစ်ဖြစ် ဘယ်အခြေအနေပဲရောက်ရောက် ရင်ထဲကမုန်းတီးရွံ့ရှာမူ့က
ပိုပြီးတိုးလာတယ် စစ်တပ်ဖက်ကိုဘယ်လိုအကြောင်းပြချက်နဲ့ပဲ ထောက်ခံထောက်ခံသူအားလုံးက မြန်မာနိုင်ငံ ဖျက်စီးစေတဲ့တရားခံတွေပါပဲ ။ 

ပြည်သူတွေကဆင်းရဲ တိုင်းပြည်ကမွဲ ..သူတို့က $သန်းချီချမ်းသာလို့...
ရင်နာစရာကောင်းလှပါတယ်..။ ၆ လလုံးလုံးဘယ်လိုမှတရားမထိုင်နိုင်သလို ဘုရားရှိခိုးတောင်မဖြောင့်ပါလေ..။ အသက်လည်းတနှစ်ပြီးတနှစ်သာကြီးလာ
ဦးနှောက်ကများလိုက်မကြီးလာလို့ ကိုယ့်ဘာသာကြိတ်ဒေါပွနေရတာဗျာ။

ကဲ..မတတ်နိုင်ဘူး..မွေးနေ့ကစပြီး...စိတ်ဓါတ်တွေပြန်စုစည်းရမယ်။ 

Aug 11 2021

အချိန်တွေကိုအကျိုးရှိရှိလေးအသုံးချတတ်အောင်နေအုံးမှ☺
တဖက်ကလည်းတော်လှန်ရေးကြီးကိုအစွမ်းကုန်ထောက်ပံ့မယ်💪
(ကိုယ်တွေကအိမ်ထဲအိမ်ပြင်မထွက်တဲ့လူအိုမကြီးတွေလေ )

အားလုံးကျမ်းမာချမ်းသာကြပါစေ~~~

Monday, June 7, 2021

ရက်ပေါင်း ၁၂၇ ရက်တိတိတဲ့

မင်္ဂလာပါရှင်~~~
တကယ်တော့လည်း ပြည်မြန်မာကြီးမှာ မင်္ဂလာအပေါင်းဆိတ်သုန်းသွားခဲ့ပါပြီ။
ရက်ပေါင်း ၁၂၇ ရက်တိတိပေါ့...။ ခုချိန်ထိ ပျော်နေ စားနေ သွားနေသူတွေရင်ထဲ နားမလည်ခဲ့သလို နားလည်ဖို့လည်း မကြိုးစားချင်တော့ပါဘူး။ ကိုယ့်ခံစားချက်နဲ့ကိုယ်ပါလေ..။ ခုလို ဟိုမရောက်ဒီမရောက်အချိန်ကာလကို သူတို့တွေက မကြိုက်ကြဘူး။ ဒါပေမဲ့လည်း ကြိုးစားပါဝင်ကူညီဖို့လည်း စိတ်မကူးဘူး ရေသာခိုအချောင် သမားစိတ်တွေနဲ့လူသား အရမ်းများနေတာ ခုချိန်မှာ ထင်ထင်ရှားရှားကြီးမြင်ရတာပဲ။ မိစ္ဆာတွေအောက်ဆိုလည်း ရေလိုက်ငါးလိုက်နေမယ်။ ဒီမိုကရေစီအပြည့်နဲ့နိုင်ငံတော်ကြီးသာယာဝပြောလာမယ်ဆိုလည်း တဟီးဟီးနဲ့သွားကြီးဖြီးကြိုနေမယ် ဆိုတဲ့ ဆန်ကုန်မြေလေးတွေလေ..။ သူတို့နောက်ကပေါက်ဖွားလာမဲ့မျိုးဆက်သစ်ကိုသူတို့ ဘယ်လိုဆုံးမသွန်သင်ကြမလဲမသိ အံဩမိပါတယ်။

