Wednesday, June 21, 2017

တောင်ပေါ်ရွာက..

မင်္ဂလာပါရှင်~~~
တောင်ပေါ်သူကတော့ တောင်ပေါ်တက်ရသွားရဝါသနာပါလို့ဗျ..။ စားသောက်ခန်းခဏနားပြီး ကျိုင်းတုံ မြို့ပတ်ချာလည်ဝိုင်းရံနေတဲ့တောင်တန်းတွေကြားထဲက နေရာလေး တခုသွားကြရအောင်။ မှန်တာပြော
ရရင် ခလေးဘဝတုံးက လူမျိုးနံမည်တွေဘဲကြားဖူးပြီးတခါမှ သူတို့ဆီသွားလည်ဖို့ ဆိုတာမျိုးတခါမှမစဉ်း
စားမိခဲ့ပါဘူး။
ရွှာထဲအိမ်တွေကြားကကြည့်ရင်..ဟိုးအဝေးမူန်ပြပြနေရာက ကျိုင်းတုံတဲ့..
ခုသွားခဲ့တဲ့လူမျိုးရွာကတော့ လားဟူရှီး..တဲ့။ လားဟူဆိုတာ အကြမ်းအားဖြင့် ၂မျိုးလောက်ဘဲသိထားတာ။ ခုမှ အများကြီးဗျ..။ ထားပါလေ..အဲ..အခုလူမျိုးကို မယ်ငီးစိတ်ထဲ တိတ်တိတ်လေး အမည်ပေးတာက လမ်း
စဉ်လူငယ်..ဟီး..မဆလာခေတ်က..အဲ့လေ..မ ဆ လ အစိုးရအချိန်ကာလမှာ ကျောင်းတွေမှာဆိုရင် ဘာ လူငယ် ညာလူငယ်ဆိုပြီး ဖွဲ့ရတယ်လေ။  အဲ့ဒီမှာ လမ်းစဉ်လူငယ်ဆိုရင် အပေါ်ဖြူအောက်ပြာတွေနဲ့ ဖလမ်း
ဖလမ်းထခဲ့ဖူးတာတွေရှိတယ်တဲ့ကွယ်..ရှေးသရောအခါဗာရာဏီသီပြည်ဝယ်ဆိုပါတော့...။
zoom နဲနဲနဲဆွဲကြည့်ရင် မီးခိုးမြူတွေကြားထဲမှာမြင်ရတာ
မယ်ငီး..တို့ခုခေတ်ကာလ ပြီးခဲ့တဲ့ အချိန်သင်္ကြန်ပြန်တော့ တောင်ပေါ်ရွာသွားလည်တာ ရွာထဲရောက်တော့ လမ်းစဉ်လူငယ်လူကြီးခလေး ပုစုခရုတွေတပုံတခေါင်းကြီးတွေ့ရပါတော့တယ်။ ဟယ်..မိတ်ဆွေဟောင်း ကြီးအရောင်လေးတွေပါလား။ သွားလေသူ ဘဘအပေါင်း သတိရလိုက်တာ..မပြောနဲ့..😁😂😆😅
သေသေချာချာဆွဲကြည့်တော့..မယ်ငီးတို့မြို့ကြီးတော့..
ရက်စွဲပါရင် မယ်ငီးလက်ရာ၊ မဟုတ်ရင်ညာတာပါတေးနဲ့ရလာတဲ့ပုံ လို့သာမှတ်ပါလေ
တကယ်တော့ လှေခါးထစ်စိုက်ပျိုးရေးဆိုတာ ကမ္ဘာမှာ ဝလူမျိုးကစပြီးတီထွင်ခဲ့တာတဲ့..ငီးငီးပြောတာ မဟုတ်ရ..။ ရန်ကုန်ကနံမည်ကြီးစာရေးဆရာတယောက်ရဲ့ ဘုတ်အုပ် ထဲဝင်ဖတ်မိတာ..။ သူပြောတာက လည်း ဘိုစာအုပ်တွေထဲပြန်ကိုးကားဆိုဘဲ..ဗျ..။ ကိုယ်တို့တော့ မွေးကတဲကမြင်ဖူးတာအဆန်းမဟုတ်ပေ
