မနက်မိုးလင်းခါနီး အိမ်မက်ကနေရုတ်တရက်လန့်နိုးလာရင် ကိုယ့်ကိုယ်ကိုဘယ်ရောက်နေပါလိမ့်လို့
ပထမဆုံးစဉ်စားခန်းဖွင့်လို့ မျက်စိပေကလပ်လေးနဲ့ အိပ်ယာကထခဲ့ဖူးတယ်..။ တကယ်ဆိုရင် အိမ်မက်
ထဲမှာ လူဆိုးတွေလိုက်တာ ပြေးလွှားမောဟိုက်နေတာ လေပေါ်ဝဲပျံနေတာတွေက တကယ်မှမဟုတ်ဘဲဟာ။ အိမ်မက်ပါဆို...ရေတခွက်လောက်သောက်ပြီး..အော်..အိမ်မက်ဆိုတာ တကယ်မှမဟုတ်ဘဲ၊ကိုယ့်ကိုယ်ကို
ဖြေသိမ့်လို့ရတယ်။ အိမ်ကိုသတိရရင် အဖေ အမေ အကို ၂ယောက် တယောက်ယောက်ဆီဖုံးဆက်လိုက်
ရီစရာလေးပြောလိုက်နဲ့..။ တခြားတိုင်းပြည်မှနေထိုင်ပင်ပန်းတာတွေ ပျောက်သွားသလိုပါဘဲရှင်...။
ဟော..ခုလည်း တရေးနိုးထကြည့်တာ..တယောက်မှမရှိတော့ပါလား..သွားကြကုန်ပြီ...။
I'm going to be 54 years!!!(OMG) I feel like 0nly 25 💪😲😝 |
ကျားကျားလက်မောင်းကို တင်းတင်းဆုပ်ကိုင်ထားမိနေတယ်...။ မိသားစုထဲက အငယ်ဆုံးတယောက်ရဲ့စိတ်
ခံစားချက်ကို မိတ်ဆွေနားလည်ကြမှာပါ..။ ဘာမှနားမလည်ဘဲနဲ့ ကျောင်းသာပြီးသွားခဲ့တယ်..။အရာရာအား
လုံး အကို၂ယောက် အမတွေလိုက်လုပ်ပေးလို့၊ တကယ်ဘုမသိဘမသိဘဲနဲ့ အသက် ၂ဝကျော်သွားတယ်။
ဟိုယောင်ယောင် ကြောင်တောင်ပေါင်တောင်နဲ့ ထိုင်းရောက်သွားတယ်။ ပြန်လာတယ်။ရန်ကုန်မှာ အလုပ်မျိုးစုံလုပ်ကိုင်ခဲ့တယ်..။ ယောင်နောက်ဆံထုံးပါလို့ အနောက်ကမ္ဘာပြန်ရောက်သွားတယ်...။ တမျိုးပြီးတမျိုး တမြို့ပြီးတမြို့ နေရာဒေသပြောင်းလဲသွားလိုက်တာ..ကဲ..ပြီးခဲ့တဲ့အပတ်က အိမ်ထပ်ပြောင်းပြန်ပြီရှင့်။
၅ဝ ကျော်ကာလ ၂၇ အိမ် ၉မြို့မှာ ၅နိုင်ငံ ပြောင်းပြီးသွားပြီ..😁😆😎 တခါတလေကိုယ့်ဖာသာကိုယ်အိမ်
မက်မက်နေသလိုဘဲထင်နေတာ..အော်...အဲ့တာက ဘဝဘဲလေ...။ တကယ့်မယ်ငီး ဘဝရှင့်..။ တကယ်ဆို
လူဆိုတာ ကိုယ့်ကိုယ်ကို ဘာကောင်လည်းလို့ သိနားလည်ထားရင် အားလုံးအဆင်ပြေသွားမှာပါ...လေ။
ခုတော့ မယ်ငီးက ဟိုမရောက်ဒီမရောက်ရှင့် 😛😆😋😜
![]() |
ဟော...သြဂုတ်လရောက်ပြန်ပြီ..အရင်ကမွေးနေ့ဆိုရင် အကိုအငယ်(ညီညီ)နဲ့အမေက တနေရာစီမှာအ
လှုတွေလုပ်ပေးလေ့ရှိတယ်။ ကိုယ်က အဝေးကနေသာဓုခေါ်ယုံဘဲ..။ သူတို့က မွေးနေ့ကိုမှတ်မိတယ်။
ကိုယ်တိုင်ကျတော့ ဘာမှလုပ်လေ့မရှိပါဘူး...။ ခုတော့မွေးနေ့ကိုသိပ်လည်းရင်မခုန်တော့ပါဘူး..။
လိုအပ်တဲ့နေရာတွေမှာ တတ်နိုင်တဲ့အလှုလုပ်ဖို့ ငွေဘဲလွဲပေးနိုင်တဲ့အဆင့်ပါဘဲ။ အမေပြောဖူးတဲ့ လမပြည့်ဘဲ
မိုးတွေတအားရွာတဲ့အချိန်မှာ ဗိုက်မနာဘဲနဲ့ မွေးထွက်လာတဲ့မယ်ငီးပါ..မွေးကတဲက အမေ့ကိုလည်း မနာကျင်စေခဲ့ဖူးတဲ့..။ခုလည်း မိတ်ဆွေ အပေါင်းအသင်း ဆွေမျိုးမောင်နှမ အားလုံးကို ဒုက္ခမပေးလိုပါ။ ကိုယ့်ဖာသာကိုယ် လုပ်နိုင်ရင်လုပ် မလုပ်နိုင်ရင် သူများဆီအကူအညီတောင်းဆိုတာ အပြောလွယ် အလုပ်လွယ်ခဲ့ဖူးတယ်။ ဒီတော့ ဆွမ်းတော်တင် ဘုရားရှိခိုး တရားထိုင်..ကဲ..ဘာလိုသေးလည်းကြုံရင်အလှုလုပ်မလုပ်နိုင်သေးရင်တိတ်တိတ်နေပေါ့နော့်...။
အမတယောက်ထဲကျန်တော့တာ...။ နွေရောက်ရင် ပြန်နေကျ၊ ခုတော့ ပြန်ရမလိုလို မပြန်ရမလိုလိုနဲ့..။
ဒါပေမဲ့လည်း..သိပ်စိတ်ဓါတ်မကျဖို့ ကိုယ့်ဖာသာကိုယ်အားပေးပါတယ်။ အမေတို့ရှိရင်လည်း အရင်လို
မယ်ငီး..အတွေ့အကြုံတွေပြောပြလိုက်ရီလိုက်နဲ့ တက်ကြွနေတာ သူတို့မြင်ချင်ကြမှာပါလေ..။
နေပူလွန်းလို့ပုဝါခြုံတာလေတိုက်လို့ တခြမ်းစောင်းသွားလေရော...
