Friday, December 22, 2017

Wat Huai Pla Kang ဆင်စခန်း ရေပူစမ်း

မင်္ဂလာပါရှင်~~~
ဒီနေရာ ကနေကျေးဇူးပြုယူထားတာအဝေးကနေရိုက်မှ ၃ နေရာလုံးပါမယ်လေ
ဒီတခါတော့ နှစ်မကူးခင် ကျိုင်းရိုင်းဖက်အမြန်ဆုံးပြန်ခေါ်သွားလည်ရအုံးမယ်။ ကြာရင်လည်း ဒီကမေ့တတ်
အစီအစဉ်တကျပြန်ပြောတတ်တော့ဘူး..။ ကဲ..လည်လည်သွားရအောင်။ ကျိုင်းတုံဖက်ကနေကားလေးနဲ့
သာလာပါလေ..။တာချီလိတ် နယ်စပ်တံတားထိပ် မယ်ဆိုင်မှာ မပုတင်ပြပြီး ဘုရားဖူးပြီး လိပ်ဥတူးမယ် လို့ သာပြော ဘတ်ငွေတွေပေးလိုက် ဟိုကတံဆိပ်တုံးထုပေးပါလိမ့်မယ် 😉😋
ကိုယ့်ဖာသာကိုယ်ရီုက်တော့ အဲ့လိုပုံဘဲထွက်နိုင်တော့တယ်
နယ်စပ်ကနေဝင်ပြီး ကျိုင်းရိုင်း ကျိုင်းမယ်သွားလည်ကြမယ်ဆိုရင်၊ မပါမဖြစ် မယ်ဆိုင်တဝိုက်ကဈေးတန်း ရွှေတြိဂံ မယ်ဆိုင်ကတောင်ပေါ်ဘုရား(အဲ့တာကအပြန်ခရီးမှရေးပါအုံးမယ်) ပြီးရင် ကျိုင်းရိုင်းဘုရားဖြူ
နောက်ဘုရားအများကြီးပါ ဘုရားတွေမလည်ချင်ရင်တော့ Singha Park(ကိုယ်တော့ကြိုက်တယ်) ဆင်စခန်း ရေပူစမ်း အခုပုံထဲက Wat Huai Pla Kang ပြီးရင် black house ဒါတွေသွားလည်သင့်ပါတယ်
ခုနောက်ပိုင်းမှခေတ်စားလာတဲ့နေရာ သူတို့ဖန်တီးပြီး ခရီးသွားတွေကိုဆွဲဆောင်တဲ့နေရာ..တွေဆိုပါစို့..
Wat Huai Pla Kang က မူရင်းနံမည်ပါ။ နောက်တော့ ဦးစီးပြုပြင်တည်ဆောက်တဲ့ ဆရာတော်က တရုတ်စပ်ဖြစ်သလို သူ့ဒကာတွေကလည်းတရုတ်တွေများတယ်။ ဆရာတော်ရဲ့ အကြောင်းစုံကို လင့်ထဲမှာ
သွားဖတ်နိုင်ပါတယ်။ ဆရာတော်ရဲ့ လက်ကိုင်မူတခုက “Nothing is more important than helping”
ဆရာတော်သူကိုယ်တိုင်လည်း အလှုအဒါန်းအင်မတန်ရက်ရောပါတယ်။ ကိုယ်တို့ မြို့ထဲကလမ်းမတန်းနား ဖြတ်သွားချိန် မုန်လာထုတ်တွေ အလကားဝေနေတာတွေ့မိတယ်။ ဘယ်သူဝေမှန်းမသိ။ နောက်မှ သိရတာ
ဆရာတော်က ကီလိုချိန်တသန်းအလကားဝေပေးတယ်တဲ့။ ဆရာတော်က ၃၈ နှစ်မှာ သာသာနာဘောင် ထဲစဝင်ပြီး ဘန်ကောက်နားက ရာ့ချ်ဘူရီဒေသမှာ သီတင်းသုံးတာပါ။ နောက် ကျိုင်းရိုင်းဒေသဖက်ရောက်
လာပြီး ဒီနေရာမှာ မူရင်းစေတီဟောင်းလေးပြန်ပြုပြင်ပြီး ဆရာတော်ရဲ့ပြင်းပြတဲ့စိတ်စေသနာနဲ့ နောက် လိုက်ဒကာအပေါင်းတို့ သဒ္ဒါတရားကြောင့် ခုလိုကြီးမားတဲ့ ကွမ်ရင်မယ်တော်ပုံနဲ့ နဂါးစေတီ ၉ထပ်ကျောင်း
ပေါ်ပေါက်လာရတာပါဘဲ။ ညနေခင်းချိန်သွားတာအကောင်းဆုံးပါ အပေါ်ကနေအားလုံးကိုစီးမြင်ရတဲ့ အရသာ လေအေးတွေတိုက်လို့ တရားရိပ်ဘုရားရိပ်ရဲ့ အေးချမ်းတဲ့အရသာ အပြည့်အဝခံစားရမှာပါ။
 ဘုရားပုံတွေ ရူခင်းပုံတွေ ပြန်ရှာတာ..လုံးဝမတွေ့...
 ဒီတော့ အဖွားအိုလေးပုံဘဲ ညည်းခံပေါ့နော်..😂😎
ကဲ..ဆုတောင်းမယ်..လိုက်ဆိုကြ..တရုတ်ဘုရား နဂါးမင်းအပေါင်းတို့ ကံကောင်းခြင်းများတပည့်တော်ထံယူ