မဲ့ သူငယ်ချင်းကြီးက သူ့ကင်မရာကြီးနဲ့ တအားမှတ်တမ်းတင်ဘဲ..။ ဒီကလည်းအကွက်ကရှိနေတော့ ဟေ့
ဘယ်ရင်းဂျီး ကျုပ်ဆီကို မင်းမှတ်တမ်းတင်သမျှ ပို့ပေးဆိုပြီး ပြည်ပအားကိုးပုဆိန်ရိုး လုပ်တာပေါ့..။ အော်သူ
ကတပြည်ရွာကနေလာသူလေ..ဗျာ..အဟီး..။
ကိုယ်တို့ဆီက ဂိုက်ကိုကိုလေးတွေအမြဲမှာတတ်တာတခုတော့ရှိတယ် တောရွာသွားရင် မုန့်မျိုးစုံဘယ်သွား
ရတယ်။ ရွာသားတွေကိုပေးဖို့ပါ။ ပိုက်ဆံပေးတဲ့အကျင့်မလုပ်ဘူး။ စိတ်ဓါတ်ပျက်ဆီးတယ်..။ ကျမမိတ်ဆွေ ဆွီဒင်ပါမောက္ခကြီးပြောပါတယ်။ ရှမ်းအရှေ့ဖက်က လူမျိုးတွေပိုရိုးသားတယ်တဲ့..။ သူက မြန်မာပြည်တနိုင် ငံလုံးလှည့်ပတ်သွားလာနေတာလေ။ အကြိမ်ပေါင်းမနဲတော့ပြီတဲ့..။
ကိုယ်ကတော့ လားဟူရှီးမမလေးလည်ပင်းက ကြိုးနဲ့ကျစ်ထားတဲ့ဆွဲကြိုးကိုစိတ်ဝင်စားတာ..။ ဘယ်ရင်းက
ဘေးကနေရပ်နေတော့ သူ့ကင်မရာကြီးကိုတောင်မြင်ရတယ်..။ ကင်မရာကောင်းတာမကောင်းတာ အ
ကြောင်းမဟုတ်။ ဓါတ်ပုံကောင်းတပုံရဖို့ အယူအဆရော ပညာရောအများကြီးပါတယ်ဆိုတာ..ငီးငီးတ
ယောက် .. ဘယ်ရင်းကိုလျှာရှည်မိရဲ့လားမသိ..အဟိ..။ နောက်တခုသူတို့က အင်္ကျီအဖြူဘဲဝတ်တော့ အလှဆင်တာ ကြယ်သီးရောင်စုံလေးတွေတန်းစီတပ်ထားတာများ..ချစ်စရာလေး..။
ရွာလေးကတောင်စောင်းပေါ်မှာ..ဘယ်လောက်အေးချမ်းလဲ...ဒယ်အိုးပုံသဏ္ဍန်ကျိုင်းတုံမြို့ပတ်လည်တောင်
တန်းပေါ်ကရွှာပေါင်း သုံးသောင်းခြောက်ထောင်(ရမ်းတုတ်တာလေ....များလွန်းလို့ ၅အိမ်နဲ့ တရွာထောင် လည်းရှိတာတဲ့😆) ကိုသွားလည်ဖို့ ခွဲခြားစိတ်ဖြာကြည့်ရင် ဒီလိုတဲ့..တရုတ်ဖက်ကိုသွားတဲ့ မိုင်းလားကား
လမ်း၊ တောင်ကြီးကားလမ်း၊ တာချီလိတ်သွားကားလမ်း..
ဒီလိုကားလမ်းပေါ်ကနေခွဲထွက်ရတဲ့ တောင်ပေါ် ရွာတွေဆိုပြီးမြေပုံချကြည့်လိုက်..တရုတ်ဖက်ကိုသွားတဲ့လမ်းနဲ့ တကဲ့ကားလမ်းမကြီး မဖြတ်သွားတဲ့နေရာ 

