Monday, January 29, 2018

ဟောဒီက..ပဲပြုတ်စစ်စစ်တော့..

မင်္ဂလာပါရှင်~~~




မြန်မာပြည်ကစားတော်ပဲရှင့် သေသေချာချာကြည့်ရင်အရွယ်မညီတာဘာညာကွီကွရောထားပေးရှာရတာခဲပါတာကကိုယ်တို့ရဲ့မဟာအမှတ်တံဆိပ်ပေါ့ရှင်။အညာသားတွေကပဲဘဲစားတယ်တဲ့လား...။ အိမ်ကအညာသားကြီးကို ရှမ်းခေါက်ဆွဲများ တုတ်ပြကျွေးရပေါ့။ ပဲဆိုရင်တော့ လာထားဘဲ..။ နေ့တိုင်းစားလည်းမရိုးနိုင်။ပဲမျီုးစုံလိုချင်တော့ အာချားဟဲဒေသ ခဏခဏကြွရတာအမောဗျ..။
ဒီတခါ ဒီဇင်ဘာသူအလုပ်ကိစ္စနဲ့ ပြည်တော်ပြန်တုံး ဈေးထဲက ပဲပြုတ်ပြုတ်တာ စားတော်ပဲလို့ခေါ်သတဲ့။ အဲ့ တာလေးတထုပ်ဆွဲခဲ့တယ်..။ အိမ်မှာ အာချားဟဲတို့ဆီက မပြုတ်ဖြစ်လို့ ရူံ့တွနေစပြုတဲ့ ပဲလေး အသာထား ခေါက်လို့ သူ့စားတော်ပဲလေးထုတ်ပြုတ်ပါတယ်။ စကားမစပ် ခင်ခင်တောသား စတော်ပဲကို ဘိုလိုခေါ်တတ် ဘူးရှင့်။ ၂ခုယှဉ်ကြည့်တော့လည်း မတူသလိုပါဘဲ..😀😂

မျက်မှန်အသေပင့်ကာဝင့်ဝင့်ပြီးကြည့်လည်း တူသလိုလိုမတူသလိုလို...။ ဒီက white bean, green pea တို့ကို အမြဲဝယ်ပြီး ပြုတ်တာဘဲ..အိုကေ..လို့..။
ကိုင်း ပဲလက်၂ဆုပ်လောက်ပြုတ်အုံးမှ..။ ခဲသလဲမရွေးဖြစ်တာအတော်ကြာ ခုမှတောအိမ်လေးပြန်သတိရ သလိုလို ဟိုနေရာလေးလွမ်းသယောင်ယောင်...အဟဲ...ခံစားမူ့တွေလည်းပေးတတ်ပါ့ ကိုစားတော်ပဲလေး ရယ်..ဟိုကလည်း ဘေးကနေ တွန်းအားပေးပါတယ် သေသေချာချာရွှေးနော်မိန်းမ ခဲဝါးမိရင် အရသာ၈ွမ်
ရော..ဆိုဘဲ..။ ရွှေးထားတဲ့ အမိူက်တွေကို မြန်မာပြည်အမှတ်တရသိမ်းထားရအောင်ပြောတော့ မျက်စောင်း
ထိုးတော်မူပါတယ်..😝😜
ပဲဆိုတာ အားလုံးမနူးရင် စားမကောင်း အရွယ်မညီတော့ ရေတညစိမ်ကတဲက ရွှေညာဏ်တော်တွေ ကွန့်ရ တာပေါ့လေ။မုန့်ဖုတ်ဆိုဒါနဲနဲထဲ့ရေစိမ်ပစ်လိုက်တယ်။ ပြီး အဝတ်ပါးနဲ့ရေစွတ်ပြီး အညှောင့်ထွက်အောင် ထားရတာလေ..။ ဒါကပထမတရက်ပြီးတော့ နဲနဲလေးထွက်လာတာ။
 ဒုတိယရက်ကျမှ လှတပတလေး ရှည်ထွက်လာပြီ..ကဲ..ပြုတ်တော့မယ်ရှင့်..။
ဘာမှထွေထွေထူးထူးမလိုပါဘူး..။ ဆီနဲနဲ ဆော်ဒါနဲနဲ ကြံသကာရည်(အီဖေကိုယ်တို့က ပြုတ်ပြီး အရည်စစ် ပုလင်းထဲထည့်ထားတယ်လေ) နဲနဲလောင်းထဲ့။ ဒါဆိုရပြီ...။ ကြက်သားမှုန့်တို့ အချိုမှုန့်တို့ဘာတို့သွားမထဲ့ 
လေနဲ့ အရသာတကယ်ဘဲဂွမ်သွားမယ်...။ ရန်ကုန်က ဟင်းချက်ဆရာ ဆရာမကြီးတွေချက်ပြနေတာ ကြက် သားမှုန့်ချည့်ဘဲထဲ့နေတာဘဲ။ ဘာအသားဟင်းဘဲဖြစ်ဖြစ် သေချာတာက သူတို့လျှာက အရသာစစ်စစ်ဘယ်
လိုမှ မသိနိုင်ဘူး။ ဒီတော့ သူတို့ဟင်းတွေ အရသာကောင်းမယ်လို့မထင်ဘူး..ဟီးဟီး...ပြန်ကြားရင် မယ်ငီး
ကိုဝိုင်းကလော်ကြမှာဘဲ...။

