Friday, August 18, 2017

စော်ဘွားဈေးနေ့(ကတ်ကောင်-ဈေးဟောင်းနေ့)

မင်္ဂလာပါရှင်~~~
မယ်ငီးလောကမှာ အရသာအရှိဆုံးက ကိုယ့်မွေးရပ်မြေအကြောင်းရေးရပြောရတာပါဘဲ..။အဲဒီထဲမှာမှ...
ဈေးထဲကစားစရာသောက်စရာတွေဆိုရင်တော့ဖြင့်..အိုး...ဘယ်ပြောကောင်းလိမ့်ပါ့မလဲရှင်....ကဲ...
သွားကြည့်ရအောင်..ကျိုင်းတုံက စိုင်းလုံတို့တသိုက်ဘာတွေစားသောက်ကြလဲလို့... 😁😆😋
( March လတုံးက ကြုံခဲ့တာ ခုမှပြန်ရေးတင်ရတာပါ)
ထုံးစံကိုယ်ကသမိုင်းအကြောင်းမပြောချင်..(အဲလေမပြောတတ်တာလည်းပါပါလိမ့်မယ်..ဟီး)။ 
အတိုချုပ်မှတ်ဖို့က အရင်စော်ဘွားခေတ်ကတဲက ဈေးလုပ်တဲ့နေရာဟောင်းလေးကို တနှစ်တခါ ပြန်လည်ကျင်းပတာလို့ဘဲ..မှတ်ယူကြပါရန်.. (ကိုင်း..ပြောင်မြောက်လှတဲ့သမိုင်း..အနှစ်ချုပ်.. 😍😜)
ဒီလိုကတ်ကောင်ဈေးနေ့မှာဈေးရောင်းရင် တနှစ်ပတ်လုံးရောင်းကောင်းတယ်လို့လည်းမှတ်ယူကြတယ်...
ညကတဲက လူပ်ရှားနေကြတာ..ကိုယ်လည်း.တခါလောက်...စနဲစနာထွက်ရသေး..ဗျား..ပါလျှံမြို့တံခါး
ဟောင်းကို ညရူခင်းနဲ့မမြင်ဖူးရင်..ကြည့်ကြပါ...
အိမ်နားတဝိုက်လည်း လင်းလို့ထိန်လို့...၁၉၈၉ ကတဲက မကြုံဖူးခဲ့တဲ့ ဈေးနေ့ပါ...နှစ်ပေါင်း ၃ဝကျော်..
ဖယား ဖယား..အချိန်ကုန်မြန်လိုက်တာ...မနေ့တနေ့ကလိုပါဘဲလား...
မနက် ၃-၄ နာရီကတဲကအသံတွေကြားနေရတာ..၅နာရီတောင်ထိုးသေးဘူး..အားလုံးခင်းကျင်းပြီးသွားပြီ ဆိုဘဲ...
မနက်၅နာရီခွဲမှာ ဒီလိုပါ..ရောင်းသူအဆင်သင့်..ဗမာစော ရှမ်းတောပြန်ဆိုတဲ့ စကားပုံက အလကားပြော
တာဟုတ်ဘူးနော့်..😁
ကိုင်း..သူတို့ရောင်းတာတွေ သွားလည်ကြည့်ကြရအာင်လေ...မုန့်ကျွပ်ကို ငရုပ်သီးပဲပုပ်တွေနဲ့သုပ်လိမ်းပြီး
ကင်တာတဲ့တော့်...စပ်လွန်းလို့..နဲနဲဘဲစားနိုင်ခဲ့တယ်..
ငယ်ငယ်တုံးကဖရဲသီးဆိုတာ ရန်ကုန်တောင်ကြီးရောက်မှ စားရတာ..အပြန်လေယာဉ်ပေါ်ပိုက်ပြီးဘယ်လာ
ကြတာ ကျိုင်းတုံသူတွေရဲ့အလုပ်ပေါ့ရှင်...
 ဟော...အီကြာကွေး..ထိုဖူးနွေးနဲ့လွေးမယ်..
ပါဆယ်လား..ထိုင်စားလား...ကိုယ်တို့ဆီကတော့ အသားမထဲ့ဘူး..ထိုဖူးနွေးကိုအသားနဲ့ထည့်စားတာ မြင်ခါစက အရမ်းအံသြလို့ပါ..ဆို...
မယ်ငီး..မမက ဖက်ထုပ်ဆီချက်ဘဲစားချင်တာတဲ့..ကဲပါလေ..သူခေါ်ရာလိုက်ရတာပေါ့...ရွှေရေကန်ရှေ့က
သူ့ဖေါက်သည်ကြီးတဲ့...