ဖက်က ရွာတွေ မဖွံဖြိုးမတိုးတက်တဲ့နေရာ လမ်းပမ်းဆက်သွယ်ရေးခက်ခဲတဲ့နေရာဖက်ကဆိုရင် ပိုပြီး စိတ် ဝင်စားစရာကောင်းပါတယ်တဲ့။ သူတို့ကိုယ်ပိုင်ရိုးရာယဉ်ကျေးမူ့ အပြည့်အဝရှိနေသေးတဲ့ရွာတွေ အများကြီး ရှိနေပါသေးတယ်တဲ့။
ပါတာလေးတွေဂိုက်ကိုကိုလေးကဝေပါတယ်..။ကိုယ့်ကိုလာဝေခိုင်းနေတာ..ဘာရမလဲ ကင်မရာဝူးမန်း လုပ်နေပါတယ်ဆို...နော့်😉
သူကြီးနဲ့သူကြီးကတော်..သူကရှမ်းလိုပြောတတ်တော့ ကိုယ်နဲ့အဆင်ကိုပြေလို့...
သူကြီးအိမ်မှာကိုယ်တို့ကပုဂံလေးတောင်းပြီး ပါလာတာလေးတွေနဲ့ နေ့လည်စာဟဲကြပါတယ်။ ထုံးစံက ကောက်ညှင်းပေါင်း နမ့်ဖစ် လော့ကဲအို(မလွပွင့်ဆိုလား အဲ့ထဲဝက်သားတောက်တောက်စင်းအဆာသွပ်
ကြော်)..။ဒီလောက်ပါဘဲ..။ စားလို့ကောင်းမကောင်းမပြောတတ် တရွာလုံးထိုင်ကြည့်နေတော့တာဘဲဗျာ...👀😉
ရွာထိပ်ရောက်တော့ ခလေးတသိုက်အော်အော်ပြီးစကားပြောရီနေကြတာတွေ့ရတယ်..။
လက်စသတ်တော့ ဟိုးဖက်တောင်စောင်းယာတောထဲက သူတို့သူငယ်ချင်းနဲ့ စကားပြောကြတာ..တဲ့
ခလေးတွေများကြံဖန်ပြီးကစားတတ်တယ်..။

ကိုယ်တို့ဖက်ကယောက်ကျားဆို ခလေးထိန်း၊ မိန်းမဆိုတောင်ယာခုတ်..အလုပ်လုပ်..တဲ့😱😵😬
ခလေးဆိုတာဘယ်လိုကြည့်ကြည့်ချစ်စရာကောင်းတာ..အမှန်ပါဘဲ
ပုတို့ စုတို့ ခရုတို့ပေါ့ရှင်...
 ရွာလည်ခေါင်..လေအရမ်းတိုက်ဘဲ
ဘာဘဲပြောပြော မယ်ငီးတော့ ဆွဲကြိုးလေးအရမ်းသဘောကျတယ်ရှင့်...
ငွေအစစ်နဲ့နော်...
နယူးယောက်ဖက်ရှင်လောကတွေ့ရင် ခိုးချမှာမြင်ယောင်သေး....
ဒီခလေးကချစ်စရာအရမ်းကောင်းဘဲ..အနားကပ်လာပြီး နောက်တခါလာရင် သာရေကွင်းတွေယူလာပေး
ပါတဲ့။သူ့လက်ထဲမှာလည်း တထပ်ကြီး..အချိန်ကြည့်ဖို့ နာရီလေးလည်းရှိတယ်။ ဒါပေမဲ့သူကကျောင်းမနေ
ရသေးဘူးတဲ့။လာမဲ့စာသင်နှစ်မှကျောင်းတိုးချဲ့ဆောက်ရင် ကျောင်းနေရတော့မယ်တဲ့။
သူတို့ တွေလည်း ဗုဒ္ဓဘာသာဝင်တွေပါ.။ ရွာရဲ့ဘုန်းကြီးကျောင်း...
ကြမ်းခင်းလေး သပ်သပ်ရပ်ရပ်နဲ့ပါ...
 