သေချာတာက မနေ့တနေ့ကမှ ချက်ပြုတ်တတ်လာပြီး အရသာတဖက်ကမ်းခပ်ကောင်းအောင်လည်း ချက် တတ်လေသူကြီးကမယ်ငီးပေါ့...ရှင်..။ (ကိုယ့်ကိုယ်ကိုဖော် မသူတော်ကြီးလေ.............😁😂😝) ဒီလိုအရသာကောင်းတဲ့ပဲပြုတ် ပြုတ် တတ်ဖို့  ၇ နှစ်ကြီးများတောင် ပြုတ်ပစ် ပြုတ်ဝဲ ခဲ့တာတွေတော့ အသာလေးမေ့ထားပြီး ကြွားတာ အရသာရှိထှာ...တကယ်တော့ အလုံးသေးသေးလေးတွေက ပိုစား
ကောင်းနေသလိုပါဘဲ...။

ဟောဒီက!!! ပဲပြုတ်ပူပူလေးရှင့် .....ထမင်းနဲ့နယ်ရင် ပဲထမင်း ။ ထမင်းကြမ်းခဲလေးနဲ့ကြော်ရင် ပဲပြုတ်
ထမင်းကြော်။ အာချားဟဲတို့ဆီကနံပြားနဲ့ပဲပေါ်ဆီဆမ်းဆားဖြူးရင် ပဲနံပြား။ ဟောင်ကောင်ဆိုင်က အီကြာ
ကွေးနဲ့စားရင် ပဲအီကြာ။ မုန့်ဟင်းခါးထဲညှပ်ထဲ့မလား ဆန်ပြုတ်နဲ့စားမလား...ထိုဖူးနွေးနဲ့အုပ်လည်းရ..
ကဲ..ဘာလိုသေးလည်းရှင် လောကမှနေတတ်ရင်လည်း ကျေနပ်စရာတွေအများသား...

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage

Ps...India ကပဲမဝယ်တာစိတ်မကောင်းမဖြစ်ပါနဲ့ ပဲကိုထုတ်ရင် သဲမပါခဲမရော အရွယ်အစားညီအောင်ရွှေး
ဒါဆိုရင် ပဲဈေးက တသက်မကျဘူးရှင့်...လူတိုင်းစားပါတယ်..ကဲ..အရာကြီးလေသံလည်းဖမ်းတတ်ပါ့တော်
😅😆😁😂😎😋😉


Monday, January 22, 2018

ချက်စားဝယ်စား ၁ဝ

မင်္ဂလာပါရှင်~~~
နှစ်သစ်ကစလာတာလည်းအတော်ကြာ..ဒီအချိန်မှထပြီးနှစ်သစ်မင်္ဂလာဆုတောင်းရအောင်လည်း မဖြစ်ချေ
ခရီးသွားတွေလည်း မှတ်ညဏ်ကအိပ်ပျော်နေတာ မနဲပြန်လူပ်နိုးရအုံးမယ်။ ဒီတော့ အေးရာအေးကြောင်း
စားသောက်ဖက်လှည့်အုံးမှ....

