Friday, October 27, 2017

Singha Park,Chiang Rai

မင်္ဂလာပါရှင်~~~
ဆင်ဟာဘီယာဆိုရင် အားလုံးသိကြတယ်။ ဆင်ဟာကုမ္မဏီကတကယ်တော့ မြန်မာနဲ့သိပ်ရင်းနှီးတာပေါ့..
နော့်။ အခုသူတို့က မြန်မာနိုင်ငံက အရက်ဈေးကွက်တခုလုံးနီးပါးချုပ်ကိုင်ထားနိုင်ပြီလို့ဆိုတယ်။ သိပ်မကြာ ခင်ကဘဲ သူတို့မြန်မာပြည်ရဲ့အဓိက အရက်အချိုရည်ဈေးကွက်ကြီးကိုထိန်းချုပ်ထားတဲ့ ကုမ္မဏီကနေ
ရှယ်ယာတွေအများကြီးဝယ်ထားလိုက်ပြီလို့သတင်းရပါတယ်။ ဒါကတော့ သူတို့ဘယ်လောက်ကြီးမားတဲ့
ကုမ္မဏီဆိုတာပြောပြချင်လို့..ခြေလေးဆင်း..အဟဲ...တကယ်ကြီးကို..ကြီးပါတယ်..။
အဝင်ဝမှာ ဓါတ်ပုံရိုက်ဖို့ ကားထားတဲ့နေရာကနေပြန်လျောက်ရင် တမျှော်တခေါ်ပေါ့..ဒီတော့..မှန်ပြောင်း
ကိုရှည်ခိုင်းလိုက်..ပြီးဆွဲရိုက်..သက်သာချက်..အဲ့တာ..အဝင်ဝနားက သူတို့logoပေါ့ဟယ်...။
စက်ဘီးဌားရင်လည်းရတယ်..။ သူတို့ကားနဲ့လည်းရတယ်။ ကိုယ့်ကားတော့မရဘူး။ အထဲက စားသောက်ဆိုင်ဘဲသွားမယ်ဆိုရင်ရတယ်တဲ့။
ကိုယ်တို့ကတော့ သူတို့ဆီကကားနဲလည်လည်ထွက်ခဲ့ကြတယ်...
တံခွန်တိုင် ကုက္ကားတွေတွေ့ရင် ရှမ်းတွေရဲ့ထုံးစံလို့ဘဲမှတ်..း))) ရှမ်းပေါင်းမြောက်မြားစွာရှိတာ.. ကျိုင်း ရိုင်းမှာနေတဲ့ ခွန်းမိန်း(ဒေသအခေါ်) ထိုင်းဆိုတာကကျနော်တို့ ခင်ဗျားတို့သိတဲ့ ထိုင်းနဲ့အများကြီး ကွာခြား ပါတယ်ဆိုတာ..သွားလည်ရင်သိပါလိမ့်မယ်..(နို့မို့ရင်လည်း google နဲ့ရှာဖွေပါလေ) 😁😀😅😆
ပန်းခင်းတွေအနီးကပ်ကြည့်တော့ ပန်းအိုးတွေကိုစီပြီးချထားတယ်..။အဲ့လိုမျိုးလေးကြိုက်တာ..တမျိုးကညိုး
သွားပြီးရင်တခြားပန်းတွေပြန်စီထား..DECORATION ဆိုတာအမြဲပြောင်းလို့ရမှ ရှင်သန်လှပမှာပေါ့နော့်

အာရှတိုက်ရဲ့ မတ်လဆန်းချိန်ဆိုတာ လေပူလေးတချက်ချက်ဝှေ့ပြီး သစ်ရွက်တွေကြွေချိန်ပေါ့...
သူတို့မြေအကျယ်ကလည်း အားရစရာ ဧက ၃ဝဝဝကျော်...ကိုယ်တော့ နောက်တခါဆိုရင် စက်ဘီးဘဲစီး မယ်...
မောရင် သူတို့စားသောက်ဆိုင်မှာသွားထိုင်စား..ဇိမ်ဘဲ..တောင်ကုန်းထိပ်မှာ..
ကိုယ်တို့မရောက်ခင် ၂ပတ်လောက်က အဲ့ပန်းအဝါလေးတွေ ပင်လုံးကျွတ်တဲ့...လှလိုက်တာတဲ့...
အဲ့ဒီအဒေါ်ကြီးပြောပြတယ်..။ ကျိုင်းတုံဖက်က အားခါတိုင်းရင်းသားတယောက်ပေါ့..သူလက်ညှိးထိုးပြပါ
သေးတယ်..အဲ့နားက လူတွေအားလုံး သူတို့လူမျိုးတွေပါဘဲတဲ့...။

