Friday, August 2, 2019

Grand Canyon South Rim ရဟတ်စီး

မင်္ဂလာပါရှင်~~~
ဝေဟင်ကနေ မြေမျက်နှာပြင်အောက်နိမ့်နေတဲ့ နေရာက ချောက်ကမ်းပါးတွေကြည့်ရအောင်လေ...

သူတို့ရိုက်ပေးတဲ့ပုံပါ
LV မှာတညအိပ်ပြီး မနက်အစောကြီးထပြီး Grand Canyon ခရီးဆက်ကြပါတယ်။ ဆောင်းတွင်းအေး
ကအေးအိပ်ကငိုက်နဲ့ လမ်းတဖက်တချက် မငေးအားပါ...😎
သူတို့ရဲ့ လေယာဉ်ကွင်းငယ်ထဲကနားနေခန်းမှာ..


အမှတ်တရဆိုတာ..ဆတ်ကနဲထိုင် ဖျတ်ကနဲရိုက်တဲ့...

သူတို့ရဟတ်ယာဉ်..


သိတဲ့အတိုင်း ကိုယ်တို့များတောကျပုံက..ဒီဖက်က Tour တွေဆိုရင် ကားခတည်းခိုခလောက်ဘဲယူတာ
ကျန်တဲ့ အလည်အပတ်တို့ ဝင်ကြေးဘာညာကွီကွက သပ်သပ်ပေးရတာ။ အမြဲတမ်း သူတို့ပေးတဲ့ လည်စရာသွားစရာ အားလုံးလိုက်လုပ်တာဘဲ။အေးဆေးဘဲလေ..နို့မို့ရင် ဘယ်နားသွားမလဲ..မသိလို့ဆရာတင်ခေါ်လာပါတယ်ဆိုနေမှ..ဟာဘဲဟာဘဲ😂

ပီတိတွေဖြာ...V ဘဲရိုက်ရမလိုလို selfie ဘဲဆွဲရမလိုလို
မှန်တာပြော Panorama သုံးဖို့မေ့သွားတဲ့
Canyon ခရီးစဉ်ပါ..😖

အခုလည်း ရဟတ်ယာဉ်နဲ့လည်မှာလားတဲ့..ကိုယ်တို့ကထိပ်ဆုံးဘဲ..😄 တရုတ်မလေးတယောက်နဲ့ တကားလုံးမှာ စုစုပေါင်း၃ယောက်တိတိစီးပါတယ်😉 ကျန်တဲ့သူတွေက အနီးကမနီးမဝေးပါ..ဓါတ်ရှင်ပြဖို့ခေါ်သွားလေရဲ့...။ ဒီတော့ ကိုယ်တို့က ရဟတ်ယာဉ်ကွင်းအသေးမှာ နေခဲ့ရ..။ဟိုဟာမဘယ်ရ ဒီဟာမယူရ၊
ဟိုကစစ် ဒီကစစ်နဲ့ လူကိုမူးသွားတာဘဲ...။ လူတွေလည်းများတယ်..။ ရဟတ်ယာဉ်အသံကဆူ..။လူတွေက
ရူပ်နဲ့..။ ကြားထဲ ရင်တွေကခုန်နဲ့..ဟီး...ပထမဦးဆုံးရဟတ်စီးဖူးတာကိုးဗျ..။

၅ ယောက်တတွဲ တန်းစီပြီးတင်တာ..ဗျ...ဘာမှပေးမယူပါ ကင်မရာလွဲရင်ပေါ့ ခါးပတ်မှာ သက်ကယ်
အိတ်လာချိတ်ပေးသွား..။

မြေညီမျက်နှာပြင်အောက်မှာ ဘွားကနဲ ချိုင့်ဝှမ်းတွေ တောင်ကြီးတွေ အဝေးကနေကြည့်ရင် မမြင်ရဘူး
ဘာဖြစ်လဲဆိုတော့ မြေအောက်မှာဖြစ်နေတာကိုး...အံ့မခမ်းလှပတဲ့တကဲ့သဘာဝတရားတွေပါဘဲ...
 ကင်မရာနဲ့ရိုက်လိုက် ဖုံးနဲ့ရိုက်လိုက်...
 ကင်မရာနဲ့ရိုက်တာတွေခုမှပြန်တွေ့လို့...
 ထပ်ဖြည့်တင်...
 တကဲ့ကိုယ်ရင်သပ်ရူမောပါဘဲ...