ကိုယ့်မြေးလေးဆို ၅နှစ်သားပဲရှိသေးတယ်။ မေးတတ်လိုက်တာ ဘာဖြစ်လို့ ရဲတွေကလူတွေကိုသတ်ရသလဲ။ စစ်သားကဘာလို့လူတွေကိုဖမ်းရတာလဲ။ လူဆိုးသွားဖမ်းရတာမဟုတ်ဘူးလား။ စုံနေအောင်မေးတာ။ ပြီးတော့ သူ့ရဲဝတ်စုံလေးထုတ်လာပေးတယ် ။ သူကြီးလာရင်ရဲမလုပ်တော့ဘူးတဲ့။ ခလေးက ငယ်ကတည်းကရဲရူးရူးနေတာ။ ရဲအရမ်းဖြစ်ချင်သူကြီး..ဘာကစားကစား ရဲလုပ်တမ်းကစားတယ်။ ရဲဝတ်စုံအပြည့်နဲ့ သေနတ်လည်းပါ ဦးထုတ်လည်းပါတယ်။ ဘာဖြစ်လဲမေးတော့ ရဲကမကောင်းတာတွေလုပ်တယ်တဲ့။ ဒါက ခလေးရဲ့ခေါင်းထဲစွဲသွားပြီလေ။ သင်ပေးတာမဟုတ်ဘူး။ သူမြင်နေရတာတွေကြည့်ပြီးသူပြောလာတာ။ အိမ်ရှေ့ရဲကား စစ်ကားဖြတ်သွားရင် လက်၃ချောင်းပြေးသွားထောင်ပြတယ်။ အိမ်ကလူတွေသူ့ကိုမနဲပြန်ဆွဲထားရတယ်။ ဟိုကမင်းကိုဖမ်းသွားမယ်ပြောတော့ သူနဲနဲကြီးလာရင် သပိတ်မှောက်မယ်တဲ့ (သူ့အမေကသပိတ်မှောက်အမြဲထွက်တယ်လေ😁) ပြီးရင် ရဲတွေစစ်သားတွေကို ပြန်သတ်မယ်..တဲ့😬 အံမငီး ကျူပ်တို့မှာ ရင်ဘတ်စည်တီးလို့ 😖 သူ့အဖေက မျက်ကလဲဆံပျာရှင်းပြနေတာ အဲ့လောက်မကြာဘူး သာရေကြိုးတင်းအောင်ကိုင်ကြီး မရဏာခရီးသွားရတော့မယ်ဆိုပဲ...။

ဒီနေ့မနက်ဖတ်မိတဲ့သတင်းတခုကတော့ တကယ်ပဲမျက်ရည်မဆည်နိုင်ဘူးဗျာ။ အမေစုပြောတဲ့ စရိက္ခာပြတ်တယ်ဆိုတဲ့သတင်းလေး..။ အဲ့သတင်းအောက်မှာ ဝိုင်းရေးကြတဲ့ပြည်သူတွေရဲ့စကားသံက တကယ်ပဲ တစ်ရူးတဗူးလုံးကုန်တော့မယ် ကျလာလိုက်တဲ့မျက်ရည်တွေက အော်တိုငုတ်တုပ်ပဲ😢😭။ အားတင်းထားကြပါ..။ ကိုယ်‌တို့အတွက် အမှန်တရားအတွက် အချိန်တခုရောက်လာတော့မှာပါ။
တရားသောစစ်မှန်သောမေတ္တာတရားက အောင်မြင်မှာပါ..။


တနေ့တလှမ်းနူန်းနဲ့ပဲဖြစ်ဖြစ်လှမ်းနေဖို့ကအဓိကပါ ပန်းတိုင်ကလက်တကမ်းအကွာမှာပေါ့...
#meemeenage


Tuesday, April 13, 2021

ငရဲခန်းကာလ ၇၂ ရက်

မင်္ဂလာပါရှင်~~~

ဖေဖော်ဝါရီ၁ ရက်နေ့မှာ ပို့စ်တခုရေးရင်းတန်းလန်း တုန်လူပ်ခဲ့ရတဲ့သတင်းတခုနဲ့ ကမန်းကတန်းရေးပြီး..၇၂ ရက်လုံးလုံး လုံးဝမကြည့်မိတာခုချိန်ထိ...

တနိုင်ငံလုံး အရှင်လတ်လတ်ငရဲကျခဲ့ရတယ်။ အော်..သူတို့တွေမပါဘူး..တဲ့။ ဒါဆိုရင် ပျော်နေကြမယ်ထင်လား...မှန်းချက်နဲ့နှမ်းထွက်ကမကိုက်။ လုပ်ဖူးနေကြတဲ့အတိုင်း အချိန်အတိုင်းအတာတခုမှာ အားလုံးပေါ်တက်ခွထိုင်နိုင်မယ်လို့ထင်ခဲ့ကြတာက မဟာအမှားကြီးပဲ။ 

