မဂၤလာပါရွင္~~~
ခေါင်းစဉ်ဖတ်ပြီး ထိုင်းနိုင်ငံကိုတင်စားတယ်လို့များမထင်လိုက်ပါနဲ့ အဟဲ..တကယ့်အိမ်နီးနားချင်းတ
ယောက်ရဲ့ အကြောင်းတခုပါ။ နေရာတကာပြောင်းနေရတတ်တဲ့ မယ်ငီးအတွက်တော့ အိမ်နီးနားချင်း
မိတ်ဆွေပေါင်း သောင်းခြောက်ထောင်လောက်ရှိတဲ့အထဲက တချို့က စိတ်ဝင်စားစရာကောင်းသလို
တော်တော်များများကိုလည်း မျက်နှာတော်လေး ၅ခါပြည့်အောင် မတွေ့ရမမြင်ရဘဲ တာတာလုပ်ခဲ့ရ
တာလည်း များပါတယ်။ ပြီးခဲ့တဲ့ နှစ်က တနှစ်တိတိ နေခဲ့ဖူးတဲ့ Ridge field Park မှာတော့ ကပ်ရပ်
အခန်းက လင်မယားစုံတွဲကို ပြောင်းခါနီးမှဘဲ စကားပြောဖြစ် အသိအကျွမ်းတွေဖြစ်ခဲ့ပါတယ်။
|
ပထမဦးဆုံးပြောင်းဖူးမူန့်လာတောင်းပြီး ကြက်သားစွပ်တပန်းကန်လာပေးတာ |
ဒီ apt ပြောင်းဝင်ခါနီး မန်နေဂျာကတော့ပြောပါတယ်။ မယ်ငီးစပ်စုတာပါ၊ ကျမတို့နေတဲ့အထပ်မှာ စုစုပေါင်း ၄ ခန်းဘဲရှိတာပါ။ မျက်နှာချင်းဆိုင်ကapt မန်နေဂျာတို့မိသားစုနေကြပြီး ကပ်ရပ်က အာရှတိုက်သား အဖိုး
ကြီးအဖွားကြီးစုံတွဲဘဲရှိတာပါတဲ့။ ဘယ်နိုင်ငံကလဲလို့မေးမိတော့၊ ဂျပန်လို့ပြောပါတယ်။ ဒီကလည်း အော်
လို့ဘဲပြောပြီး ဖာသိဖာသာနေပါတယ်။ အမေရိကားမှာ အထူးသဖြင့် နယူးယောက် (ကိုယ်နေတဲ့ နယူးဂျာစီ
ကနယူးယောက်နဲ့ကပ်ရပ်၊ ဒီကလူတွေက ပန်းသီးမြို့ထဲ ဘတ်စ်ကားတွေနဲ့အလုပ်ဆင်းကျတာချည်းဘဲ)
နယူးဂျာစီဆိုပါတော့။ နဲနဲကြီးကျယ်တယ်ရှင့်။ တွေ့ကရာလူတွေ "ဟိုင်း"ကလွဲလို့ဘာမှမမျှော်လင့်လေပါနဲ့။
အာရှတိုက်သားတွေဆိုပိုဆိုးတယ်..သွားလည်းမဟိုင်းလေပါနဲ့။ ဖုံးနားကြပ်တပ်ပြီး မျက်မှောင်ကုပ် ပွတ်နေ
ကြတာရှင့်။ မယ်ငီးမျက်ခွက်စပ်ဖြီးဖြီးကို လှည့်မကြည့်အားပါဘူး။ ဥရောပနဲ့ကွာတာ အဲ့တာပြောတာပေါ့ရှင်။ ထားပါလေ ဒါကမြို့ကြီးလေဗျာ...။
|
ဟောင်ကောင် ဒမ်းဆမ်းဗျ |