သူတို့စပါးကျီ
တချီု့အိမ်လည်း သွပ်နဲ့ကာတတ်လာပြီတဲ့...
ကိုယ်လည်း..ဒီလိုနေရာမျိုးမှာ နေချင်တဲ့စိတ်တွေ ရှိနေတတ်လာပြီ...
ရွာရဲ့တဦးတည်းသော ပန်းပဲဆရာ...ခုခေတ်ခလေးတွေ သင်ယူချင်စိတ်မရှိတော့ဘူးတဲ့..သူ့ဆီပြန်သင်မဲ့သူ
မရှိလို့..ဆိုပြီးညည်းတွားနေလေရဲ့..
ဆရာသမားပန်းပဲဖိုလေး..
သူကြီးနဲ့သူကြီးရဲ့မျီုးဆက်သစ်လေးတွေ...
အိမ်ခေါင်မိုးအသစ်မိုးဖို့ပြင်ဆင်..
သူကြီးကခါးနာနေတာ သူ့ကိုဆေးဖိုးကုသိုလ်လုပ်ပြီး အိုကေမှာပါလို့ ပြောခဲ့တဲ့ မယ်ငီး...
တောင်တန်းသာသနာပြုဆရာတော်တပါးရဲ့ ကြိုးစားမူ့ကြောင့် နောက်နှစ်မှာအ ပြီးဆောက်မဲ့ သူတို့စာသင် ကျောင်း အသစ်...
အလူငွေတွေလည်း ထည့်ခဲ့ပါတယ်
ကျောင်းဆောက်ဖို့စုထားတဲ့သစ်.. 
ကျောင်းဟောင်းလေး...
စာသင်ခန်း...
ခုလောက်ဆိုပြီးလောက်ရော့ပေါ့လေ...
သူတို့လေးတွေလည်းကျောင်းတက်နေလောက်ပြီ.....

#meemeenage

ထုံးစံအတိုင်းတောင်းပန်ချင်ပါတယ်..ရေးပြီးမတင်ဖြစ်တာလေ..အချောမသတ်မိလို့ပါ..ကဲကဲ..ပျော်ပျော်ပါးပါး
နွေရာသီမှာ အဲယားကွန်းကြီးနဲ့ငြိမ့်ပြီး ဖတ်ပြီးသွားပြီး..ဟုတ် 😁😆😊😉😎