သူကအရည်နဲ့ကိုယ်ကတော့ ဆီချက်ဂျုံခေါက်ဆွဲ...
ပြီးရင် ဈေးတပတ်ပတ်အုံးမယ်...ကိုယ်တော့ ၂ခါဘဲပတ်ဖြစ်တယ်..လူကဆန့်ငင်ဆန့်ငင်နဲ့လေ...ပြောရင်
အရစ်ရှည်တယ်..ခင်ခင်ရှည်တာဝန်ယူထားတာ တာဝန်မကျေမှာစိုးလို့..တဖက်ကိုငဲ့လိုက်တာနဲ့ ကိုယ့်ရဲ့
နှစ်ပေါင်း၃ဝ ကျော်မှတခါပြန်ရောက်လာရတဲ့အချိန် အပြည့်အဝမပျော်နိုင်ခဲ့တာ သူများကိုလည်း အပစ်မတင်
နိုင်ပါ..ကိုယ့်ဖာသာကိုယ်ဘဲ အပြစ်မြင်ပါတယ်...ရှည်ချင်အုံးဟဲ့ ပါးစပ်...နောက်ဆုံးတော့ ကိုယ်ဘဲအပြော
ဆိုခံရတာ....မှတ်ပလား....
မုန်ညှင်းချဉ် ဂျုးမြစ်ချဉ် မုန်လာချဉ်...ထိုဖူးချဉ်...ဝက်သားတောက်တောက်စင်းနဲ့ကြော်စား..အားကီးကောင်း လယ်..သူငယ်မတွေရယ်...
သူတို့ဘာရောင်းလဲမသိ..သေသေချာချာမရိုက်ခဲ့မိဘူး...
ဆလပ်ရွတ် ပါလာထူးငါးနဲ့မုန့်ဟင်းခါးဖတ်(ခေါက်ဆိန့်ပိ) အချဉ်ရည်ပေးတယ် စားလို့ရမ်းကောင်းပေါ့..
ထိုင်းဟင်းချက်အနှစ်နဲ့ ငါးချဉ်... သူ့ငါးချဉ်အရမ်းမိုက်စ်...
အထုပ်လေးတွေက ပဲပုပ်ချဉ်..ရေညှိ(တောင်း) ရေညှိကို ကိုးရီးယား ဂျပန်ဘဲစားကြတယ်လို့ထင်တာမှားမယ်
ငီးငီးတို့ဂုံရှမ်းတွေတအားစားဘဲရှင်...ကြော်စာ ကင်စား...ပေါ့
ပလပ်စတိတ်ထဲက မုန်ညှင်းအစိမ်းကိုအချဉ်တည်ပြီး ပေါင်းထားတာ. ပျော့ဗြဲနေတာပါ( အင်း..ဒီနေရာမှာ
မယ်ငီးမှားကောင်းမှားပါလိမ့်မယ် ရမ်းသမ်းရွှီးချတာလေ..ဟီး)
ဒါတွေက တကဲ့ဂုံရှမ်းတောအစားအစာတွေပါ အရမ်းကြိုက်ဘဲ လုပ်တတ်ဘူး..စားဘဲစားတတ်တယ်ရှင့်..
ဒါက ထိုင်းအစားအစာပါ...ဝက်သားနဲ့ကြာဇံ တချို့ကထမင်း..ဝက်အူထဲသွပ်ပြီးကင်တာ ဂျင်းစိမ်းပါးပါး
လှီးထားတာနဲ့ကုလားအော်သီး အတူတူတွဲစား..တော့ဆွေမျိုးမေ့မှာပေါ့...
မာလော့...(ဗမာအခေါ်မသိပါ) ချဉ်တယ်..အချဉ်စိမ် ပဲပုပ်နဲ့ ငရုပ်သီးနဲ့ကြံသကာရည်နဲ့..ငယ်ငယ်ကအရမ်း
စားခဲ့ဖူးတယ်..
 ခေါက်ဆွေသည်..ထမင်းနဲ့ကြံရည်လတ်လတ်ဆပ်ဆပ်..
 အကြော်စုံ..
ရွှေဆိုင်လည်းဖွင့်...
တူမလေးက မီးတွင်းထဲမှာ ဈေးရုံဆင်းခါစ အဲ့တာဈေးရောင်း သူတို့တွေအလုပ်ရူပ်နေတော့ ၂နှစ်သားမြေး
ထိန်းမဲ့သူမရှိ.. ဈေးထဲပတ်တာသူ့ချီသွားရတယ်..လူကြားထဲလမ်းမလျောက်ချင်လို့တဲ့။ကိုယ်ကတော့အိမ်ရှေ့မှာရောင်းတဲ့ ဝါးအစ်လေး (ကောက်ညှင်းထဲ့ဖို့) ဝယ်ခဲ့တယ်..ဆွဲချင်းက သေတ္တာထဲထဲ့မရလို့ အရမ်း
လိုချင်တာ..ဘုန်းကြီးကျောင်းတက်ရင် ဆွဲချင်လို့...
 သူတို့အခေါ် ကွန်ပြူတာပန်းထိုး..တဲ့..
 ကိုယ်တော့ ချည်သားစစ်စစ်ဘဲကြိုက်တာရှင့်...
ရွှေညောင်ပင်လို့လည်း လူသိများတဲ့ ညောင်ပင်အောက်က အဆောက်အဦထဲမှာတော့ လူတွေရှိခိုးကြ အလူလုပ်ကြတာတွေ့ရတယ်..

