Tuesday, May 24, 2016

လွိုင်မွှေတောင်စခန်းမြို့လေး...

မင်္ဂလာပါရှင်~~~
ဒီတခါတော့ ကျိုင်းတုံနားက လွိုင်မွေဆိုတဲ့ တောင်ပေါ်သွားကြရအောင်..။
ကျမတော့ ကျိုင်းတုံသူဖြစ်ပြီး ဒီ
နေရာကို ၂ခါဘဲရောက်ဘူးပါတယ်။ ကျိုင်းတုံမြို့ဆိုတာလည်း တောင်ပတ်ချာလည်ဝန်းရံနေတဲ့ လွင်ပြင်ထဲက ကုန်းကမူလေးပေါ်မှာတည်ရှိတယ်ဆိုပါတော့..။  ကျိုင်းတုံပတ်ဝန်းကျင်တောင်ပေါ်ရောက်လို့ မြို့ဖက်ကိုလှမ်းမျှော်ကြည့်လိုက်ရင် မူန်ပြပြလေး မြင်ရပါတယ်။
ဒါကတော့ လျွိင်မွေတောင်ပေါ်တက်လမ်းကနေ မြို့ကိုမြင်ရတာပါ။ ရှမ်းလိုတိုက်ရိုက်ဘာသာပြန်ရမယ်ဆိုရင်မြူနှင်းတောင်လို့ခေါ်ရမယ်နဲ့တူတယ်။
မနက်ဖက်ဆိုရင် မြူတွေပိတ်နေတတ်ပြီး ၁၂ ရာသီပတ်လုံးအေးတဲ့
ရာသီဥတုရှိလို့ ဗြိတိသျှတွေရဲ့ ရုံးစိုက်ရာဒေသဖြစ်ခဲ့ဖူးတာပါ။ အမြင့်ပေ ၅၅ဝဝ ကျော်ကနေ ၆ဝဝဝကျော် အထိမြင့်တဲ့ တောင်ထိပ်ပေါ်က တောင်စခန်းမြို့လေးပေါ့..
သမိုင်းကြောင်းအရ အရင်ကတော့ ရှမ်းတွေအများစုနေခဲ့ပေမဲ့ ၁၇ ရာစုနောက်ပိုင်း ုင်၊အာခါ၊ရှမ်းတရုတ်၊ဝ၊လီရှော တို့က တရုတ်အနောက်ပိုင်း
ဒေသကနေ မိုင်းလား မိုင်းယန်းဖြတ်ပြီး ရောက်လာကြတယ်တဲ့။
နောက်ပိုင်း ရှမ်းတွေထက် တခြားလူမျိုးစုကပိုများပါတယ်။ သူတို့က လူမျိုးစု
အလိုက်ရွှာဖွဲ့နေထိုင်ကြပါ။ အ
သီးမျိုးစုံထွက်တော့ ဝိုင်မျိုးစုံရတယ်။
ကိုယ်တို့တောင်  တခွက်တဖလားလောက်ဟဲလိုက်သေးတယ်...
နေ့လည်လောက်မှစိတ်ကူးပေါက်ပြီး ဆိုင်ကယ်နဲ့ ထွက်လာကြတာပါ။ စားစရာလည်း ဂျုံ ခေါက်ဆွဲအသုပ်ရှိတယ်ဆိုလို့ စားခဲ့ပါသေးတယ်။
 မြို့လေးကသေးသေးလေးပါ..
စားစရာကို သူတို့ဈေးနားမှာဘဲရနိုင်တာပါ.. ဝိုင်မျိုးစုံ ကြိုက်တာယူ နှစ်ချိုု့ဆိုတာ ၂နှစ်ကြာတာတဲ့..အဲ့တာကိုတပုလင်းမှ ၂ဝဝဝ ထဲပေးရတာပါ..။
ပြီးတော့ နှစ်တရာအိမ်ဆိုတာ နံမည်ကြီးပေါ့.. ဘိုကြီးတွေနေခဲ့တဲ့ရုံးအဆောက်အဦပါ..စာတိုက်နဲ့ဆေးရုံ လည်းနှစ်ပေါင်းမနဲတော့ဘူး..
ခုထိအသုံးပြုနေကြပါသေးတယ်။