Tuesday, June 6, 2017

ဂုံရှမ်းဟင်းများနဲ့မိတ်ဆက်ပေးမယ်

မင်္ဂလာပါရှင်~~~
အစားအသောက်ဆိုတာလူတိုင်းနဲ့တဲ့ပါတယ်..နော့်👌
ရှမ်းဟင်းတွေဆိုရင် လူတိုင်းနားလည်ကြတာက ဆီသိပ်မပါတာရယ် အသီးအရွက်ကိုအများဆုံးသုံးထားတဲ့အတွက် ကျမ်းမာရေးရူတောင့်ကနေကြည့်လည်းကောင်း စားလို့လည်းကောင်း..ဒီတော့ မြန်မာပြည်မှာနံမည်ကြီး လူကြိုက်များလှပါတယ်။ ရှမ်းဆိုတာအမျိုးမျိုးကွဲပြားတဲ့ လူမျိုးတွေရှိသေးလို့ ပြည်မကသိပ်မသိကြတဲ့ အရှေ့ရှမ်းက ဂုံရှမ်းလူမျိုးတွေရဲ့ဟင်း နဲ့မိတ်ဆက်ပေးပါရစေ။ ရန်ကုန်မှာမရနိုင်တဲ့ မန္တလေးမှာလည်း မရောင်းတဲ့ဟင်းတွေဆိုပါတော့..ရှင်..။
ဖတ်ဆန်
ဒီဟင်းရွှက်ကိုတော့ရှမ်းလိုခေါ်ဘဲတတ်တယ်။ ဟင်းချိုရည်ချက်စားတာပါ။ ကြက်သွန်နီ ကြက်သွန်ဖြူ ဓါးပြားရိုက်ပြီး ရိုးရိုးလေးဘဲချက်တာပါ ထုံးစံပဲပုပ်မူန့်လေးခပ်လို့ပေါ့။ အဲဒီဟင်းရည် သောက်ပြီးရင် ပါးစပ်ထဲမှာအချိုစွဲကျန်နေတာဘဲ။ ရေသောက်ရင်လည်း ချိုနေတာဘဲ။ ဟင်းခပ်မူန့် အချိုမူန့်ဆိုတာ ဒီလိုဟင်းရွက်နဲ့
တွေ့ရင် ထိုင်ငိုသွားစေရမယ်။ လူကြီးတွေကြိုက်ကြတယ်။ တချို့ကလည်း ဝက်ရိုး ကြက်ရိုးတွေနဲ့ချက်ပါ တယ်။ ကိုယ်တို့တော့ဘာမှမထဲ့ သားသတ်လွှတ်ပါဘဲ..။
အမေအရမ်းကြိုက်တော့ အမေ့ညီမ အဒေါ်အိမ်က ခဏခဏလာပို့တတ်ပါတယ်။ ဒါကသူတို့လာပို့ထားတုံးကရိုက်ထားတဲ့ပုံ..။ ဝက်နံရိုးနဲ့ချက်ထားတာ..။
ဖတ်မူန်ခို(သရက်ရွှက်နုပေါင်းပြီးကြော်)

 
ဒီဟင်းကတော့ များသောအားဖြင့် ပေါင်းပြီးသားအရွှက်အတိုင်းဝယ်ကြတာများပါတယ်။ ပြီးမှ ကြော်စား သုပ်စားကြိုက်ရာလုပ်စားကြတာပါ။ ကိုယ်တို့တော့ ချက်ပြီးသားလေးတွေဝယ်တာဘဲ..။ အဲ့တာက သုပ်ထားတာလေးပါ။ အစာပလာအများကြီးမပါဘဲ ဆားလေး ငရုပ်သီးမုန့်လေးနဲ့ ကြက်သွန်နီလေးဆီ သပ်ပြီး သုပ်တာဘဲ..။ အရသာကတော့ လွှတ်ကောင်းပေါ့...။ ကောက်ညှင်းပေါင်းနဲ့တို့ တို့စား...။
ဍရင်ကောက်နဲ့ငါးခူပေါင်း...
ဒီဍရင်ကောက်ကတော့ ကျမတို့တကယ်စားလေ့ရှိတယ်။ တချို့ကလည်း ချွဲလို့မကြိုက်ကြဘူး။ ကိုယ်တို့တော့ အမျိုးမျိုးချက်စားတတ်တယ်။ ဒီဟင်းက တကဲ့တောဂုံရှမ်းဟင်းပါ..။ ငါးခူနဲ့ တခြားဟင်းရွှက်(အမွှေးအကြိုင်ဆိုပါတော့) နယ်ဖတ်ပြီး ဌက်ပျောဖက်နဲ့ထုပ်ပြီး ပေါင်းတာပါ။ ဆီမထဲ့လည်းရတယ်။ ငါးခူကဆီ
ထွက်တယ်။ အရမ်းမွှေးအရမ်းစားကောင်းတာပါ။ ငရုပ်သီးအတောင်းများများထဲ့ရင် ခပ်စပ်စပ်လေးပေါ့..။
ဍရင်ကောက်ပြုတ်သုပ်
ဒါကျတော့ ဍရင်ကောက်အရွက်ကိုပြုတ်ပြီး ပြန်သုပ်ထားတာ..ထုံးစံက ပဲပုပ်မူန့်ပေါ့..။ဆီမပါပါဘူး။သံပုရာသီးလေးညစ်လို့ ကုလားအော်သီးလေးညက်ညက်လှီးထဲ့ပါလေ..။ မြေပဲဆံလှော်ထောင်းလေးနဲနဲလေးဖြူး ကြက်သွန်ဖြူနီလေး နဲ့ ခရမ်းချဉ်သီး မမေ့နဲ့နော်..အဲ့အရည်ကိုလည်း ကောက်ညှင်းပေါင်း နဲ့တို့ကာ စားပေါ့..ရှလွှတ် ကောင်းလင့်တည်း... 😂😜

