![]() | ||
ပရိုကင်မရာမင်း😁 |
ဟော်တယ်ခန်းလေးကမဆိုးဘူး မနက်စာမပါဘူး

ကိုယ်တော့ မနေ့ညကမုန့်လေးနဲ့မိတ်ဆွေတို့ပေးတဲ့ ဒိန်ချဉ်တွေနဲ့ အိုကေလိုက်ရတယ်😆 ချွေတာစုဆောင်း
သူထေးလောင်းကွ..။ ဟော်တယ်ကနေလှမ်းကြည့်တော့ ကောင်းကင်ကြီးကသာယာလှပနေပါတယ်။ ဂိုက်
မမလေးပြောတာ ဒီနေ့ကသူတို့ဆီမှာ စပယ်ရှယ်အရမ်းအေးပါမယ်တဲ့.... -21 ံC ဖယားဖယား...

ကိုင်း..လမ်းတလျှေက်ဖြတ်သန်းသွားတဲ့နေရာကြည့်လိုက် အေးစက်မာကြောနေသလို....။ မြစ်ပြင်ကြီး
လည်းရေတွေခဲလို့..။






ထုံးစံပေါ့..တံခါး ၂ ဆင့်ဖြတ်ပြီးသွားလိုက်ရင် အထဲမှာနွေးသွားတာဘဲ..လူတွေလည်း တရုန်းရုန်းနဲ့၊ လက် မှတ်ပြသွားချင်တဲ့နေရာပြော..၊ တာဝန်ကျသူတွေက လိုက်ပြပေးတယ်။ ကစားကွင်းရှိတယ်။ ရေကူးကန်ရှိ
တယ်။ ရေခဲဟော်တယ်ရှိတယ်။ ရိုးရိုးဟော်တယ်ရှိတယ်..ကဲပြော...ဘယ်နေရာသွားမှာလဲ...။

ကိုယ်တို့တော့ တနေရာရောက်ရင် ခင်သက်ထွေးလေ... ရေအိမ်ရှာရတာပါဘဲရှင်...😂

လူတွေအတော်များတာဘဲ.. ၃လလောက်ဘဲဖွင့်တာကို လာကြတာ သန်းချီပါတယ်တဲ့...။ ရေကူးဝတ် စုံတွေနဲ့ လူတွေကိုတွေ့တော့အစက အရမ်းအံသြနေတာ။ ကိုယ်တို့မှာတော့ စစ်ထွက်မဲ့အတိုင်းပတ်ရထပ်ရနဲံ
သူတို့က ဘီကနီတွေနဲ့ ခေါင်မိုးတခုထဲအောက်မှာ လူတန်းစား၂ရပ်ရှိလေသည်..👀အင်္ီထူတွေကို
လက်ခံပေးတဲ့ကောင်တာတွေလည်းရှိတယ်။ ခလေးတွေအများကြီး အုပ်စုလိုက် အထူထည်တွေချွတ်ကြ
တော့ ခင်စပ်စုက သွားကပ်မေးပါတယ်။ သူတို့လို ငါလည်းချွတ်ပြီး အပ်ခဲ့ရမှာလား..လို့..။ ဘယ်သွားမှာလဲ
မေးမှ ရေခဲဟော်တယ်ဆိုရင်မလိုပါဘူးတဲ့။ ဟိုကခလေးတွေက ရေကူးတဲ့.အဲဒီနေရာအထဲကိုဝင်ကြည့်ချင်တာ..မဝင်ရလို့..ဘယ်လောက်ကြီးတဲ့ရေကူးကန်လည်း တကယ်သိချင်တာဆို...လူတွေအများကြီးရာချီ
ပြေးဝင်သွားကြတာ...
ပြေးဝင်သွားကြတာ...



လူကလည်းအမြဲအိတ်တလုံးကိုင်နေတာ အဲ့ထဲမှာ သိုးမွှေးစောင်သဘက်တခုထဲ့လာတယ်..ချမ်းရင်ခြုံဖို့..
ဒါတ်ထဲမှာ ပုံပဲ့လိုက်တာဟယ်...😝




ပြောပါတယ်။ အဝင်ဝမှာ ၄၅မိနစ်တခါ လိုက်ပြောပေးတာရှိတယ်။ အဲဒီနေရာမှာနားသွားစောင့်နေပါ။
ခုဟာကတဝက်တပျက်ဖြစ်နေတာရယ်၊ သူတို့Tourကသပ်သပ်မို့လို့ပါ...တဲ့ မျက်နှာချိုချိုလေးနဲ့
လာပြောပေးပါ တယ်။ အားနာလိုက်တာ အော်ငါလည်းအရှက်မရှိသူပြောတာနားထောင် သူ့ကို
Video တွေရိုက်မိတာကိုးဘဲဒီးဆော်ဒီး.အခါတသောင်းပြောပြီး ပြေးထွက်လာရတယ်..
နိုင်ငံကြီးသားကိုကိုရေ့...

ကဲပါလေ...အချိန်ရှိခိုက် ဓါတ်ပုံရိုက်....ဟီးဟီး ကိုယ်ကလည်းရိုက် မိတ်ဆွေကလည်း ပဲလိုက်ပေးနဲ့ အရမ်း
ကြီးဟန်ကျလို့..ပျော်စရာကောင်းထှာ...


အရက်ဘားတဲ့...


ဟေး..ရှားရှားပါးပါး..မီးလှုံလို့လည်းရတဲ့နေရာလည်းရှိ....