 ခင်စပ်စုက ပတ်ချာလည် လှည့်ကြည့်ပြီး အထဲဝင်ဖို့ ကြိုးစားပါတယ်..
ပြောလည်းပြောချင်တယ် တခါခါ ခလုပ်တိုက်မိနေတတ်လို့..ကဲပါလေ..အစိမ်းရောင်တယောက်ဆိုပါတော့ရုံးပိတ်ရက်မိသားစုနဲ့လာတာပါ..သူကအစောင့်ကို တံခါးဖွင့်ခိုင်းနေတာ တွေ့တယ် မျက်နှာထန်ထန်နဲ့ပေါ့လေ..ဘယ်နေရာမှာ
ဘယ်ဘာဘဲပြောင်းပြောင်း ကျုပ်တို့နေရာက နေမြဲပါရှင်..ကိုကိုစိမ်းတို့ စိမ်းကိုကိုတို့
နေရာရမြဲပါရှင်..ဒါလည်းထူးဆန်းတဲ့ကိစ္စမဟုတ်ပါဘူး..
နေရာအနှံ တောထဲတောင်ထဲ ရောက်ဖူးတာ သွားနေကြတာလည်း သူတို့ပါဘဲ မဟုတ်လား..ဒီတော့ မဲကိစ္စပြောစရာမလိုဘူး..တောသူတောင်သားတွေက ဘာမှမသိ ထည့်ဆိုထည့်မှာဘဲ..တခြားပါတီတွေလည်း အဲ..ထဲ အထိလိုက်ပြီးမဲဆွယ်စည်းရုံးလည်း နိုင်မှာဟုတ်ဘူး..ရွာတွေကလည်း လူမျိုးပေါင်းစုံ လူနေအိမ် ၇ အိမ် 
လောက်လည်းရွာရှိတာဘဲ။ ပါတီကလည်းလူမျိုိုပေါင်းစုံရဲ့ ပါတီများစွာ ဘယ်လိုလုပ်ပြီး အင်အားတောင့် တင်းမှာလဲ..ထုံးစံအတိုင်း နေမြဲအတိုင်းဘဲပေါ့...တခုဘဲဆုတောင်းရမှာက ဘာမှမလုပ်ပေးရင်တောင်မှ အရင်လို သားဖြဲနားသွပ်ခြင်းကနေကင်းဝေးပါစေလို့ ...ကိုင်း..ဆုတောင်းကြရှင့်... ^_^
ကဲပါလေ..လောလောဆယ်တော့ သူ့ကိုကျေးဇူးတင်ရမှာ သူ့ကြောင့်ကိုယ်ကဝင်ကြည့်ခွင့်ရတာ...အခန်းထဲ မှာတော့ ထုံးစံအတိုင်း အားလုံးပြင်ဆင်ထားပါတယ် ပါကေးခင်းဆေးသုတ်တော့ မဝင်ခင်ကမြင်ရတဲ့ ရှေးဟောင်းဆိုတဲ့ စကားလုံးတောင်မေ့နေတာ...အေးလေ..မြန်မာ့နည်းမြန်မာ့ဟန်ဆိုတာ..ပုဂံဘုရားထုံးသုတ်
နံပါတ်တပ်ပြီး ပြုပြင်ထိမ်းသိမ်းလာခဲ့တာဘဲ..ဘာများဆန်းလဲကွာ..အဟဲ..
ရင်နာလို့ အခန်းကို တမင်ဓါတ်ပုံမရိုက်ဘဲ အစောင့်ဦးလေးပြတဲ့ အစကတည်းကရှိနေတယ်ဆိုတဲ့ အဝင် တံခါးနံရံပေါ်က ဒေါင်းရုပ်ကိုဘဲ ရိုက်ခဲ့တယ်..ထူးဆန်းတာနော်...(နောက်ပိုင်း သမိုင်းဆိုပြီး ပြောပြောနေကြားကြားနေတာတွေ ယုံဘူးရှင့် ကျမတော့ပြောတိုင်း ယုံတတ်တဲ့လူတိုင်းစားထဲမပါတော့ပါဘူး..)
ကြည့်ပါလေ..သမိုင်းဝင် အဆောက်အဦရဲ့မှတ်တမ်းတွေဆိုပြီး သူတို့ စိမ်းဘဘတို့တသိုက် ထီးတင်တာတွေကအဓိကပါ ထားပါလေ ဗုဒ္ဓရောင်ဝါထိန်ငြီးပါစေသောဝ်..ပေါ့။တကယ်တော့ အရင်ကရှမ်းတွေနေခဲ့ဖူးပေမဲ့ လည်းနောက်ပိုင်း ရွှေ့ပြောင်းလာတဲ့ လူမျိုးစုတွေထဲမှာ အာခါနဲ့ လားဟူတွေ အများစုက လွိုိုမွေနယ်မှာ အ များဆုံးပေါ့ အာခါက ၆ဝ % တောင်ရှိပါတယ်။ ခရစ်ယာန်ဘာသာကိုးကွယ်ကြတာပေါ့..ကြီးကြီးမားမား ဗုဒ္ဓ ဘာသာစေတီကျောင်းတခုလောက်တော့ ရှိမှဖြစ်မယ်ဆိုပြီး တည်ထားတာဖြစ်ပါလိမ့်မယ်..။ စစ်တပ်
လေတပ် အခြေ စိုက်စခန်းဖြစ်တော့ စစ်ဖက်ကမိသားစုတွေလည်း အများကြီးတွေ့ရတယ်..။

အစောင့်ဦးလေးကြီးကပိန်ကပ်နေတာဘဲ..မေးကြည့်တော့ ပင်စင်ယူပြီး ဒီမှာ အစောင့်လုပ်နေတာတဲ့။ ကျမသူ့ကို ပိုက်ဆံ ၅ဝဝဝ ပေးလိုက်တာ..ချက်ချင်းဘဲ နေ့လည်စာသွားဝယ်ဖို့ဈေးသွားအုံးမယ်ဆိုပြီး ကျမတို့ ထွက်တာနဲ့ တံခါးပိတ်ပြီး ပြေးတော့တာဘဲ..တကယ်ဘဲအပြေးလေးနဲ့လမ်းလျောက်တယ်ဆိုရမှာ..သနား စရာကောင်းတယ်..နေ့လည် ၂နာရီကျော်နေပြီ..သူထမင်းမစားရသေးဘူး..နဲ့တူတယ်..။
၁၉၂၇ လွှိုင်မွေသူကြီးဦးစံသာက ရေကန်ကနေရေစီးဆင်းတဲ့စမ်းချောင်းကို ဆည်ဖို့ပိတ်လိုက်တော့ လွှိုင်မွေကန်ကြီးပေါ်လာတယ်..တဲ့။ နှစ်တရာအိမ်ထဲက ရေးထားတဲ့အတိုင်းပြောပြတာ..အဟဲ
ရေကန်လည်းလှ ရာသီဥတုလည်းကောင်း..လူပေါင်းတို့တကူးတကလာပြီး စားကြသောက်ကြနဲ့ အလှတရားကဘယ်အချိန်အထိခံနိုင်မယ်လို့..ထင်ကြပါသလဲ...(မယ်ငီးတော့ ၁ဝနှစ်အတွင်းပျက်စီးမယ်လို့ဗေဒင်ဟောချင်ထှာနော်...)
ထိုင်းမှာနေတုံးက အငြိမ်းစားဗိုလ်ချုပ်တယောက်နဲ့စကားပြောဖူးတယ်။ သူက
လွှိုင်မွေမှာနေဖူးတယ်တဲ့။ အဲ့
တုံးကတော့ သေသေချာချာမသိလို့..ဟုတ်လားတခွန်းဘဲပြောခဲ့တာပါ။ အရင်က ဗြိတိသျှတို့အုပ်စိုးစဉ်ခါဒီတောင်ပေါ်မြို့လေးကို ဂျပန်နဲ့စစ်ဖြစ်လို့သာဆုတ်ခွါသွားကြရတာ။ မေမြို့ တောင်ကြီးနဲ့ လွှိုင်မွေ ဒီ ၃မြို့ကသူတို့ရာသီဥတုနဲ့တူပြီး အေးချမ်းတာလေ..။ အတော်သဘောကျကြတယ်တဲ့။ဒုတိယကမ္ဘာစစ်ဦးပိုင်းမှာ ထိုင်းကဂျပန် ကိုထောက်ခံ ဗြိတိသျှနဲ့အမေရိကန်ကိုစစ်ကြေငြာပေးခဲ့လို့၊ ဂျပန်တို့က ဒီလွှိုင်မွေခရိုင်ကို ၁၉၄၃ ဇူလိုင်လ ၄ ရက်နေ့မှာ ထိုင်းကိုလွဲပြောင်းပေးခဲ့တယ်တဲ့။ ခုမှဇာတ်ရည်လည်ပါတော့တယ်..။
ရွာပေါင်း ၃၈ ရွှာတောင်ရှိတယ်တဲ့..မြို့ကတော့ ခပ်ခြောက်ခြောက်လေးပါ...
ကဲပါလေ...မြို့ဦးစေတီရောက်တုံးဖူးကြတာပေါ့..နံမည်ကတော့အရှည်ကြီးပါ..မြို့ထိပ်ရွာထိပ်မှာတွေ့ရင် ရွာဦးစေတီ မြို့ဦးစေတီပေါ့..ဟုတ်လား..
အလှုငွေလေးလည်းထဲ့..ကိုကိုလေးကအသည်းအသန်ဖုံးထဲကစာကိုဖတ်ရူနေလေရဲ့ ..သေချာတယ် နောက်နှစ်မျက်မှန်တပ်ရပြီ..ဟီး..
ဒီဇင်ဘာဆိုရင် လွှိုင်မွေက ချယ်ရီတွေ တောင်လုံးပွင့်တာပေါ့...ခုတော့ ရှားရှားပါးပါး တပွင့်ထဲမြင်ခဲ့တယ်..
ကိုင်း..နူတ်ဆက်ပြီး..ပြန်လိုက်ပါအုံးမယ်လေ..
တောင်တွေလည်း သေသေချာချာကြည့်ရင် မြင်ရတာက သစ်ပင်ကြီးတွေသိပ်မရှိတာပါဘဲ...
ငယ်ငယ်က လေယဉ်ပျံပေါ်ကနေကြည့်ရင် တောအုပ်ထူထပ်နေတာပေါ့...တခုပြောပြမယ်သိလား..အာခါနဲ့လားဟူကို ထိုင်းတွေက တောစားဘီလူးလို့ခေါ်ကြတယ်..တောင်စောင်းမှာ ခုတ်ထွင်ပြီး ၃နှစ်လောက်စိုက်ပြီးနေရာပြောင်း..
အဲ့တာနဲ့ဘဲတောတွေပြောင်ကုန်တာတဲ့..ထိုင်းမိတ်ဆွေပြောပြတာပါ...
ကျိုင်းတုံလွင်ပြင်...
မယ်ငီး..လွမ်းလည်းလွမ်းလောက်ပါတယ်...မွေးရပ်မြေဟာ ဘယ်အချိန်ကြည့်ကြည့် သာယာနေတာ အမှန်ပါဘဲရှင်...

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage

Wednesday, May 11, 2016

ချက်စားဝယ်စား ၈

မင်္ဂလာပါရှင်~~~
လက်ဖက်တောကခဏလောက်ထွက်ပြီး ဟင်းချက်ပါအုံးမယ်ရှင် ဒီတခါတော့ အင်းသားဟင်း ရှမ်းဟင်း(အထူးသဖြင့် မအိုင်အိုရာအတွက်) ချက်ပြုတ်ထားတာတွေ ပြောပြရအုံးမယ်..။

အင်းသားဟင်းဆိုရင် ချင်းကြက်သွန်မြိတ်ပေါများတော့ နိုင်နိုင်သုံးကြတယ်ထင်ပါရဲ့။ ဟင်းတော်တော်များများ ချင်းတွေအရမ်းထဲ့ဘဲ။ ရန်ကုန်မှာနေတုံးက အကို့မိန်းမဖက်က တူမလေးအိမ်မှာလာနေသေးတယ်။ သူကဟင်းချက်ရင် ချင်းမထဲ့ ဆနွမ်းမထဲ့ပါ။ ဘာဖြစ်လဲဆိုတော့ ရင်ပူတယ် ဆံပင်ကျွတ်မယ်တဲ့။ ထူးဆန်းတဲ့ အတွေးအခေါ်။ ပြီးခဲ့တဲ့အပတ်က ဆေးစာတခုမှာပါတယ် ချင်းအစိမ်းလိုက် တနေ့လက်ဆစ်လောက် ဝါးပေးရင်အသက်ရှည်တယ်..ဆိုဘဲ..။ အခုကျမချက်စားလေ့ရှိတဲ့ဟင်းကလည်း အင်းသားမြေပဲချက်ပါ။
သက်သတ်လွတ်ချက်စားတာများပါတယ်။ ဒီတခါကျမက ငါးကြော်ပြီးထဲ့တာပါ။ နဲနဲလည်း ပြစ်သွားတယ်။အဖေချက်ရင် ခပ်ကျဲကျဲ ရေပြန်ဆီကျန်လေး ဂေါ်ရခါးသီးပြုတ်တို့စား အရမ်းကောင်းပေါ့ဗျား..။ ချက်နည်း လည်းမျက်စိမှိတ်ချက်ရင်တောင်ရတယ်..။ လွှယ်ကူချက်ကတော့ မပြောနဲ့  အဲ..မြေပဲဆံလှော်ကိုတော့ညှက်ညှက်ထောင်းဖို့တော့လိုပါလိမ့်မယ်။ ချင်းပါးပါးရှည်ရှည်လေး၊ ကုလားအော်သီး နံနံပင်တွေကိုနောက် ဆုံးအိုးချခါနီးမှအပေါ်ကနေအုပ်လိုက်ရုံပါဘဲ။ စစချင်းတော့ ထုံးစံအတိုင်း ကြက်သွန်ဖြူနီဆီသပ်ပေါ့။ ခရမ်း ချဉ်သီးတလုံးလောက်ထဲ့ပါ။ အလုံးကြီးရင် တဝက်လောက်ဘဲထဲ့။ ငါးကြော်ထားတာရှိရင် ဖဲ့ပြီးထဲ့ချက်ရင်တခွက်ထဲနဲ့ ပြီးတဲ့ဟင်းဆိုပါတော့။ အနှစ်ကျက်မှမြေပဲဆံထောင်း( အဆီထွက်မတတ်ထောင်းထားတာနော်ဒီမှာတော့ ဘလူလူးနဲ့ ခဏလောက်ဆိုရင်ရပြီ ကျိုုင်းတုံမှာဆိုရင် အဖေတို့ခိုင်းလို့ အသေထောင်းရတာ) ထဲ့ပြီးမီးအေးအေးလေးနဲ့တည်ထား..အော်..ပဲပုပ်မူန့်လေးနဲနဲခပ်ရှင့်..။ စွန်ထန်ဟင်းရည် ထိုဖူးခေါက်ကြော်နဲ့တို့စရာ ကော်ဖီထုပ်ပြုတ် ဂေါ်ရသီးပြုတ် ဆလတ်ရွက် ပါပါစေနော်..ဒါဆိုရင် လက်ဆေးပြီး မယ်ငီးတို့ ကုန်းလွှေးခဲ့ကြတာပေါ့။ အပေ့ါအငံဆိုရင် ကျမတို့က ဆားတမျိုးထဲသုံးတာပါဘဲ။ ကြက်သားမူန့် အရသာမူန့် အချိုမူန့်တွေ အသာခေါက်ထားလို့ ချက်စားကြည့်ပါ။ (ကျမ်းမာရေးအတွက်လျှာရှည်တာပါနော်..ဟီး)
အင်းစကူးမယ်ငီးအတွက် ငါးကလည်းမပါမပြီး။ ငါးနဲ့ ပဲငံပြာရည်ပေါင်းစားတာပြောပြရအုံးမယ်။ ထုံးစံအ တိုင်းကျမက လွှယ်ကူတဲ့နည်းတွေဘဲတတ်တာဆိုတော့..
လွှယ်ကူမြန်ဆန်တဲ့ဟင်းဘဲပြောစရာရှိပါတယ်လေ.. ^_^ ကြက်သွန်မြိတ် ၂ချောင်းလောက် ချင်း ကြက်သွန်ဖြူ  ၁ တက်ဆိုရင် အိုကေပါပြီ..။
ငါးလေးတပိုင်းကို ဆား ငရုပ်ကောင်းနဲ့နှယ်ပြီး ပေါင်းအိုးနဲ့ ၁၅ မိန်စ်လောက်ပေါင်းထား။ ပြီးဆီအိုးထဲမှာ ဆီပါလေရာထဲ့ပြီး ချင်းနဲ့ကြက်သွန်ဖြူဆီသပ်ပေါ့။ ပြီးမှ ပဲငံပြာရည် လောင်းထဲ့ သကြားအညိုရောင်နဲနဲထဲ့။ ချက် ချင်းဘဲ ကျမတော့ ငါးပေါင်းအိုးထဲ ပြန်လောင်းထဲ့လိုက်တယ်။
အပေါ်ကနေ ပါးပါးလေးလှီးထားတဲ့ ကြက်သွန်မြိတ်တွေဖြူးပြီး သံပုရာ၂ကွင်းထဲ့လိုက်တယ်။ ညှီနံ့ပျောက်အောင်ပါ..မချဉ်ဘူး..။ နောက် ၃မိနစ်လောက်ဆိုရင် ချပြီး ပူပူနွေးနွေးစားလို့ရပြီလေ..။ ပဲပြားကိုလည်း ကျမအဲ့အတိုင်းလုပ်စားလေ့ရှိတယ်..။ သက်သတ်လွှတ်သဘောမျိုးပေါ့။
နောက်တခုက ကြာရိုးပါ။ ကြာရိုးက အမျိုးမျိုးလုပ်စားလို့ရတယ်။ ဘူးသီးကြော်လိုလည်းလုပ်စားလို့ရတယ်။ဟင်းချိုရည်လည်း ချက်စားတယ်။ ဒီတခါကျမက ကြော်ချက်သဘောမျိုးလုပ်တာပါ။ကြက်သွန်မြိတ် အရင်းပိုင်းကအဖြူပိုင်းကိုတောက်တောက်စင်းပြီး ဆီနဲနဲနဲ့ကြော် ကြက်အူချောင်းရှိနေတာနဲ့ နဲနဲထဲ့လိုက်သေးတယ်။ဆား ပဲငံပြာရည်နဲနဲ ခရမ်းချဉ်သီးတောက်တော်က်စင်းနဲနဲ စီထဲ့ပြီးကြော်တာ ကောင်းမှကောင်းပေါ့ရှင်..။

နောက်ရှမ်းဟင်းကတော့ မစားခင်ကော စားပြီးကော ပုံတွေရိုက်ထားတာ ဘယ်ရောက်နေမှန်းကိုမသိဘူး..။ကျမတို့ ကျိုင်းတုံ ဂုံရှမ်းဟင်းဖြစ်ပါတယ်။" နေ့ယမ်း "လို့ခေါ်ပါတယ်။ အသားကိုကင်ပြီး ပြန်ပေါင်းတာပါ။ထုံးစံအတိုင်း ဝက်သားပေါ့။ အမေနဲ့ အဖွားတွေ စားကြတာ။ အသားချည်းဘဲ အဆီမပါဘူး။ သူတို့က ကောင်ညှင်းပေါင်းနဲ့စားကြ တာများလို့ ခပ်ခြောက်ခြောက်ပုံစံပေါ့။ ကျမက ဒီမှာ ကြက်သားနဲ့လုပ်တာပါ။ နောက်တခါမှအသေးစိတ်ပုံနဲ့တကွပြောပြပါရစေ..

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
#meemeenage

Friday, May 6, 2016

လက်ဖက်သမိုင်းအကြောင်းတစေ့တစောင်း


မင်္ဂလာပါရှင်~~~


လက်ဖက်ဈေးကွက်အကြောင်းမပြောခင် ကမ္ဘာ့သမိုင်းမှာ ဒီလက်ဖက်ကြောင့် လွတ်လပ်ရေးရသွားတဲ့ အမေရိက၊"ဘိန်း"ဆိုတဲ့မူးယစ်ဆေးပေါ်ပေါက်လာရတာ၊ ကမ္ဘာဦးအစ နှစ်သန်းချီပြီးရှိလာခဲ့တဲ့အ
ကြောင်းနဲ့ လက်ဖက်ကုန်သွယ်ရေးလမ်းကြောင်းတွေ အထင်ကရဖြစ်ခဲ့တာတွေ ချန်ထားလို့မဖြစ်
ပြန်ဘူး။ ကဲပါလေ..ကျမရဲ့မိတ်ဆွေများကို အိပ်ယာဝင် လက်ဖက်ပုံပြင်လေးတွေနဲ့ ချော့သိပ်ပါရစေ..
ဒီလက်ဖက်တထောင့်တည ပုံပြင်တွေကို documentary,web site,wiki နဲ့တခြားနိုင်ငံအသီးသီးက tea
specialist တွေရဲ့ မှတ်တမ်းစာအုပ်ရုပ်ရှင် လေ့လာမှတ်သားပြီး စိတ်ထဲခံစားရသလို ပြန်ပြောပြတာပါ။ 
ကျမဘာသာပြန်ဆြာရေးချာမကီးမဟုတ်ကြောင်း၊ မယ်ငီးတီထွင်ဖန်တီးထားတဲ့ပုံပြင် လည်းမဟုတ်ပါဘူးဆိုတာလေးတော့ စကားပလ္လင်ခံထားပါရစေ.. 😁

အရင်ပို့စ်တွေမှာ ပြောထားခဲ့သလို လက်ဖက်ပင်အောက်မှာတိုင်းခန်းလှည့်လည်ရင်း ရေနွေးထိုင်ကျို
သောက် ခဲ့တဲ့ဘုရင်ကြီးမတိုင်မှီ နှစ်သန်းချီပြီးလက်ဖက်ပင်ကမ္ဘာပေါ်မှာရှင်သန်ပေါက်ဖွားလာခဲ့ သလို
တောင်ပေါ် တိုင်းရင်းသားတွေရဲ့ အသက်ကယ်ဆေးအဖြစ်နဲ့လည်း နှစ်ပေါင်းများစွာရှိလာခဲ့တာတဲ့။
လွန်ခဲ့တဲ့နှစ်ပေါင်း ၃ဝကျော်လောက်မှာ  လက်ဖက်ကို တရုပ်ကစတယ်၊ အိန္ဒိယကစတယ်နဲ့ တရုပ်ကုလား
မူပိုင်နိုင်ငံအဖြစ်ကြေငြာချင်လို့ ရန်ဖြစ်ကြတယ်တဲ့ဗျား..။ အာသံပြည်နယ်ကပါလို့ ဖင်ပိတ်ငြင်းနေတဲ့ အာ
ချားဟဲတသိုက်ကို အိစံကွားတွေက သက်သေပြမှရမယ် ပါးစပ်ပြောလို့တော့ သူတို့နဲ့မဖြစ်( ဒီတချက်တော့
အသေထောက်ခံတယ်..ဟီး) ဆိုပြီး လက်ဖက်တွေထွက်တဲ့ ယူနန်ပြည်နယ် ဆစ်ဆောင်ပန်းနား ရှမ်းတို့တောင်တန်းတဝိုက်မှာ လာလေ့လာကြတယ်တဲ့။
အဲ့ဒီမှာ ရှိတဲ့ ရှမ်းစာပေပရပိုဒ်တွေလေ့လာ ဆက်သွယ်ရေးခက်ခဲတဲ့တောင်ပေါ်ရွာတွေလေ့လာရင်းနဲ့ နှစ်
ပေါင်း ၁၇ဝဝ ရှိတဲ့လက်ဖက်ပင်နဲ့ တခြားကျောက်ဖြစ်ရုပ်ကြွင်းတွေ အများကြီးတွေ့ခဲ့ရတယ်တဲ့။ ရွာတရွာ
မှာတော့ တရွာလုံးကိုးကွယ်နေတဲ့လက်ဖက်ပင်အိုကြီးက ရွာလည်ခေါင်မှာမှာ။ သူတို့တရုပ်နိုင်ငံမှာရှိတဲ့
ကျွမ်းကျင်ရုက္ခဗေဒပညာရှင် ရှေးဟောင်းသုတေသနပညာရှင်တွေ ဖိတ်ပြီး သေသေချာချာစစ်ကြတယ်တဲ့။
စိုက်ပျိုးထားတဲ့အပင်မျိုုးမဟုတ်ဘဲ နှစ်ပေါင်းထောင်ကျော်တာ သဘာဝအလေ့ကျပေါက်လာတဲ့အပင်ဆိုတာ သက်သေပြနိုင်ခဲ့တယ်။
အဲ့လိုနေရာပတ်ဝန်းကျင်ကဘဲ ကျောက်ဖြစ်ရုပ်ကြွင်းတခုထဲက လက်ဖက်ရွက်တခုကိုလည်း သေသေချာချာ
သက်သေပြနိုင်ခဲ့တယ်လေ။ နှစ်ပေါင်း ၃၅.၄ သန်းတဲ့..ဖယားဖယား...

နောက်တခု လက်ဖက်ခြောက် အထုပ် ၂ထုပ်ကိုလည်း ရှေးဘုရင်တွေရဲ့ပြတိုက်မြေအောက်ခမ်းတခုကနေ
ထုတ်ပြီး စစ်ဆေးကြည့်တော့ နှစ်ရာချီပြီး ထုပ်တဲ့လက်ဖက်က ခုချိန်ထိလုံးဝကောင်းနေသေးတဲ့ အခြေအနေ ရှိနေတာ အရမ်းအံသြစရာတွေ့ရသေးတယ်။








လက်ဖက်အထုပ်ထဲကစာအရ ဒေသထွက်လက်ဖက်ကို ဘုရင့်လက်ဆောင်အဖြစ်ဆက်သတယ်လို့ဆိုပါ
တယ်။ အဲ့ခေတ်အခါက ပီကင်းဆိုတဲ့ ဘုရင်တို့နေထိုင်ရာကို ဒီလက်ဖက်ထွက်တဲ့ဒေသကလူတွေရောက်
ဖို့ ၃လကြာခရီးနှင်ရတယ်တဲ့။ ခရီးဝေးကို ဘယ်သွားဖို့က လက်ဖက်ကို( အရင်ပို့စ်မှာပါတဲ့ puerh tea) ပုံစံ
လုပ်ပြီးမှ ဘယ်သွားရတာပေါ့။ မှတ်တမ်းအရ ၁၃၀နှစ်လောက်ရှိတယ်လို့ပြောတယ်။ သောက်ကြည့်ရင် လည်းရမယ်လို့ဆိုပါတယ်။ ပြတိုက်ပစ္စည်းဆိုတော့ ဘယ်သူကသောက်ရဲကြမှာလဲဗျ...။ 

အဲ့နားက လက်ဖက်ကုန်သည် တယောက်ပြောတယ်။ အဲ့လိုလက်ဖက်နဲ့ သက်တမ်းမတိမ်းမယိင်း တခု သူ့မှာ လည်း ရှိတယ်တဲ့။ ခုထိသောက်လို့ရတုံးတဲ့။ သိလား..အဲ့လိုမျိုးလက်ဖက်ခြောက်တွေကို ရွေလိုချိန်ပြီး
ရောင်းတာ ၅ ကရမ်ကို ဒေါ်လာနဲ့တွက်ရင် ရာထောင်ချီပေးရတယ်။ တတုံးလုံးဆိုရင် သိန်းချီပေးရတယ်တဲ့။

သမိုင်းကြောင်းပြန်ဆက်ရရင် တူရကီတွေက လက်ဖက်ကို မွန်ကိုးရီးယား ကနေတဆင့် အနောက်နိုင်ငံ ဘယ်သွားကြတာပေါ့။ ပြီးမှ ၈ျပန်ကဘုန်းကြီးက လက်ဖက်နဲ့အတူ ဗုဒ္ဓဘာသာကိုဂျပန်ယူသွားတာ။ ပြီးမှ
ဒေသခံတွေက လက်ဖက်ကို တိဗက်ဖက်သွားရောင်းကြတာ။ အာသံကိုလည်း အဲ့ဒီအချိန်မှရောက်တာပါ။
သူတို့အပင်တွေကိုစစ်ကြည့်တော့ လူကစိုက်ပျိုးထားတဲ့အထောက်အထားတွေ တွေ့တာတဲ့။ အနောက်နိုင်ငံ
ကို လက်ဖက်ရောက်သွားတော့ ဈေးကြီးတာကတကြောင်း မင်းဆွေမင်းမျီုးတွေဘဲသုံးနိုင်ကြတဲ့ အချိန်ပေါ့။ ၁၈၆၆ ခုနှစ်ပြင်သစ်တွေ တရုပ်ပြည်ရောက်တော့ ယူနန်ဖက်လာတယ် မှတ်တမ်းတင်ဓါတ်ပုံတွေရိုက်ထား
တာရှိတယ်။ ပန်းချီရေးပြီးမှတ်တမ်းတင်ထားတယ်တဲ့။ လက်ဖက်ကို သူတို့ "ပူအာ" "puer"လို့ ဘာကြောင့်
ခေါ်သလဲဆိုတာ ဘယ်ကနေစသလဲဆိုတာကိုလည်း စိတ်ဝင်စားကြတယ်လေ။ အဲ့တာသူ့ပန်းချီကားမှာပါ
တာအရမ်းစိတ်ဝင်စားစရာကောင်းလှပါတယ်။
 
သူပြောတာက တိုင်းရင်းသားစကားတခုဖြစ်မယ်ဆိုပြီး သူမြင်ပြီးဆွဲထားတဲ့ တိုင်းရင်းသားက ရှမ်းတွေ..

နောက်တခု ဝ လူမျိုုးရဲ့စကားကလာတာဖြစ်မယ်လို့လည်းပြောတယ်။ ဝ တွေက ပလောင်ရှမ်းတွေကို ပူလို့
ခေါ်တယ်တဲ့..။
 အဲ့ဒီ documentary ထဲမှာဘဲ လက်ဖက်ကို ပထမဆုံးဆေးဖြစ်ဝါးဖြစ် အစဉ်အဆက်သုံးဆွဲလာကြတဲ့ တိုင်း
ရင်းသားလူမျိုးစုတခုဆိုပြီး "အိုက်"ဆိုတဲ့ လူငယ်အကြောင်းပါတယ်။ သူကမြန်မာပြည်မှာလာအလုပ်
လုပ်ဖူးတယ်တဲ့။ သူတို့ရွှာမှာတော့ သူကခေတ်မှီတယ်ပေါ့လေ။ သူမင်္ဂလာဆောင်တဲ့ပုံလေးပါတယ်။
ရှမ်းထုံးစံ လက်ဖွဲ့ချည်မျှင်စွပ်ပေးတာ ဘုရားစာဆိုတာ ဘုရားရှိခိုးတာ အားလုံးက ကျမတို့ဆီနဲ့ အတူတူဘဲ။
  သူတို့က လက်ဖက်နတ်ဘုရားကိုပါရှိခိုးရတယ်တဲ့..။ ဝါးကျဉ်ထောက်ထဲက ရေနွေးကြမ်း...
သူတို့လင်မယား၂ယောက် ရီပြီးဓါတ်ပုံရိုက်ခံတာ သဘောကျတယ်..။

လက်ဖက်ခြောက်ကို ကျမတို့နိုင်ငံက ရိုးရိုးအခြောက်အနေနဲ့ဘဲသောက်တာ။ ပြည်တွင်းမှာဘဲလုံလောက်
အောင်ထွက်နေတော့ မရမှာ မပူရဘူးလေ။ တရုပ်နိုင်ငံက ကျယ်ပြန့်လွန်းတော့ တနေရာနဲ့တနေရာ သွား
ရေး လာရေးခက်ခဲ၊ ဒီတော့ ရှေးလူကြီးတွေ တီထွင်ကြံဆထားတဲ့ အတုံးအခဲပုံစံမျိုးတွေလုပ်ပြီး ဘယ်ကြ
တာ ခုတော့ အဲ့ပုံစံရှိတဲ့ လက်ဖက်ခြောက်ကို သိပ္ပံနည်းကျကျလေ့လာတော့ကျမ်းမာရေးအတွက် အရမ်း
ကောင်းလွန်းနေတယ်တဲ့..။(အဓိက ကိုလက်စတော်အဆီကျတယ် ကင်ဆာဆဲလ်ကိုဟန့်တားတယ်တဲ့)

ယူနန်ကနေ တိဘက် အိန္ဒိယကနေတဆင့် အနောက်နိုင်ငံရောက်သွားတဲ့လက်ဖက်ကို ပထမဆုံး အရှေ့ အိန္ဒိယကုမ္မဏီက အမေရိကားကို သဘောၤနဲ့ကုန်ကူးတာပေါ့လေ..။  အဲ့ခေတ်တုံးကလည်း အမေရိကား
ဆိုတာ အင်္ဂလန်လက်အောက်ကိုလိုနီနိုင်ငံလေ။ အင်္ဂလိပ်တွေက ခေါင်းကောင်းကြပါတယ်..။ သူတို့ဘယ်
ရခက်တဲ့ တရုပ်လက်ဖက်ကို အာသံတောင်တန်းမှာ ယူလာစိုက်ပြီး အမေရိကကိုတင်ပို့ရောင်းချတာနော်..။
ရောင်းကောင်းတော့ လက်ဖက်ကိုအခွန်ကောက်တာ။ အမေရိကန်တွေက စိတ်ဆိုးပြီး( နဂိုထဲက ဈေးကြီး
နေတာကိုး) ကမ်းကပ်ထားတဲ့ သဘောၤပေါ်က ဗြိတိသျှပိုင်လက်ဖက်တွေကို အတင်းရေထဲပစ်ချလိုက်
တယ်လေ။ အဲ့ဒီကစပြီး..အမေရိကန်တွေ တဖြေးဖြေး ဗြိတိသျှကိုတော်လှန်ရင်း နောက်ဆုံး လွတ်လပ်
ရေးရသွား တာပါတဲ့..။

လက်ဖက်တောကြီးပိုင်ထားတဲ့ တရုပ်ကလည်း တမ္ဘာလုံးလာဝယ်တော့ ကြီးကျယ်တာပေါ့။ ဈေးကောင်းရမှ
တို့..ခင်ရာမင်ရာ နီးစပ်ရာ ( အဲ့အချိန်တိဘက်ကဆို ငွေတုံးအခဲနဲ့ကို အလုအယက်ဝယ်တာလေ) ဟိုလူ့ကို
ရောင်း ဒီလူ့ကိုမရောင်းနဲ့..ဆိုတာတွေ လူ့ဘဘောသဘာဝဖြစ်ကြမှာပေါ့လေ..။ ဒီတော့ ဗြိတိသျှတွေက
"ဘိန်း"ထွင်ပြီး တရုပ်တွေကို ပြန်ရောင်းလို့...ဘိန်း စစ်ပွဲဆိုပြီး မယ်ငီးတို့ငယ်ငယ်က သမိုင်းမှာ ကျက်မှတ်ခဲ့
ဖူးကြပါတယ်...။
လက်ဖက်ကြားထဲမှာတခုလောက်ပြောပြရအုံးမယ်.. "ဝ - Wa "ဆိုတဲ့လူမျိုးအကြောင်းပါ...။ ကျမတို့ ငယ်ငယ်က ဇန်နာဝါရီလကုန် ဖေဖော်ဝါရီလဆန်းချိန်ဆိုရင် အဲ့ဒီဝလူမျိုုးတွေ တောင်ပေါ်ကဆင်း လာတဲ့ အချိန်ပေါ့။ပုံမှာပါတဲ့အတိုင်း..ယောက်ကျားလေးတွေဟာ ရှေ့ဆံပင်ကို နောက်ဆံပင်နဲ့တတန်းတည်း အုံး မူတ်ခွက်ပုံစံမျိုးဘဲထားကြတယ်။ ဆံပင်သားတွေလည်းဖြောင့်စင်းနေတာဘဲ..။ အရမ်းသန်မာကြတယ်။ အသားသိပ် အဖြူကြီးမဟုတ်ဘူး။ ကျောမှာ သစ်ပင်တပင်လုံးခုတ်ပြီး အချပ်ပြား ၄ ချပ်ဘယ်လာကြတယ်။ အခေါင်းလုပ်ရောင်းတာပါ ခါးမှာကြိုးတွေကျစ်ထားတာ ပတ်ထားတတ်ကြတယ်။ အင်္ကျ ီက ပင်နီဓါတ်ပုံ ခပ်တိုတို ဗိုက်ပေါ်ခါးပေါ် ရှမ်းဘောင်းဘီအနက် တိုတိုနဲ့ သူတို့ရဲ့ သစ်သားခေါင်းရောင်းပြီး ဆားနဲ့ဆီဝယ် တောင်ပေါ်ပြန်တက် သွားလေ့ရှိကြတယ်။ အဲတခုရှိတာက...သူတို့တောင်ယာခုတ်ရင် ခလေးခေါင်းနဲ့ ယစ်ပူဇော်ကြတယ်တဲ့။

ဒါကြောင့် ကျမတို့ခလေးအားလုံး ဝခေါင်းဖြတ်ဖို့လာနေတယ်ပြောရင် အီးတေင်ကျယ်ကျယ်မပေါက်ရဲခဲ့ဘူး..
အသေကြောက်ခဲ့တာပါဆို..။ ကျမတို့ အခေါ် "ဝ တက်ခေါ "တဲ့။ တက်ဆိုတာ ဖြတ်တာပါ။ ခေါ က ဦးခေါင်း
ပေါ့....သူတို့ကတရုတ်လုံးဝမဟုတ်ပါဘူး...။ သူတို့စကားဘဲပြောတာ..။ အခုမိတ်ဆွေများမြင်တွေ့ကြတဲ့ ဝ
ဆိုတာက တရုတ်လိုပြော မျက်နှာလည်း ကျမသိခဲ့တဲ့ ဝမျက်နှာပုံစံမဟုတ်တော့လည်း စိတ်ထဲကျလိကျလိနဲ့၊
ပြောချင်တာ ခုမှပြောဖြစ်တယ်။ တလောက ဖေ့ဘုတ်မှာ ဆရာကြီးတယောက်ရေးထားတာ ဖတ်မိတယ်။
တောင်ယာ အကြောင်းပါ..ကမ္ဘာမှာ တောင်ယာစနစ်ကို ပထမဆုံး မိတ်ဆက်ပေးတာ ဝ လူမျိုးတွေဖြစ်ပါ
တယ်တဲ့..။ဘိုတွေရေးထားတဲ့မှတ်တမ်းမှာနော်....။

ဟီး..မရေးဖြစ်တာနဲနဲကြာသွားလို့..ကမန်းကတန်းဖြစ်ညှစ်ရေးချွတ်လိုက်ရတာ...နောက်မှ ဆက်ကြတာ
ပေါ့နော်..ပျော်ပျော်ပါးပါးပေါ့...

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး
#meemeenage