အင်း..ဘာလိုလိုနဲ့ လူကြီးဘဝထဲခြေစုံပစ်ဝင်နေတာတောင် လူက သူငယ်နာမစင်ချင်သေးဘူး။ (ခုလည်း
ကြည့် ကိုယ့်ပုံတွေချည့်ဘဲလိမ့်တင်ပြီး သူငယ်ပြန်နေတာ..အဟဲ) ဘာဘဲဖြစ်ဖြစ် အားတင်းပြီး ကျန်တဲ့
အချိန်တွေကို အကျိုးရှိအောင်အသုံးချရမယ်လေ...။ ဟုတ်လား...။ ဒီတော့ အိမ်သိမ်းနေတဲ့အချိန် တွေ့မိတဲ့
ဌက်ပျော်သီးမှည့်ရွဲနေတာ မပစ်ချင်တာနဲ့ ပျားရည် သံလွင်ဆီရောပြီး ဆံပင် မျက်နှာ နူတ်ခမ်းပါမကျန် 😜
ဟင်းဟင်း..တကိုယ်လုံးပေါင်းတင်ပစ်လိုက်တယ်...။ အမည့်လွန်လည်း သုံးတတ်ရင် အသုံးကျပါတယ်လေ။
လှတပတလေးပြင်လို့ ရှေ့ဆက်ရမဲ့အနာဂါတ်ခရီးအတွက် ရုန်းလိုက်အုံးမယ်နော်..။လူလည်းလှအောင်ပြင်
စိတ်လည်းလှအောင်ထားလို့ လုပ်ရမဲ့အလုပ်တွေပြန်စကြတာပေါ့။ တရေးနိုးလို့အကြံပေါ် ပေါ်တဲ့အကြံပြန်
မအိပ်ပါဘူးနော်...။
ခရီးသွားဇာတ်လမ်းတွေ ကျိုင်းတုံက စော်ဘွားဈေးနေ့ ဂုံရှမ်းထုံးစံ အလှုအဒါန်းတွေ မင်္ဂလာဆောင်တွေ လာပါအုံးမယ်လေ...တနေ့နဲနဲပေါ့ရှင်....(ဒီတခေါက်တော့နဲနဲမျက်စိနောက်သွားရင် အဖွားအိုလေးအတွက် တခါလောက် ခွင့်လွှတ်ပေးပါနော်..) 😉
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage
Happy Birthday ပါမမီးမီး. အမြဲပျော်၇ွှင်ချမ်းမြေ့ပါစေ.
ReplyDeleteစာချစ်သူ(Canada)
ပေးတဲ့ဆုနဲ့ပြည့်စုံရပါလို၏...
Deleteကျေးဇူးတင်ပါတယ်ရှင်..
ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ မမီး...း)
ReplyDeleteဒီလိုပါပဲ လောကကြီးက တွေ့ကြုံဆုံကွဲ ဘာမှမမြဲ... ဒါပေမယ့် ဘယ်လိုအခြေအနေကိုပဲရောက်ရောက် ကိုယ်တစ်ယောက်ထဲ နေနိုင်အောင် အမြဲတွေးထား ကြိုစဉ်းစားစီစဉ်ထားတာအကောင်းဆုံး စိတ်ထားတတ်တာအကောင်းဆုံးပဲ..။
မိုးငွေ့
ဟုတ်တယ်..
Deleteမိုးငွေ့ညီမလေးရေ...
အသက်ကြီးလာပြီး
နှလုံးသားကလိုက်မကြီး
တတ်တာလေ..
ခုတော့..
ကိုယ်လည်းတဖြေးဖြေး
နားလည်လာနိုင်ပြီ
နေတတ်နေပျော်အောင်
ကြိုးစားနေပါတယ်..
ကျေးဇူးဘဲညီမလေးရေ..
Happy Birthday မမမီး .. ကျနော်နဲ့ မမမီး မွေးနေ့ ၁ ရက်ပဲကွာတယ်..
ReplyDeleteTZ
ကျမနဲ့မွေးနေ့ကပ်ရပ်တွေ
Deleteမိတ်ဆွေသူငယ်ချင်းထဲမှာ
အများကြီးပါလား...
TZ HBD..နော့်