၂ဝ၁၇ ပြန်တုံးက ၄လတိတိဝါးခဲ့တာတွေတင်အုံးမှ တောစာတွေပေါ့ရှင်...တချို့လည်းကိုယ်တိုင်ချက် တခါခါ
လည်းသူများလာပေးတာ ဆိုင်ကနေဝယ်လာတာ..ဒီလိုနဲ့..စားခဲ့သောက်ခဲ့တာပါ...
ဒါကတော့ ပြန်တိုင်းအမြဲစားဘဲ..ခေါက်ဆွေ့( ထမင်းကိုမာမာလေးချက်ပြီး ကြံရည်လေးနဲ့)
ဒီဆန်ကိုတော့ မနောဟရီဆိုတဲ့ဗမာဆန်သုံးတတ်တယ်။ ခပ်မာမာလေးချက်ပြီး ရေအေးနဲ့ အထပ်ထပ်ဆေး ပြီး လတ်လတ်ဆပ်ဆပ်ကြိတ်ထားတဲ့ ကြံရည်နဲ့ စားတာမြေအိုးထဲထည့်ထားတော့ မြေအိုးနံ့လေးအေးအေး
မွေးမွေးလေး တကယ်ကြိုက်တာ...
 
ကျိုင်းတုံ စပါကက်တီကြော်...ဟားဟား..ခေါက်ဆိန့်ကို ဆနွမ်းများများနဲ့ကြော် ပဲပုပ်ချဉ်ရည်လောင်း ဆလပ် ရွက်များများနဲ့ မြေပဲဆံနဲ့ ငရုပ်သီးနဲနဲဖြူး ..အိုးလာလား..အီတလီမင်းသားတွေ ထိုင်ငိုသွားစေရမယ်😁

ပွဲတွေလည်းများ ပွဲသွားပြီးရင် ဒီလိုလေး..တတွဲလောက်ဟဲရသေး..ဝက်သားချဉ်...နေ့ဆွမ်
ဒါကအလှုမှာ..ခေါက်ဆိန့်ကျန်..ဝက်ခေါက်လေးနဲ့ ကောက်ညှင်းပါမှပြည့်စုံ...
တူမလေးက မီးနေသည် ကြားထဲမှာနေမကောင်း..သူမစားလို့ အတင်းဖြစ်ညစ်ကျွေးရတာ ည၉နာရီကျော်မှ ဆာလို့တဲ့..အိမ်ရှေ့ က 21 cafe ဆိုင်ကနေမှာတာ ကြက်ဥခေါက်ဆွဲကြော်လို့ မှာလိုက်တာ အဲ့လို ကြက်ဥ ကသပ်သပ် ခေါက်ဆွဲကလည်းကြက်ဥပါ..အဟီး..စားရတာ မဆိုးပါဘူး..
မယ်ငီးတို့အိမ်က အဲ့ဒီအချိန်မှာ မီးနေသည်လည်းရှိ မမကဆိုင်ကယ်တိုက် လည်ပင်းခွဲ အန်းပီး...တူလေးက အစာအိမ်ယောင်လို့ ဆေးရုံဆင်းစ..လေဖြတ်နေသောအမေအိုလည်းရှိ ဆိုင်ကလည်းဖွင့်သေး ၂နှစ်သား ခလေးနဲ့ အနီးထုပ်ခလေးလည်းရှိ..ဖယားယား..မယ်ငီး ခါးထောင်းကျိုက်ပြီး လုပ်ရတာများ မြင်စေချင်လိုက် တာ..အဲ့တာနဲ့ အဒေါ်က သူ့အမအတွက်(ကိုယ်တို့အီးမယ့်ပေါ့) နေ့တိုင်းနီးပါး ဟင်းပို့ပါတယ်)
တချီု့ဟာတွေ ဘာဟင်းမှန်းတောင် မယ်ငီးမသိ...ချိုင့်ရောက်လာရင် ခူးခပ်ပြီး အိမ်ပေါ်တင်ပေးလိုက်တာ...တကဲ့ရှမ်းဟင်းတွေပါ..ဖတ်ဟိ့ ဖတ်ဆန်..အမေကြိုက်လို့ခဏခဏလာပို့တယ်။
ကျိုင်းတုံမှာတော့ လော့ထင်းလူ ထမင်းဆိုင်ကနံမည်ကြီး...
အရင်က ကိုယ်တို့အိမ်မျက်စောင်းထိုးမှာခေါက်
ဆွဲဆိုင်လည်းဖွင့်သေးတယ်။
ခုတော့ တရုတ်ထမင်းဟင်းဆိုင်ပေါ့ သူငယ်ချင်းလာလို့
အဲ့မှာ သွားစားတာ သူများတွေ လာမှာတဲ့
ထမင်းကြော်နဲ့ ခေါက်ဆွဲကြော်..တဲ့...
ကိုယ်တို့ကဝက်စတူးနဲ့ကန်စွန်းရွှက်ကြော်မှာပါတယ်..အသေ ဆီများတာဗျာ..ကြိတ်မှိတ်ပြီးစားရတယ်..😆
 နောင်တုံကန်နားကစားသောက်ဆိုင်သွားတာ မိုးတွေရွှာလို့ စားလို့လည်းမကောင်း..ဟီး..
ဘာဘဲဖြစ်ဖြစ်ဈေးထဲက ကိုယ့်တပည့်လေးရဲ့ ခေါက်ဆွဲအကောင်းဆုံးပါ...ဂျုံ ဖက်ထုပ်ဝက်သားခေါက်ဆွဲ
ဝက်သားပေါင်း..ဌက်ပျော်ဖက်နဲ့ဝက်သားတောက်တောက်စင်း ကြက်သွန်မိတ် ကြက်ဥထဲ့ပေါင်း.. စားလို့ကောင်းပေါ့...
ဒါကမုန့်ကြွပ်ခေါ်မလား..ဒီကကျိုင်းတုံသူဇာများအဆန်းထွင် ပဲပုပ်ချဉ်ထဲ့ ငရုပ်သီးထဲ့ စားကြသတဲ့....စားပြီး အဘားအဘား အော်ပေါ့...ခေါက်ခပ်.
ဒီဟင်းက တခါကလည်းရေးဖူးပါတယ်..ကိုင်ခုံမ်..ဆိုတာ..အသီးအနှံ၉မျီုးထဲ့ချက်တဲ့ ဟင်းရည်..ငရုပ်သီးပင် အကိုင်းသေးသေးပါထဲ့ရတယ်..