ကိုင်း...တနေ့နဲနဲပေါ့နော့်....မိတ်ဆွေများ သုံးနေကြ အသားမူန့် ဟင်းခပ်မူန့် အချိုမူန့် အသာထားလို့ဒီလို အရွှက်လေးတွေနဲ့စမ်းသပ်ချက်စားကြည့်ကြပါလား..စားကောင်းပြီး ကျမ်းမာရေးနဲ့ညီညွှတ်တာအမှန်နော့်..စကားမစပ်ဗျာ...တလောက ဗီဒီယိုကလစ်တခုကြည့်မိတယ်။ တကဲ့ စားဖိုမူးကြီး...တီဗီအစီအစဉ်ကနေလာတာဗျား.. ကြက်ဆီထမင်းချက်ပြတာတွေ့မိတယ်..ဖယားဖယား..ရှိသမျှဘုရားတ
မိပါတယ်..။သူပြတာ ကြက်သားမူန့်တွေ ခနော်တုံးတွေ ဟင်းထဲလည်းထဲ့ ထမင်းထဲလည်းထဲ့ အချဉ်ထဲလည်းထဲ့..😨😱 ဘုရားစူး ကြက်ဆီထမင်း... အော်...ကိုယ့်ကိုယ်ကို မချက်တတ်ဘူးလို့ ထင်နေတာအဲ့လိုတွေ့တော့ အယ်...အီဖေကိုယ် မယ်ငီး လွှတ်ချက်တတ်ပါလား...။ စားဖိုမူးကြီးဘွဲ့ခံယူမှတော့သဘာဝအတိုင်းအရသာရှိအောင်ချက်ပြပါလားကွယ်...။ တတိုင်းပြည်လုံးကို ချက်ပြနေရင် ကိုယ်က ကျမ်းမာရေးနဲ့ညီညွှတ်တဲ့ အစားအသောက်နဲ့မိတ်ဆက်ပေးရမှာပေါ့နော်..။ စပွန်ဆာပေးလို့ချက်ပြရတယ်ဆိုရင် လည်းမယ်ငီး..ပြောတော့ပါဘူး..ဟီး😷🙊

တခါခါ ကြားမိတဲ့ စကားတခွန်း "တတ်လို့လုပ်တာ မဟုတ် ငတ်လို့လုပ်တာဟ" ဆိုတဲ့ လူကြီးတွေပြော ဖူးတာ မှန်တယ်လို့ပြောရင် အဲ့စာဖိုမူးကြီးမယ်ငီးကို ဖနောင့်နဲ့လာပေါက်လေမလားဘဲ😆😋😁😂