ပြောချင်တာက အတွေ့အကြုံအရ ခဏခဏဖြီးနေတတ်တဲ့ ပေါက်တူးသွားလေးသိမ်းပြီး နူတ်ခမ်းလေးတွန့်
လို့ ဝင်းဦးအပြုံးလေးလို ငါးခူပြုံးတို့ငါးသလောက်ပြုံးတို့ သွားမပေါ်ဘဲ မြို့ကြီးသား အိန္ဒြေတွေဘာတွေလုပ် တတ်နေပြီရှင့်။ ဒီလို ငါးခူ ငါးသလောက် ယဉ်ကျေးမူ့နဲ့ မြို့တော်သူကြီး လုပ်နေတာ အကျင့်ကိုပါရော...ရှင်။
|
တခါခါဘာတွေမှန်းကိုမသိပါဘူး..စားတာလည်းစား မစားရင်လည်းဝဲပစ်ပေါ့ |
မန်နေဂျာပြောတဲ့ ဂျပန်ကလည်း ဝတ်တာစားတာ ဂျပန်နဲ့မတူ။ ဂျပန်တွေက တကယ့်ကိုဘဲ အမူအရာယဉ်
ကျေးတာ စကားပြောဆိုတာကအစ အထူးသဖြင့် လူကြီးပိုင်းတွေဆိုပိုသိတာပါတယ်။ အခန်းခြင်း ကပ်ရပ် ဆိုတော့ တခါခါ သူတို့စကားပြောတာတွေ ကြားရတယ်။ ကွမ်းတုံ တရုတ်စကားနဲ့ အော်ကြီးဟစ်ကျယ်
ပြောနေတာကိုး..။ ဟောင်ကောင်သားတွေဖြစ်ဖို့များပါတယ်။ ဒါနဲ့ ဘယ်လိုများ ဂျပန်ဖြစ်သွားသလဲ မသိ ။ လာတီးနို မန်နေဂျာကြီးကိုလည်း နားလည်ပါတယ်။ ဒီကလူတွေအံသြချက် တကဲ့ကို ဗဟုသုတ နည်းပါးတာ ကအမှန်။ ဟိုက တရုတ်လားမေးရင် သူတို့ကပြည်ကြီးတရုတ်မဟုတ်ဘူး ကျွန်းနိုင်ငံက ဘာညာကွိကွပြော
တော့ ဆရာကြီးလည်း ခပ်တည်တည်နဲ့ကောက်ချက်ချတာလည်း ဖြစ်နိုင်ပါတယ်လေ။
|
| သူ့လက်ဖက်ရည်အရသာကတမျိုးကြီး ဖက်ထုပ်ပုဂံလေးတောင် | မီးလောင်ထားသေးတယ် |
စာရင်းချုပ်တော့ ဟောင်ကောင်သား အဖိုးအဖွား၂ယောက်ကို တွေ့ရင် ဟိုင်းနဲ့ ငါးခူ ငါးသလောက်ယဉ်ကျေး
မူ့ဘဲ ဖလှယ်နေကြဆိုပါတော့လေ...။ တနေ့တော့ နယူးယောက်မြို့ထဲ စန်းစန်းထွန်းတို့ သားအမိတတွေကို
ဒမ်းဆမ်းသွားကျွေးရင်း ရန်ကုန်ကလူကြုံပစ္စည်းသွားယူလို့အပြန်မှာ ပဲနို့ရည်တွေဘာတွေဝယ်လို့ အထုပ် အပိုးတဖက် သော့တဖက်နဲ့ အခန်းအဝင်ဝမှာ ဟောင်ကောင်အန်တီကြီးကို ပက်ပင်းတိုးပါလေရော့။ ဟီး..
