Friday, July 3, 2015

ဖူးခက်တခွင်..

မင်္ဂလာပါရှင်~~~
ပင်လယ်ကမ်းခြေမှာနေ့လည်တနေကုန်လောက်ရေကစားပြီးတာနဲ့ လူတွေဟာညကျရင် စားဖို့သောက် ဖို့ပြင်ဆင်ရပြီလေ.. ခုလောလောဆယ်တော့ ထိုင်းက ဖူးခက်နဲ့ မြန်မာငွေဆောင်ကမ်းခြေ ဆက်တိုက် သွားမိသူတယောက်အတွက်တော့ နိူင်းယှဉ်တာလေးတွေ မြင်မိတာလေးတွေ ပြောပြချင်ထှာ..နော်..
Jungceylon shopping mall က Phuket မှာတော့ နံမည်ကြီး အထူးသဖြင့်ကိုယ်တို့လို ခရီးသွားတွေ အတွက် စားဖို့သောက်ဖို့ရွှေးချယ်စရာအများကြီးရှိတယ်ဆိုတော့ အချိန်ပြည့်စည်ကားနေတာပါဘဲ။

ဟော်တယ်နဲ့အနီးအနားရှိတဲ့ဆိုင်တွေမှာ ညတိုင်းစားတာ ငြီးငွေ့လာလို့ မြေပုံကြည့်ပြီး Mallကိုချီတက်လာကြပါတယ်..နီးနီးလေးကို ခပ်တည်တည်နဲ့ မသိဘဲနဲ့သုံးဘီးတားစီးပြီး လာတာ ၁၅ဝ ဘတ်ပေးရပါတယ်..ကားသမားလည်းလူလည်ပါ..Mall တခုလုံးကို ပတ်မောင်းပြီး ဒေါင့်မှာချထားပေးလိုက်တယ်လေ....
အေးရော.. လမ်းလျောက်ရင် ၅မိနစ်ခရီးလေး..ဟီးဟီး..တောသားနှပ်ပစ်ခံရတာ..
အပေါ်ထပ်တက်တဲ့ဓါတ်လှေခါးနားက မုန်းလူမျိုး ကရင် လူမျိုးတွေရဲ့ အဝတ်အစားတွေနဲ့ အလှပြထားတာတွေ့လို့..ကိုယ်ကတော့ချည်ထည်သားတွေဘဲ ဝတ်တတ်တဲ့သူဆိုတော့ ချည်ထည်တွေ့ရင်မနေနိုင်ဘူးစိတ်
ဝင်စားတယ်..။လှတယ်မဟုတ်လား..
Mall ကိုအလှဆင်ထားတာတွေ ရေသံကြားနေရတော့ ပူတာနဲနဲတောင်လျော့သွားသလို...ပင်လယ်ကမ်းစပ်မြို့တွေမှာ ဧည့်သည်တွေ ညညဈေးဝယ်ထွက်ဖို့ ညစာစားဖို့ နေရာလေးတွေဖန်တီးထားပေးတာ နိုင်ငံတိုင်းပါဘဲ..ငွေဆောင်မှာ ညစာကိုရွှာထဲ(သူတို့အပြောပါ) ကိုသွားရတယ်။ ဆိုင်လေးတွေလည်း အားလုံးကပြည့်နေပါတယ်။ တခုတည်းသောလမ်းမလည်း ဖုံတသောသောနဲ့ ပိုဆိုးတာက လူကြီးမင်း(တချိန်လုံး ကိုယ်တို့ ကိုအမိခေါ်လိုက် အဘခေါ်လိုက်လုပ်သောသူကြီးပေါ့) ကလည်းလာတဲ့အချိန်တဲ့၊ လမ်းလည်းကျဉ်းကျဉ်းမှာဘယ်ညာဖက်မှာရပ်ထားတဲ့ကားနဲ့ ဘတ်စ်ကားကြီးကလည်း ဝင်လာတယ်..အိုး..ရှေ့ပိတ်နောက်ပိတ်နဲ့..ဘယ်ပြောကောင်းမလဲ..ငုတ်တုတ်ကြီးပိတ်မိနေကြတယ်လေ..လမ်းပြပုလိပ်ဆိုတာလည်း မတွေ့မိပါဘူး..ဖုန်သောသောထူနေတဲ့လမ်းမပေါ်က ဆိုင်တွေမှာ စားပြီးမယ်ငီး အဲ့ညမှာဘဲ...၁၃ခါ အန်းပီး..အီးပန်း ၄ခါလောက်အော့အန်လို့ ဆရာဝန်ဆီကြွမြန်းလိုက်ရပါတယ်လေ... ကွင်းပြင်ကျယ်ကျယ်တခုမှာ ရိုးရာတဲလေးတွေနဲ့ စုပေါင်းရောင်းချတဲ့စားသောက်ဆိုင်တန်းကြီးတွေပေါ်လာရင်ကောင်းမှာ မီးမရှိလည်းရပါတယ်..အဲကွန်းမလိုပါဘူး..လေတဟူးဟူးတိုးနေမှာဘဲဟာ..အမိုးမြင့်မြင့်..ကျယ်ကျယ်ဝန်းဝန်းနဲ့ အသက်ရုလို့ကောင်းမဲ့နေရာတခုဘဲလိုတာပါ...ကိုယ်တို့စားခဲ့တဲ့ဆိုင်မှာက ပန်ကာ လည်းမလုံလောက် ပူကပူ အိုက်ကအိုက် လူကများ..ဟူး.....
 
ကိုင်း..ခုတော့ ဒီဖူးခက်မှာဘဲ..ဆက်သွားရအောင်..ဒီတခါ MK ဆိုင်ပေါ့..ခါတိုင်းလည်းစားနေကြဆိုတော့စဉ်းစားမနေတော့ဘူး..တန်းဝင်လိုက်တာ..ဒီတခါကြတော့ Gold MK တဲ့၊ ဘာကွာလည်းဆိုတော့ ဟင်းတပွဲလာချပေးလိုက်တခါရွှတ်ပြလိုက် ဆလံတင်လိုက် ရှိခိုးပြလိုက်နဲ့ ပြင်ဆင်ထားတဲ့ပွဲပုံစံလေးတွေ ပိုသားနား
တယ်..ဒီလောက်ပါဘဲ..အဟီး.ဈေးကတော့ အတော်ကြီးကွာတာပေါ့..ဈေးကြီးတယ်ဆိုပါတော့..

စားပွဲထိုး ကိုကိုမမတွေ ဖြတ်ဖြတ်လူးလာမေးပါလိမ့်မယ်.. ပြည့်စုံပြီလာပေါ့...
ဘာမှအလကားမရဘူး..ရိုးရိုးဆိုင်မှာက ရေနွေးကြမ်းအလကားရသေးတယ်..
ဘဲကင်က သိပ်အရသာကွာလှတာတော့မဟုတ်ပါဘူး..ပြင်ဆင်တာလေးဘဲ..
ကွာတာ..
လာချထားပေးတဲ့ ပုဂံလေးတွေက စင်လေးနဲ့ပေါ့..
ကော်ပြန့်ပုဇွန်လိပ်ပေါင်း..တဲ့
ကျောက်စိမ်းခေါက်ဆွဲကကြိုက်လို့အမြဲစားလေ့ရှိပါတယ်..

အဟဲ..အားလုံးအပြောင်စားတာ..တန်အောင်လို့..ချန်ထားကျန်ထားခဲ့ရင် မယ်ငီးအာကီးစိတ်ဆိုးလယ်..ဝေ့း)
ကဲ..စားပြီးသောက်ပြီး..ပဲပေးအမှတ်တရလေး..ပေါ့...
နောက်နေ့နေ့လည်လည်း နောက်တခေါက်လာကြသေးတယ်လေ..မပါမဖြစ်က ဆိုဘာခေါက်ဆွဲပေါ့
ဒီတခါတော့ ဂျပန်ဆိုင်မှာဘဲ..ဝါးတီးဖွင့်ကြတယ်..ပဲအနက်နဲ့ကန်စွမ်းဥပေါင်း..တဲ့
ငါးကင်..တခြမ်းထဲပေးတာဗျ....
ဆလပ်ကလည်း တတုံးဆို ပါးစပ်ထဲဝင်ဖို့မနဲသွားဖြဲရတာ..ဟီး
အူတုံ..ခေါက်ဆွဲ..တဲ့..တကယ်ဆိုရင်တကမ္ဘာလုံးခေါက်ဆွဲအားလုံး ထဲမှာ
ရှမ်းခေါက်ဆွဲကအကောင်းဆုံး..
ဒီပန်းကန်ကသနားစရာကောင်းတယ်.. ၃လုပ်ထဲနဲ့ ကုန်သွားပါတယ်ဆို...မိူခေါက်ဆွဲတဲ့..
ပြီးတော့ ခရုကမ္ဘာခေါ်မလား...ဟိုဟိုဒီဒီလျောက်ငမ်းကြတာပေါ့..