အားလုံးဘဲ ရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage

Friday, June 2, 2017

မယုံလို့ပုံပြင်မှတ်ပြီးပြန်ခဲ့တယ်

မင်္ဂလာပါရှင်~~~
ကျိုင်းတုံငါးကန်ကစားသောက်ဆိုင်တခုပါ
အဟမ်းအဟမ်း..အရင်ဆုံးလည်ချောင်းရှင်းတာပါ..အဟဲ...။ ပထမဦးဆုံးလနဲ့ချီပြီး ဘလော့ကနေပျောက် သွားဖူးတာက အကိုဆုံးလို့၊ ဝမ်းနဲပြီး ဘာမှမလုပ်နိုင်။ နောက်ထပ် အကိုကြီးက ၈လလောက်ကြာတော့
ထပ်ဆုံးပြန်တယ်။ ခုကြတော့ အမက ရုတ်ရက် လည်ပင်းအကြိတ် ခွဲရတာ၊ အဆီကြိတ်ဖြစ်မယ်မှန်းမသိ ဘာမှန်းမသိ၊ ရင်ထဲမှာ တမျိုးကြီး၊ တူမလေးကလည်း လမစေ့ ခလေးဗိုက်ခွဲမွေးရမယ်တဲ့၊ တူလေးကလည်း အစာအိမ်ယောင်လို့ဆေးရုံတက်နဲ့အိမ်ကအမေ ၈၄နှစ်ရှိတဲ့လေဖြတ်နေတဲ့မိခင်အိုကြီးကို တံခါးပိတ်ထားပြီး ဆေးရုံမှာ အားလုံးသွားအိပ်နေကြရတယ်..ဆိုတော့ မယ်ငီးလည်း ခါးထောင်းကျိုက်ပြီးပြေးတာပေါ့...။ အိမ်ဌားကတက်လာတာ ရက်ပိုင်းဘဲရှိသေးတာ..။ သူ့တို့ကိုသော့အပ်ပြီး ဆေးရုံပြေးကြတော့ သူတို့ ခမျာလည်း အမေ့ကို ချေးဝတ်သေးဝတ်ကအစ လာပြီး စောင့်ရှောက်ပေးကြတယ်။ လူမမာ၂ယောက်ကို
ပြုစုရတဲ့ တူမလေးက ကိုယ်ဝန်ဆိပ်တက်ပြီး လမစေ့ဘဲ ဗိုက်ခွဲ ခလေးမွေး။အိုး..ပြောမနေနဲ့ အိမ်မှာက
ဆိုင်ဖွင့်ထားသေးတယ်..။ ဒါတွေသိမ်းကျုံးပြီး မယ်ငီး လုပ်ခဲ့တာလေ..။စာရင်းချုပ်လိုက်တော့ရှင်..ဆိုလိုရင်း
က ပို့စ်မတင်ဖြစ်ဘူးဆိုပါတော့..အဟီး..😁😆😉
ဂုံရှမ်းထုံးစံခလေးကင်မွန်းတပ်နဲ့အမအတွက်ဇာတာဆက်(စေ့ကျိုင်းတာ)လုပ်တုံးကခလေးတလပြည့်



ကိုင်း..ပုံပြင်မှတ်ရမဲ့ဇာတ်လမ်းတွေလည်း အများကြီးပေါ့...။ မွေးလာတဲ့ခလေးက အားလုံးပြည့်စုံ အမက လည်းရိုးရိုးအဆီကြိတ် ဆိုတော့ မယ်ငီးစိတ်အေးလို့၊ တောပြန်ခရီးမှာ သူငယ်ချင်းတယောက်ပါလာတာ
ကိုထိုင်းလိုက်ပို့ပေးမယ်ပြောထားတာ..ဆက်လက်အကောင်အထည်ဖော်..လို့ကျိုင်းမယ် ကျိုင်းရိုင်းသွားဖို့
ပြင်တာပေါ့၊ ခရီးထွက်မဲ့မနက်မှာဘဲ၊ အမကဆိုင်ကယ်တိုက်ခံရပါတယ်..။ လူက ကတ္တရာလမ်းပေါ်ပစ်
ကျလို့ ခါးရိုးထိသွားတယ်။ ကျိုးတော့မကျိုးဘူး..ဆိုတာနဲ့..ထူးပါဘူး..သွားစရာရှိတာသွားခဲ့ပါတယ်..။

