Tuesday, October 4, 2016

မဟာဒုတ်အလှုနဲ့အင်းသားဟင်း..

မင်္ဂလာပါရှင်~~~
ဝါခေါင်လဆိုရင် မဟာဒုတ်စာရေးတံမဲပွဲကို နေရာတော်တော်များများကျင်းပကြပါတယ်။ မယ်ငီးရဲ့ ကျိုင်းတုံ
ဈေးတန်းကြီးရပ်ကွက်မှာလည်း အစဉ်အဆက်ကျင်းပလာတာပေါ့။ ကျိုင်းတုံမှာက လူမျိုးပေါင်းစုံဆိုတော့
ဘုန်းကြီးကျောင်းတောင် ဂုံရှမ်းကျောင်း ရှမ်းကျောင်း ဗမာကျောင်း ..အိုး..စုံပါ့ဗျား..။ ကိုယ်တို့ဈေးတန်းကြီး
ရပ်ကွက်က ကျောင်းမောက်မယ်ဆိုတဲ့ ဘုန်းကြီးကျောင်းက ဂုံကျောင်းမဟုတ် ရုမ်းကျောင်းမဟုတ် ဗမာ မဟုတ်တဲ့ ရပ်ကွက်သားတွေရဲ့ဘုန်းကြီးကျောင်းတကျောင်းဆိုပါတော့။ ခုတော့ ကောင်းမူခမ်းကျောင်းတဲ့
နံမည်ပြောင်းသွားပြီ..။ကျောင်းလည်းအများကြီးပြောင်းလဲသွားတယ်။ ထားပါလေ..ပြောပြချင်တာက အ တိတ်ကဇာတ်လမ်းကောင်းလေးတွေအကြောင်းပါ...။
ဘုန်းကြီးကျောင်းမှာလူစုနေကြတာ ဘုရားပေါက်တဲ့အိမ်ကိုဘုရားပင့်ပြီးသွားပို့
ဘုန်းကြီးကျောင်းရဲ့သာရေးနာရေးကိစ္စအဝဝကို ဦးစီးတာက အင်းသားတွေလေ..ဒီတော့အင်းသားအငွေ့အ သက်မကင်းတဲ့ ဘုန်းကြီးကျောင်းပေါ့.။ရပ်ကွက်ထဲမှာလည်း အင်းသားတွေများခဲ့တယ်။ ခုတော့ သိပ်မရှိကြ
တော့ပါဘူး။ ဆုံးပါးသွားတာ နေရာဒေသတွေ ပြောင်းကုန်ကြတာနဲ့ နဲနဲလက်ကျန်ထုံးတမ်းစဉ်လာနဲ့ဆက်ပြီး
ချီတက်နေဆဲပါဘဲတဲ့။ အကြိမ်ပေါင်း ၄ဝ ရှိပြီတဲ့..။ ကိုယ်တို့ခလေးဘဝကတဲကပါဆို...။
ဘုရားပင့်
အဲ့ဒီအထဲမှာ ဝါခေါင်လ မဟာဒုတ်အလှုဆိုရင် အရမ်းပျော်စရာကောင်းတာပေါ့။ ဘယ်အိမ်က သံဃာတော် ဘယ်နှစ်ပါး ပင့်မလဲဆိုတာစာရင်းပေး၊ ပြီး လိုအပ်တဲ့သံဃာအရည်အတွက်ရအောင် တခြားဘုန်းကြီး
ကျောင်းမှာ ပင့်ဖိတ်ခဲ့ကြတာပေါ့။ဘုန်းကြီးကျောင်းမှာမဲတွေနိူက်တယ်။ ဘုရားမဲ၊ ရှင်ဥပကုတ္တမဲ နဲ့ ရှင်သီဝ လိမဲ ဒီလိုသတ်မှတ်ထားပြီး အလှူရှင်နံမည်ကို မဲလိပ်လုပ်ပြီး မဲနှိုက်ကြတာ..။ကိုယ်ရည်စူးတဲ့ သံဃာအရည် အတွက်ကသတ်သတ် သတ်မှတ်ထားတဲ့ မဲသုံးမဲကနေ တစ်မဲပေါက်ဖို့ကံစမ်းရတယ်။ကိုယ့်နံမည်ခေါ်သံ
ကြားရရင် ကံထူးပြီသာမှတ်ပေတော့..။
ဈေးတန်းကြီးရပ်ကွက်သူတွေရဲ့ဝတ်စုံ

ခုတော့ တချို့လူတွေကတခြားရပ်ကွက်တွေကိုပြောင်းသွားပေမဲ့လည်း ဒီအလှုမှာပါလို့
ဘုရားမဲပေါက်တာနဲ့ အဲ့ဒီအထိရပ်ကွက်သားတွေကတပျော်တပါးသွားပို့ကြတယ်





ဘုန်းကြီးကျောင်းတခုလုံး စာသင်တိုက်ကသံဃာတွေ ကိုရင်ငယ်လေးတွေနဲ့ ဝါထိန်ပြီး ရူပ်ယှက်ခပ်နေတာ
အရမ်းပျော်စရာကောင်းတာဘဲ။ တချို့လည်း အိမ်ကိုမပင့်တော့ဘဲ စုပေါင်းအလှူသဘောမျိုးလုပ်ပြီး စုပေါင်း အလှူငွေထဲ့ ဘုန်းကြီးကျောင်းမှာဘဲ စုပေါင်းချက်ကြပါတယ်။ တရပ်ကွက်လုံး အိမ်တိုင်းနီးပါးဆွမ်းကပ်ကြ
တာပေါ့။ ကိုယ့်ဆွေမျိုးအပေါင်းအသင်းတွေဖိတ်ကြနဲ့ တလမ်းလုံး အဝင်အထွက်တွေများပြီး ပွဲတော်လိုစည်
ကားနေတာပေါ့ရှင်..။ အဟင်း...ပြောစရာမလိုအောင် မယ်ငီးတို့အိမ်က အင်းသားဟင်းပေါ့...။စပယ်ရှယ်
အဖေ့လက်ရာ ဝက်သားနီချက် ငါးအစပ်ချက် ပဲပုပ်စေ့ကြော် ထိုဖူးခေါက်ကြော် ဂျုးမြစ်သုတ် အစိမ်းကြော်
အကြီးဆုံးအိုးကတော့ ငါးရံ့ဆန်လှော်ဆေးခါးပေါ့ရှင်...။
သွားဖို့အစဉ်သင့်တဲ့..
 လမ်းထဲက အဖေ့အမျိုးတွေ မိတ်ဆွေတွေ အမေ့အမျိုးတွေ အထူးသဖြင့် ဦးကြီးတွေ အဖိုးကြီးတွေပေါ့။ "ဟယ်..အယ်ဆိမ်းမောင် ဆေးခါးဟင်းချက်ရင် ငါ့အိမ်တခွက်လာပို့လှဲ့"ဆိုတဲ့ သူတို့အင်းသားစကားနဲ့ပြော
ဆိုထားပြီးသား အမိန့်ချထားပြီးသားလေ။ "ကျမအဖေနံမည် "သိန်း"ဆိုတာ အင်းသားအသံထွက်နဲ့ဆိုဆိမ်းတဲ့..ဟိ.😁 ပြီးခဲ့တဲ့အပတ်က အိမ်မှာ မဟာဒုတ်အလှုလုပ်တာ သံဃာ ၅ပါးယူတယ်တဲ့။ အဖေရှိတုံးကဆို ၇ပါး ၉ပါး ဒီလိုယူတတ်တယ်။ တခါတလေလည်း ၅ပါးပေါ့...။ လူအားလည်းများတော့လုပ်နိုင်တယ်လေ..။ ခုတော့ တူမလေးနဲ့ အမေတို့ရဲ့မွေးစားသမီးဘဲချက်တာ..။ အမနဲ့ တူမအမျိုးသားကသူတို့မိတ်ဆွေတွေလည်းဖိတ်ချင်တယ်ဆိုလို့ ဖိတ်ချလာတာ စုစုပေါင်းလူ ၅ဝ လောက်ဖြစ်သွားတယ်တဲ့။အမေကအရမ်းပျော်နေတာတွေ့ရတော့ ဝမ်းသာကြည်နူးမိတယ်။
နောင်ဖာဆိုတဲ့ရပ်ကွက်အသွား..
ဘုန်းကြီးကျောင်းကဓါတ်ပုံတွေကိုတော့ တော်လည်းရမတော်လည်းရ ဆွေမျိုးနီးစပ် အင်းသားမျိုး စာသင်
ပေးခဲ့ရတဲ့တပည့်မလေးတယောက် (သူကတော့ ကျျိုင်းတုံမှာသူဋ္ဌေးမကြီးဖြစ်နေပြီတဲ့)ရဲ့ fb ကဓါတ်ပုံကို သုံးထားတာပါ။ ကဲ..မယ်ငီးအိမ်ဖက်က ဟင်းတွေသွားချောင်းကြည့်ရအောင်လေ...
 ပဲပုပ်စေ့ကြော်နဲ့နမ့်ဖစ်(ခရမ်းချဉ်သီးပဲပုပ်ထောင်း)
 အချိုပွဲကတော့ အဆန်းမဟုတ်ပါဘူး..နေရာတိုင်းရနိုင်တဲ့မုန့်တွေအသီးတွေပါ..
ဝက်သားနီချက်(ကြက်သွန်ဖြူနဲ့ချက်ပြီးကြက်သွန်နီကိုအလုံးလိုက်ထဲ့တာ) သူတို့ကတော့ မယ်ငီးလိုသား သားမြင်တာနဲ့ သားရေတမြားမြား ဓါတ်ပုံတွေမရိုက်တတ်ရှာဘူးလေ..အဟီး.....(ကိုယ့်ကိုကိုယ်ဖော် မသူတော်ကြီးလေ..)တို့စရာနဲ့ ငါးချိုချဉ်..
ဂျုးမြစ်သုပ်ဓါတ်ပုံကမွဲချက်ဗျာ...ကိုယ့်ရဲ့အကြိုက်ဆုံးဟင်းထဲကတခွက်ပေါ့..ဂျုးမြစ်ကို ဆနွမ်း မကျဉ်းသီးမှည့် နဲ့အရင်ဆုံးပြုတ်အကြာကြီးမဟုတ်ဘူး..ခဏလေးပါဘဲ။ ပြီးရေစစ်ထား လက်နဲ့သေသေချာချာညှစ် ရေ မပါ
အောင် နှမ်းမဲလုံးလှော်(နမ်းအပြားမျိုးမဟုတ်) မညှက်တညှက်ထောင်း ဆီချက် ခရမ်းချဉ်သီးမီးဖုတ် ကြက် သွန်နီကြော် ဆား ငရုတ်သီးအထောင့်လှော်ထောင်းနဲ့သုပ်တာ ဂျုးမြစ်ရဲ့ ဆတ်တောက်တောက် ကြွပ်ကြွပ်
လေးချိုချဉ်စပ်ငံ အရသာကို ဆေးခါးဟင်းစိမ့်စိမ့် ခါးသက်သက်လေးသောက်ပြီး မျိုချလိုက်ရင်ကို တကယ်
ဆွေမျိုးမေ့သွားပါလိမ့်မယ်..။
ငါးရံ့ဆန်လှော်ဟင်းကတော့ နဲနဲကရိကထနိုင်ပါတယ်။ ပထမဦးဆုံး ဆန်လှော်ပါ မီးအေးအေးလေးနဲ့ မတူး
အောင်၊ အရောင်လေးနီညိုရောင်ဖြစ်လာရင် မီးပေါ်ကနေချပါ။ ကိုယ်တို့တုံးကတော့ လက်နဲ့လှည့်တဲ့ ကြိတ်စက်ရှိတယ်လေ အဲ့တာနဲ့ လှည့်ရတာ ညှက်နေမှကောင်းတယ်။ ဒါတွေက မယ်ငီးတို့ရဲ့အလုပ်လူကြီး
တွေခိုင်းတာလုပ်ရတယ်ပေါ့လေ..။ ပြီးမှ ပူစီနံ နံနံပင် ပါးပါးလေးတွေလှီးပြီး အဲ့ ဆန်မူန့်ထဲထည့်ပြီးရော 
ဖွဖွလေးနယ်ထားတယ်။ပြီးရေပြုတ် ရေဆူမှာ ရေဆေးပြီး ဆား ဆနွမ်းနယ်ထားတဲ့ငါးရံ့ထည့်။ ငါးအရောင်
လေးပြောင်းလို့ ကျက်ပြီဆိုရင် ပြန်ဆယ် အသားထွင်ပြီး အသားအားလုံးအိုးထဲပြန်ထဲ့ပါတယ်။ အရိုးကိုသံဆုံ
ထဲထည့်ထောင်းပြီးရေစစ်နဲ့ အရိုးရည်စစ်ထဲ့ပါတယ်။ ပြီးမှ အိုးထဲ ခရမ်းသီးတလုံးလောက် ခရမ်းချဉ်သီး
တစိတ်လောက် ထဲ့ပါ။ ဆား ငရုပ်သီးမူန့်လေးနဲနဲ ငရုပ်ကောင်း ဆီတပေါက်လောက် ထည့်၊ ဆူလာရင် 
ပူစီနံနဲ့ဆန်မူန့်အရောထည့် ကြက်သွန်ဖြူ နဲ့ ဂျင်းသေး ခပ်များများ အိုးချခါနီးမှ ညှက်နေအောင်ထောင်းပြီး
ထည့်၊ ဆူဗွက်လာရင် ဆားလေးမြည်းအပေါ့အငံ ငံပြာရည်လောင်းတစက်လောက်ချပြီးရင်.. အိုကေပြီ.
တအိမ်လုံးလည်း မွှေးကြိုင်နေ ပါပြီ။ ဆေးခါးကတော့ ဇွန်းဖျားနဲ့ဘဲထည့်တာပါ မခါးပါဘူး။ စားပွဲပေါ်မှာ
တော့ဗူးလိုက်ထားရတယ်။ကြိုက်တဲ့သူ ကိုယ့်ဟင်းရည်ပုဂံထဲ ကိုယ်ထည့်ပေါ့..။
 
 ဒီတခါအိမ်မှာ ဘုန်းကြီး ၁ပါး ကိုရင်၄ပါးကြွလာတယ်တဲ့။
ကျမအမကကျောင်းဆရာမဆိုတော့ သူ့ကျောင်းကဆရာဆရာမတွေဖိတ်ပြီးကျွေးတယ်..။
သူတို့ပို့လာပေးတဲ့ပုံကိုကြည့်ပြီး ခဏခဏဂလုဂလု တံတွေးမြိုချရနဲ့ အားကျမခံထပြီးသုပ်ပါတယ်..
တကဲ့ ဗမာဟင်းပါ...ဘာအသုပ်လို့ထင်ပါသလဲမိတ်ဆွေများ....
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

8 comments:

  1. ကျိုင်းတုံတခေါက်သွားလည်ဦးမယ် တခါမှမရောက်ဖူးသေးဘူး...။ မမီး ပုံတွေကြည့်ပြီး ကြည်နူးရတယ်...။ ဘာအသုပ်လဲဆိုတော့ ကြောင်လျှာသီးသုပ်မဟုတ်လား...။ အဲကြောင်လျှာသီးကို ငါးပိကြော်လုပ်စားကြည့်ကောင်းအိ..း)

    မိုးငွေ့

    ReplyDelete
    Replies
    1. ဟုတ်တယ်နော်..
      သူငယ်ချင်းတယောက်ပြောလို့၊
      တနေ့ကလုပ်စားတာ၊
      အရမ်းကောင်းဘဲ။
      အမေရိကားမှာ၊
      လက်ဆောင်ရတဲ့၊
      ကြောင်လျှာသီးအရမ်းတန်ဖိုးရှိတာဘဲဟယ်။
      မိတ်ဆွေကြီးကလည်း
      သတ္တိရှိထှာ ၁၅ချောင်းလောက်
      အစိမ်းဒီအတိုင်းဘယ်ခဲ့တယ်ဆိုဘဲ

      Delete
  2. You put tomatoes for sour instead of tamarind. It is interesting. I will make salad next time with tomatoes. Thanks for the post. Fish soup is almost same as mont hin khar cooking. :-)) Want to try Ma Mie Mie.

    စာချစ်သူ(Canada)

    ReplyDelete
    Replies
    1. Do you mean in "ဂျုးမြစ်သုပ်"!!
      Yes, we put both tomatoes and tamarind.
      Tamarind use only in first step put in boiling water pot.
      Tomatoes(မီးကင် မီးအုံး) and chop then put it.
      After taste is not sour enough my father use lime too :P

      Delete
  3. နှီပ်စက်ပါ နှိပ်စက်ပါ
    သူများလည်းဂလုနေရတယ်ဖတ်ရင်းကြည့်ရင်းနဲ့ 
    ကြောင်လျာသီးပေါ့..(အားကျသံဖြင့်ပြောမိသည်ထင်)
    အိုင်အိုရာ

    ReplyDelete
    Replies
    1. အဟား...
      ဒီကလည်းတခါမှမရစဖူးအရထူးလေး
      တချောင်းကိုသုပ်စား
      နောက်တချောင်းကိုတော့
      ပုဇွန်တွေနဲ့ငပိကြော်ပုံစံ
      လုပ်စား..
      အပါးပါး..
      ကောင့်လှင့်တည်းပေါ့...
      :D
      မအိုင်အိုရာကိုတောင်
      သတိရမိသေး..

      Delete
    2. ဟယ် ၂ချောင်းတောင်ရတယ်..
      ပိုအားကျယုံမကဘူး မနာလိုပါဖြစ်သွားပြီ..
      ပုံလေးနဲ့ ဘဲကျေနပ်ရတော့မှာပေါ့လေ..
      ဒါနဲ့ နယူးဂျာစီဘူတာရထားတိုက်တော့မိတ်ဆွေကြီးတွေတော့ဘူတာရုံမှာမရှိနေလောက်ပါဘူးလို့ တွေးမိသေး...
      အိုင်အိုရာ

      Delete
    3. NJ ကနေ NYကိုသွားရင် Bus နဲ့ဘဲသွားတယ်
      အိမ်ရှေ့မှာမှတ်တိုင်လေ ၃ဝ မိနစ်ဆို
      The Port Authority Bus Terminal ကိုရောက်ရော
      Longisland NY မှာနေတာထက်ကိုပိုပြီး
      အဆင်ပြေတယ်..အဟီး..
      ထပ်ပြောရရင်လည်း
      တကဲ့ကိစ္စရှိမှသွားဖြစ်တာ
      တနှစ်တခေါက်တောင်
      မရောက်ဖြစ်ပါဘူးဆို...
      နေ့တိုင်းလမ်းထိပ်ထွက်ရင်တော့ဟိုးဖက်က
      မိုးမျှော်တိုက်တွေကိုလှမ်းမြင်နေရတာဘဲ..
      တကဲ့..တောသားပါဆို..
      ကျေးဇူးတင်ပါဘဲ..စိတ်ပူပေးလို့..
      စန်းထွန်းဘဲရထားစီးတတ်တာ
      သူ့ကိုတောင်ကမန်းကတန်းဖုံးဆက်
      မေးရသေးတယ်..
      သူလည်း..အိုကေပါဘဲတဲ့..

      Delete