ဆောင်လာပေးကြပါ... 😊👏
အင်း..ရေးရင်းနဲ့ဆင်စီးတာကနောက်ရောက်သွားတယ်..အဲ့လိုပါဆို... ဆင်စီးပြီးမြင်းရံတယ်ဆိုလို့ ဆင်စီးရ
မလားမစီးရင်ကောင်းလား..လားပေါင်းများစွာ ဂယောင်ဖြစ်ချိန်..ဆင်ဟာဘီယာပန်းခြံမှာတွေ့ခဲ့တဲ့ရှရှားကြီး
နဲ့ ကိုယ့်မိတ်ဆွေတသိုက် အဖွဲ့ကြလာတယ်။ ဆင်စီးဖို့ကြတော့ သူတို့က မစီး၊ ကိုရှရှားကြီးတယောက်ထဲ၊
မယ်ငီးကို သွားစီးပြောပြီး တွန်းလိုက်တာနဲ့ ဆင်ပေါ် ဖင်မပေါ်ဘဲ(အဲလေ..ဘောင်းဘောင်း ဝတ်ထားတာ ကြီးကို...) ရောက်သွားပါလေရော...
ဒင်းမပါအောင် ဆယ်ဖီဆွဲရသေး...သူ့အင်းဂလိတ်ကြီးက တကယ်ကြီးကိုလိတ် ကိုယ့်ပဲပုတ်ငပိအင်းဂလိတ်
နဲ့ရောချ သူ့ကိုငါနားမလည် သူကငါ့နားမလည်နဲ့ တနာရီတိတိ အမေရိက ရှရှားနိုင်ငံရေး တုပ်ကြတာဗျား.. ယုံချင်မယုံချင်လည်း ပုံပြီးသာ ယုံလိုက်ပါမိတ်ဆွေ😂😆😅 သူကပူတင်နဲ့ ပြောင်းဖူးမွှေး(ထရမ့်) ၂ ယောက်လုံးကြိုက်ဘူးတဲ့..ဒါတော့ နာ့နဲ့တူပြန်ရော..ဟီး
ဒီဗီဒီယိုတိုလေးက ဆင်လူပ်တုတ်တုတ်ပေါ်ကနေရိုက်သမျှထဲမှာတော့ အကောင်းဆုံးပါဘဲ။ ရှရှားကြီးကို
broken ဘိုစကားနဲ့ဖောရသလို ဆင်ထိန်းကိုပါ့ကညော်လေးကိုလည်း တောထိုင်းစကားနဲ့လှမ်းအာရသေး
 လမ်းမှာတွေ့သမျှ ဓါတ်ပုံရိုက်ဖို့က ကိုယ့်တာဝန်..
  ဆင်သွားရာလမ်းဖြစ်တယ်ဆိုတာ အမှန်။ တောင်ပေါ်တက်လိုက် ရေထဲဆင်းလိုက် မြို့ထဲဝင်လိုက်..
ဆင်မောင်းသမားက ကရင်..ဗမာစကားတတ်လားမေးတော့ ထိုင်းမှာမွေးတဲ့ ကရင် ဗမာမတတ်ပါ..တဲ့
 ကိုယ်ကသာဆင်စီး..သူလေးက ဆိုင်ပေါ်ခွနေရော...
ကိုင်း..ရေပူစမ်းလည်းသွားလိုက်ကြသေးတယ်..လမ်းသင့်လို့ဝင်တာပါ...၂ဝနှစ်ကျော်ကာလက အဲ့လိုကြီး မဟုတ်နေတာအမှန်...
လောကမှာ မပြောင်းလဲတဲ့အရာမရှိဘူး ဆိုတာ..မယ်ငီးနားလည်ရင်ကောင်းမှာ..တကယ်ဆိုပြောင်းလဲနေမှ
သဘာဝကျတာလေဟယ်..
 ကဲ..ကိုယ်တို့ဆီမှာတော့ ကြက်ဥပြုတ် ငုံးဥပြုတ် သူတို့ဆီမှာ ကန်ဇွန်းဥမီးဖုတ် ပြောင်းဖူးပြုတ်..
 ရေပူစမ်းဆိုတာက တရုတ်မများ ခြေပူစိမ်ကြတဲ့နေရာဘဲ...နော်...

မိတ်ဆွေများသွားလို့ အဲ့လို အငွေ့တထောင်းထောင်းနဲ့တွေ့ရင် ခြေဝင်သာစိမ်ခဲ့ပါ...ညဟော်တယ်ရောက်ရင်
ခြေထောက်ဆေးစရာမလို... 😍😜

ကဲ..ရေးတော့လည်း တနာရီအတွင်း ဟိုနားပြန်ရှာဒီနားပြန်ညှပ်ကပ်နဲ့ ခင်ခင်လော တဖြစ်လဲ မယ်ငီး ၂ဝ၁၇
ကနေနူတ်ဆက်ပါရစေ..နောက်နှစ်ကျတော့ များများလေပေါကြတာပေါ့လို့...

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage

2 comments:

  1. Hello meemee! how are you? Merry Christmas!

    ReplyDelete
  2. I am fine thank you,
    Merry Christmas and happy new year to you too.

    ReplyDelete