ဒီလွှိုင်ရှမ်းလင်မယား..အရမ်းချစ်ဖို့ကောင်း...ရွှေညောင်ပင်ကိုတိုင်တည်ဆုတောင်းနေတယ်..ကျမကတနှစ်
လုံးရောင်းကောင်းအောင်အတင်းဆုတောင်းနေလားလို့စလိုက်တာ..ပြုံးနေတာဘဲ...
ညောင်ပင်ပတ်လည်မှာ ဌက်တွေရောင်းကြတယ်
ဌက်လေးတွေအလှုလုပ်လွှတ်ဖို့ရောင်းတာလေ..

တနှစ်တခါ လူအများအတွက်စော်ဘွားသချို ၤးဖွင့်ပေးတယ်..(ခုမှဖွင့်တာပါ) ကိုယ်လည်းဝင်ခဲ့ရတယ်..
တသက်နဲ့ တကိုယ်ပထမဦးဆုံးဝင်ဖူးခြင်းပါ.. စော်ဘွားကြီးဂူရှေ့မှာ ကန်တော့ကြတယ်..
အထွက်မှာတန်းစီလို့...တောင်းစားသူများ..ယဉ်ယဉ်ကျေးကျေးပြောချင်ရင် အလူခံပုဂ္ဂုလ်ပေါ့...ပေးသူယူသူ
၂ဦး၂ဖက်သဘောတူညီမူ့ရှိရင်လောကကြီးဟာ အရာရာလှပနေပါတယ်...

ခပ်မြန်မြန်လေး...ပြန်စဉ်းစားချိန်မပေးဘဲ...ရေးချွတ်ရလို့..အမှားပါရင်လည်း..မျက်စိမှိတ်သာကျော်သွားကြ
ပါလေ..တလနေမှတပုဒ်တလေတောင်မတင်ဖြစ်ရလေခြင်း..ဆိုတာမျိုး ရှောင်ချင်တာနဲ့..သုတ်သုတ်ကလေး
နှင်လို့ ခါတိုင်းလို့ ဇရပ်မင်းစည်းစိမ်မျိုးနဲ့မရေးနိုင်တာအမှန်ပါ....ရှင်😙😛😚

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေ~~~~
#meemeenage

7 comments:

  1. Look like you got a wonderful experience back there.
    km

    ReplyDelete
    Replies
    1. Yes, I got the best and unforgettable experience there :P

      Delete
  2. ကျိုင်းတုံကိုခုထိမရောက်ဖူးသေးဘူး သွားဖို့တေးထားတဲ့အထဲပါတဲ့ မြို့လေးတစ်မြို့ ဈေးထဲလျှောက်သွားပြီး အကုန်ဝယ်စားပစ်ချင်တယ်တကယ်...။

    မိုးငွေ့

    ReplyDelete
    Replies
    1. ဟမ် ... တာလေက ထင်နေတာ အမှတ်များမှားသလား

      Delete
    2. @မိုးငွေ့..
      နီးနီးလေးကိုဝေးသွားတာပေါ့နော်..
      ကိုယ်တော့တာလေကိုဖြတ်သွားဖြတ်လာ
      လောက်ဘဲရောက်ဖူးတာ...
      ဟော်လန်မှာနေတုံးက
      တာလေကကောင်လေးတယောက်နဲ့
      တွေ့ခဲ့သေးတယ်
      ငလျင်လူပ်တုံးကသူ့အိမ်လည်း
      ပျက်စီးသွားလို့ဝမ်းနဲပက်လက်
      မျက်ရည်စက်လေးနဲ့ပြောပြရှာတယ်..
      @okkar7...
      အဲ..မိုးငွေ့ကိုပြောတာလား
      ကိုယ်ကိုမေးတာလား..
      ကြားထဲကဖြေရရင်တော့
      တာလေကမိုးငွေ့
      ကျိုင်းတုံကမယ်ငီးပါရှင်...
      သေချာတာက..
      ၂ယောက်စလုံးရှမ်းစပ်တွေပေါ့..
      :D :P

      Delete
  3. ရေညှိဘေးကအထုတ်က ပဲပုတ်ဖြစ်မယ် အဲဒီပဲပုတ်အရည်ကို ရေညှိချပ်မှာ ပါးပါးသုတ်ပြီး ကင်တာ ကြော်တာ စားဖူးတယ်၊ အရမ်းကောင်း ... :D

    ReplyDelete
    Replies
    1. ဟုတ်တယ်ပဲပုပ်ပါ..
      ကောက်ညှင်းပေါင်းပူပူလေးပေါ်
      သုတ်လိမ်းပြီး
      မီးကင်စားလည်း..
      ရမ်းရမ်း..စားကောင်းဘဲနော်...

      Delete