တလတပုဒ်လောက်တော့အနဲဆုံးပို့စ်တင်မယ်ဆိုပြီးဒူးနန့်နေတာ ပြီးခဲ့တဲ့လကပြန်စစ်တော့ မတင်ဖြစ်ဘူးဘဲ
လူလည်းမှတ်ဉာဏ်တဖြေးဖြေးအားနဲလာသလိုဘဲ ခဏခဏမေ့တတ်လာပြီ 😯😵 ကဲပါလေ အချိန်ရှိခိုက် လုံ့လစိုက်လို့ သွားထားတဲ့ခရီးထဲက တချို့တလေကို လာပြီး အာပလာလေး ဘာလေးပေးရတာပေါ့လေ...
ညနေကတဲကစခြစ်ထားရတညလုံးကျမယ်ဆိုလို့လေ |
ဒီလိုနဲ့ခရီးပေါင်းမြောက်များစွာ ပြီးအောင်မရေးဘဲ ဟိုလိုလိုဒီလိုလို လုပ်ခဲ့ပေါင်းလည်းများ...😁...........
ဒီတခါတော့ ပြည်တော်ပြန်မလို့ပါဘဲ အမေလည်းမရှိတာကတကြောင်း ကျားကျးရဲ့ခွင့်ကလည်း တဝက်စီ
ခွဲယူရတယ်တဲ့ ဒီတော့ အချိန်မလောက်၊ အဓိက ဘတ်ဂျက်နဲတာလည်းပါပေါ့ဗျာ..😏😌 အကြောင်းအမျိုး
မျိုးနဲ့ နီးနီးနားနား ကယ်လီဖုံးနီးယားဘဲ သွားရအောင်ဆိုပြီး ဒိုးကြတာပေါ့ကွယ်..သွားမဲ့နေ့မတိုင်မှီရက်က
နှင်းစကျတာဘဲ..နဲနဲနော်နော်မဟုတ်.. နှင်းမုန်တိုင်းဆိုဘဲ...ညကတဲကထထပြီး ကားသွားခြစ်ထားရတယ်။
မနက်ထရင် မမှီမှာစိုးလို့..။ မနက်ကျတော့ နှင်းတောထဲ ကားနဲ့လေယာဉ်ကွင်းနားက ကားထားတဲ့နေရာ အပြေးအလွှားသွား ဝတ်လာတဲ့ နှင်းဘွတ်ကြီးတွေ နှင်းကာတွေ ကားထဲချွှတ်ခဲ့။ လေယာဉ်ကွင်းရောက်
မနက်ထရင် မမှီမှာစိုးလို့..။ မနက်ကျတော့ နှင်းတောထဲ ကားနဲ့လေယာဉ်ကွင်းနားက ကားထားတဲ့နေရာ အပြေးအလွှားသွား ဝတ်လာတဲ့ နှင်းဘွတ်ကြီးတွေ နှင်းကာတွေ ကားထဲချွှတ်ခဲ့။ လေယာဉ်ကွင်းရောက်
တော့ ဒီလေး delay တဲ့ဗျ...လေယာဉ်ကရှိပြီး crew ခရူးတွေမရှိတာဆိုဘဲ..၂ နာရီကျော်ကြာသောင်တင်
နေတာပေါ့...
ပွတ်သူကပွတ် ငိုက်သူကငိုက် ငေးသူကငေးနဲ့ ကျေးဇူးတော်များနဲ့ပိတ်ရက်ဆိုတော့ ကြိတ်ကြိတ်တိုးလို့ အဲ့နားက Dunkin donuts ဆိုင်မှာဘဲ မနက်စာနေ့လည်စာအတွက် ဗိုက်အပ်ထားလိုက်ရတယ်ဗျာ...
ဒီလေယာဉ်လိုင်းက အဲ့မုန့်လေးနဲ့ အချိုရည်ဘဲတိုက်တာဗျ...
