Wednesday, August 11, 2021

August 11 2021

မင်္ဂလာပါ~~~
တကယ်ဆိုရင် ၂၀၂၁ ဖေဖော်ဝါရီလကစပြီး လုံးဝမင်္ဂလာမရှိတော့တာပါ။ လာနိုးနိုး ပြောင်းနိုးနိုး ပြီးနိုးနိုးနဲ့ ထိုင်မရထမရ ဂွကျကျဘဝကြီးလုံးဝအဆင်မပြေချက်..။

၆လနဲ့ ၁၀ရက်တာကာလမှာ..တရားမရှာပဲတရားတွေရလို့။

သူခိုးတွေက သူတော်ကောင်းစကားတသွင်သွင်ဌားသုံးလို့။

ဥပဒေစကားပြောနေလေသူက မင်းမဲ့စရိုက်ကြီးနဲ့။

ဘုရားတရားနဲ့နေတာပါဆိုလေသူက ခိုးထုပ်ခိုးထည်တွေနဲ့။

ငါဟဲ့ယောက်ကျားဆိုလေသူတသိုက်က သတ္တိခဲ ကျည်ကာအင်္ကျီနဲ့
သူများတွေကိုတော့ပစ်သတ်ရဲရိုက်သတ်ရဲတယ်တဲ့။

သူတော်ကောင်းမမကြီးတသိုက် ဘုရားစာဆိုလိုက်
သူခိုးကြီးတသိုက်ကို ဦးချလိုက်နဲ့။

ပတ်ဝန်းကျင်တခုလုံး မျက်နှာဖုံးစွပ်လူသားတွေ
သိသာထင်ရှားလာနေကြပြီတဲ့။

တတိုင်းပြည်လုံး ကြိမ်မီးအုံးလိုတငွေ့ငွေ့နဲ့ပူလောင်နေတာ
တချို့ကလည်း အေးရာအေးကြောင်းနေတုံးပဲဗျ။

နှစ်ပေါင်း ၆၀ ကျော်ဂုတ်ခွစီးရတဲ့အရသာကို သူတို့မစွန့်နိုင်သလို
တဖက်ကလည်း ခွခံရတဲ့အရသာများကြိုက်နေလားမသိ ငြိမ်ခံနေသူနဲ့။

လူမျိုးပေါင်းစုံ တိုင်းရင်းသားပေါင်းစုံ ဘာသာပေါင်းစုံ ထိမိခတ်မိကြ
ဝဲဂယက်ထဲလည်နေကြတုံး မိစ္ဆာကြီးကသွားဖြီးလို့ပျော်နေတာပေါ့။

မြန်မာနိုင်ငံရဲ့တခုတည်းသောရည်မှန်းချက်က ကတုံးပေါ်ထိပ်ကွက်
လူပေါ်လူဇော်လုပ်တဲ့ စောရသူခိုးမျိုးတွေကို အမြစ်ကနေဆွဲနုတ်ဖို့ပါပဲ။

ဝမ်းနည်းစရာကောင်းတာက အဲ့ဒီလူတသိုက်ကလက်နက်ကိုင်ထားပြီ
လိုင်စင်ရဓါးမြကြီးဖြစ်နေလေတော့ ပြည်သူတွေ ဆုံးရူံးမူ့ကြီးမားလိုက်တာဗျာ။

ဘယ်လိုပဲဖြစ်ဖြစ် ဘယ်အခြေအနေပဲရောက်ရောက် ရင်ထဲကမုန်းတီးရွံ့ရှာမူ့က
ပိုပြီးတိုးလာတယ် စစ်တပ်ဖက်ကိုဘယ်လိုအကြောင်းပြချက်နဲ့ပဲ ထောက်ခံထောက်ခံသူအားလုံးက မြန်မာနိုင်ငံ ဖျက်စီးစေတဲ့တရားခံတွေပါပဲ ။ 

ပြည်သူတွေကဆင်းရဲ တိုင်းပြည်ကမွဲ ..သူတို့က $သန်းချီချမ်းသာလို့...
ရင်နာစရာကောင်းလှပါတယ်..။ ၆ လလုံးလုံးဘယ်လိုမှတရားမထိုင်နိုင်သလို ဘုရားရှိခိုးတောင်မဖြောင့်ပါလေ..။ အသက်လည်းတနှစ်ပြီးတနှစ်သာကြီးလာ
ဦးနှောက်ကများလိုက်မကြီးလာလို့ ကိုယ့်ဘာသာကြိတ်ဒေါပွနေရတာဗျာ။

ကဲ..မတတ်နိုင်ဘူး..မွေးနေ့ကစပြီး...စိတ်ဓါတ်တွေပြန်စုစည်းရမယ်။ 

Aug 11 2021

အချိန်တွေကိုအကျိုးရှိရှိလေးအသုံးချတတ်အောင်နေအုံးမှ☺
တဖက်ကလည်းတော်လှန်ရေးကြီးကိုအစွမ်းကုန်ထောက်ပံ့မယ်💪
(ကိုယ်တွေကအိမ်ထဲအိမ်ပြင်မထွက်တဲ့လူအိုမကြီးတွေလေ )

အားလုံးကျမ်းမာချမ်းသာကြပါစေ~~~

2 comments:

  1. မမမီးနဲ့မိသားစုကျန်းမာချမ်းသာကြပါစေ

    အရေးတော်ပုံအောင်ရမည်💪💪💪
    မိုးငွေ့

    ReplyDelete
  2. မိုးငွေ့လေးရေ...
    ကပ်ဘေးရန်ကနေကင်းလွတ်ကြပါစေကွယ်
    ရန်ကုန်သတင်းတွေကြားရတာရင်တုန်စရာကောင်းလွန်းတယ်

    ReplyDelete