Friday, January 16, 2015

ပဲခေါက်ဆွဲနဲ့မို၊စပင်းနစ်စွပ်ပြုတ်..

မင်္ဂလာပါရှင်~~~
ဒီတခါတော့အစားအသောက်ဖက်သွားရအောင်..။ တနေ့တနေ့ ဘာစားရမှန်းမသိပါဘူး။ ဆောင်းတွင်းဆို
အနောက်နိုင်ငံမှာနေထိုင်တဲ့သူတွေအတွက်က အရမ်းခက်ခဲတယ်။ ပြူတင်းပေါက်ဖွင့်ဟင်းချက်မရ။ အေး
လွန်းလို့လေ..။ ခဏတဖြုတ်ဘဲဖွင့်ရတာဆိုတော့ အရမ်းကြီး အနံပြင်းတဲ့ ဟင်းတွေမချက်နိုင်ဘူး။ ဥပမာ
ဆီသတ်ပြီးချက်ရတဲ့ ကိုယ်တို့ဆီက ဆီပြန်ဟင်းတွေ ဘာတွေပေါ့လေ။

ခဏလေးချက်ပြီး စားလို့လည်းကောင်း ကျမ်းမာရေးအတွက်လည်းကောင်း ဆိုတဲ့ဟင်းခွက်မျိုးတွေ လိုက်ရှာ
ကြည့်တော့ ၂မျိုး ၃မျိုးလောက် တွေ့လာတယ်။ အဲဒါလေး..လာအာလူးပေးတာပါ..ဟီး..။ သူတို့မူရင်းပုံစံက
နေတမူကွဲပြီး ချက်ထားတယ်။ ဘာလို့လည်းမေးရင်တော့ သူတို့လိုမရှိလို့။ ဒီတော့ ကိုယ်ထည့်စားချင်တာ စားလိုက်တာဘဲလေ..။ ဒါပေမဲ့လည်း အရမ်းအရသာရှိတာဘဲ သိလား။ မယ်ငီး ဗားရှင်းလေးဆိုပါတော့ရှင်။

