Friday, January 30, 2015

နှင်းတောတိုးဘွတ်ဖိနပ်(snow boot)..

မင်္ဂလာပါရှင်~~~
ပြီးခဲ့တဲ့ရက်က နှင်းမုန်တိုင်း အမေရိကားအရှေ့ပိုင်းကိုခဏအလည်လာမယ်ဆိုတော့ လူတွေအုတ်အော်

သောင်းနင်း ဖြစ်လိုက်ကြရတာ..(ဒေါ်မြလေးလေသံအတိုင်းပြောရရင်ဖြင့်)..ပြောကို...မပြောချင်ပါဘူး
ဆိုတဲ့အတိုင်း..ဘဲ..အဟီး..နဲနဲလောက် ပြောပါရစေ..အာလူးလာပေးရအုံးမယ်လေ..

အလုပ်ပြီးတော့ အပြင်ထွက်လိုက်ရင် နှင်းပုံကြီးက ငွားငွားစွင့်စွင့်
ကျမတော့ ၃ခါတိတိကြုံဖူးသွားပြီ။ ဒီလိုဘဲ လေပြင်းမုန်တိုင်း ၂ခါ နှင်းမုန်တိုင်း ၁ခါပေါ့..။ နယူးယောက်မြို့ကို
အသွားအလာပိတ်။ နယူးဂျာစီ ဖက်ကနေ နယူးယောက်ကိုသွားတဲ့ ကား၊ရထားလမ်းတွေပိတ်ချလိုက်တယ်။ လူတွေကို လမ်းပေါ်မထွက်ကြဖို့ ဆော်သြော။ ယာယီကယ်ဆယ်ရေးစခန်းတွေဘာတွေဖွင့် ။ ရေနဲ့စား
သောက်စရာတွေဝယ်လှောင်ဖို့ပြောကြနဲ့။ တလောကလုံးကို ယောက်ယက်ခတ်လို့၊ကုန်စုံဆိုင်အရောင်း
ဆိုင်မှာ ကြိတ်ကြိတ်တိုး ရေတွေဝယ်လိုက်ကြရတာ..ဟွင့် ^_^ပြောကိုး.....မပြောချင်ပေါင်...တော်..
(ကိုယ်တို့နေတဲ့နေရာနဲ့ နယူးယောက်ကလည်း ရန်ကုန်နဲ့ ဒလ လိုဆိုပါတော့ မြစ်ချောင်းလေးတခုခြားနေ
တာပါ။ အိမ်ကလည်း အဲ့..မြစ်ချောင်းထိပ် မရောက်တရောက်နေရာဆိုပါတော့)

အီဖေငယ်..မယ်ငီး..ကံမကောင်းချက်ကလည်း အဲ့ဒီ တနင်္လာနဲ့ အင်္ဂါ ၂ရက်လုံးအလုပ်ကမပိတ်ဘူးလေ။

တနင်္လာနေ့ အလုပ်ဝင်တော့ မနက် ၉နာရီ။ လူမရှိလောက်ဘူးမှတ်တာ..။ လားလား..ဆိုင်ရှေ့မှာဈေးဝယ်
သူများ ၇ယောက်လောက်တွေ့ခဲ့တယ်။ စောင့်နေကြတာလေ။ကိုယ်တို့က နဲနဲစောရောက်ရသကိုး..။ဆိုင်က
၉နာရီမှဖွင့်တာပါ။ တံခါးလည်းဖွင့်လိုက်ရော ကသောကမျောပြေးဝင်လာပြီး နှင်းကာဘောင်းဘီ၊ နှင်းကာ
ဘွတ်ဖိနပ်၊ မိုးရေစိုခံ ဘွတ်ဖိနပ်တွေ တွေ့သမျှ ဆွဲကြတာပါဘဲဆရာရေ့။ ခလေးဖိနပ်တွေထဲမှာ boy girl
ခွဲထားသေးတာကို..ပစ္စည်းတွေကလည်း သိပ်များများမကျန်တော့ပါဘူး။အဲ့ဒါ ဘာဘဲဖြစ်ဖြစ် လိုချင်တဲ့ ဆိုက်
ရရင်ပြီးရောဆိုပြီး ယူကြတယ်။ လူကြီးထဲမှာလည်းယောက်ကျား မိန်းမ မခွဲတော့ဘူး။ ရရာကို လုဝယ်ကြ တယ်။ အချင်းချင်း လုပြီး ရန်တွေဖြစ်လို့၊ လူကြီးတယောက်ကဆို သူက ဆိုက် ၉.၅ တဲ့။ နောက်ဆုံးကျန်
တရံလေးက ဆိုက် ၁၂..အဲ့ဒါကို ခြေအိပ်ထူထူနဲ့ဆိုတော်ပါတယ်..ဆိုပြီးယူသွားလေရဲ့။ အပြင်ကလည်းနှင်း
တွေကျနေပြီလေ။ အော်..ရေငတ်မှ ရေတွင်းတူးကြတယ်ဆိုတာ..ဒါတွေပါဘဲ..။ မနက် ၁ဝနာရီမထိုးသေး
ဘူး snow boot နဲ့တကွ နှင်းကာ အဝတ်အစား အထူးသဖြင့် ခလေးအင်္ကျီအားလုံး အနိစ္စသဘောနဲ့
ပြောင်သလင်းခါ ရောင်းချစရာမကျန်တော့ပါ။
နှင်းတောတိုးဘွတ်ဖိနပ်တွေ..
နောက်ပိုင်းလာတဲ့လူတွေကို ဘာမှမရှိတော့ဘူး လို့ပြောတာကို မယုံဘူးတဲ့။ လူကိုရန်လုပ်သွားပါတယ်ဆို..။
တော်တော်များများက ဒီမှာ မရှိရင် ဘယ်နားဝယ်ရမှလဲဟင်..တဲ့။ ကိုယ်လည်းမသိ။ ကိုယ်တို့နယူးဂျာစီဖက် ကဆို Garden state plaza ရော နေရာတော်တော်များများကညနေ ၃နာရီ နဲ့ ၅နာရီကြားထဲမှာဘဲ အားလုံး ပိတ်လိုက်တယ်လေ။ အီဖေကိုယ်တို့ဆိုင်ကတော့ ပိတ်ဘူးတဲ့။ ဘာဘဲဖြစ်နေ ဆိုင်ပိတ်ရခြင်းဆိုတဲ့ သမိုင်း
ကြောင်းတောင်မရှိခဲ့ဖူးဘူး ဆိုဘဲ..။ (အော်..သူတို့တွေ..ကျုပ်တို့အလုပ်သမားတွေတော့ တီဗီရှေ့ပြေးပြေး
မော့နေရတယ်လေ ရာသီဥတု update သတင်းတွေကိုပေါ့)။

snow boot ဆိုလို့ပြောရအုံးမယ်။ သိလား..မယ်ငီးတို့က Boot ဆိုတာဘွတ်ဖိနပ်လောက်ဘဲသိတာလေ။
သူ့မှာလည်း အမျိုးမျိုးပါဘဲ။ ဒီအတိုင်းအလှဝတ်တာ နှင်းစိုခံတာ မိုးရေထဲသွားဖို့..ဒီလိုမျိုးအမယ်ပေါင်းစုံက
လည်းရှိသေးဗျား..။ သူ့နေရာနဲ့နဲ့သူ မဝတ်တ်မစားတတ်ရင်လည်း ပြောစရာစကားတွေအများကြီးရှိလာရ
တာပေါ့။ ဘွတ်ကြီးရောင်းစရာမကျန်တော့ အပြင်ကပတ်စရာအကာကောရှိလားတဲ့။ အဟဲ..မှန်တာပြော
မယ်ငီးများ မြင်တောင်မမြင်ဖူးပါဘူး။ မေးခံရလွန်းလို့နောက်မှ google တန်ခိုးနဲ့ရှာကြည့်လိုက်တော့..
ဒီလိုပုံစံလေးပေါ့။ နောက်ဆုံးမရရင် ရတာလေးလိုချင်ကြတာ သဘာဝကျပါတယ်လေ။ ဒါပေမဲ့ ဘယ်နေရာ
ရောင်းမှန်းမယ်ငီးမသိတာက အပြစ်ကြီးတခုလိုဖြစ်နေတာ။ သူတို့ စိတ်တွေတိုနေကြတာ။ ဒီကလည်း
ပြောလိုက်ပါတယ်။ ရှင်တို့ စမတ်ဖုံးထဲမှာ google လုပ်ပြီးရှာပါ့လား..လို့..နော့်..။ သိပ်ဗြိန်းတာဘဲ..မြို့ကြီး
သားတွေလုပ်နေပြီး။ ကိုယ်တို့တောသားတွေတောင်သိတယ်။ ဘာဘဲလိုလို google လိုက်တာဘဲ။

နှင်းထုကြီးက ၃ပေအထိကျမယ်တို့ဘာတို့ဖြစ်နေတော့လည်း လူတွေစိုးရိမ်ကြတာပေါ့လေ။ ဒါပေမဲ့တကယ်
တမ်းကျတော့ ကိုယ်တို့ဖက်မှာ တပေတောင်မရှိလောက်ပါဘူး။ တချို့နေရာတွေမှာတော့ ၃ပေရောက်ပါ တယ်။ မိုးလေဝါသသတင်းဌာနက ပြည်သူတွေကို ပြန်တောင်းပန်တယ်တဲ့။ သတင်းက နဲနဲပိုသွားလို့လေ။
အဟဲ..ကိုယ်တို့ဆီကနဲ့တော့ ဆိုပြီးမနိုင်းယှဉ်လိုက်ပါနဲ့။ မယ်ငီးသူငယ်ချင်းတယောက် ဘုတ်အုပ်ကြီးမှာ
ရေးထားတာဖတ်မိတယ်။ရွှေပြည်ကြီးမှာ နေတဲ့သူတွေက(သူအပါအဝင်ပေါ့လေ) အပြင်ဖက်ရောက်လာကြ
တဲ့လူတွေပြောလေ့ရှိတဲ့ ပြောနေကြတဲ့စကားတခုရှိပါတယ်တဲ့။ (သူ့စာထဲမှာရေးထားတာပါ) ဟိုဖက်က

ဆိုရင်လေ..ဟိုဖက်မှာတော့..ဆိုပြီး တခြားတိုင်းပြည်ကို အားကျအထင်ကြီးစွာ ခံယူနေတဲ့ သူတွေကို သိပ်
ရီချင်တယ်တဲ့။ ရွှေပြည်ကြီးမှာလည်း ကောင်းမွန်တဲ့ဓလေ့ထုံးစံ ယဉ်ကျေးမူ့တွေရှိနေပါတယ်။ မလိုက်နာ

မကျင့်သုံးကြလို့ပါတဲ့။ ထားလိုက်ပါတော့လေ။ကျမတော့ လူတွေ ၂မျိုးကွဲနေတယ်လို့မြင်တယ်။ အပြင်
ရောက်နေတဲ့လူတွေကို ရွှေပြည်မှာနေတဲ့လူတွေက အပြစ်မြင်သလို၊ အပြင်ကလူတွေလည်း အထဲက လူ
တွေကို အမြင်တမျိုးရှိနေတတ်ပါတယ်။
အိမ်ရှေ့မနက်တံခါးဖွင့်ကြည့်တော့လည်း ပါးပါးလေးပါ
မနှစ်ကဆို ဒီ့ထက် ၃ဆလောက်ရှိတာ

နှင်းခြစ်တဲ့ကားလည်းတစီးထဲ
လမ်းမတန်းတွေမှာဆို နှင်းခြစ်တဲ့ကားက၄စီးလောက်တန်းစီပြီးခြစ်ကြတာ

အဲ..ဘွတ်ဖိနပ်ကနေ..ဘယ်ရောက်သွားပြန်ပြီကြောင်း...။ ကဲ..ပြန်လာခဲ့..ဘွတ်ဖိနပ်လေးရေ့.. @_@
အော်..ဖုံးကလည်းတဂွမ်ဂွမ်မြည်ပါတယ်။ တချိန်လုံးဖြေနေရတာက ဆိုင်ပိတ်ပါသလားရှင်!! တဲ့။ နောက်တ ခုကအဖိုးကြီးတယောက်ပါ.တော်တော် အသက်ကြီးတဲ့ပုံလို့ထင်ရတယ်။ အသံတုန်တုန်လေးနဲ့။ လွန်ခဲ့တဲ့
၎ လလောက်က ဘွတ်ဖိနပ်တရံဝယ်သွားတာ အခု ရှေ့ဖက်က ကွဲလာလို့။ ပြန်လာလှဲရင် ရပါမလား..တဲ့။
ငါ့ကိုကူညီပါ..လို့ပြောနေတုံးမှာဘဲ..သူ့နောက်ကဆူဆူညံညံနဲ့အော်သံကြားရတယ်။ အမျိုးသမီးတယောက်
စူးစူးဝါးဝါးအော်ပြီး... ဖုံးကိုချခိုင်းတယ်။ သူ့မိန်းမဖြစ်ပုံရတယ်။သူကဆက်ပြီးပြောနေသေးတာ..နောက်တော့
ဟိုကဖုံးကိုနှိပ်ချလိုက်တယ်နဲ့တူတယ်။ အဟဲ...ကျမအဖွားကို ပြန်သတိရတယ်။ တောင်ကြီးက အင်းသား အဖွားပါ။ သူနဲ့ဈေးသွားရင်သိပ်ရီရတာဘဲ။ နဲနဲသူငယ်ပြန်ချင်နေတာလေအင်းမုန့်ဟင်းခါးတပွဲဘယ်လောက်

လဲတဲ့။ ဟိုက တပွဲတစ်ကျပ်လို့ပြောတာ ၂ပွဲစားမယ် ၁ကျပ်ခွဲထား..တဲ့..။ ဟီးဟီး....ခလေးဖြစ်ပေမဲ့ ကျမ
ရှက်လိုက်တာ..အဖွားကိုအတင်းအိမ်ပြန်ဆွဲခေါ်လာခဲ့တယ်။ နောက်အဖွားနဲ့ဈေးမလိုက်သွားတော့ဘူး..။

ကဲ..ဒီမှာနှင်းတွေလည်းခုထိကျနေတုံးပါ။ ခပ်ပါးပါးလေးပါ။ ချမ်းနေပါသေးတယ်။ ခုတလော နှာစေးလွန်း
လို့ဆေးသောက်တော့ ခေါင်းကသိပ်မကြည်ချင်ဘူး..။ တောရောက်တောင်ရောက် ဘာမှန်းကိုမသိတဲ့ စာ
တပုဒ်တော့ရေးမိပြန်ပြီ.. :P

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

13 comments:

  1. I saw in TV News,about snow storm in u r area.
    take care meemee
    KM

    ReplyDelete
    Replies
    1. Thank you, until now the snow are still
      as a mess on the road :(

      Delete
  2. သူတို့တတွေကြေငြာတုံးက၃၆"နှင်းထုတဲ့
    တော်သေးတယ်တို့နေရာမှာတော့၁ဝ"လောက်ဘဲကျတာ
    ဒါတောင်အတော်ဒုက္ခရောက်တယ်
    Buddy

    ReplyDelete
    Replies
    1. နောက်ပိုင်း ၃ခါလောက်ပြန်ကျသေးတယ်
      ဗွက်တွေထလို့
      စိတ်ပျက်စရာကြီးပေါ့ရှင်

      Delete
  3. အဲဒီလိုလေးတွေ ဖတ်ရတာ ကောင်းပါတယ်။ ဒီမှာဆို အဲဒီလို အတွေ့အကြုံမရှိဘူးလေ။

    ReplyDelete
    Replies
    1. ပေါက်တတ်ကရတွေ
      ကြုံသမျှတွေ
      ရေးချလိုက်ပြီးရင်
      ပေါ့ပါးသွားသလားလို့ပါ :P

      Delete
  4. အလုပ်ဆင်းနေရတော့သိပ်မမိုက်ဘူးနော်။
    ချော်မလဲအအေးမမိအောင်မဖျားအောင်ကိုယ့်ကိုကိုယ်စောင့်ရှောက်ပါလို့ ဘဲမှာပါရစေမီးမီးရေ။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. မရေ..
      နှာစေးလိုက်
      ပျောက်လိုက်နဲ့
      ချာလပတ်ရမ်းနေတာဘဲ

      Delete
  5. ကျန်းမာရေးဂရုစိုက်ပါသ္မီးရေ။နှင်းတွေလဲမြင်ဖူးချင်လိုက်တာ။

    ReplyDelete
    Replies
    1. အန်တီရယ်..
      နှင်းကိုမမြင်ဖူးတာဘဲခပ်ကောင်းကောင်း..
      ဒီတနှစ်အတော်ဆိုးတာဘဲ..
      ကျေးဇူးတင်ပါတယ်..
      အန်တီရောနေကောင်းပါရဲ့လား..
      သတိရနေပါတယ်..

      Delete
  6. မမီးငယ်ရေ..နေကောင်းရဲ့လား။ သတိရနေတယ်။

    ReplyDelete
    Replies
    1. မိုးဦးရေ..
      တလောကကမောဒီးယားဒိုးသေးတယ်ဟုတ်လား..
      သတိရနေပါတယ်..
      အတွေ့အကြုံလေးတွေမျှအုံးလေ..

      Delete
    2. မမီးငယ်ရေ... မမျှော်လင့်ဘဲ ဗီယက်နမ်ရောက်သွားတာ။ ကိုယ့်ဟာကို စာရေးမကောင်း၊ ရေးအားလည်းမကောင်းဘူးလို့အားငယ်ရင်း၊ ပျင်းရင်းနဲ့ ဘာမှ ဆက်မရေးဖြစ်တာ။ တခါတလေလဲ စိတ်ထဲမှာရေးနေမိပေမယ့် တကယ်ချမရေးဖြစ်ဘဲ မမီးငယ်တို့ရေးတဲ့စာတွေဖတ်ပြီးဘဲ ကျေနပ်နေတာ။

      Delete