ကဲ...သူတို့ကားနဲ့ Park တခုလုံး သွားလည်တယ်ဆိုတာက သူတို့ရပ်ပေးတဲ့နေရာကြရင် ဆင်း..ကြည့်.
မြည်းစရာရှိမြည်း..ပြီးဝယ်ပေါ့..ဒါကစတော်ဘယ်ရီခြံတဲ့...
ကြိုက်သလောက်ခူးတဗူးဘယ်လောက်နဲ့ပေး..အခင်းထဲဝင်ခလည်းပေး...
ဝင်ပြီးဓါတ်ပုံရိုက်ကြ ခူးကြ စားကြ..
ကိုယ်တွေတော့ အထဲမဝင် အပြင်က စတော်ဘယ်ရီပင်ကြီးတွေနဲ့ ပဲပေးခဲ့တယ်...😝
တောင်ကုန်းထိပ်မှာ ဖရုံသီးတွေ တွေ့လို့..စကားမစပ်..မယ်ငီးဖရုံသီး အရမ်းကြိုက်ဘဲ ကြော်စား (ဘူးသီးကြော်လို)  ချက်စား soup လုပ်စား အားလုံးလုပ်တယ်..။စားတယ်..😘 အရေးထဲ အစားငမ်း
ကြောင်းလေးကပါသေး..

လက်ဖက်တောတခုလုံး..
 ကိုယ်လည်း သူတို့လက်ဖက် တဗူးဝယ်လာသေးတယ်

သူတို့စိုက်ခင်းကထွက်ရင် အော်ဂဲနစ်တွေချည်းပါဘဲ...လတ်လတ်ဆတ်ဆတ်..
ရှိသမျှ စားပင်အမျိုးစုံရှိတယ်..
စိုက်ခင်းတွေကြည့်ပြီး အားကျတာ..နော်..
အပင်တွေကို အိတ်နဲ့ဘဲစိုက်ထားပေမဲ့ အသီးတွေက သန်လိုက်တာ...
ဒီသစ်ကုလားအုတ်တသိုက်နဲ့.. ၁၂ လက်မတပေ ၃ပေ ငီးငီး အကြောင်းပြောရအုံးမယ်..
ဌက်ပျော်သီးတတောင်းဝယ်ပြီး ကျွေးတာဘဲ..သူ့လည်ပင်းကြီး ပြတ်ထွက်မတတ် ငုံပြီးယူတာ...ဒီက..
ခင်ခင်နှမလည်း ခြေထောက်အစွမ်းကုန်ပင့်မပြီးပေးတာဘဲ..၃လုံးလောက်အောက်ပြုတ်ကျတယ်..အဲ့လို...
ပါဆို...သူတို့က အပင်တွေရော တိရစ္ဆာန်တွေရော..အများကြီးရှိတာ...

ဒီနွားနောက်..တွေကလည်း..အော်လိုက်တာ...ကြောက်စရာ အနားကပ်ပြီး ဓါတ်ပုံရိုက်တာ ကြောချမ်းဗျ...
မြင်ရာတွေ့ရာ..ရိုက်တာဘဲ..ဗီဒီယိုတင်တာ...တင်လို့မရဘူး...
စာရင်းချုပ်ရင်တော့ဗျာ..ရောက်ခဲ့ရင် ဝင်လည်ကြပါ..။ကြည်နူးစရာ စိတ်ချမ်းသာစရာ လေကောင်းလေသန့်
ရလို့..တခြားကြည့်စရာ တွေလည်း အများကြီးရှိပါကြောင်း...ခပ်သွက်သွက်လေးနူတ်ဆက်ပြန်လိုက်အုံးမယ်
နော်....
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage

6 comments:

  1. အမပို့စ်တွေ ဖတ်ရတာ ပျော်ဖို့လဲကောင်းသလို ဗဟုသုတလဲ ရတယ်။ အလုပ်မှာ အားရင် ဟိုးအရင်က ပို့စ်အဟောင်းတွေ လိုက်ပြန်ဖတ်နေတာ။ အမရေးတာတွေဖတ်ပြီး ကျိုင်းတုံတစ်ခေါက်လောက်တော့ ရောက်ဖူးချင်သား။ တစ်ခါမှတော့ ဝင်မမန့်ဖူးဘူး။ အမှားပါရင် ခွင့်လွှတ်ပါ။ ပို့စ်အသစ်တင်လို့လဲ ကျေးဇူးပါ။

    မီးမီး...စကားမစပ် ညီမနာမည်လဲ မီးမီးပါ။ :)

    ReplyDelete
    Replies
    1. ကျေးဇူးပါညီမလေး..
      ကိုယ်လည်းခုတလောကျမ်းမာရေးကြောင့်
      သိပ်မရေးဖြစ်တာပါ..။
      ဒါပေမဲ့လည်းတခါခပြန်ကြည့်ရင်
      မြန်မာပြည်ကဝင်ကြည့်တာ
      အများကြီးတွေ့ရလို့..
      အော်..လာဖတ်သူတွေရှိသေးတာဘဲဆိုပြီး
      ကမန်းကတန်းထရေး
      အားတင်းရေး..ပေါကကွယ်..
      ဒီတခါလည်း..အမြန်နူန်းနဲ့ဘဲ
      ဒုန်းဆိုင်းရေးတင်လိုက်တာပါ...
      နောက်..ကျိုင်းတုံအကြောင်းလည်း
      ရေးပါအုံးမယ်...
      အမှားတွေပါရင်လည်း..
      ကျမကိုပြန်ခွင့်လွှတ်ပေးအုံးနော့်...

      Delete
  2. နေကောင်းရဲ့လား
    စန်းထွန်း lupus ထဲက လန့်နေတာ မီးမီးလည်းလူးပပ်စ်ဆိုတော့ စိတ်မကောင်းဘူး
    အတူလည်သွားပါတယ်
    ရှမ်းဟင်းလေးတွေတင်အုန်းနော်

    ReplyDelete
  3. ဟုတ်..မအိုင်အိုရာ..
    နဲနဲသက်သာလာပါပြီ..
    မိုးရွာမိုးအုံ့ရင်တော့၊အရမ်းကိုက်ခဲဘဲ..
    ဆရာဝန်ပေးတဲ့ဆေးသာမက
    စန်းထွန်းလာပေးတဲ့ Supplement ထဲက
    Life Extension ထုတ်တဲ့ ဆေးနဲ့
    ဆရာမကြီးDr ခင်နွယ်ဝင်းပြောတဲ့အတိုင်း
    ဆနွန်းနဲ့ငါးကြီးဆီ ဆိုတာတွေရော
    အားလုံးသောက်တယ်..။
    တော်တော်အဆင်ပြေတယ်..။
    fb ထဲမှာတော့ To be better health
    youtube မှာ Daw Khin Nwe Win
    အဲ့တာလေးတွေနားထောင်
    စာဖတ်ပြီးတချို့တွေလိုက်သောက်ကြည့်တာ...
    ရှမ်းဟင်းတွေချက်စားပြီး
    ဓါတ်ပုံမရီုက်မိတာ..
    နောက်ပြန်ရိုက်ပြီးတင်အုံးမယ်နော့်
း)))

    ReplyDelete
  4. ကျေးကျေး
    ရှမ်းတိုဟူးစားချက်နေတာအရမ်းခုတလော
    သက်သာတယ်ဆိုလို့ ဝမ်းသာတယ်
    ကိုယ်လည်း ဆရာမကြီးဒခနဝ ပရိဿတ်ဘဲ

    ReplyDelete
    Replies
    1. အော်...
      ဟုတ်လား..
      ခုတလောဆရာမကြီး
      စာတွေတော်တော်ပြန်ရှာဖတ်မိနေတာ

      Delete