ကျမကတော့ အသားငါးစားရင် သွားကြားတွေထဲညှပ်တတ်လို့ မိုနဲ့မျှစ်ကို အဓိကထားစားတတ်တယ်။ ကျမ
ဟင်းတွေထဲမှာ ပင်တိုင်စံပါတတ်တယ်လေ။ ဒီဟင်းကိုတော့ ထိုင်ဝမ်မှာနေတဲ့ ဂျပန်စာဖိုမူးတယောက်ဆီက
တွေ့လာတာပါ။ အဓိကပါဝင်တာကသံဗူးနဲ့လာတဲ့ Mushroom Cream ပါ။ ဘာတံဆိပ်မဆိုရပါတယ်။
နောက်ပြီး မို၊ spinach( အနောက်နိုင်ငံရဲ့ဟင်းနုနွယ်ရွှက်)၊ ကြက်သွန်နီ၊ ထောပတ် ပေါင်မုန့်ကြွပ်နဲ့ချိစ် အနည်းငယ်စီပေါ့ရှင်။ အဲ..မေ့သွားတာက သူက ဝက်သား ham ကိုသုံးတာပါ။ ကိုယ်ကတော့ မရှိဘူး။ အိမ်မှာရှိနေတဲ့ ကြက်အူချောင်းထည့်လိုက်ရတာပေါ့လေ..အဟဲ..နဲနဲလေးဘဲလွဲတာပါ..^_^
ထောပတ်ဆီထဲမှာ ကြက်သွန်နီနဲ့ ဟင်းနုနွယ်ဆီသတ်ပြီး နဲနဲနွမ်းလာရင် ရပြီ..
ဘရန်းတာကြီးထဲထည့်ပြီးခဏလောက်ဘလူးဘလူးလုပ်ပေးပါ။
အိုးထဲကို ကြက်အူချောင်းလေးနဲနဲလှိမ့်ပေး(သူတို့က ဝက်ပေါင်ခြောက်သုံးတော့ဆီအရမ်းထွက်တယ် ဝက်
ပေါင်ခြောက်ကိုကြွပ်နေအောင်ကြော်ပြီးဆယ်ထား၊နောက် မိုထည့်ကြော်တာပါ) ကျမတော့ ကြက်အူချောင်း
လေးအနံ့မွေးလာတာနဲ့ မိုထည့်လိုက်တာဘဲ။ ပြီးမှ သံဗူးထဲက မိုခရိမ်၂ဇွန်းလောက်ခပ်ထည့်လိုက်တယ်။
တခါထည်းဘဲ ဘလူးဘလူးလိုက်ထားတဲ့ စိမ်းစိမ်းလေးလောင်းထည့်လိုက် ရေနဲနဲလောက်ထည့်ပေးရတယ်
အပစ်အကြဲက ကိုယ်လိုသလိုပေါ့။ ယောင်းမနဲ့မွှေပြီး ငရုတ်ကောင်းလေးခပ်..အရင်မြည်းကြည့်ပါလေ။ ဆား နဲနဲဆိုရပါပြီ..ချိစ်ထည့်အုံးမှာမို့လို့ သိပ်မငန်စေနဲ့နော်။ ပေါင်မုန့်လည်း သူကကိုယ်တိုင်မီးကင်ဘာညာလုပ်
နေသေးတယ်။ အီဖေငီးတို့ကတော့ ရယ်ဒီမိတ်ထုတ်ဖေါက်ပြီးကောက် ထည့်လိုက်တာဘဲ..။
ကိုလှစောတို့..ဘာတို့နားမလည်ဘူး...ချိစ်လေးဖြူးလို့စားလိုက်တာဘဲ..း))))
နောက်တခုက ခဏခဏလုပ်စားဖြစ်ပါတယ်။ ဒါပေမဲ့ ဒီတခါက နောက် အင်ဂရေဒီးယန့်ကြီးတခု ထပ်တိုး
ထားတယ်..လေ.။
ပဲခေါက်ဆွဲကို တော်တော်များများ ကိုးရီးယားခေါက်ဆွဲလို့ဘဲသိထားကြတယ်။ ဒါပေမဲ့မူရင်းက တရုတ်..တဲ့။
zhajiangmian ()ဆိုတဲ့ဒေသကအစားအစာလို့ဆိုပါတယ်။ ဒါကြောင့် ကကြီးတွေ ဒီပဲခေါက်ဆွဲကို
ကျားကျားမြောင်..လို့အသံထွက်တာက မူရင်းတရုတ်ဒေသရဲ့နာမည်ကိုခေါ်တာပါတဲ့။ ထားလိုက်ပါလေ။ဒီက
ရှမ်းမ မယ်ငီးပါးစပ်နဲ့တော်အတော်ခံတွင်းလိုက်ပါတယ်။ အသားငါးတွေမပါဘူး။ သူတို့ကကြီးဆိုင်မှာစားရင် အာလူးထည့်ပေးတတ်တယ်။ ကျမကအာလူးသိပ်မကြိုက်ဘူးလေ။ (ဟဟ..လူကသာ အာလူးများတာ..း)))
အသားလည်း ၂ဖတ်လောက်ဘဲပါတတ်တာ။ ကိုယ့်ဖာသာကိုယ်ချက်စားရင် ကိုယ်ကြိုက်တဲ့ အသီးအရွက်
ထည့်တာပေါ့..နော့်။
ကျမရဲ့ အပိုမဆလာထည့်ထားတဲ့ ဆူပါအင်ဂရေးဒီယန့်ကြီးတခုက ဂျပန် မိဆို(ပဲပုပ်) ပါ။ အိမ်မှာ ၅ မိနစ် ဟင်းရည်ချက်ဖို့ ကျမ ၃မျိုးရှိပါတယ်။ အလုပ်ကပြန်ပြီး အချိန်မရဘူး ဗိုက်လည်းအော်နေတဲ့အချိန်ဆိုရင်
၁. မိဆိုဟင်းရည်( ပဲပြား၊ ရေညှိ၊ မိဆိုဆော့)
၂.စွမ်တန်ဟင်းရည်( ကောက်ညှင်းနဲ့မံပြီးခြောက်ထားတဲ့ ရှမ်းမုန်ညှင်းခြောက်တဲ့ လက်ဆောင်ရထားတာ)
   ဂျင်း၊ငရုတ်သီး၊ခရမ်းချဉ်သီး၊နဲနဲပင်၊ဆား၊ကြက်သွန်ဖြူနီ
၃.ပဲနီလေးဟင်းရည်( ကြက်သွန်ဖြူနီ၊ဆား)
ဒီ ၃မျိုးက အမြဲတမ်းချက်ဖြစ်တယ်။ စွမ်တန်ကအိုးနဲ့တည်စရာမလိုဘူး။ အဆာပလာတွေကို ပုဂံလုံးထဲအား
လုံးထည့်ပြီးမှ ဗွက်နေတဲ့ ရေနွေးလောင်းထည့်အဖုံးပိတ် ၃မိနစ်လောက်စောင့် စားရုံဘဲ။ မိဆိုဆိုရင်လည်း
ရေညှိက ဂျပန်ရေညှိ မိဆိုထဲထည့်တဲ့ရေညှိကမှ ပိုကောင်းတာ။ ခဏလေးဘဲ။ရေနွေးဆူမှ ပဲပြား၊ ရေညှိ
ထည့်ပြီး မိဆိုဆော့ကို ရေနဲ့ဖျော်ထားတာလောင်းထည့်လို့ ဗွက်လာရင် အိုကေပြီ..။ ပဲနီလေးတော့ အနူး
မြန်တယ်။ပဲနူးလာပြီဆိုမှ ကြက်ဥမွှေတံနဲ့ မီးပေါ်မှာခလောက်ခလောက်လုပ်ချလိုက်တာဘဲ။ ပြီး ဆီချက် ပုလင်းထဲကဆီချက်ဖတ်တွေ ကလော်ထည့် ကြက်သွန်နီပါးပါးလေးလှီးထည့်။ ဆားခပ်..ဒါဆိုရင်ပြည့်စုံပြီ

ပေါ့..ဟုတ်လား..။
ကဲ..ကျားကျားမြောင်ဖက်ပြန်သွားရအုံးမယ်..အဟီး..။ ကျမကတော့ ဟင်းသီးဟင်းရွှက်နဲ့ဘဲ ချက်တာပါ။
ပဲပြားလေးနဲနဲကျန်တာနဲ့ ထည့်လိုက်သေးတယ်။ မိဆိုဆော့ Black bean ဆော့ နဲ့ ပြောင်းဖူးမုန့် ရေဖျော်၊
 ဆီနဲနဲလေးနဲ့ ဟင်းသီးဟင်းရွှက်တွေကြော်..
 ပြီးခေါက်ဆွဲထည့်..ကျမတော့ ငရုတ်ကောင်းတခုထဲဘဲထည့်တယ်..
 ပြီးမှ ဆော့တွေလောင်းထည့်လိုက်တာပေါ့..ဆားတွေ အချိုမုန့် အသားမုန့်..ဘာတခုမှ မပါဘဲ..
အလွန်စားကောင်းသော ပဲခေါက်ဆွဲလေးပေါ့... မုန်လာဥချဉ်တို့ မုန်ညှင်းချဉ်တို့နဲ့ဆို ဂွတ်ထဂွတ်ထကောင်း
လေစွ..အခါးရည်..ရေနွေးကြမ်းလေး..တဖူးဖူးမူတ်သောက်လို့ အပြင်က 13' C အထိအေးလည်းမမူဘူး...

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

8 comments:

  1. Yes, last month I got fire alarm activated in my room because I did not open the window for air fleshing.
    ပူတင်းပေါက်ဖွင့်ဟင်းချက်မရ။ အေးလွန်းလို့လေ..။

    Buddy

    ReplyDelete
  2. ဟုတ်ပါ့..ဟင်းစော်တွေနံနေတာလောက်စိတ်ပျက်စရာကောင်းတာမရှိဘူး။
    ကိုယ်လည်းတနေ့ ကစွန်တန်ပဲ။ သုံးခါဆက်ဆက်သောက်ဖြစ်တယ်။
    အိုင်အိုရာ

    ReplyDelete
    Replies
    1. တနေ့ပြီးတနေ့
      ဘာစားရမှန်းကိုတောင်မသိတော့ဘူး..
      ချက်စားဖို့တောင်ပျင်းနေတာ..
      ဗိုက်ဆာမှထလုပ်တော့တယ်..
      အေးရော..
      စွန်ထန်လည်းကုန်သွားပြီ..း(

      Delete
  3. အမြန်နူန်းအစားအစာတွေ ကြိုက်တယ် မမီးငယ်၊ စပင်နေးဆုကိုတော့ မထရိုင်းဘူးသေးဘူး။
    ကျွန်မရဲ့ အမြန်ဆုံးဟင်းရည်တွေကတော့ ပဲနီလေးဟင်းချို၊ မြေပဲဆံထောင်းနဲ့ အရွက်တမျိုးမျိုးခပ် ဟင်းချိုရည်က အဓိက၊ ကျန်တာက ပဲလိပ်ပြာ၊ ပဲပိုးစာ စသဖြင့် ဟင်းရည်တွေပ်။ မီဆိုဆုကို ကြိုက်ပေမယ့် ဒီမှာ ရှာဝယ်ကြည့်အုံးမယ်၊

    ReplyDelete
    Replies
    1. ပဲလိပ်ပြာလို့ပြောသံကြားတာနဲ့
      စားချင်လိုက်တာ..
      ဟင်းရည်ပါမှစားရတာရှောရှောရူရူဝင်တော့တယ်
      လို့ထင်တာဘဲလေ..ခုတလောတော့ခေါက်ဆွဲတွေသုပ်စားဖြစ်နေတယ်လေ။
      အော်..ဒါနဲ့ မိဆိုကို ရန်ကုန်မှာဆိုဂျပန်ဆိုင်မှာရောင်းတာမြင်ဖူးတယ်

      Delete
  4. ပဲခေါက်ဆွဲတစ်ပွဲ နေ့လည်စာစားဖို့ယူသွားပြီ တီတီမီးရေ :D

    ReplyDelete
    Replies
    1. ရွှေတောင်ခေါက်ဆွဲတို့
      နန်းကြီးသုတ်
      မုန့်တီ မြီးရှည်တို့နဲ့လဲမယ်ဟယ်း))))

      Delete