 နားကြပ်မှာတော့ ဘာညာပြောလားမသိ..ကိုယ်တော့ ဘာမှန်းကိုမသိ..ပြူးပြဲကြည့်နေလေဧ။်😆

 နှစ်သန်းပေါင်းများစွာကြာမှဖြစ်လာရတဲ့ ကျောက်တောင်တန်းကြီးတွေ...
 သစ်တပင်မှမရှိ..ကျောက်ကန္တရကြီး...
မြစ်ချောင်းတခုတော့လှမ်းမြင်မိ...အတွေ့အကြုံတခုပြောရမယ်ဆိုရင် ရီစရာတော့အကောင်းသား...
ရိုက်လာတဲ့ပုံကိုကြည့်ပြီးကားပေါ်မှာပီတိတွေဖြာ E Eတွေပါ..အဲလေ..😁 တရုတ်မလေးက ရဟတ်
ကုမ္မဏီကြော်ငြာကိုကြည့် သူ့ခုံကကိုယ့်အနောက်ဖက်မှာ သူတို့က မိသားစု၎ယောက် သမီး၂ယောက်
နဲ့သူ့အမျိုးသားနဲ့ပါ..။ သူကပြတာ ကိုယ်တို့ဆီကပိုက်ဆံကောက်တာ တယောက် $ 200 ကျော် $300
နီးပါး၊ ပုံထဲကကြည့်တော့ သူတို့ကောက်တဲ့ဈေးက တကဲ့အကောင်းစားရဟတ်နဲ့၊ ကိုယ်တို့ကို တင်ပေး
လိုက်တဲ့ရဟတ်က ရိုးရိုးရဟတ်..ဘာရမလဲ..ကိုယ်တို့ Tour Guide ကိုသွားပြောတော့ သူကအဲ့တာ
သူတို့နဲ့မဆိုင် ရဟတ်ကုမ္မဏီကလုပ်တယ်ဆိုပါတယ်..ကဲ..ဒီကလည်းစွာ တရုတ်မလည်းစွာ...😜
Guide ရဟတ်ကုမ္မဏီကိုဖုံးဆက်ပြီးပြော..ကိုယ်တခုသတိရမိတာက ရဟတ်အကောင်းစားအနီရဲရဲလေး
ကဆင်းလာတော့ ကိုယ်တို့ကိုသွားဖို့ တယောက်ကလွှတ်တာကို လူတယောက်က လမ်းဖြတ်တားပြီး
ခနစောင့်ခိုင်း သူ့လူတွေတင်..အဲ့တာလည်းပြောပြလိုက်တယ်..ကဲ..ငါတို့ဘယ်သူ့ဆီ ကွန်ပလိန်းတက်ရ
မှာလဲ..ပြူးတူးပြဲတဲကြတာပေါ့..ဒါနဲ့တယောက် 60$ နီးပါးလားမသိပြန်ရ...😁😂အဲ့လိုပါဆို............
သူတို့ထင်တာက အဖြူတွေဆိုရင် သုံးနိုင်တယ်ပေါ့..ကိုယ်တို့ကစုတ်တီးစုတ်ဖတ်များထင်နေလားမသိဘူး
အဝတ်အစားကြည့် လူမျိုးကြည့်ပြီး ဆုံးဖြတ်တတ်ကြတဲ့ဒီခေတ်ဒီခါမှာတော့ သိပ်ပြီးမထူးဆန်းလှပါဘူး
လေ..နော့်

 မစီးလိုက်ရတဲ့ နီနီလေး...😣😆
 ကိုယ်တို့ရဲ့စီးတော်ယာဉ်..
ကျန်တဲ့လူတွေစောင့်နေရတဲ့ ဒါတ်ရှင်ရုံ😇
ဒီလိုလေးပေါ့..မြေပြင်ညီညီကနေဘွားကနဲချိုင့်ဝှမ်းတွေတွေ့ရတာပါ



အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေ~~~
#meemeenage

3 comments:

  1. ပျော်စရာကြီး.....လိုက်လည်နေရသလို

    မိုးငွေ့

    ReplyDelete
    Replies
    1. မိုးငွေ့လေးကို
      သတိရမိ...
      အမြန်ရေးပေးအုံးမှ..
      လူကြီးကဂတိပေးပြီမတည်လေပြီ
      :P :D

      Delete
    2. မိုးငွေ့ရေ ကင်မရာထဲကပုံပြန်တွေ့လို့
      ပြန်ဖြည့်တင်ထားသေးတယ်..

      Delete