မင်္ဂလာပါရှင်…
December 31 အချိန်ဆိုလူတွေသွားကြလည်ကြစားကြနဲ့တရုန်းရုန်းပျော်နေကြချိန်ပေါ့လေ
ကိုယ်တွေကတော့ အသက်အရွယ်ရလာလို့လားမသိ😁 သိပ်စိတ်မလူပ်ရှားတော့ဘူး
ဒီနှစ်ထဲ လူပ်ရှားချက်ကကြမ်းလွန်းပါ့😉
ဖေဖော်ဝါရီလ ကတည်းက တနေရာ ၃ လနူန်းနဲ့လူပ်တရှားက်ကြွကြက်ဖဖြစ်လို့☺️
Utah Delta ၃ လ, Ohio Youngstown ၃ လ, Germany Forchheim ၃လ🤓
အခုနောက်တနေရာအတွက်ထုပ်ပိုးပြင်ဆင်😎
ဒီတခါတော့ North Carolina Raleigh တဲ့။ ၃ လမဟုတ်ပဲ နှစ်ချီကြာမဲ့သဘော
ဒီတော့ NJ ကို တာတာလုပ်ရမယ်။ မေဒိကားမှာအိမ်တလုံးဆိုတာ မနေလည်း
ပက်ချံကုန်နေရတာလေ😄 ဌားထားဘာညာကအပြောလွယ်ဒီတော့
ရောင်းလိုက်တာကပိုကောင်း…မရောက်ဖူးတဲ့နေရာသစ်တခုမှာအတွေ့အကြုံသစ်နဲ့ဆုံရအုံးမှာပေါ့လေ…
ဒါက Salt Lake City မြို့ပါ..ကိုယ်တွေနေရတာကအဲ့မြို့နဲ့နောက်၂နာရီကြာကားမောင်းသွားရတဲ့သဲကန္တာရနေရာ Delta မြို့လေးအပြင်ဖက်ကဂေါက်ကွင်းထဲမှာ😁 အိမ်ပတ်ချာလည်ဂေါက်ကွင်း☺️
ရောက်ခါစဂေါက်ကွင်းကမြက်ခင်းအဝါရောင်အညိုရောင်တွေနဲ့ဖေဖော်ဝါရီလလေ..
မနက်မိုးလင်းမိုးချုပ်လူမပြတ်ဘူး လူဦးရေ ၃၀၀၀ လောက်ပဲရှိတဲ့မြို့လေးကဂေါက်ရိုက်ပဲရိုက်နိုင်လွန်း 😎..မနက်စောစော၉:၀၀ မကျော်ခင်လမ်းသွားလျောက်ရတယ်။
ဒါကတော့ Ohio Youngstown ကပါ..ထုံးစံအတိုင်းမြို့လေးကသိပ်မသေးလှပေမဲ့လည်ပတ်စရာသိပ်မရှိပါ အရင်ကစီးပွါးရေးကောင်းပေမဲ့နောက်ပိုင်းမြို့ပျက်သာသာဖြစ်နေတဲ့မြို့…အရင်ကဆိုတာနှစ်ပေါင်း ၆၀ ကျော်ကာလကိုဆိုလိုတာပါ။နေရတာကလည်း Mall အကြီးကြီးတခုနဲ့တွဲနေတဲ့ဟော်တယ်မှာ ပတ်ချာလည် ကားရပ်ကွင်း မနက်ဆို မနက်စာစားပြီးလမ်းလျောက် 😎
အရိပ်ထဲမှာကိုယ်တွေကအရပ်အရှည်ကြီးပေါ့😂
ဒါကတော့ ဂျာမဏီက ဟော်တယ်ကနေမြင်ရတဲ့ညနေခင်းနေဝင်ချိန်
ဟော်တယ်ကို ဘူတာရုံကနေလှမ်းမြင်ရတာ..အဲ့ဒီ A စာလုံးထိပ်ကအခန်းကကိုယ့်အခန်းပါ။ ဘူတာရုံနဲ့နီးတော့ ပိတ်ရက်ဆိုအမြဲတမ်းလည်လည်ထွက်ပဲ😉 ကပ်ရပ် ၂ နိုင်ငံလောက်လည်ဖြစ်သေးဗျား။
အကြုံချရေးပြရရင် ၃ထောင်၃ညပုံပြင်တောင်ထိုင်ငိုသွားမှာ…အပြန်ထိုင်းဝင်လည်သေး..😆 အလည်လွန်ဖျားတာများတပတ်ကျော်ခုအဖျားပျောက်ပြီး..အိမ်သိမ်းဆည်းနေရ..နောက်ခရီးအတွက်လေ😌😉
ကိုယ်ဘ့ဝဆိုတာ မရပ်မနားသွားလာလူပ်ရှားနေရတာပါပဲလေ..
Bye 👋 ၂၀၂၅
လာမဲ့နှစ်သစ်အခါမှာရွှင်လန်းချမ်းမြေ့ကြပါစေ....မြန်မာပြည်ကြီးအေးချမ်းပါစေ..








0 comments:
Post a Comment