တခါမှအပြင်မှာမမြင်ဖူးတဲ့ ခရုတွေပါ..
ဒါတွေတော့ မြင်ဖူးပါတယ်..
နံမည်တွေတော့မသိပါဘူး..
ဟိုကြည့်..ဒီကြည့်.
တောင်ရိုက်မြောက်ရိုက်ပေါ့..လေ..
ဒါလေးကတော့ လှလို့..
window shopping ကြိုက်တတ်တဲ့ အိမ်ရှင်မတွေရဲ့ အလုပ်က လျောက်သွားမယ်ငမ်းမယ်လေ..
သူ့ကိုရုပ်ရှင်ရုံရှေ့ခဏထားခဲ့တာ..ဒီလိုဆန့်ဆန့်ကြီးစောင့်နေပါတယ်..ဟီး..ရုပ်ရှင်ကြည့်မလို့ဟာ..အချိန်ကကန့်လန့်ကြီးဖြစ်နေတာ ..ပြပြီး ၄၅မိနစ်လောက်တောင်ရှိပြီလေ..

ကိုယ်တော့ ကုသိုလ်ကောင်းမူ့ပြုလိုက်ရသေးတယ်..ဘုရားရေသပါယ်တာ..
ဟော်တယ်နားကစားသောက်ဆိုင်..စားလို့ကောင်းတယ်..ဒါပေမဲ့ အရမ်းစောင့်ရတာဘဲ..မြန်မာအလုပ်သမားလေးတွေလည်းအများကြီးဘဲ..

ပြန်မဲ့ညက လေယာဉ်ကွင်းကစားသောက်ဆိုင်..ထိုင်းပင်စိမ်းပုဇွန်ပေါ့..တခါတလေလည်းသူတို့ကပဲသီးတွေထည့်ကြော်တတ်တယ်..

ငပိလူးထမင်းတဲ့...
ကော်ရည်ခေါက်ဆွဲ..ခေါက်ဆွဲဖတ်ကို..ရှာမတွေ့ဘူး... ကော်ရည်များလွန်းတယ်..
လမ်းဘေးကအကြော်ဆိုင်တခု...
ကိုယ်တို့တည်းခဲ့တဲ့ဟော်တယ်....
ကဲ..ဒီတခါ..တကယ်ပြန်ပြီ...
လေယာဉ်ကွင်းမှာလည်း..ဆွေးမျိုးပေါက်ဖော်တွေချည်းဘဲ...
ဒီဖူးခက်ကြီးကို..တကယ်နူတ်ဆက်လိုက်ပြီနော့..
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

4 comments:

  1. Happy Fourth of July..
    meemee...
    Keep going I always follow you :P

    ReplyDelete
  2. လွတ်လပ်ရေးနေ့ မှာဘာတွေလုပ်နေလဲ။
    ဖူးခက်ပြီးတော့ ဘယ်သွားသေးလဲ။
    ရှမ်းခေါက်ဆွဲကို အကြိုက်ကြီးမဟုတ်ပေမဲ့ ခေါက်ဆွဲအားလုံးထဲမှာ အကောင်းဆုံးဆိုတာတော့ ထောက်ခံပါတယ်။း))))) စပါဂတီထက်အများကြီးကောင်းတာတော့သေချာတယ်။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. အိမ်နားက ပန်းခြံကစားကွင်းထဲမှာ
      မီးရူးမီးပန်းလွှတ်တာကို
      ဖျာလေးခင်းပက်လက်ကြီးကို
      လှန်အိပ်လို့ရူစားအားပေးခဲ့ပါတယ်..ဟီး
      အရမ်းအနီးကပ်ဆုံးနေရာယူထားလို့လေ...
      ဖူးခက်ပြီးတော့...
      ဟား..အများကြီးပေါ့..မအိုင်အိုရာရေ..
      တနေ့နဲနဲနဲ့ပြောပြရအုံးမယ်လေ..
      ဟုတ်ပါ့..စပါဂတီကချဉ်တဲ့အရသာဘဲရှိတယ်..
      ပါစတာ..ဆိုတာကမှနဲနဲတော်သေးတယ်နော်..

      Delete