ဝေဟင်ကနေ မြေမျက်နှာပြင်အောက်နိမ့်နေတဲ့ နေရာက ချောက်ကမ်းပါးတွေကြည့်ရအောင်လေ...
သူတို့ရိုက်ပေးတဲ့ပုံပါ |
LV မှာတညအိပ်ပြီး မနက်အစောကြီးထပြီး Grand Canyon ခရီးဆက်ကြပါတယ်။ ဆောင်းတွင်းအေး
သူတို့ရဲ့ လေယာဉ်ကွင်းငယ်ထဲကနားနေခန်းမှာ.. |
အမှတ်တရဆိုတာ..ဆတ်ကနဲထိုင် ဖျတ်ကနဲရိုက်တဲ့... |
သူတို့ရဟတ်ယာဉ်.. |
ကျန်တဲ့ အလည်အပတ်တို့ ဝင်ကြေးဘာညာကွီကွက သပ်သပ်ပေးရတာ။ အမြဲတမ်း သူတို့ပေးတဲ့ လည်စရာသွားစရာ အားလုံးလိုက်လုပ်တာဘဲ။အေးဆေးဘဲလေ..နို့မို့ရင် ဘယ်နားသွားမလဲ..မသိလို့ဆရာတင်ခေါ်လာပါတယ်ဆိုနေမှ..ဟာဘဲဟာဘဲ😂
ပီတိတွေဖြာ...V ဘဲရိုက်ရမလိုလို selfie ဘဲဆွဲရမလိုလို မှန်တာပြော Panorama သုံးဖို့မေ့သွားတဲ့ Canyon ခရီးစဉ်ပါ..😖 |
ဟိုကစစ် ဒီကစစ်နဲ့ လူကိုမူးသွားတာဘဲ...။ လူတွေလည်းများတယ်..။ ရဟတ်ယာဉ်အသံကဆူ..။လူတွေက
ရူပ်နဲ့..။ ကြားထဲ ရင်တွေကခုန်နဲ့..ဟီး...ပထမဦးဆုံးရဟတ်စီးဖူးတာကိုးဗျ..။
အိတ်လာချိတ်ပေးသွား..။
ဘာဖြစ်လဲဆိုတော့ မြေအောက်မှာဖြစ်နေတာကိုး...အံ့မခမ်းလှပတဲ့တကဲ့သဘာဝတရားတွေပါဘဲ...
မြစ်ချောင်းတခုတော့လှမ်းမြင်မိ...အတွေ့အကြုံတခုပြောရမယ်ဆိုရင် ရီစရာတော့အကောင်းသား...
ရိုက်လာတဲ့ပုံကိုကြည့်ပြီးကားပေါ်မှာပီတိတွေဖြာ E Eတွေပါ..အဲလေ..😁 တရုတ်မလေးက ရဟတ်
ကုမ္မဏီကြော်ငြာကိုကြည့် သူ့ခုံကကိုယ့်အနောက်ဖက်မှာ သူတို့က မိသားစု၎ယောက် သမီး၂ယောက်
နဲ့သူ့အမျိုးသားနဲ့ပါ..။ သူကပြတာ ကိုယ်တို့ဆီကပိုက်ဆံကောက်တာ တယောက် $ 200 ကျော် $300
နီးပါး၊ ပုံထဲကကြည့်တော့ သူတို့ကောက်တဲ့ဈေးက တကဲ့အကောင်းစားရဟတ်နဲ့၊ ကိုယ်တို့ကို တင်ပေး
လိုက်တဲ့ရဟတ်က ရိုးရိုးရဟတ်..ဘာရမလဲ..ကိုယ်တို့ Tour Guide ကိုသွားပြောတော့ သူကအဲ့တာ
သူတို့နဲ့မဆိုင် ရဟတ်ကုမ္မဏီကလုပ်တယ်ဆိုပါတယ်..ကဲ..ဒီကလည်းစွာ တရုတ်မလည်းစွာ...😜
Guide ရဟတ်ကုမ္မဏီကိုဖုံးဆက်ပြီးပြော..ကိုယ်တခုသတိရမိတာက ရဟတ်အကောင်းစားအနီရဲရဲလေး
ကဆင်းလာတော့ ကိုယ်တို့ကိုသွားဖို့ တယောက်ကလွှတ်တာကို လူတယောက်က လမ်းဖြတ်တားပြီး
ခနစောင့်ခိုင်း သူ့လူတွေတင်..အဲ့တာလည်းပြောပြလိုက်တယ်..ကဲ..ငါတို့ဘယ်သူ့ဆီ ကွန်ပလိန်းတက်ရ
မှာလဲ..ပြူးတူးပြဲတဲကြတာပေါ့..ဒါနဲ့တယောက် 60$ နီးပါးလားမသိပြန်ရ...😁😂အဲ့လိုပါဆို............
သူတို့ထင်တာက အဖြူတွေဆိုရင် သုံးနိုင်တယ်ပေါ့..ကိုယ်တို့ကစုတ်တီးစုတ်ဖတ်များထင်နေလားမသိဘူး
အဝတ်အစားကြည့် လူမျိုးကြည့်ပြီး ဆုံးဖြတ်တတ်ကြတဲ့ဒီခေတ်ဒီခါမှာတော့ သိပ်ပြီးမထူးဆန်းလှပါဘူး
လေ..နော့်
မစီးလိုက်ရတဲ့ နီနီလေး...😣😆
ကိုယ်တို့ရဲ့စီးတော်ယာဉ်..

ကျန်တဲ့လူတွေစောင့်နေရတဲ့ ဒါတ်ရှင်ရုံ😇
ဒီလိုလေးပေါ့..မြေပြင်ညီညီကနေဘွားကနဲချိုင့်ဝှမ်းတွေတွေ့ရတာပါ |
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေ~~~
#meemeenage
#meemeenage
ပျော်စရာကြီး.....လိုက်လည်နေရသလို
ReplyDeleteမိုးငွေ့
မိုးငွေ့လေးကို
Deleteသတိရမိ...
အမြန်ရေးပေးအုံးမှ..
လူကြီးကဂတိပေးပြီမတည်လေပြီ
:P :D
မိုးငွေ့ရေ ကင်မရာထဲကပုံပြန်တွေ့လို့
Deleteပြန်ဖြည့်တင်ထားသေးတယ်..