အစပိုင်းလူတွေကိုပစ်သတ်ပြတယ်။ ကြောက်ကြမယ်ထင်လို့ နောက်တော့ အုံကြွလာတဲ့ပြည်သူတွေကို စိတ်လိုလက်ရခေါ်မလား စိတ်ထဲကသတ်ချင်လို့သတ်တာဟေ့ ဆိုတာမျိုး အမိန့်ကြောင့်မဟုတ်ဘူး။ ရက်စက်မူ့အပေါင်းက ကမ္ဘာမှာ တင်စားစရာစကားမရှိဘူး။ ခုချိန်မှာ တရားဝင် လူပေါင်း ၇၀၀ ကျော်သွားပြီ။ စာရင်းမပြနိုင်တာတွေ လူရှာမရတာတွေက အများကြီးရှိသေးတယ်။ 

စစ်တပ်အင်အား ၅သိန်းလို့ပြောပေမဲ့ တကယ်တမ်း ၃သိန်းသာသာလောက်ပဲရှိပါသတဲ့။ တပ်ပြေးရယ် CDM လုပ်ကြတာရယ်နဲ့ဆို အခြေအနေမကောင်းလှဘူးတဲ့။တကယ်ဆိုရင် လက်နက်ကိုင်တဲ့ စစ်တပ်နဲ့ရဲတွေကိုရင်ဆိုင်ရတာထက် သူတို့တွေကို ထောက်ခံနေတဲ့ မိစ္ဆာချစ်သူတွေကို မြင်ရတာ အတော်လေးအော့နှလုံးနာမိတယ်။ ပညာတတ်တွေ ပိုက်ဆံရှိ စည်းစိမ်ရှိ ချမ်းသာတဲ့အသိုင်းအဝိုင်းကပိုများနေတယ်ဆိုပဲ။ သူတို့ရလာတဲ့ စည်းစိမ်ဥစ္စာတွေဟာတရားနည်းလမ်းကျရဲ့လားလို့ စဉ်းစားစရာဖြစ်လာမိတယ်။ 

fb သူငယ်ချင်း ၁ဝဝဝ ကျော်ရှိတဲ့အထဲ ဒီရက်ပေါင်း ၇ဝကျော်ဘာလုပ်နေသလဲစပ်စုကြည့်မိတယ်။ ဖယားဖယား...တိုင်းပြည်ဆူပူနေလို့တရားသောစစ်ပွဲဆင်နွဲနေတာဆိုပဲ...တချို့သောသူများလည်း ပုဇွန်ဦနှောက်နဲ့မွေးလာတာ။ unfried မလုပ်ခင်သေချာသွားကြည့်ပြီးဖတ်ကြည့်မှတ်ထားတယ်။ ဘယ်သူကဘယ်လိုဦးနှောက်မျိုးနဲ့ရှင်သန်လာကြသလဲဆိုတာ သိချင်လို့ပါ။ ခုတော့နှစ်ရာကျော်အန်လိုက်ပြီ😁 တချို့ကတချိန်လုံးဘုရားစာပဲတင်တယ်။ အားအားရှိ ဘုရားစာပဲတင်ပြီး စာပို့လာသူမမတွေကိုလည်း လက်၃ချောင်းပြပြီး အရေးတော်ပုံအောင်ရမည်လို့စာပြန်လိုက်တာ..တိန်ကနဲပျောက်သွားရော..😆

bloggers တွေထဲမှာလည်း ခင်ခင်ကြောင်တွေအများကြီးရှိသတဲ့။ အဓိကတော့ မနာလိုခြင်းက‌နေစတာပါ။ ‌NLD မကြိုက်ဘူးဆိုတဲ့သူတွေ များသောအားဖြင့် အမေစုကိုမနာလိုကြဘူး။ ခုဖြစ်နေတာကလည်း ပါတီတခုထဲမဟုတ်ပါ။ တတိုင်းပြည်လုံး လက်နက်ကိုင်ထားသူတွေက အနိုင်ကျင့်နေတာ ထမင်းစားသူတိုင်းသိတယ်။ မသိတဲ့သူက သေချာတယ် ပုဇွန်ဦီးနောက်ဖြစ်နေလို့ပါ😂

နှစ်သစ်ရောက်ခါနီးပါပြီ...လာမဲ့နှစ်သစ်မှာတော့ စိတ်သစ်လူသစ်နဲ့ ခင်ခင်ကြောင်တွေကို အပြီး အန်တော့မယ်..နောက်ထပ် သုံးရာလောက်ရှိသေး😘 ၂ လလောက်ရှိပြီမျက်ရည်မကျတဲ့နေ့မရှိသလောက်အတော်စိတ်ဆင်းရဲရ စိတ်မကျမ်းမာတော့ လူလည်းမကျမ်းမာ..ပြန်စုစည်းပြီး နေရတယ်...။ အားလုံးရဲ့တော်လှန်ရေးပြီးဆုံးတော့မှာပါ ပန်းတိုင်ကလက်တကမ်းအကွာမှာပါ...မင်္ဂလာရှိတဲ့နှစ်သစ်ကြိုဆိုကြရအောင်💦💓
#meemeenage



Sunday, January 31, 2021

2021 January

မင်္ဂလာပါရှင်~~~
ကမ္ဘာလောကကြီးတခုလုံး ကမောက်ကဖြစ်တော့ အားကိုးစရာ ဗုဒ္ဓမြတ်စွာဘုရားပဲရှိတာ အရင်ကတရားမှတ်တာတွေ ပြန်ကျဲသွားချိန်တရားနာခြင်းများလာတယ်..နာရင်နဲ့လည်းနားလည်လာတယ်..ကိုယ့်အသိညာဏ်လေးနဲ့ကိုယ်ပေါ့လေ..အရင်ကတရားထူးရတယ်..ဆိုရင်နားလညးမလည်ဘူး..ဘယ်လိုများရကြလဲမသိ...

ဟိုတနေ့က..နာလိုက်မိတဲ့တရားမှာတော့ ပါချုပ်ဆရာတော်ကြီးမိန့်ကြားတာက
အကုသိုလ်စိတ်ကို ကိုယ့်စိတ်ထဲမဝင်လာနိုင်အောင် ကြိုးစားနိုင်တာက တရားထူးရတဲ့သဘောဆိုလားမသိ...အော်..မယ်ငီးအများကြီးလိုပါသေးတယ်လေ...

ခုစာရေးနေရင်း သတင်းတခုဝင်လာ..မြန်မာပြည်မှာ နိုင်ငံခေါင်းဆောင်တွေကိုစစ်တပ်ကဖမ်းတယ်တဲ့..ဟုတ်လားမဟုတ်လားမသိ..စိတ်ထဲဘယ်လိုမှခံစားလို့မရဘူး...လူ့ခန္ဓာနဲ့ရိုင်းစိုင်းယုတ်မာတဲ့လူတွေအာဏာရူးတွေရှိနေသမျှ မြန်မာပြည်ကြီးလည်းအေးချမ်းသာယာမူ့နဲ့ဝေးနေအုံးမှာပဲ

ပြုခဲ့သမျှကုသိုလ်တွေအားလုံးတိုင်တည်သစ္စာဆိုပါတယ်သူတော်ကောင်းမြတ်တရားစောင့်ပါစေ...အားလုံးငြိမ်းချမ်းကြပါစေ
#meemeenage




Thursday, December 31, 2020

နူတ်ဆက်ပါရစေ2020

 မင်္ဂလာပါရှင်~~~
၂၀၂၀ ကတော့တကယ့်နှစ်ပါပဲ... ကမ္ဘာကြီးအတွက်ကံမကောင်းတဲ့နှစ် တချို့ထင်တာကမြန်မာပြည်အဆိုးဆုံးထင်နေတာ မဟုတ်ပါဘူး..ကိုယ်တို့အိမ်နားပတ်ဝန်းကျင်လည်း ထူးမခြားနားပါ။ Edison NJ ကအာရှတွေများတယ်။ ကုမ္မဏီကြီးတွေဘာတွေများ စီးပွားရေးကောင်းကြတယ်။ ပြီးခဲ့တဲ့နှစ် ၂၀၁၉ နှစ်ကုန်ခါနီး စားသောက်ဆိုင်ကြီးတွေ အသစ်ဖွင့်တာအများကြီး..။ ခုတော့ အားလုံးပိတ်ကုန်ကြပြီ။ တချို့ဆိုရင် ဖွင့်တာ ၃ပတ်လောက်ပဲရှိသေး။ သနားစရာကောင်းတယ်။ ခပ်သေးသေးဆိုင်တွေဆိုရင် မရှိသလောက်ပဲ..။ အလုပ်တွေပြုတ်ကြ လူအိုရုံမှာ အသေအပျောက်များ ဆေးရုံဆေးခန်းလူ‌တွေများ လမ်းမပေါ်လူမရှိ အပြင်မထွက်ရလို့ ကိုကိုကဲ မမကဲတွေမကျေနပ် ထွက်ကြကူးကြသေကြ တလောကလုံးရူပ်ရှက်ခတ်နေတာပဲ..မှန်တာပြော ကိုယ်တွေတရားထိုင်တောင် စိတ်ကမငြိမ်ပါဘူးဆို..😁 ကြာလာတော့သူ့ဖာသာသူတရားရလာတာပါပဲ..လောကမှာကျမ်းမာရေးကအဓိကပါပဲ..လူကမကျမ်းမာတော့ ဘာမှမလုပ်နိုင် ရည်မှန်းချက်လည်း အားလုံးမေ့ပစ်နိုင်တယ် စီးပွားရေး လူမူရေးဆိုတာတွေလည်း ကျမ်းမာမှ စိတ်ကပါတာလေ..ကဲ.ကျမ်းမာအောင်နေထိုင်စားသောက်ပြီး အသက်ရှင်ကြရအောင်ဗျာ...
၂၀၂၁ မှာအားလုံးကျမ်းမာချမ်းသာကြပါစေ

လွန်ခဲ့သော၂နှစ်နွေရာသီတုံးက

#meemeenage

Monday, November 30, 2020

ကလောမြို့

မင်္ဂလာပါရှင်~~~

ကလောနားကနံမည်ကြီးတဲ့နေရာတဲ့

ငယ်ငယ်ကဆိုရင် ဘကြီးတော်(အမေ့အမရဲ့ယောက်ကျား)က ဈေးပတ်လိုက်တာတဲ့။ ကိုယ့်တို့ရှမ်းပြည်ဆိုတာ ၅ရက်ကို တခါဈေးနေ့လို့သတ်မှတ်ကြတယ်..။ ဥပမာ ဒီနေ့က တောင်ကြီးဈေးနေ့ဆိုရင် နောက်နေ့ကျတော့  တောင်ကြီးအနီးတဝိုက်ညောင်ရွှေ ရွှေညောင်အောင်ဘန်း ကလော မိုင်းသောက် ဒီလိုမျိုးတွေကတရက်ပြီးတရက်ဆက်လို့ဈေးနေ့ဖြစ်ကြတယ်။ ဘကြီးကလည်း တောင်ကြီးဈေးနေ့မှာနားပြီး ကျန်တဲ့ရက်အမြဲသွားတာပေါ့။ ကိုယ်တို့ကျောင်းပိတ်ချိန်နဲ့ကြုံရင် အမြဲလိုက်တာပဲ။ ပင်းတယ အထိသွားကြတယ်။ ဘကြီးကဈေးရောင်းတာတော့မဟုတ်ဘူး သူ့ပိုက်ဆံလိုက်သိမ်းတာ ငွေတိုးချတယ်ဆိုပါတော့😁
ကိုယ်တွေကိုကားဆရာက လက်ဖက်ရည်ဆိုင်ခေါ်သွားချင်တာ ဘယ်ရမလဲဈေးကိုပဲသွားမယ်ဈေးရှေ့ပါတယ်ဗျို့တွေဘာတွေထအော်ရသေး😆
မြင်ကရာကြည့်ပြီးတွေ့ရာတော့ဒါတ်ရိုက်ဖို့အချိန်မရှိကြိုက်တာလေးပဲရိုက်ခဲ့ပဲပုပ်လေ😅
ဖွင့်နေတဲ့ဆိုင်ထိုင် တွေ့တာမှာ ရတာစား...အချိန်မရှိဘူးလေ


စားပြီးအပေါ့အပါးသွားချင် ရေအိမ်ကရှာမတွေ့ ကျားကျားတူမလေးကအဲ့နားကကျောင်းတခုမှာအလုပ်လုပ်ဖူးဆိုပြီးကျောင်းကိုခေါ်သွား...

ခလေးတွေတရားထိုင်‌နေကြတာတဲ့..နိုင်ငံခြားသားတွေကော ရေအိမ်တက်ချင်တာတို့ဘာတို့အဆင်ပြေကြရဲ့လားမသိ..
စကားနဲနဲပြောပြီးခရီးဆက်လာရ
နောက်ပိုင်းမှာနံမည်ကြီးတဲ့လိူင်ဂူ ရွှေဥမင်တဲ့
အရင်ကမရောက်ဖူးဘူးလေ

မြန်မာပြည်ထုံးစံပေါ့ ဘုရားတွေပါပဲ...
ကျောက်တုံးလည်းလူတွေပွတ်ဆုတောင်းလွန်းလို့ပြောင်နေတာပဲ...

ကဲပါလေအရင်ခလေးဘဝက...ကလောနဲ့ခုကလောမိုးနဲ့မြေလိုကွာခြားသွားပါပြီ ဘာမှလည်းမမှတ်မိတော့ဘူး..မနှစ်ကခရီးဒီလိုတတိတိနဲ့ဆွဲပြီးတင်လာတာတနှစ်ပြည့်ပေါ့မပြီးနိုင်သေးဘူးဆို...ဟားဟား😝😂😁
အားလုံးပဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်
#meemeenage