ဒီကလည်းပြောင်းထွက်ဖို့ပြင်ဆင်ထားတယ်ဆိုတော့ မသွားခင်လေး ငါးခူ ငါးသလောက်ကိုအသာခေါက်လို့
တောသားဇာတိစကားဖေါင်ဖွဲ့ ပြောချင်လာတာ..ပေါ့။ ကြုံတုံးလေးလည်း ကြွားလိုက်ပါသေးတယ်။ ( ဟီး
တုမမှီနိုင်တဲ့ ဒေါ်မယ်ငီး အရည်အချင်းလေ) ၁ ဒေါ်လာတန် ပဲနို့ရည်ဗူးလေးကို အသေကြွားတာဗျ။
|
| ကြက်ကတော့ ကိုယ့်ဖာသာကိုယ်ဝယ်တာ | ကျန်တဲ့ဆေးကသူပေးတာ |
သူတို့ဟောင်ကောင်ဆိုတာ ဒမ်းဆမ်းမှာတော့ နံမည်ကြီးပေါ့။ အစားအသောက်တွေတကယ်ကောင်း ဆိုဘဲ။ အဟဲ...တီဗွီထဲကြည့်ဖူးတာပြောတာပါရှင်..။ ဒီကလည်း ဒမ်းဆမ်းလေးစားပြီး ပဲနို့ရည်ဝယ်လာပါတယ်ဆိုပြီး
အစချီစကားပြောတာပေါ့..(လက်ထဲ တို့လိုတွဲလောင်းကိုင်ထားပြီးပြောကြတာနော့်) သူက နယူးဂျာစီထဲမှာ
လည်းနံမည်ကြီး သူတို့သွားစားနေကြ နေရာရှိတယ်သိလား..တဲ့။ ကိုယ်ကမသိပါဘူး..ဆိုတော့ လိပ်စာပေး
မယ်ဆိုဘဲ...။ နဲနဲလောက် ဘလား ဘလား..ပြောပြီး ညောင်ညိုပင်ရိပ်..လမ်းခွဲ..အဲလေ..မယ်ငီးအထဲဝင်
တာပါတော်..။
တော်တော်လေးကြာတော့ အခန်းတံခါးကို မဝံတရဲအသံမျိုး လာခေါက်တာကြားရတယ်။ ဒေါက်ဒေါက် နဲ့ ၂
ခါလောက်ခေါက်ပြီးရပ်သွားတယ်။ ဒီကလည်း ဧည့်သည်ဆိုတာမျိုး တံခါးလာခေါက်တယ်ဆိုတာမျိုး တခါမှ
မရှိဖူးတော့ သွားမဖွင့်ဘူးပေါ့။ သူများအခန်းကမှတ်နေတာလေ။
ထပ်ခေါက်သံကြားရတော့ သွားဖွင့်မှ အဖွားကြီး (သူ့နံမည်က ဟယ်လင်တဲ့) ဖြစ်နေတာ၊ ဘိုသီဖတ်သီနဲ့ ဟင်းချက်နေပုံရတယ်။ သူက ကွမ်းတုံစကားနဲ့ မေးပါတယ်။ ဒီကလည်း မသိပါဘူး..။ ရှင်တရုတ်စာစကား တတ်လားဆိုတော့ လည်းပြောပြီးသူကရီနေသေးတယ်။ english လိုပြောလေ..ဆိုတော့..ပြောင်းဖူးမူန့်
(ကော်မူန့် အစား အဲ့တာကို ဒီမှာ ကပိုသုံးကြတယ်)နဲနဲလောက်ရှိလားတဲ့ အောင်မလေး..အဲ့ဆိုလိုချက် ချက်ချင်း ထွက်လာတယ်မထင်နဲ့ ဆယ်ခွန်းလောက်လှည့်ပတ်ပြီးပြောဆိုမှာ လိုရင်းနားလည်တာ..
ဒီက ရှမ်းမကလည်း အကြော်အလှော်ဆိုရင် အဲ့တာလေးထဲ့သုံးနေကြဆိုတော့ ဗူးကြီးနဲ့ကိုရှိတာ ဗူးလိုက် ထုတ်ပေးပြီး လိုသလောက်ယူပါ ဆိုတော့ ၃ ဇွန်းခပ်သွားပါတယ်။ ည၉နာရီလောက် နောက်တံခါးခေါက်သံ
အတူ ကျမကို ကြက်သားစွပ်တပန်းကန်လာပေးပါတယ်။ အနံ့လေး..မွှေးနေတာဘဲ..ဗိုက်ကလည်းတင်းနေပြီ
နောက်နေ့စားဖို့ ရေခဲသေတ္တာထဲထဲ့ဖို့ အမြည်းလေး၂ဇွန်းခပ်သောက်မိသေးတယ်..အားပါးပါး.. တကယ်
ကောင်းဘဲ..
နောက်တော့ တံခါးလာခေါက်လိုက် ကြက်သွန်ဖြူလေးတောင်းလိုက်၊ ဒမ်းဆမ်းတွေလာ ပို့လိုက်...
နံနံ့ပင်လေးယူသွားလိုက် ပေါက်စီတွေလာပေးလိုက်...
အိုး...အပေးအယူနဲ့ လွန်ကြည်ဖြူနေကြတာလေ...ဟီး...တနေ့တော့ ကျမကအိမ်တွေသိမ်းနေတယ်ဆို
တော့ဘာလို့လဲတဲ့..ပြောင်းတော့မယ်လေ...ပြောတော့ သူမျက်ရည်တွေတောင်ဝိုင်းလို့... သူ့အိမ်ကဓါတ်ပုံ စာအုပ်တွေတထပ်လိုက်ယူလာပြပြီး...သူ့အကြောင်းတွေပြောပြရှာတယ်။ အသက် ၆၈ နှစ်ရှိပြီတဲ့..တကယ် မထင် ရဘူး...။ အသားအရည်ကောင်းတယ်..။ တခါခါ ဂါဝန်တွေနဲ့ လှလှလေးပြင်လို့ ။ သူ့ယောက်ကျားက ကင်ဆာ၂ခုတောင်ဖြစ်နေတာတဲ့။ အဖိုးကြီးက ကတုန်ကရီနဲ့ လမ်းတောင်ကောင်းကောင်း မလျောက်နိုင် ပါဘူး။ အရင် ကဝေါ်စရိဂျာနယ်သတင်းစာမှာ ကြော်ငြာဋ္ဌာနရဲ့မန်နေဂျာတဲ့..။ ဟောင်ကောင်မှာနေတုံးက South China Morning Post မှာအလုပ်လုပ်တာ။ လွန်ခဲ့တဲ့ နစ်ပေါင်း ၃ဝ ကျော်ကာလတုံးက သူ့ဆရာ ဒီနယူးယောက်မှာ ဋ္ဌာနအသစ် အတွက်လူလိုနေတာနဲ့ သူ့ကိုလွှတ်လိုက်တာတဲ့။ သူက တကဲ့ တက္ကသိုလ်ကျောင်းထွက်ဘာညာ မဟုတ် ပါဘူးတဲ့။ အတွေ့အကြုံနဲ့ သူတို့လာတုံးကဗီဇာတွေဘာတွေလျောက်စရာမလို အလုပ်လုပ်ခွင့်လက် မှတ်တခုထဲနဲ့လာတာ..နောက်မှ သက်တမ်းတိုး..လုပ်ပြီးနေခဲ့ရတယ်တဲ့။ တခါသက် တမ်းတိုးရင်အထက်ကလူတွေမေးတယ်..ဒီနေရာမှာ ခေတ်ပညာတတ်လူငယ်အစားထိုးမရဘူးလား..ဆိုပြီးသူ့ယောက်ကျားဒီလိုနေရာမှာ အနှိမ်ခံရတဲ့အကြောင်းပြောပြရှာတယ်။ နောက်ဆုံး ဝါရှင်တန်က တကဲ့လူကြီး(သူတို့ဂျာနယ်ကပေါ့)ဆင်းလာပြီး နောက်ထပ်နံမည်ကြီးတဲ့ ရှေ့နေနဲ့ သူတို့ကို ဘယ်လိုနေလို့ရအောင် လုပ်ရ မလဲ နည်းလမ်းရှာခိုင်းပါတယ်တဲ့။ နောက်ဟောင်ကောင်ကို ပြန်သွားပြီး အဲ့ဒီမှာ Green card လျှေက်ခိုင်း တယ်။ ပြီးမှပြန်လာရတာပါတဲ့..။
သူပြောပြတဲ့ သူ့ဘဝအကြောင်းက တကယ်စိတ်ဝင်စားစရာကောင်းလှပါတယ်။ သားတယောက် သမီး တယောက်ရှိပြီး သမီးက ဒီကနိုင်ငံသားနဲ့အိမ်ထောင်ကျပါတယ်။ သားက HK ပြန်သွားပြီး တက္ကသိုလ်မှာ
အလုပ်လုပ်ပါတယ်တဲ့။ သူ့ယောကျ်ားနောက်လိုက်လာတာ သူကအစိုးရဝန်ထမ်း သူ့အလုပ်ကနေထွက်ပြီး
လိုက်လာရတယ်၊ ခလေးတွေထိန်းပြီး အိမ်မှာနေတဲ့ အိမ်ရှင်မဘဝနဲ့ဘဲ ဒီမှာနေရတာတဲ့။ ထုံးစံအတိုင်း
ဒီပတ်ဝန်းကျင်က ကိုးရီးယားနယ်မြေဆိုတော့ ဟိုကလည်း အင်္ဂလိပ် မတတ်ကြ သူကလည်းသိပ်မပြော ဆိုတော့ သူနေလာတဲ့ ၁၃ နှစ် ကာလတလျှောက်လုံး စကား ပြောစရာသမီးနဲ့သားဘဲရှိခဲ့တာတဲ့။ ခုမှကောင်း
ကောင်းစကားပြောလို့ရတာ..အခု Church မှာမိတ်ဆွေတွေရနေပြီ၊ အရင်က ဗုဒ္ဓဘာသာကိုးကွယ်ပါတယ်။
ခုတော့ ခရစ်နောက်လိုက်ရပြီ..ဟိုမှာမိတ်ဆွေတွေရှိတယ်လေ..ငါ့လိုလူတွေအများကြီး။ ဒီရောက်မှပြောင်း
ကြတာလေ...တဲ့...။
သမီးအိမ်ထောင်ကျတော့ အဖေကြီးကနေမကောင်း အပေါ်ထပ်ကိုမတက်နိုင်၊ ဒီတော့ ဒီတိုက်ခန်းမှာလာ
နေကြရတာ။ အိမ်ကိုလည်းရောင်းလိုက်ပြီတဲ့။ ၃နှစ်ကျော် သူ့ယောက်ကျားကို နေ့တိုင်းကြက်သားစွပ်ပြုတ်
တိုက်တာတဲ့။ ဆေးနဲ့က တပတ်တခါ ရိုးရိုးမိူနဲ့ တခြားကျမ်းမာရေးအထောက်အကူပြု အသီးအနှံတွေနဲ့ပြုတ်
ပြီးသောက်တာ..ခုထိသူ့ယောက်ကျား ကျမ်းမာနေပါသေးတယ်တဲ့...။
ကဲ..လာပြီလေ..မယ်ငီးပြောချင်တာ..ကြက်သားစွပ်အကြောင်းပါ။ ဒီတော့ မယ်ငီးလည်း ကြက်သားအနက်
တကောင်ဝယ်ပြီး ဆေးဘယ်မှာဝယ်ရမလဲလို့သွားမေးတာ..သူက ဆေးတွေ အလကားပေးလိုက်တယ်လေ။
|
| ခပ်တည်တည်နဲ့တော့ ဝယ်ချလာပြီ | တပတ်တခါသောက်တော့မယ်ဗျို့ |
တနေ့က နယူးဂျာစီမှာရှိတဲ့ တရုတ်ကုံစုံဆိုင်မှာ မျက်စိမှိတ်လို့ ဆေးတွေသွားဝယ်ခဲ့တယ်။ made in china
ကိုတကယ်ကြောက်တာ..ဒါပေမဲ့ တတ်နိုင်ဘူးလေ..အိမ်ကကျားကျား အရမ်းစားချင်နေတာ...ဒီကလည်း
အရမ်းလက်စွမ်းပြချင်တာလေ..။ ကကြီးဆိုင်က ဝယ်လာတာ သေချာဖတ်ကြည့်တော့လည်း ဆေးမြစ်တွေ ကတရုတ်ကလာတာပါတဲ့။ ပြီးမှ သူတို့က ပါကင်လေးဘဲလုပ်တာလေ..။ ကောက်ညှင်းကလည်းပါသေး တယ်။
|
ကကြီးဆိုင်မှာဝယ်ခဲ့တာ |
သူ့ကိုလည်း..မယ်ငီးက နို့စိမ်းခေါက်ဆွဲ အကြော်စုံနဲ့အချဉ် အသုပ်စုံ ရှမ်းခေါက်ဆွဲ သွားပို့ပေးတယ်...သူအ ရမ်းကြိုက်တာတဲ့။ သူ့သားမက်အတွက် အသုပ်စုံနဲ့ အကြော်စုံ အချဉ်ကို လာသင်ပါရစေ..ဆိုဘဲ..အဟဲ...
မယ်ငီးဟင်းတွေ စားပြီး တကယ်လက်ရာကောင်းပါတယ်တဲ့။ ဟီး😁အချိုမူန့် ဟင်းခပ်မူန့် ခရုဆီ ဘာမှမပါ
ဆား ငရုပ်ကောင်းဘဲထဲ့တဲ့ဟင်းကို...နော်..အားပေးတဲ့လူရှိတယ်ဗျို့...
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်
#meemeenage