Friday, October 2, 2015

ရန်ကုန်လေယာဉ်ကွင်းကကြွက်..

မင်္ဂလာပါရှင်~~~
ဒီနှစ်ဆန်းပိုင်းတုံးကသွားခဲ့တဲ့ခရီးစဉ်အကြောင်းပြောပြတာ ထိုင်းကနေမြန်မာပြည်ကိုရောက်နိုင်သေးဘူး။
ဒီမှာဆောင်းတောင်ပြန်ရောက်တော့မယ်။ ကဲပါလေ.. ရန်ကုန်ကနေစကြရအောင်..။ အရင်က လေယာဉ် ကွင်းမပြင်ခင်ဆိုပါတော့ ရန်ကုန်ပြန်ရတာသိပ်မမိုက်ဘူးနော့်။ လေယာဉ်ကွင်းပြင်နေတုံးကဆို ပြန်ဖူးတဲ့သူ
သိကြမှာပါ။ ဘယ်အပေါက်ကနေဝင်လို့ ဘယ်အပေါက်ကထွက်ရမှန်းတောင်မသိဘူး။ဖုံတွေ အကာတွေနဲ့ ရူပ်နေတာဘဲ။


ဟော...ပြင်ပြီးတော့လည်း တခုပြီးတခုတိုးတက်လာတယ်။ အပေါ်က departure နားမှာ ပစ္စည်းရောင်း တဲ့ဆိုင်လေး ၄-၅ ဆိုင်လောက်ရှိလာတယ်။ နောက်ထပ်တခါပြန်တော့ စားသောက်ဆိုင်ရှိတယ်။ခုပြော
ချင်တာက အဲ့ဒီစားသောက် ဆိုင်ကြီးပေါ့။ နံမည်ကြီး သူဋ္ဌေးကြီးပိုင်တယ်ပြောကြတာဘဲ။ ကျားကျားကြီးနဲ့ အတူပြန်တုံးက ကြာခဲ့ပါပြီ။ အဲ့မှာ နန်းကြီးသုပ်ရတယ်လို့ရေးထားတာတွေ့လို့ ဝင်စားကြပါတယ်။ ဟိုတယ် ကနေအစောကြီးထွက်လာလို့ဘာမှမစားခဲ့ရဘူးလေ။ တပွဲ ၅ ဒေါ်လာတဲ့။ ကြည့်ရတာ သန့်ရှင်းမှာ အမှန် ဘဲလေ။ လေယာဉ်ကွင်းထဲမှာဆိုတော့ ဖုန်ကိစ္စရှင်းတယ်လေ။ ဈေးကြီးတာကတော့ ထုံးစံပေါ့။ လေယာဉ် ကွင်းထဲမှာကိုး..။ ပထမတခါစားတော့ တကယ်ကောင်းတယ်ဗျို့ အမှတ်ပြည့်ပေးတယ်။ လိုက်ပွဲလေးနဲ့ ထပ်
တောင်စားချင်တာ။ တနှစ်လောက် ခွဲခွါရမှာလေ။


နောက်ထပ် ပြန်တာလည်း အချိန်မလောက်တာနဲ့မစားဖြစ်ခဲ့ဘူး။ ဒီနောက်ဆုံးတခေါက်ကျတော့ အစောဆုံး
လေယာဉ်နဲ့ဆိုတော့ အစောကြီးရောက်လာခဲ့တဲ့ မယ်ငီးအချိန်သူဋ္ဌေးမကြီး ဖြစ်နေခဲ့တယ်လေ။ ဒီတော့ ကျ ကျနနထိုင်ပြီးနန်းကြီးသုပ်တပွဲမှာတာပေါ့။ ရေနွေးကြမ်းတောင်ပါလိုက်သေး။ အရမ်းစောနေသေးလို့ လူမစုံ
ပေမဲ့ကြည့်ရတာ ဆိုင်လေးကရောင်းကောင်းမဲ့ပုံပါဘဲ။ အလုပ်သမားတွေများနေတာတွေ့ရတယ်။ ပန်းကန်
လာချပေးပြီး ဒီကလည်း ဓါတ်ပုံရိုက်မယ်ဆိုပြီး ကင်မရာလှမ်းကိုင်မလို့ မီးကဖြတ်ကနဲ ပြတ်သွားလေပါရော့ ရှင်...။ မှောင်မှောင်မဲမဲကြီး မီးတပွင့် ၂ပွင့်လောက် ချက်ချင်းပြန်လင်းလာပေမဲ့ မယ်ငီး ဖီးငုတ်သွားပါတယ်။

၂၀၁၂ ကနန်းကြီးသုပ်နဲ့ ၂၀၁၅ နန်းကြီးသုပ်ကွာသွားတာအမှန်ဘဲ
အရသာလည်းကွာသွားပြီ
ကင်မရာသပ်သပ်မထုတ်ဘဲနဲ့ ဖုံးသေးသေးနဲ့ဘဲ ၅ဒေါ်လှကြီးကိုတော့ ရအောင်ယူလိုက်ပါသေးတယ်း))))
ကဲ..ဒါတ်ကိုခဏထားလို့ ဗိုက်ဖြည့်ပြီးလစ်မှ..လို့စိတ်ကူးပြီး၊ ခက်ရင်းကိုင်မလို့ကြံနေတုံး မောင်ပြုံးရာက်လာ
အဲလေ..ကိုကိုကြွက်ကြီးတကောင် အမြီှးထောင်လို့ ဖြတ်ပြေးသွားတယ်မောင်...း((((( အီး.................
လူကအီလည်လည်ဖြစ်သွားတာအမှန်ဘဲ စားပွဲထိုးကိုကိုလေးတွေကို လက်ညိုးထိုးပြတော့  မသိသလို လုပ်
နေတာကြတာ။ နောက်မှ တယောက်က လာပြီး အန်တီ ဘာအလိုရှိပါသလဲ အဆင်ပြေလားလို့ လာမေးပါ တယ်။ အော်...ရပါတယ်..လို့ဘဲပြောခဲ့ပါတယ်။ ပစ်ရမှာလဲ အဆီတဝင်းဝင်း၊ စားရမှာလည်း သဲတရှပ်ရှပ် ဆိုတာ..ဒါကြီးပေါ့။ဟီး..ကျားကျားပါရင်တော့ ကောင်းမှာ မစားဘဲထထွက်လာမှာ အသေအချာ။ မယ်ငီး

တော့ ကပ်စီးကုပ် မျက်စိမှိတ်စားပစ်လိုက်တယ်။ မှတ်ရော...ဒီက မိတ်ဆွေသူငယ်ချင်းများကို ဖေါက်သည်
ချပါရစေ..အပြင်ဘန်းကြည့်ပြီး အထင်မကြီးလိုက်လေပါနဲ့၊ မီးဖိုချောင်အထဲမှာ ဘယ်လိုတွေဖြစ်ပျက်နေ မယ်ဆိုတာ လုံးဝ ခန့်မှန်းလို့မရနိုင်ပါ။(ဟီး..ပွင့်လင်းမြင်သာစွာ စားသောက်ဆိုင်က မီးဖိုချောင် သန့်ရှင်း
ရေးတွေမြင်ရရင် သိပ်ကောင်းမှာဘဲနော်...)

မြန်မာပြည်မှာ ကြွက် ပိုးဟပ်ကင်းစင်တဲ့ မီးဖိုချောင် စားသောက်ဆိုင်တွေ့ရင် လက်တို့ကြပါလို့..အဟဲ...
ဂီးနစ် ဘုတ်အုပ်မှာ စာရင်းသွင်းချင်လို့ပါရှင်။ မီးဖိုချောင်မှာ ကြွက် ပိုးဟပ်တွေ့တာထုံးစံလို့မသတ်မှတ်ကြ ပါနဲ့ရှင်။ကြွက်ပိုးဟပ်ဆိုတာ အစားအစာတွေအတွက် အန်မတန်မှ အန္တရယ်ကြီးလှပါတယ် ဆိုတာ ကျမတို့

ရွှေပြည်က ဦးဦးဒေါ်ဒေါ်ကိုကိုမမအားလုံးကို ပြောပြချင်ပါတယ်။ ကျမတို့အားလုံးရဲ့ကျမ်းမာရေးအတွက်အမျိုး
ပေါင်းသောင်းခြောက်ထောင် ဘက်တီးယားပိုးတွေကို ဘယ်ဆောင်လာတဲ့ ကိုကြွက် မပိုးဟပ်တို့ကိုအားလုံး
ဘဲ ရွှံရှာမုန်းတီးလို့ နှိမ်နှင်းကြပါစို့...။

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေ~~~
မီးမီး
ဒီနေ့ဖေ့ဘုတ်မှာတွေ့ရတဲ့ဓါတ်ပုံ...

ရန်ကုန်ကလူတွေတော့သိကြမယ်နဲ့တူတယ်

..နေရာဒေသ..

ကိုယ်တော့မသိဘူး.

တော်ပြီကိုယ့်ဖာသာကိုချက်စားရုံကလွဲလို့ဘာမှမယုံရဘူး...

2 comments:

  1. ကြွက်တို့ပိုးဟပ်တို့ ဆိုတာ မြန်မာနိုင်ငံတင်မက မြန်မာများတဲ့ ထိုင်းနိုင်ငံက တိုက်ခန်းတွေမှာလည်း ရှိပါတယ်လို့ပြောရင် ကိုယ့်မြန်မာတွေကိုယ် အပုပ်ချရာရောက်သွားမလား ??? နန်းဆိုရင် ကြွက်မြင်တိုင်း လန့်သေတော့မတတ် အော်အော်ပြေးရတာလဲ တစ်ဒုက္ခ :)

    ReplyDelete
    Replies
    1. အေးနော်...
      ဘယ်လိုပြောရမလဲ..များသောအားဖြင့်
      မြင်တွေ့ဖူးခဲ့တာပါ..ကိုယ်တို့ဆီက
      မီးဖိုချောင်နဲ့ဂိုဒေါင်မကွဲဘူးဖြစ်နေတယ်
      ရှိသမျှပလပ်စတိတ်ပုလင်းဗူးခွက်မပစ်ရက်ဘူး
      သိမ်းထားရာကစတာပါဘဲ..
      ချောင်ကြိုချောင်ကြားထဲမှာအနံ့အသက်မကောင်းတော့
      ကိုကြွက် မပိုးဟပ်တို့လာစတည်းချကြပြီပေါ့လေ...
      အာရှတင်မကပါဘူး...ဟီးပြောလက်စနဲ့
      ပြောဖောပါရစေ...း))))
      အနောက်နိုင်ငံတွေမှာရှိတဲ့ ကိုယ်တို့လူမျိုးတွေ
      တော်တော်များများ သိမ်းဆည်းတာ
      အကျင့်တွေရှိနေပါသေးတယ်
      ကဲ..သေချာတာ မယ်ငီးကိုသူများတွေအိမ်လည်
      ခေါ်တော့မှာဟုတ်ဘူး..နန်းရွှေမူန်ရေ..


      Delete