အီဖေကိုယ်ဝက်ခေါက်ကြော်တာ..ဆီမပူခင် ထဲ့ရတယ်... တကယ်စိတ်ရှည်မှ စားကောင်းတာ ကြွပ်တာ ရတယ်။
 စွယ်တော်ရွက်ကြော်..မိုင်လက်ရာပေါ့...ပဲပုပ်မုန့်နဲနဲခပ်ရတယ်..
 ငရုပ်သီးထောင်းတဲ့..ဝယ်လာတာ..
 ဈေးရောက်ရင် ကြုံရင်ကြုံသလို ဆွဲတီးရတာဘဲ...ဟဲဟဲ
ဒီဟင်းကိုတော့ ဗမာလိုမခေါ်တတ်..ဖတ်ခီလိတ်..ချဉ်ပြုံးပြုံးအရသာ ဝက်သားသုံးထပ်သားနဲ့ချက်ရတယ် တဲ့။
ကမ္ဘာအေးဘုရားရောက်တော့ ခေါက်ဖိန်း(ဆန်ထိုဖူး)သည်တွေ့တာနဲ့ ဝယ်စား...
ဒါကခေါက်ဖိန်းထိုလင်...မြေပဲထိုဖူးသုပ် ကိုယ်တို့ဆီကအသုပ်ဆိုရင် အရည်လည်းပါတယ်..။ နောက်ဆုံးမှ အရည်မော့သောက်လိုက်ရင် ဂွတ်..ပေါ့ရှင်...
အစပ်ပြေ..ဒီလိုမုန့်လည်းရှိတယ်..ခေါက်လောက်နား..အနောက်နိုင်ငံကမုန့်လို့ပြောနိုင်ပေမဲ့ ကိုယ်တို့မွေး ကတဲကစားခဲ့တဲ့မုန့်တခုပါ...
ဒါကတော့ ဆန်ပြားခေါက်ဆွဲကြော်..ကိုယ်တို့ဆီကစတိုင်ကလာခဲ့.ဘာဘဲဖြစ်ဖြစ် အရွက်ပါမယ်...ဟီးဟီး
 ဝက်သားချဉ်ကင်တဲ့...
 ဒါကကျိုင်းတုံဟမ်ဘာကာ..😁😘😜 ကောက်ညှင်းကင် ပဲပုပ်ချဉ်နဲ့...
 ဒီလိုလေးတွဲစား...နေ့လည်နေ့ခင်း...
အကောင်းဆုံးကဂလိုထိုဖူးနွေးပေါ့....အသားမပါဘူး...

ကိုင်း...နှစ်သစ်မှာ အစားအသောက်နဲ့စလို့...အစားအသောက်များများရေးရအောင်လမ်းစရှာတာ..😆😁

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage