
ခင်ခင်နှမပဂေး အူကြောင်ကျားနဲ့ ဘုမသိဘမသိ သူတို့ရှေးဟောင်းဘုရား (ခုပြန်မှရှာတော့တွေ့တာက
Yonggungsa Temple တဲ့၊နှစ်ပေါင်း ၁ဝဝဝ ကျော်ပြီဆိုဘဲ)...ရောက်ခဲ့တာ ။ အဲ့ကအပြန် သူတို့စီစဉ်ပေး လိုက်တာကကားရပ်ရင် အထဲပြန်မဝင်လာနဲ့ နောက်ကားတစင်းနဲ့ INCHEON CITY TOUR သွားဖို့အပြင်မှာဘဲစောင့်နေတဲ့


နောက်ကားပေါ်တက်တော့ ဟောင်းလောင်းကြီး လူကလည်း ရေသောက်ချင်လာတာနဲ့ ခဏလောက်စောင့်
ပေးပါအထဲမှာရေသွားဝယ်အုံးမယ်ဆိုပြီး..ပြေးဝင် ရေတဗူးဝယ်ခဲ့ပါသေးတယ်။ ထင်မိတာက ကိုယ်တစ်
ယောက် ထဲဒိုးရမယ်ပေါ့...။ နောက်မှ လူတွေရောက်လာပါတယ်။ သိပ်မများပါဘူး။

ကားစထွက်ပြီ..လူလည်းသိပ်မဟန်ချင်ဘူး...ရသလောက်ကို တဖျတ်ဖျတ်ရိုက်လိုက်ကြည့်လိုက်နဲ့ပေါ့..

လမ်းတွေကထင်သလောက်ကားမကျပ်ဘူး...

မြို့ကဟိုးအဝေးကမြင်ရတဲ့မူန်ပြပြလေး...

ကကြီးလည်း ရာသီဥတုအေးတော့ မှန်လုံ ဖန်လုံ စိုက်ခင်း(အမှန်ကပလပ်စတိတ်တမျိုးပါ..ဟီး) နဲ့..

အဲ့တာမြင်တော့ နယ်သာလန်ကို သတိရမိတယ်။ အဲ့လိုစိုက်ခင်းတွေ ကားလမ်းဘေးတဖက်တချက်မှာ ပြည့်
လို့...။

စိုက်ခင်းဘေးနားက မက်မန်းပင်လားမသိ...။

ကိုင်း..ပြောရင်းဆိုရင်း..ကားကြပ်လေပြီ....

အော်..ကားတိုက်ကြတာတဲ့...

ကဲ..မြင်ရပြီ..သူတို့ရဲ့စုလစ်မွမ်းချွန်ကြီး...

လမ်းကြီးကရှင်းနေတာဘဲ..အဲ့လိုမျိုးကြီးလားတဲ့...နဲနဲ...မြို့ပြင်ကျနေလို့များလားမသိပါ...

ကားတွေတွေ့တော့ တခုချက်ချင်းမြင်မိတယ်...ကားအားလုံး မိတ်အင်ကိုးရီးယားဘဲ။ဂျပန်ကား ဥရောပ
ကား ယူအက်စ်ကားအတော်ရှားပါးတာဘဲ။ဂျပန်ကထားလိုက် သူတို့ပြိုင်ဖက်နဲ့သမိုင်းကြောင်း အရ
မကြိုက်တာလည်း ဖြစ်နိုင်တယ်...အခွန်နဲ့တင်းကျပ်ထားတာလား..သူတို့ကိုယ်တိုင်ကပြည်တွင်းဖြစ်ဘဲ
အားပေးလားတော့မသိ...

ပြာပုံတို့ အောက်ခြေတို့ကနေ တရှိန်ထိုး တိုးတက်လာတဲ့ နိုင်ငံတွေအကြောင်းလေ့လာကြည့်ရင် အဓိက
နိုင်ငံသားတွေရဲ့ စိတ်ဓါတ်ပါဘဲ...ကိုယ့်အမျိုးကိုယ်ချစ်တာ ကိုယ့်နိုင်ငံကပစ္စည်းကိုဘဲ အားပေးတာ။
ခုလည်းကြည့် အမေရိကားရဲ့ appleသူတို့ဆီမှာရောင်းတာ ပြသာနာအရမ်းများတယ် ခဏတရားစွဲလိုက်
ရောင်းခွင့် ပိတ်လိုက်နဲ့ တချိန်လုံးရူပ်နေတာ..။

တိုက်ပုံစံလေးကြိုက်လို့...

လိူဏ်ခေါင်းထဲအဝင်...

တကယ်ကြီးကားမကျပ်ဘူး..အံသြစရာ...

ဒီနေရာမှာ ခဏရပ်တယ်။ Wolmi park ကိုသွားကြတာ..နဲနဲလမ်းလျောက်ရမှာကို မယ်ငီးမဟန်နိုင်တော့
ကားထဲမှာဘဲထိုင်ကျန်နေခဲ့ရတယ်..။

အိုး..လက်စသတ်တော့ ပဲရစ်က ပိရမစ်...ဒီရောက်နေတာကိုး..😁

ဒီပတ်ချာလည်မှာ ဆိုင်ခန်းတွေများတယ်..။ ဆိုင်ပြင်နေပုံရတယ်...

ပုံနှိပ်စက္ကူတွေပစ္စည်းတွေရောင်းတာနဲ့တူတယ်..။အလေးမတာကို forklift အသေးလေးတွေသုံးကြတာ..
နေရာတကာမှာဘဲ..ထိုင်းမှာလည်း..သုံးတယ်...

ရန်ကုန်မှာ ကုန်ဈေးတန်းဖက်သွားရင် တွေ့နိုင်တယ်..အလေးကြီးတွေ တပင်တပန်းထမ်းနေတဲ့ အာချားဟဲ
တသိုက်တွေ့ရင် သနားမိတာအမှန်ဘဲ..လက်တွန်းလှည်းတွေဆိုရင်လည်း ပေါ့ပေါ့ပါးပါးမရှိ ကြီးမားလေးလံ

ကျိုင်းတုံဈေးအနောက်ပေါက်တည့်တည့်မှာ တောင်ပေါ်တိုင်းရင်းသားအဖွားကြီးတွေ ပလိုင်းနဲ့အုပ်စုလိုက်
ထိုင်စောင့်နေတာမြင်ရင် အဲ့တာ..ပစ္စည်းတွေဘယ်ပေးဖို့စောင့်နေတဲ့ အထမ်းသမားလို့သာမှတ်ပါလေ...
ကျမတို့တကယ်ဘဲ ကမ္ဘာကြီးရဲ့တဖက်ခြမ်းမှာကျန်ခဲ့ပြီလားမသိပါဘူး...တိုင်းပြည်တိုးတက်လာတယ်ဆိုတာ
စစ်ဖက်နယ်ဖက်အရာရှိသူဌေးသား မြေပိုင်ရှင်အပေါင်းတို့ နိုင်ငံခြားမှာစာသင် ဈေးဝယ်ထွက် လည်လည် ထွက်ကြတာနဲ့ လူတိုင်းဖုံးပွတ်နေတာနဲ့ ..အင်း..အဲ့တာနဲ့..အဲ့တာဘဲပေါ့လေ..ဟီး..

ပြောရင်ရှည်တယ် ပေများတာတွေခေါက်လို့...ကားထဲထိုင်စောင့်ရင်းဝယ်လာတဲ့မုန့်နဲ့ ရေသောက်တယ်။

အဲ့ဒီ Pais Baguette cafe က နယူးဂျာစီမှာလည်းရှိတယ် ဆိုင်ခွဲတွေလည်းအများကြီးဘဲ သူ့မုန့်စား လို့ကောင်းပေါ့ ဈေးလည်းကြီးတယ်ဗျ..

ကိုင်း..နောက်တနေရာက ဈေးဝယ်တာတဲ့...

Myeongdong ဆိုတဲ့ နိုင်ငံခြားသားအများကို အဓိက ပစ်မှတ်ထားလို့ ဈေးရောင်းတဲ့နေရာရပ်ပေးမှာတဲ့။
နာရီသတ်မှတ်ပြီး ဒီနေရာကိုပြန်လာခဲ့လို့ဆိုတယ်လေ။ ပြန်လာရင်မမှတ်မိမှာစိုးလို့ ကိုယ့်ကားဓါတ်ပုံရိုက်
ခဲ့တာပေါ့...။

ဂိုက်ကလက်ညိုး တထိုးထိုးနဲ့ ညွှန်ပါတယ်...။

ကိုယ်တော့ရှေ့နောက်တောင်မြောက်ပတ်ချာလည် ဓါတ်ပုံရိုက်ထားတယ်..။ ပဲရစ်မှာတခါခံဖူးလို့လေ..။
ကားတွေက တပုံတခေါင်းကြီး ဘယ်ကားမှန်းမသိ..ကံကောင်းလို့ခရီးသွားဖော်ကလာနူတ်ဆက်တာနဲ့..
အဲ့ကားပေါ်တက်ရတာ..။

ဒီနေရာက နံမည်ကြီးတဲ့...ဈေးကြီးတာကိုပြောတာပါ... ကမ္ဘာ့နံပါတ် ၉ ခုမြောက်ဈေးအကြီးဆုံး တဲ့..
ဆိုင်တွေကြည့်လိုက်တော့ အနောက်နိုင်ငံရော တကမ္ဘာလုံးက နံမည်ကြီး ပစ္စည်းဆိုင်တွေပါဘဲ...သူတို့
ထုတ်တဲ့ ပစ္စည်းလိုက်ရှာတာ လူကြားထဲ တော်တော်ခေါင်းမူးတယ်..အရမ်းလူများဘဲ..တနေ့နေ့ ဒီပတ်ဝန်း
ကျင်ကို ဖြတ်သန်းသွားလာတာ လူ ၂သန်းရှိတယ်တဲ့ဗျား....တခြားနံမည်ကြီးနေရာတွေလည်း ဒီပတ်ဝန်းကျင်တဝိုက်ဆိုပါတော့လေ..

ကိုးရီးယားအစားအစာတွေ အပြင်မှာဈေးနူန်းကပ်ထားတာ ဖယားဖယား..နယူးယောက် နယူးဂျာစီ ကိုးရီးယားတန်းထက်ဈေးကြီးတယ်ဗျ..

ဈေးဝယ်သူအပေါင်းကလည်း တရုတ် ဂျပန်တွေချည့်ဘဲလားမသိ...

ဘယ်နေရာကိုသွားရမှန်းမသိ..

နံမည်ကြီးတံဆိပ်ဆိုရင် လူတိုင်းကြိုက်ကြတယ်..အဲ့တာလေး ကိုင်မှ ဝတ်မှ လူရာဝင်တယ်ထင်ကြတယ်..
အဲ့တာကြောင့်လည်း ဒင်းတို့ပစ္စည်းတွေရောင်းရပြီးရင်း ရောင်းရ ချမ်းသာပြီးရင်းချမ်းသာပေါ့လေ..။

ကိုယ်တော့ မိန်းခလေးအသုံးအဆောင် အသေးလေးတွေရောင်းတဲ့ဆိုင်ထဲ ဝင်ပြီးနဲနဲပါးပါးဝယ်ခဲ့ပါတယ်

ဝယ်သူတရုတ်မလေးတွေကိုတိုးဝှေ့ပြီး ပိုက်ဆံရှင်းတော့ ကောင်တာက ခလေးမလေး တရုတ်လိုဘဲပြောတယ်ဗျား...

နောက်တခုက ကျမ ဓါတ်ပုံရိုက်တာ နာရီလည်းမပြောင်းမိဘူး..ဟီးဟီး...

ကိုင်းဈေးဝယ်ထွက်ရင် အဲ့နေရာမသွားကြနဲ့နော်..အသေဈေးကြီးတယ်တဲ့...

ဟိုငေးဒီငေးပေါ့..

သူကလေးကိုလည်းမြင်ရတယ်..

ကော်ဖီဆိုင်ထိုင်မလားဈေးနူန်ကြည့်တာ...လမ်းဘေးဆောင့်ကြောင့်ထိုင်ချတာက ပိုရင်အေးပါအုံးမယ်လေ

ဖီလစ်ပိုင်တသိုက်..သူတို့လည်း လေးဘန်းလမ်းဘေးမှာ မော့နေတယ်...

ကိုယ်တော့ ခပ်တည်တည်နဲ့ ဒီနေရာမှာ ဆိုင်ထဲစားတဲ့ ဖေါက်သည်အတွက်ထိုင်ခုံလားမသိ..ချထားတာ
ခပ်တည်တည်ဝင်ထိုင်နေလိုက်တယ်...

ကိုင်း...အချိန်စေ့လို့..ပြန်တော့မယ်..

အိုပါးတို့..မြို့ပြက ဆောက်လုပ်တိုးတက်ဆဲပါ...


ဆောက်လက်စတံတား...

ကိုင်း...ကားမကြပ်ဘဲ အရောက်ပြန်မှရမယ်..

ကျမအချိန်ကအရမ်းကပ်နေတာ...ရောက်တာနဲ့ အဝင်မှာ စာအုပ်ပြ ပြီးအထဲမှာရေအိမ်ပြေး အဝတ်တစုံ
ထုတ်လှဲ ရှိသမျှသွပ်ထဲ့ ပြီးထွက်ခွါကောင်တာအရောက်ပြေးရတာ..ဟောဟဲဆိုက်နေပြီ သူတို့ခေါ်တာနဲ့
အံကိုက်ဘဲ...လေယာဉ်ပေါ်ရောက်တော့ အိပ်ပစ်လိုက်တာ လေယာဉ်တက်မှန်းမသိ..ထမင်းလာကျွေးမသိ
............................
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီးဂိုက်လုပ်ပေးတဲ့ဗီဒီယိုဖိုင်လေး...မယ်ငီးပုံလေးကနောက်နားမှာတပုံ၂ပုံလောက်ပါပါတယ်လေ....