![]() |
ဘုတ်အုတ်ကြီးထဲမှာလည်း နိုတီတွေတက် လွန်ခဲ့တဲ့ ၃နှစ်က အဲ့ရက်မှာဘဲ Newark airport EWR ကနေ ပြန်တော်ပြန်ချိန်ဆိုဘဲ ပြောင်းပြန်သူရဲခြောက်မတတ်လူမရှိလိုက်ပုံများဗျာ.... |
လေယာဉ်ပါ်တက်ပြီးသိပ်မကြာချက်ချင်းဆိုသလိုထွက်တာဆိုတော့အိတ်တွေပါလာပါ့မလားဆိုပြီး ရင်က
တထိတ်ထိတ်နဲ့.. နောက်လေဆိပ်ရောက်ရော...လေယာဉ်အသေးလေးပေမဲ့ လှေခါးနဲ့မဆင်းဘဲဒီလို
လျောလျောလေးလုပ်ထားပေးတာ ဘယ်လိုသဘောကျမှန်းကိုမသိ..ကိုယ်ကဒူးနာနေတာလေ...။
ဒီကတောသား လေယာဉ်ပျံနားက သေတ္တာချပြီးဘယ်တဲ့နေရာမှာကပ်ရပ်စောင့်နေတာ အလုပ်သမားက တကယ်ယဉ်ကျေးတယ်..စိတ်မပူပါနဲ့ လေဆိပ်ထဲက အိတ်ယူမဲ့နေရာမှာဘဲစောင့်ပေးပါတဲ့.. ယူလာပေး
မယ်ဆိုဘဲ..
နဲတယ်ဆိုဘဲ..။ အဲ့လိုအေးဓါးမြတွေပေးသော ရွှေပြည်ကြီးပါရှင်....
ကိုင်း..ကားလည်းဌားပြီး ဒိုးကြစို့...
အော်..ဂျက်အသေးတွေအများကြီးဘဲ..ထေထေးတွေ ပင်လယ်ကမ်းခြေ အပမ်းဖြေလာကြတာနေမှာပေါ့
လေယာဉ်ကွင်းကထွက်တော့ သူတို့ညနေစောင်းပေါ့....
ဟော်တယ်လည်း လေဆိပ်နားဘဲ..သပ်ရပ်တယ်...ကော်ဇော်မပါတဲ့ အခန်းယူမယ်ဆိုပြီး အခန်းပြောင်း ရသေး...
ညစာကို အဲ့မြို့လေးရဲ့ တခုတည်းသော ထိုင်းဆိုင်မှာစားခဲ့တယ်..။
တကယ်ဆိုရင် ကိုယ်နဲ့ဆွေမျိုးမကင်းတဲ့(အဖေဖက်ကအင်းသားမျိုး) အကိုတယောက်ရဲ့သမီး တက္ကသိုလ် တက်နေတာလာတွေ့ရင်းပါ...
ရေချိုးခန်းကကျယ်ကျယ်ဝန်းဝန်းရှိသားဘဲ.... နောက်တနေ့အတွက်တိုင်ပင်ပြီး...အိပ်လိုက်ပါအုံးမယ်လေ
Santa Barbara ကနေ LA ကိုရထားစီးသွားတာ တနာရီကျော်ကြာတယ်..လမ်းတလျောက် ပင်လယ်ကမ်း
ခြေကိုမြင်ရတာနေထွက်စချိန်ပေါ့..အရမ်းကိုသာယာလှပတာဘဲဗျာ လေယာဉ်ပေါ်မှာတော့ ကမ်းခြေ တလျောက် တောင်ကြောပေါ်က အိမ်တွေ အံမခန်းလှပနေတာ ငေးမောကြည့်တာများ ဓါတ်ပုံတောင်မရိုက်ထား
မိဘူး...အော်..တေထေးတွေပေါ့...စူပါစတားတွေ မင်းသားမင်းသမီးအိမ်တွေနေမှာပါ့လေ...
ကဲ...နောက်တခါလာရင်...ဆက်အာလူးကြတာပေါ့ဗျာ....
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage
နောက်နေ့ခရီးစဉ်လေးရေးဦးနော်မမီး မျှော်နေမယ်...
ReplyDeleteမိုးငွေ့
ရေးရတော့မှာပေါ့..
Deleteအားပေးတဲ့
ပိတ်သတ်ကြီးရှိနေပြီကိုး..
အဟား...စထှာပါ...
တကယ်ပျော်စရာကောင်းတဲ့ခရီးစဉ်
ဖြစ်ခဲ့လို့ရေးဖို့စိတ်ကူးရှိနေတာ..
နံမည်ကြီးပင်လယ်ကမ်းခြေတွေ
ရောက်ခဲ့လို့လေ...
ခရော်မြှင့် အိုင်အီး အိုင်အီးတိန်း....ကဘာလဲလို့ သိချင်မိ။
ReplyDeleteနေထွက်ပုံတွေနဲ့ တိမ်တွေလှလိုက်တာမီးမီးရေ။
အိုင်အိုရာ
ဟီး...
Deleteသူတို့ကျမတို့
၂ယောက်နံမည်ခေါ်
ခရော်ဆိုတာ kyaw
အိုင်အီးဆိုတာ Aye
တိန်းဆိုတာ Thein
ဆေးခန်းတွေမှာလည်း
အဲ့လိုဘဲခေါ်ခံရ...
:P