ရက်အတိအကျမသတ်မှတ်ဘဲ ခြေဦးတည့်ရာသွားလည်ကြလို့ ၁၂ရက်ကြာသွားပါတယ်..။ သူငယ်ချင်းကို
အစကတဲကပြောလိုက်တာ..မယ်ငီးကိုခရီးစာရိတ်ခံနော်...လို့..ဟီး..ဆရာသမားလည်းပေးရှာပါတယ်။
မယ်ငီးတော့ ဒေါ်လာ ၄ဝဝ ကျော်ဘဲကုန်ပါတယ်(မှန်တာပြောတာနော်..) သူတော့ အတော်ကုန်သွားမှာပေါ့
ဒီလိုကပ်စီးကုပ်ပြီး ကြံဖန်သွားရတာ အတော်သနားစရာကောင်းတဲ့ မယ်ငီးလေ😁😁တကယ်တော့ စီစဉ်ထားတာတမျိုးပါ တကယ်တန်းသွားရတာက နောက်တမျိုးနဲ့ပေါ့လေ..။ ဒီလိုပါဘဲ ဘဝမှာ မမျော်လင့်ဘဲ အကွေ့အကောက်တွေနဲ့ရင်ဆိုင်လာရင်လည်း အလိုက်သင့် အလျားသင့်လေးမျောသွားတတ်ရတယ်လေ။
ကျိုင်းတုံဂိုက်လေးနဲ့မယ်ငီးတို့တောင်ပေါ်လားဟူရှီးဆိုတဲ့လူမျိုးရွာကိုသွားခဲ့တယ်
ကျိုင်းတုံမှာလည်း သူငယ်ချင်းကိုလိုက်ပို့ရင်း..တောတွေတောင်တွေတက်ခဲ့သေးတယ်...။
နံမည်ကြီးတဲ့ရွှေတြိဂံနယ်မြေ
တာချီလိတ်၊မယ်ဆိုင်၊ကျိုင်းရိုင်း၊ ကျိုင်းမယ်၊ လွိုင်တုန်း၊ ဘုရင့်မယ်တော်ပန်းခြံ၊ မယ်စလောင်၊ ရွှေကြိဂံ နယ်မြေ..ဒီလိုနေရာတွေသွားခဲ့ကြတာပေါ့။ ခုတလော ကိုယ်တို့မွေးရပ်မြေအပါအဝင် ထိုင်းနယ်စပ်ဖက်က လည်စရာပတ်စရာတွေ သွားလည်ကြတာ ကိုယ်တို့ပြည်ကြီးမှာ အတော်ခေတ်စားဆိုဘဲ...။
Chaingrai Black house
ရန်ကုန်ရောက်ပြီး ချစ်လှစွာသောညီမလေး မဒမ်ကိုးရဲ့ကျေးဇူးနဲ့ တောင်ငူသွားရင်း သံတောင်ကိုလည်း
ရောက်လိုက်သေးတယ်လေ..။
ကရင်ပြည်ရောက်ရှမ်းတယောက်ပါ :P
ဒီတော့ ဒီမှာမိတ်ဆက်ပေးတဲ့သဘောနဲ့ ဓါတ်ပုံလေးနဲနဲလောက်မျှဝေထားပါရစေ။ နောက်မှ တနေ့နည်း နည်းလာအာလူးဖုတ်ကြတာပေါ့နော်..။ ပုံပြင်ဇာတ်လမ်းမဟုတ်တဲ့ ပုံပြင်လေးတွေအများကြီး ကြုံခဲ့ တွေ့ခဲ့
ခံစားခဲ့တဲ့ ခရီးစဉ်တလျောက် (ကျိုင်းတုံမှာနေတဲ့ ၃လအပါအဝင်) ဆိုပါတော့...။
အချိန်တိုင်းစပ်ဖြီးဖြီးမယ်ငီးပါ
လမ်းတွေ့ရင်လည်းခေါ်လို့ရပါတယ်လမ်းကြုံရင်လည်းမုန့်သာဝယ်ကျွေးလိုက်ပါ..လေ
အော်...မေ့နေလို့...အမြဲတမ်းဓါတ်ဖမ်းတတ်တဲ့ သူငယ်ချင်းပုံပြရအုံးမယ်...
နောက်တခါမှ ခရီးစဉ်လေးတွေ အာလူးလာဖုတ်အုံးမယ်လေ...

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage