Friday, April 15, 2016

လက်ဖက်ရည်(tea)သောက်ခြင်းအနုပညာ

မင်္ဂလာပါရှင်~~~
လက်ဖက်ရည်ကြမ်း၊ ရေနွေးကြမ်း၊အဖန်ရည် ကိုကျမတို့ရှမ်းပြည်ကအခါးရည်လို့ခေါ်ကြတယ်။ အရင်ကမြန် မာပြည်ထမင်းဆိုင်တွေမှာထမင်းစားရင် ကျမကအခါးရည်ပေးအုံးပြောတာ နားမလည်ကြဘူး လူကိုအူတူတူ
နဲ့ကြည့်ကြတယ်။ ရှမ်းပြည်မှာဆို အဲ့လိုဘဲပြောကြတာကိုး..။ကျမတို့ရှမ်းပြည်မှာ ထမင်းစားရင် ရေနွေးကြမ်း
ပါမှ ထမင်းဝိုင်းလေးကပြီးပြည့်စုံတယ်လို့ပြောရမယ်။

အဲ့ဒီ ရေနွေးကြမ်းကိုဘဲ သောက်ဖို့ပြုလုပ်နည်းတွေမတူကြပြန်ဘူး။သောက်ပုံသောက်နည်းတောင် မတူကြ တာ။ ခပ်လွယ်လွယ်ပြောရင်တော့ နှာခေါင်းအောက်ကပါးစပ်ပေါက်ထဲ သွင်းလိုက်ယုံဘဲ။ ဘာပေများရှည် လျှားချင်နေသေးပါသလဲ..ဒေါ်မယ်ငီးလို့မဆိုပါနဲ့။ တကယ့်ကို နည်းလမ်းပေါင်းများစွာတွေ့လာလို့ မိတ်ဆွေ များကိုဖောက်သည်ချရအုံးမယ်..။ ဂလို..ဂလို..

မှန်တာပြောရရင် မနှစ်ကနှစ်ကုန်ခါနီး ဒီဇင်ဘာပြန်တုံးအထိဆိုပါတော့။ ဒီလက်ဖက်ဆိုတာကြီးကို ဒီအတိုင်း ဘဲသိထားတာ။ ဆိုလိုချင်တာက လက်ဖက်သုပ်ကို မြန်မာနိုင်ငံသားတွေစားကြတယ်။ လက်ဖက်ခြောက်ကို
ရေနွေးထဲခပ်သောက်တယ်။ ယွန်းရှမ်းတွေက လက်ဖက်ကိုအုန်းခြစ်သားတွေနဲ့ အချိုနှပ်ပြီးစားတယ်။ ကုလားပြည်က အချိုခြောက်လုပ်သောက်တယ်။ ဒီသဘောလောက်ဘဲရှိတဲ့ ဗဟုသုတနဲ့ မယ်ငီးနေခဲ့တာပါ။
အဲ...ဒီတခါပြန်သွားတော့ ( အရှေ့ကပို့စ်မှာပါပြီးပါပြီ) အိမ်လာဌားတဲ့ လုပ်ငန်းရှင်လူငယ်က တညနေတော့
ကျမကို လက်ဖက်ရည်သောက်ကြွဖို့ ဖိတ်ပါတယ်..။အဟဲ..ကြားကောင်းအောင်ပြောတာပါ..။အမလာခဲ့ပါ။
ကျွန်တော်လက်ဖက်ရည်တိုက်မယ်..ဒီလောက်ပါဘဲ။  မြန်မာပြည်လက်ဖက်ရည်မျိုးမဟုတ်ဘူးနော်..အချို
မဟုတ်ဘူး..ဟီး..အချဉ်လို့ပြောရင်လည်းရမဲ့ ဟိုဟိုဒီဒီ လာဘ်ထိုးတာမျိုးမဟုတ်ရပါရှင်း)))  မြန်မာပြည်မှာ လက်ဖက်ရည်ဖိုးဆိုရင် လာဘ်တောင်းတာလေ.. အဲ့ဒါအချဉ်ဖမ်းကြတာပေါ့..ကဲပါလေ..ဒါတွေကနောက်ဆို
လုံးဝကင်းစင်တော့မှာတဲ့.. ပျော်ထှာနော်..

ကဲ..ဒီကလည်းနေခင်းအိပ်နေတာ တူမလေးလာနိုးတော့ ကမန်းကန်းပြေးဆင်းပြီးသူတို့လက်ဖက်အရောင်း
ပြခန်းထဲပြေးဝင်သွားတာပေါ့..။ သူက မီးစက်နိုးခိုင်းနေတာကြားရတယ် ဒီကလည်း..ဟွန့်..ဒီအခါးရည်များ
ဘာမီးစက်ကလိုသေးတုံးပေါ့..စိတ်ထဲထင်နေတာ။ သူ့ခုံတန်းလျားရှေ့ဝင်ထိုင်တော့ စားပွဲကိုလည်းအရမ်းသ
ဘောကျသွားတယ်။ သစ်သားအလျှားလိုက်တချပ်ထဲအထူကြီးကို စားပွဲလုပ်ထားတာအရမ်းမိုက်တယ်။ ရှေ့
မှာထိုင်ခုံကလည်းခုံတန်းလျှားသဘောမျိုးဘဲ ။ ဒါပေမဲ့ သစ်သားအထူကြီး။ စားပွဲပေါ်မှာ ထူးဆန်းတဲ့နောက် ထပ်သစ်သားတချပ်တင်ထားသေးတယ်..အဲ့ဒီသစ်သားပြားမှာတော့အပေါက်ကလေးပါတယ်။ အကန့်လေး
ပါတယ်။ နောက်ပြီး ရေနွေးအိုးသေးသေးလေး လျှပ်စစ်နဲ့တည်တဲ့အိုးတခုကိုရေထဲ့ပြီးတည်ပါတယ်။ ကျမ လည်းသတိရပြီးမှ အိမ်ထဲပြန်ပြေးပြီး ကင်မရာသွားယူရတာ။ စစချင်းတော့(ကျားကျားကလည်းရောက်လာ တယ်လေ) သူ့နဲ့ ဗီဒီယိုရိုက်ဖို့ကို ကင်မရာလုကြတာ။ သူကကင်မရာမန်းကြီးဖြစ်ချင်နေတာ။ ဒီကလည်း မရဘူးဘဲ။ အဲ့ဒါနဲ့ရှေ့ဆုံးအခန်းနဲနဲလွတ်သွားတယ်။ ကျမ ဒီမှာ ဗီဒီယိုဖိုင်တင်ထားပါတယ်။

ဒီလိုမျိုး လက်ဖက်ရည်ကြမ်းကို သောက်ဖို့ပထမဦးဆုံးကအဖုံးပါတဲ့ ခွက်တလုံးလောက်လိုပါမယ်။ ရေလည်း တအားကြီးဗွက်ဗွက်ဆူတာမျိုးမဟုတ်ဘူး ရေနွေးပေါ့။ အရင်ဆုံးသူ့ရှေ့မှာရှိတဲ့ခွက်ထဲကို ကိုယ်သောက်မဲ့ လက်ဖက်ခြောက်တွေထဲ့ရတာပေါ့။ နောက်ရေနွေးဆူလာရင်  အဲ့လက်ဖက်ခြောက်ထဲငှဲ့ပြီး အဖုံးကိုခဏ

လေးဖုံးထား (စက္ကန့်ပိုင်းလေးပါ) နောက်ပြီးအားလုံးပြန်သွန်ပစ်လိုက်တယ် အဖုံးကိုနဲနဲဟထားတော့ ရေစစ်
သလိုဖြစ်သွားတာပေါ့။ အဖတ်တွေတော့ ဒီအတိုင်းကျန်ခဲ့တယ်။ အဲ့တာ လက်ဖက်ခြောက်ဆေးတာပါတဲ့။
ပြီးကျတော့ ခြောက်နေတဲ့လက်ဖက်တွေကိုရေနွေးနဲ့ ခဏလေးထိလိုက်တော့ နူးပြီးသူ့ရဲ့အခါးဓါတ်တွေပွင့်
လာအောင်လုပ်တာပါတဲ့။ ကျမ ဗီဒီယိုင်က ၂ခုရှိတယ်။ ဒုတိယတခုမှာတော့ သူလက်ဖက်ခြောက်ဆေး တာပါတယ်။ အော်တခုမေ့သွားလို့ လက်ဖက်ခြောက်ဆေးတဲ့ရေကို အလကားမသွန်ပစ်ဘူး နောက်ခရား

သေးတခုထဲထဲ့ပြီး ကျမတို့ကိုတိုက်မဲ့ခွက်တွေကို ဆေးပါတယ်။ လက်နဲ့မကိုင်ဘူးတူလိုမျိုး ညှပ်တုတ်ချောင်း
နဲ့ကိုင်တာ။ ခွက်တွေလည်း အေးစက်နေတာမျိုးမဖြစ်ရဘူးတဲ့။ နောက်ရေတအိုးမှ လက်ဖက်ခွက်ထဲ့ ခဏလောက်ဘဲဖုံးထားပြီး ချက်ချင်း ဇာကာစစ်ထဲ့ထားတဲ့ ရေကျားသေးသေးတခုထဲ ပြန်လောင်း တာပေါ့။ ပြီးမှ ကျမတို့ရေနွေးခွက်ထဲ လောင်းထဲ့ပေးတာပါ။ အရောင် ကတော့သပ်အရင့်ကြီးမဟုတ်ဘူး။ ဒါပေမဲ့ တကယ်ဘဲသောက်လို့ကောင်းလိုက်တာ။ တသက်လုံးသောက်ဖူးတဲ့ ရေနွေးကြမ်းနဲ့ အရသာဘာမှမဆိုင်ဘူး

ဒီရောက်တော့ သူ့လိုလုပ်ပြီးသောက်တာ
မေးမြန်းကြည့်မှ လက်ဖက်ခြောက်က တပိသာ သိန်းကျော်တယ်တဲ့ဗျား...။ အပင်တွေက သက်တမ်းရင့်
နှစ်ပေါင်းထောင်ချီနေပြီ..အနဲဆုံး ၃၅၀နှစ်ကစတယ်လို့ပြောပြတယ်လေ။ အင်း..နဲနဲစိတ်ဝင်စားလာပြီ။ ကဲ
ပြောနေကြာတယ်..ကျွန်တော်မနက်ဖြန် NGO အဲဖွဲ့တွေကိုသွားပို့ရမယ် လိုက်ခဲ့ပါ စီစဉ်ပေးမယ်တဲ့..။ ဒါနဲ့
ပြီးခဲ့တဲ့အပတ်က ရေးလိုက်တဲ့ ဝမ်ဆိုင်းလက်ဖက်ရွှာ အကြောင်းပေါ်ပေါက်လာတာပေါ့ရှင်..။

လက်ဖက်ခြောက်ဖတ်တွေလည်းကြီးမားပါ့
ကျမတောင်ကြီးမှာနေတော့ ဓနု အင်းသားအမျိုးတွေအိမ်မှာ သောက်တဲ့ လက်ဖက်ခြောက်က တမျိုး။ လက်
ဖက်ကိုလှော်ပြီးမီးဖိုပေါ်ကချတာနဲ့ နှမ်းနဲနဲထဲ့လိုက်တယ်။ အိုးအပူရှိန်နဲ့နှမ်းကချက်ချင်းကျက်တယ် တဖေါက်

ဖေါက်နဲ့ထမြည်တာပေါ့။ချက်ခြင်းဘဲ ရေနွေးကြမ်းအိုးထဲထည့်ပြီး ရေဗွက်ဗွက်ဆူနေတာလောင်းထဲ့လိုက် တာပေါ့။ ခဏလောက် အဖုံးလေးအုပ်ထားပြီး ခွက်ထဲငဲ့ သောက်ကြတာပေါ့။ ဆားနဲ့လည်းခပ်သောက်ကြ တယ်။ နှမ်းနံ့မွှေးမွှေးလေးနဲ့ပေါ့ရှင်။ ကျိုင်းတုံကဘဲ ကျမတို့ရှမ်းတွေက လက်ဖက်ခြောက်ကို ထမင်းဟင်းချက်
တဲ့အိုးနဲ့ မလှော်ဘူး။ မြေအိုးလက်ကိုင်ပါတယ် သေးသေးလေးနဲ့ ထင်းရူးချောင်းနဲ့လှော်ရတယ်။ ပြီး နှမ်းထဲ့
တာပေါ့။ ကဲ...စမ်းသောက်ကြည့်ကြပါလား...။

ဒီလက်ဖက်ရွှက်ကိုတော့လက်ဖက်နှပ်လုပ်လို့မရဘူးတဲ့
 အမေရိကားပြန်ရောက်ပြီး ဒီလက်ဖက်အကြောင်းသိချင်လွန်းလို့ Google နဲ့ ကမ္ဘာတလွှားရှာဖွေဖတ်ရူ့ကြည့် တာတကယ်ဘဲ...အံသြစရာစိတ်ဝင်စားစရာအများကြီးတွေ့လာလာတယ်။

ကဲ..နောက်တခါအဲ့ရွှာက လက်ဖက်ခူးပုံလေးတွေ လုပ်ပုံလေးတွေပြောပြအုံးမယ်... နော်ကပြီး ဘာဖြစ် လို့ဈေးနူန်းခေါင်ခိုက်ရသလဲဆိုတာလည်းပြောပြမယ်လေ..နောက်ပြီး အခါးရည်ရဲ့ အရသာ ခါးခြင်းရဲ့ပုံစံအမျိုး
မျိုး..။ နောက်တခုက ကျမ်းမာရေးနဲ့ ဘယ်လိုပတ်သက်သလဲဆိုတာ...လာမယ်နော်..မျှော်..အဟဲ

ကိုယ်တို့မြို့မှာ တာဝန်ကျတဲ့ မူးကြီးမတ်ကြီးများ..အဲလေ..အရာရှိကြီးဆိုပါတော့ သူတို့တတွေ ဈေးထဲတိုင်း ခန်းလှည့်လည်တာ တွေ့တဲ့ဈေးသည်တွေကို ဘာလဲ ဘယ်လိုရောင်းလဲ ဘယ်ဈေးလဲဆိုပြီးမေးမြန်း စပ်စု တတ်တယ်တဲ့ လက်ဖက်ခြောက်တပိသာ သိန်းကျော်ဆိုတော့ မျက်စိပြူးပြီး ဘာဖြစ်လို့လဲ ဘာလဲဘာကြောင့် လဲ ..လဲပေါင်းများစွာနဲ့ အဲ့ဒီဒေသကို ကိုယ်တိုင်ကြွချီပါသတဲ့။ အပင်တွေမြင်မှ အံသြလို့ သူတို့ကောင်းမူ့လို့
ပြောရမှာဘဲ လမ်းတွေဖေါက်ပေး ကျောင်းတွေဆောက်ပေးဖြစ်လာတယ်လေ..။




သူ့ကိုပြောထားတာ လက်ဖက်ခူးချိန်ကျရင် ရွှာကလူတွေလက်ဖက်ခူးပုံလေးပို့လာပေးပါဆိုလို့ ကျမကိုပို့လာ
ပေးတဲ့ပုံတွေပါ...

အားလုံးဘဲ နှစ်သစ်အခါသာမည ရွှင်လန်းချမ်းမြေ့မူ့အပေါင်းနဲ့ပြည့်စုံခညောင်းကြပါစေရှင်~~~

မီးမီး
ပြောပြချင်တဲ့လက်ဖက်ရည်သောက်နည်းအမှန်..
အပိုင်း(၁)

အပိုင်း(၂)
အပိုင်း(၃)

14 comments:

  1. စိတ်ဝင်စားစရာဘဲနော်။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. ဟုတ်တယ်ရေ..
      ကျမလည်းစိတ်ဝင်စားလို့ဖတ်ရင်း
      လိုက်ရင်းနဲ့ဗဟုသုတွေအများကြီးတိုးလို့...

      Delete
  2. မလေးရှား ကင်မရွန်းဟိုင်လန် မှာတော့ လက်ဖက်ပင်ကို ၃ ပေပဲ အမြဲထားတယ်။ ခူးရလွယ်အောင်တဲ့။ ကိုယ်တို့ မြန်မာပြည်မှာတော့ အပင်ကြီးတဲ့အထိ ထားတဲ့ပုံပဲနော်။ လက်ဖက်ပင်ကို ကိုယ့်နိုင်ငံမှာ သေချာ မမြင်ဖူးသေးဘူး။ တစ်ခေါက်လောက်တော့ သွားကြည့်ချင်တယ်။ လက်ဖက် ဘယ်လိုခူးတယ်။ လက်ဖက် ဘယ်လိုနှပ်တယ်။ လက်ဖက်ခြောက်လုပ်ဖို့ ဘယ်လိုပြင်ဆင်တယ်။

    ReplyDelete
    Replies
    1. ခုခေတ်လက်ဖက်ပင်တွေအားလုံးက
      စီးပွားဖြစ်စိုက်ကြတယ်ဆိုတော့
      ခပ်ပုပုလေးတွေပါဘဲ
      ကိုယ်တို့မြို့ကတခြားနေရာမှာလည်း
      အများကြီးရှိတယ်..။
      ခုနေရာကနှစ်ပေါင်းရာဂဏန်းများစွာ
      ထောင်ဂဏန်းအထိကြာမြင့်ခဲ့တဲ့
      လက်ဖက်ပင်တွေဆိုတော့
      ဒီလိုကြီးမားနေတာဖြစ်တာပါ
      တတောလုံးတတောင်လုံးဘဲ
      အားရင်သွားလည်ပါ
      စိဝင်စားစရာကောင်းပါတယ်...

      Delete
  3. ရှမ်းမြောက်ပိုင်းသူပါဗျို့ နာမည်ကျော်နမ့်ဆန် မြောက်ပိုင်းလ္ဘက်ခြောက်လုပ်ပုံအဆင့်ဆင့် လ္ဘက်ခူးချိန်မှစ အခြောက်အဆင့်ဆင့်လုပ်တာ လက်တွေ့တပါတ်ကျော်ကိုယ်တိုင်သွားရောက်လေ့လာခဲ့ဖူးတယ်။ အခါးခြောက်နဲ့အချိုခြောက် (လ္ဘက်ရည်အချိုဖျော်ရာမှာသုံးတာ) ၂မျိုးခွဲထားပါတယ်။ မြောက်ပိုင်းရှမ်းရဲ့ ပလောင်တောင် လ္ဘက်ခင်းတတောလုံးတတောင်လုံးအားလုံး လူတရပ်ထက်မမြင့်ဘူး ခါး ရင်အုပ်အမြင့်အပင်ပုဖြစ်အောင်ခုတ်ထားပါတယ်။

    ReplyDelete
    Replies
    1. ရှမ်းမြောက်ပိုင်းကလက်ဖက်ခင်းတွေကို
      ဓါတ်ပုံထဲမှာတော့မြင်ဖူးပါတယ်။
      ကျမတို့ဆီမှာလည်းနောက်ပိုင်း
      ဒီလိုစီးပွားဖြစ်စိုက်ကြပါတယ်။
      မြင်ဖူးနေကြလုံးလုံးစိမ်းစိမ်းနဲ့
      တတောလုံးတတောင်လုံးပေါ့
      အခုကျမကသက်တမ်းရင့်
      လက်ဖက်ပင်နဲ့သူ့လက်ဖက်ခြောက်
      အကြောင်းကိုစိတ်ဝင်စားလို့
      လေ့လာရင်းပြောပြတာပါ..
      အခွင့်အရေးရရင်မြောက်ပိုင်းရှမ်းပြည်
      သွားလည်ချင်တာ...
      မားလည်ကော့ကျေးဇူးယိုင်ခါနော်..
      (မြောက်ပိုင်းရှမ်းလိုပြောကြည့်တာ)
      ကျမတို့ဖက်ကလိုပြောရင်..
      မားအောင်(န်)ကော ယိင်းလီတဲ့တဲ့နား
း)))))

      Delete
    2. ကော့ ယိင်းလီနကျ့ ခေးပိုင်ယူထိ ခရုန်ထေ့မဟာနခေါင် ဟပီကျ့

      Delete
  4. ခု အန်တီမီးမီး ပို့ စ် တွေ ဖတ် မှဘဲ လက်ဖက်ပင် ဆို တာ ဒါ ဒီလောက်ကြီး မှန်းသိတော့ တယ် အပင်ကြီး လေး အရသာ ကောင်းလေလား ဒါမှ မဟုတ် ခူးပြီး သေချာ ထား လေ ပိုကောင်းလေလား ဆက်ဖတ်မယ် ဆက်ရေးအုံးနော် တကယ် စစ်အစိုး ရကသာ လုပ်တတ်မယ် အားပေးမယ်ဆို တကယ့် ဈေးကွက်ကြီးပဲ

    ReplyDelete
    Replies
    1. သက်တမ်းရင့်အပင်ရဲ့
      လက်ဖက်ရွှက်ကို
      နောက်ထပ်နှစ်ရှည်ခံအောင်
      လုပ်ထားတဲ့လက်ဖက်ခြောက်က
      ကင်ဆာဆဲတွေကို
      မပြန့်အောင်တားနိုင်တာ
      ကိုယ်အလေးချိန်ကျတာ
      ခေါင်းကိုက်ရောဂါပျောက်စေတာတွေ
      အတွက်ပျောက်တယ်လို့
      စစ်ဆေးတွေ့ရှိလာလို့
      တဟုန်ထိုးဈေးကြီးလာတယ်
      ဆိုပါတော့...

      Delete
  5. ยิ่นดีนจ่า ထိုင်းကိုသွားဖို့ကျိုင်းတုံဖြတ်ပြီးတာချီလိတ်ကနေ ဘန်ကောက်၅နှစ်ကြာခဲ့လို့ထိုင်းစာစကားသင်ထားတာပါ အခုမရေးတာ ၁၀နှစ်ကြာပြီနဲနဲမေ့ချင်ချင် ဟောင်းပင်တိုင်းနေ ယူတီမိန်းနမ့်တူ မားလည်စူတမ့်ဝိုက် တာစေ ဟောင်းကော ဂျွမ်းတဲ့တဲ့န ပေါဝါ ခိင်းဟိန်းတေ မိန်းတိုင်း မားလေဟောင်းလှဲ့ ယမ်း၌ဟောင်းယူတီ japan ဆစ်ပီယောက် မီးမီးငယ်

    ReplyDelete
    Replies
    1. နန်းကောင်တစ်..
      ယူလီခါဟား...
      ဟောင်းပိန်တိုင်း တုတ်ဟိုင်ခါအော...
      မောဝါ့ကွမ်းတိုင်းစေတေ့ကော
      မမောတမ်ခါ..လီအိုင်တဲ့ခါအော..
      ฉันเป็นสัญชาติฉาน(ไทยใหญ่) แต่สามารถพูดได้.
      ไม่มีการเขียน ไม่ดีและรู้สึกอับอายเหมือนกัน.
      နမ္မတူမြို့ကလား...
      သိရတာဝမ်းသာပါတယ်..
      ကျိုင်းတုံလာလည်ပါအုံး...

      Delete
  6. ဟေး မီးငယ် ဟောင်းကော့ယူလီကင်ဝမ်း ယူတိဂျပန်ယူ နန်းခွမ်သီ ချိဆိမ့်န မိန်ကန်ယောက်မီးငယ် မောဝါ့ကွမ်းတိုင်း အမ်မောတမ် ကောမိန်းတိုင်း ယူတီနမ့်တူ ပေါ့ မယ် အမ်မီးယောက် ကျိုင်းတုံအလည်ဖိတ်ခေါ်လို့ကျေးဇူးတင်ပါတယ် လာလည်ချင်ပါတယ် တနေ့နေ့အရောက်လာအုံးမယ် fb မှာ မက်ဆေ့ပို့ fri req: တောင်းထားတယ်လေ အာလူးဖုတ်ရအောင်လေ ရှမ်းမြောက်တိုင်းနေ စကား ထိုင်းစကား ဖလှယ်ကြရအောင်လေ

    ReplyDelete
    Replies
    1. နန်းကောင်သီရေ...
      ကျမက fb မှာကြီးကျယ်တာတော့မဟုတ်ပါဘူး
      လူပုံမပါနံမည်မပြည့်စုံရင်
      တော်ရုံပြန်မ add ဘူးဆိုပါတော့
      ဘယ်သူမှန်းမသိ
      ဘာတွေလာရှယ်မှန်းမသိစိတ်ရူပ်လို့ပါ...
      ကျမကိုmassage ပို့လေ..
      နန်းကောင်သီ..ဆိုတဲ့နံမည်နဲ့တော့မတွေ့မိဘူးနော်..
      စကားပြောရအောင်လေ..
      ရတာပေါ့..

      Delete
    2. မီးငယ် တို့နာမည်က နန်းခွမ်သီ ဒါပေမဲ့ fb မှာ Nang Nang နဲ့သုံးနေတယ် ဌက်ကလေးတကောင် Profine နဲ့ ပါ မက်ဆေ့ရေးပို့လိုက်သေးတယ်လေကွာ နန်းခွမ်သီဖြစ်ပါတယ်ဆိုပြီ အေးဟယ် ယောက္ခမ ကဓါတ်ပုံမပေးတင်လို့ အရင်ကကိုယ်ပုံနဲ့ပေါ့ အပြောခံနေရတော့ ဖြုတ်ပစ်လိုက်တာ fb မှာ fri မဖြစ်ရင် ဖုန်း Free ဆက်ဖို့ Viber နဲ့ line ပဲသုံးရမယ် fb မှာ fri လက်ခံထားလဲ unfollow လုပ်ထားရင် ဘာမှတက်မလားဘူးလေ စကားပြောရအောင် ကြံတာပါကွယ် ရှမ်းမြောက် ရှမ်းတောင်ဗဟုသုတဖလှယ်ကြ ထိုင်းစကားပြောကြမလားလို့

      Delete