Friday, February 28, 2020

ကျောက်ပေါက်အမာရွတ်နဲ့မြို့ကျိုင်းတုံ

မင်္ဂလာပါရှင်~~~
မနှစ်က၁၁လပိုင်းတောပြန်ဖြစ်တယ်..။ ဘယ်လိုအချိန်လဲဆိုရင် တောတောင်မျှော်ကြည့်လို့မရတဲ့အချိန်၊ မီးခိုးတွေနဲ့အသက်ရူကြပ်ချိန်၊ ကောက်ရိုးတွေမီးရိူ့ချိန်၊ တလောကလုံးကြပ်ခိုးတိုက်ချိန်၊... အို..ဘယ်ပြောကောင်းပါ့မလဲ..။
အတော့်ကိုနေရခက်ချိန်ဆိုပါတော့....။ ဟော..လိန်ပျံကြီး ကျိုင်းတုံချိုင့်ဝှမ်းထဲဝင်ခါနီးပြူးတူးပြဲတဲကြည့်ချိန်တချက်မှာ အတော်ကြည်လင်နေသေး...။
မြို့လည်ခေါင်တည့်တည့်ပျံချိန်မှာတော့ မူန်ရီလာပြီလေ...
လယ်ကွင်းတွေပတ်ချာလည်ပြည့်နေတဲ့မြို့လေး
အကွက်ကွက်လေးတွေတွေ့လား..
ကျိုင်းတုံမြို့ကျောက်ပေါက်နေတယ်များထင်သလား😁
စပါးရိတ်ပြီး ကောက်ရိုးပုံထားတာ မီးရိူ့နေ
တချို့လည်းရိူ့ပြီး  တချို့လည်းရိူ့နေဆဲ😏
မီးခိုးတွေနဲ့ ကောင်းကင်တခုလုံး မူန်ရီနေတာပေါ့
ဒါကထုံးစံတခုပါ..အရင်ကတဲက လုပ်လာတာ ခုမှမတားနဲ့လေ👀
ရိူ့မှာပဲ...အိုဇုံးလွှာပေါက်တာမကလို့ ပြဲပြဲ..တို့နဲ့ဘာဆိုင်လဲတဲ့😑
ကောက်ရိုးကိုအသုံးချလို့ရတဲ့နည်းလမ်းတွေ အများကြီးရှိတာပါ
ဒါပေမဲ့..ဒါပေမဲ့ပေါ့လေ...
စိုက်ပျိုးရေး မွေးမြူရေး မြို့ပြကျေးရွှာအုပ်ချုပ်ရေး..ကိုယ်တို့ဘာမှမသိပါဘူးလေ။ တွေ့မိရင် အသဲယားပြီးရှည်မိတာတခုပါဘဲ😂
အော်...ရိူ့ပြီးသွားတဲ့အကွက်တွေလေ... ကောက်ရိုးနဲ့လုပ်လို့ရတာအများကြီးထဲက အလွယ်ဆုံးကိုမျက်စိမှိတ် ကြည့်ရအောင်..။ ကျွဲနွားတို့ရဲ့အစာ (ကျိုင်းတုံမှာ နို့စားနွားခြံကြီးတွေ မြင်ဖူးလား..😉ရှိမရှိနံကြားထောက်စဉ်းစားအုံးမှ...စစ်တပ်မှာရှိချင်ရှိပါလိမ့်မယ်..ပုဂ္ဂုလိက မရှိလို့ ပြီးခဲ့တဲ့၃-၄ နှစ်က သူ‌ဌေးတယောက်ကိုတောင်ပြောမိသေး..နို့စားနွားမွေးပါလားလို့... 
မိူစိုက်လို့ရတယ်။ မိူတွေစိုက်ပြီး အစိမ်းမရောင်းနိုင်လဲ ဆီစိမ်တို့ ဘာတို့ မိူခြောက်တို့လုပ်ရောင်း..ဒေသတွင်းသာမက တရုတ်ပြည် လာအို ထိုင်း ရောင်းလို့ရ😎...အပေါ်ကပုံ အနီးကပ်တွေ့လို့...။ နောက်ထပ်ဘာလုပ်လို့ရလဲ သိချင်လား
စတော်ဘယ်ရီစိုက်ဖို့ကောက်ရိုးကအဓိကဘဲ..။ လူအသုံးအဆောင်အများကြီးလုပ်လို့ရသေး..ဦးထုပ် အိတ် ဖျာ အများကြီးမှ အများကြီး....တောသူ တောင်သားတွေကို ပညာပေးသင်ပေး လုပ်ခိုင်း ‌ဈေးကွက်ရှာပေး..အဲ့တာဘယ်သူ့အလုပ်လဲဟင်😬 အော်...သူတို့အလုပ်လေ...သူတို့တွေလုပ်နေကြမှာပါ🙊
ကောက်ရိုးနဲ့လုပ်နိုင်တာရေးရင် အများကြီးမှ အများကြီးရယ်...

ကိုယ်တို့မြို့ကဘာတွေထုတ်ကုန်ရှိလဲလို့အမေးခံရရင် ဗဟုသုတနည်းလို့လားမသိ..ဘာပြန်ဖြေရမှန်းမသိ..😁 နောက်တခါပြန်ရင် သူကြီးအရွှေးခံဖို့မေးမြန်းကြည့်အုံးမှ..သူများလည်း သူများမြို့ကိုချစ်လို့ကောင်းစားရေးလုပ်ပေးချင်နေသူပါဟယ်....😹😻💨
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage

2 comments:

  1. စာလာဖတ်တယ် မ၊
    ကျိာင်းတုံကို မရောက်ဖူးသေးဘူး

    ReplyDelete
    Replies
    1. အခွင့်ကုံရင်လာလည်ပါ
      ဗမာပြည်မနဲ့မတူ
      တမူထူးခြားတဲ့နေရာလေးပါ
      နေကောင်းကျမ်းပါစေ...

      Delete