ကဲ..အချိန်စေ့တော့မယ်...သတ်မှတ်တဲ့နေရာအရောက်ပြေးရမယ်လေ...ရေခဲဟော်တယ်ဝင်းထဲက မုန့် ဆိုင်မှာ မုန့်ဝယ်စားတာ Video ဘဲရိုက်ထားမိတာ..အဲ့တာတင်တာမရဘူး..ဆိုက်ကြီးလို့တဲ့..အဲ့ဒီမှာပြော
ပြချင်တာက သကြားကွက်ကီးတဲ့..၃ခုကို (၄-၅ ဒေါ်လှလောက်ကျမယ်နဲ့တူတယ်) တခုမှ အမေရိကငွေ ၂၅ ပြားစေ့တန်လောက်ဘဲရှိတာ..သေးသေးလေး...စားဖူးသည်ရှိအောင်ဝယ်စားကြတာ..အိုးလာလား...
ပြင်သစ်လိုအော်ပါရစေ..သကြားခဲကြီးကိုက်ရသလိုဘဲ...ဘာမှအန့ံ့အရသာမရှိ...မြန်မာပြည်မှာ မိန်းခ
လေးတယောက် ထန်းညှက်တွေနဲ့ စားစရာလုပ်ပြီး အထုပ်လှလှလေးရောင်းတာ...အောင်မြင်တယ်ဆိုတာ
မထူးဆန်းပေဘူးဘဲ...မွှေးကလည်းမွှေး အချိုကစိမ့်နေတာ...။ တကယ်တန်းလုပ်မယ်ဆိုရင် ကိုယ်တို့ပြည်
ကဒေသအသီးသီးရဲ့ ရိုးရာမုန့်တွေကို အဆင့်မြင့်ပြီးသပ်သပ်ရပ်ရပ်ထုပ်ပိုးရောင်းချမယ်ဆိုရင် တကမ္ဘာလုံးဘယ်နေရာမဆို သွားရောင်းလို့ရတယ်။ မယ်ငီးကိုလာပြောရောင်းပေးမယ်..ဈေးကွက်ရှာတာ လွယ်မှလွယ်😏



ကဲ...ကမန်းကတန်းရေးတဲ့စာလို့သာ မှတ်ယူပါ....နောက်အပတ်ခရီးထွက်ရမှာ မထွက်ခင်ရေးပြီး တင်တာ
ကိုဆက်တင်နဲ့ချိန်ထားတာ... မိတ်ဆွေများ ဒီစာဖတ်ချိန်မှာ မယ်ငီး ရေခဲအရပ်ကနေ ရေပူူပူူ နေပူူပူရှိရာ အရပ်ကို သွားဖို့ လိမ်ပြန်ကြီးထဲကွေးပြီးအိပ်နေတဲ့အချိန်လို့သာ..မှတ်ကြပါရှင်.....နောက် ၃လလောက် ကြာမှပြန်လာမှာဖြစ်တဲ့အတွက်..ကြားထဲပျောက်နေရင်လည်း... ရွှေပြည်ကြီးတနေရာမှာ ဒူးနန့်နေတာဖြစ်
လို့ ခွင့်လွှတ်ပါရှင်.... (ဖုံးလေးနဲ့ အင်တာနက်လောကကြီးကိုမကြည့်တတ်ဘူးလေ) old fashion lady
ဖြစ်လို့ ဖုံးလေးကလည်း သေးသေးလေးဘဲကိုင်တာလေ.. 😀😂😋
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage
Enjoy your trip..
ReplyDeleteStart from 27th Feb,
Deleteuntil now non stop traveling:P
Have fun but tired :D
Church ကထိုင်ခုံကို ချက်ချင်းကြည့်လိုက်တာ ထိုင်ခုံတွေကို ချောကလက်ရည်လောင်းထားတာ အထူးအဆန်းပဲ ထင်လိုက်တာ... နောက်မှသိတယ် ထိုင်ရင်မအေးအောင်လို့ကို အစားသမားမို့ အစားအသောက်ပဲတွဲမြင်တတ်တယ်ထင်တယ်..
ReplyDeleteHave a safe trip မမီး..
ကျမလည်းအထူးအဆန်းမို့လို့
Deleteရေးချင်ပြောပြချင်တာလေ..
ရေခဲပွဲတော်တောင်မရေးရသေးဘူး...
နောက်ထပ်ခရီးမျီုးစုံသွားနေတာ..
နောက်ခရီးသွားအကြောင်းတွေ
အာလူးလာဖုတ်ရအုံးမယ်...
အခုကထိုင်းခဏရောက်တုံး
ဝင်ဖတ်စာပြန်ရေးတာပါရှင့်း)))
သုံးလတောင်ပျောက်နေမှာလားလို့ ..
ReplyDeleteအိုင်အိုရာ
အခုထိုင်းရောက်တုံးလေး..
Deleteရေးမလားလို့...
၃-၄ညဘဲအိပ်တာပါ..
တနေကုန်လည်
ညကျအရမ်းမိုးချုပ်တာ
ဟီး..စဉ်းစားခန်းဘဲရှိတာ..
ကိုယ်တိုင်ရောက်သွားသလို ခံစားဖတ်သွားတယ် ကျေးဇူးပါ မီးငယ်။
ReplyDeleteမတွေ့တာကြာပေါ့အန်တီတင့်
Deleteနေကောင်းပါရဲ့လားရှင့်
ပုံတွေကြည့်ရင်းေ၇ာက်နေတယ်
ReplyDeleteဒီပို့စ်ရေးပြီး၃လလောက်ပျောက်သွားတာဘဲ
Deleteစပယ်ရေ..