Sunday, November 9, 2014

သူတို့တွေလည်းကိုယ်တို့နဲ့အတူတူပါဘဲတဲ့..

မင်္ဂလာပါရှင်~~~
မယ်ငီးလည်းပလုံဆိုပြီးအကြာကြီးပျောက်သွားနေမိပါတယ်။အားလည်းနာပါတယ်။စိတ်နဲ့လူနဲ့မကပ်ဘူးလေ။
စိတ်ကူးထဲမှာရေးနေတာတော့ အများကြီးပေါ့ရှင်..။
သူတို့အိန္ဒိယပရောဂျက်ရဲ့နေဝင်ဆည်းဆာချိန်တဲ့
ကဲ..ဒီတခါတော့ ကိုယ့်ရဲ့ အတွေ့အကြုံမဟုတ်ဘဲ ကျားကျားရဲ့အတွေ့အကြုံလေး အာလူးပေးအုံးမှ..။သူက
သူ့လုပ်ငန်းသဘောသဘာဝအရ နေရာပေါင်းစုံ လှည့်လည်သွားလာနေရတယ်လေ။ တချို့လည်း ၆ လ
လောက်ဘဲနေရပြီး တချို့နေရာမှာတော့ ၁နှစ်ကနေ ၃နှစ်လောက်နေရတယ်။ သူ ၃ နှစ်လောက်နေ ခဲ့ရတဲ့ အာချားဟဲ(အိန္ဒိယ)တို့နေရာ ကိုတော့သူတော်တော်စိတ်ပျက်ခဲ့တဲ့ကြောင်း အများကြီးပြောပြပါတယ်။

ကျောက်တောင်မြေပေါ်မှာတည်ဆောက်ရတော့
အောက်ခံမြေကျွံကျမှာစိုးရိမ်ဖို့လိုတော့ဘူးပေါ့နော် :P
သူက လျှပ်စစ်ဖက်နဲ့ပတ်သက်တဲ့ ဂျာမဏီက အင်တာနေရှင်နယ် ကုမ္မဏီတခုမှာ အလုပ်လုပ်ပါတယ်။ အဲဒီ
ကုမ္မဏီက ကမ္ဘာကျော်ပါတယ် နံမည်ကြီးဆိုပါတော့..။ သူတို့က လုပ်ငန်းတွေအများကြီးရှိပါတယ်။ အဲထဲမှာ
မှ ကျားကျားက HVDC လို့ခေါ်တဲ့ ဗို့အားမြင့်လျှပ်စစ်နဲ့ပတ်သက်တဲ့ နေရာဖက်မှာပါ။ ဓါတ်အားပေးစက်ရုံမ
ဟုတ်ဘူး..။အင်း..ကျမလူဗြိန်းနားလည်သလိုပြောရရင်ဖြင့် လျှပ်စစ်ဗို့အားအမြင့်ကြီးတွေကို တနေရာနဲ့ တ
နေရာပြောင်းရင် system မတူတာကိုညှိပေးရတယ်ဆိုပါတော့..။ဥပမာ AC ကနေDC ကိုပြောင်းရင်လည်း တန်းပြောင်းလို့မရဘူး။ တူညီအောင်ပြန်ညှိပေးရတယ်လေ။ အဲလိုပြောင်းပေးတဲ့ Computerized
Stationတွေကို တည်ဆောက်တပ်ဆင်ပေးတဲ့ ဋ္ဌာနပေါ့..။ သူတို့ဖေါက်သည်တွေကကမ္ဘာတဝှမ်းလုံးပါဘဲ။ အာရှဆိုရင် အာချားဟဲနဲ့ အိစံကွားတို့ကထိပ်ကပေါ့..။ တချို့လည်း ပုဂ္ဂုလိကတွေ တချို့ဆိုရင်လည်းအစိုးရ
တွေရှိတာပေါ့။ အဲဒီမှာမှ အာချားဟဲတို့ဆီက ပရောဂျက်က အစိုးရလျှပ်စစ်ဝန်ကြီးဋ္ဌာနတို့ဘာတို့နေမှာ
ပေါ့လေ။အစိုးရအရာရှိကြီးမှား..အဲလေ..အရာရှိကြီးများပါ..ဟီး..သူတို့နဲ့စခန်းသွားရတာတဲ့။ဒီတော့ဇာတ်
လမ်းက မသန်းစပြီပါ့..လာပြီလေ.. ^_^

အာရှဒေသတွေမှာတော့ဆောက်လုပ်ရေးခွင်တွေမှာ
အခြေခံအလုပ်ကြမ်းသဲဘယ်မြေကြီးဘယ်ဆိုရင်
မိန်းကလေးတွေများတာတွေ့ရတယ်း((
ကျောက်တောင်ဖြိုကျောက်လမ်းပြန်ခင်း..

တည်ဆောက်တပ်ဆင်တာကတော့ လုပ်ငန်းအကြီးအသေးပေါ်မူတည်ပြီး တနှစ် တနှစ်ခွဲလောက်ဆိုပြီး
တာများပါတယ်။ လုပ်ငန်းပြီးခါမှ နောက်တနှစ် ၂နှစ်လောက်က သူတို့ကိုလုပ်ငန်းလွဲပြောင်းပေးပြီး စက်
လည်ပတ်တာတွေ အနီးကပ်စောင့်ကြည့် နဲနဲပါးပါးသင်ပေးရပါသေးတယ်။ စက်ရုံတည်ဆောက်ရင်တည်
ဆောက်ရေး( သူတို့ကဒီ စတေးရှင်းမျိုးတခုထဲဘဲဆောက်တာ) ဋ္ဌာနကလာရတာပါ။ အဲဒီအချိန်ဆိုရင် ကျား ကျားတို့က အဲစက်ရုံမှာ တပ်ဆင်မဲ့ စက်ပစ္စည်း အားလုံးကို ဂျာမဏီမှာ နေပြီးလုပ်ရပါတယ်။ စက်ရုံကထုတ်
ပေးတာတွေကို သူတို့ ကတပ်ဆင်ပြီးမှ နောက်စမ်းသပ်လည်ပတ်ကြည့်ရပါတယ်။ အားလုံးအိုကေပြီဆိုမှ တခုချင်းပြန်ဖြုတ် သက်ဆိုင်ရာသေတ္တာကွန်တန်နာတွေနဲ့ ထုတ်ပိုးပြီး စက်ရုံဆီပို့ရပါတယ်။ အဲလိုလုပ်တာ က ၆လကနေ တနှစ်လောက်ကြာတတ်ပါတယ်။ ဆောက်လုပ်ရေးလက်စသတ်ချိန်မှာ တပ်ဆင်ရေးတွေက ဝင်ရတာပေါ့။ တပ်ပြီးရင်စမ်းသပ်ရတဲ့ အဖွဲ့ထဲမှာ ကျားကျားက လူကြီးလူခေါင်းပေါ့..ဟီး..ခေါင်းစားလွန်းလို့ တင်စားပေး လိုက်တာပါ။
ဘေးကတောင်တန်းတွေကကျောက်တောင်တွေ
ဒါကြောင့်သစ်ပင်ကြီးကြီးမားမာသိပ်မရှိဘူး

ကိုယ်တို့ဆီကပုပ္ပားနဲ့ဆင်သလိုလို..
ကျမတို့ဆီမှာတောင်ထိပ်ဆိုရင်တော့..
စေတီရှိနေမှာပေါ့နော်..
ပြောချင်တာက သူတို့အလုပ်မှာ ၂ဖွဲ့တောင် ဆောက်တာရော စက်တပ်တာရော စမ်းတာရော ဂျာဂျာတွေ အများကြီးပေါ့။ အာချားဟဲတို့ဆီက သိတဲ့အတိုင်း..ပူအိုက်တာကိုး။ဂျာဂျာအုပ်စုထဲမှာ တဦးတည်းသော အညာသားနဲ့ ဂျာဂျာတို့နေဖို့အတွက် station နားမှာဘဲ ဘိုတဲ သဘောမျိုး ၂ထပ် အဆောက်အဦတခု
ဆောက်ထားပေးတယ်တဲ့။ အခန်းတိုင်း လေအေးစက် ရေခဲသေတ္တာတွေ ဘာတွေနဲ့ကိုး..။ လုပ်ငန်းပြီး သွားတော့စက်လည်ပတ်တာကို အနီးကပ်စောင့်ကြည့် လေ့ကျင့်ပေးဖို့ ကျားကျားကို တာဝန်ပေးပြီးနောက်
တနှစ်ဆက်နေခိုင်းတယ်လေ။သူတို့စကားနဲ့ဆို  warranty & after sale အပိုင်းပေါ့..။

သာယာတဲ့ရူမျှော်ခင်းပါဘဲ..
၂ ထပ်ဆောင်ဘိုတဲထဲမှာ ကျားကျားကတော့ အောက်ထပ်မှာဘဲနေတာပါတဲ့။ ထမင်းချက် ကားမောင်း ခြံရှင်းမာလီနဲ့ သေသေချာချာတော့ နေရပါတယ်တဲ့။ ဂျာကြီးတွေပြန်ကုန်တော့ အာချားဟဲ အရာရှိကြီးများ
ကကျန်လွတ်နေတဲ့အခန်းတွေထဲက TV တွေရေခဲသေတ္တာလေအေးစက်တွေကို မျက်စပစ်တာပေါ့။ အတင်း
ဘဲသူတို့ကိုပေးရမယ်လို့ပြောတယ်။ တခုခုဖြစ်လို့ စက်ကိုပြင်ရမယ်ဆိုရင်လည်း စာရွှက်စာတမ်းနဲ့ အဆင့် ဆင့်တင်ရသေးတယ်တဲ့။ သူတို့ကလည်း ဆိုင်းမထိုးပေးခင်မှာ တောင်းတော့တာဘဲ..ပိုက်ဆံပေးပါ။ ဟိုဟာ
ပေးပါ..ပေါ့။ ကျားကျားကလည်း သူကတာဝန်ခံသက်သက်ဘဲ ပရောဂျက်ပိုက်ဆံကို ကိုင်ရတာလည်းမ ဟုတ် ပေးလည်းမပေးနိုင်ဘူးလို့ ပြတ်ပြတ်ဘဲငြင်းရတယ်တဲ့။ အချားဟဲအထက်အရာရှိကြီးများကလည်း ကုမ္မဏီကိုပိုက်ဆံအကျေမချေဘူးတဲ့..ကြားထဲလှည့်ထားလားမသိ..$သန်းချီတန်ပရောဂျက်လေ..။ ဆောက်
လုပ်ရေးမပြီးခင်ကတည်းက ကျားကျားတို့ကလည်း ရောက်နေတော့ မြင်နေရတာ။ ပစ္စည်းလိုလို့တောင်းရင် ပိုရေးပြီးထုတ်ကြတာတဲ့။ မန်နေဂျာဆိုတာလည်း အယောက်ပေါင်း ဆယ်ဂဏန်းမကဘူး..အားလုံးဘယ်လို ဘတ် စားရမယ်ဆိုတာချည်းဘဲတဲ့။လိုအပ်တာထက် အပိုရေးပြီးအစီရင်ခံစာတင် ဂျာမာန်ကြီးတွေပြန်ကြ
တော့ပိုနေတဲ့စက်တွေအားလုံးရောင်း မြေကွက်တွေဝယ်ကြ အိမ်တွေဝယ်ကြတယ်တဲ့။

သူတို့ရဲ့ဘိုတဲ
ပေးထားတဲ့နံမည်ကလည်းး)))
မြေနီနဲ့ကျောက်မြေရောနေတဲ့နေရာ
သူတို့ထမင်းချက်
ဘိုတဲရဲ့ဘေးတိုက်ပုံ

သစ်ပင်ပန်းပင်လေးတွေစိုက်ထားတာချစ်စရာ
ကျားကျားအရမ်းစိတ်ပျက်ဘဲ..။ ဂျာကြီးတွေ ကိုင်တဲ့ လုပ်ငန်းသုံး ကွန်ပြူတာတွေကိုလည်း သူတို့ကိုပေးရ မယ်လို့ အတင်းတောင်းတာဘဲတဲ့။ တကျီကျီနဲ့ လုပ်ငန်းက အားလုံးမပြီးသေးတော့ ကျားကျားကြီးစိတ်တွေ
ပိန်လို့..ငါလည်းကုလားပြည်ကနေစပြီး အိပ်မပျော်တဲ့ရောဂါရလာတယ်လို့ဆိုပါတယ်။ မနက်ထလို့ သူတို့
မျက်ခွက်မြင်တာနဲ့ကို အမြင်ကပ်နေတာဘဲလို့ပြောပါတယ်..။ နောက်ဆုံးဘယ်အထိတောင်တောင်း သလဲ ဆိုတော့ တီဗီလိုင်းကို သူတို့အိမ်အထိသွယ်ယူချင်ပါတယ်တဲ့။ ကျားကျားစီးတဲ့ကားကိုလည်း တချိန်လုံး လာလာဌားနေတာဘဲ..တဲ့။လုပ်ငန်းကမပြီးပြတ်သေး။ဂျာမဏီကလူတွေလာရင် အဲ့နေရာမှာဘဲ အိပ်ရတာ၊
ဒါကိုလည်းဘဲ..သိရက်နဲ့ အတင်းဘဲနေ့တိုင်းတကျီကျီနဲ့ သိပ်စိတ်ညစ်ရတယ်တဲ့။

အော်..တူပါတယ်ဆိုနေမှ..အဟီး..အစိုးရဝန်ထမ်းဆိုတာ ဘာဒုံးဗျ..ဝန်ဘဲထမ်းတာဟုတ်ဘူးလေ..အသပြာ
ငွေဘတ်တဲ့သူ..ဆိုပါတော့..(တိန်..လှစ်ပြီ..း))))

ဖွင့်ပွဲလုပ်တော့သူတို့ရိုးရာအကနဲ့ဖျော်ဖြေတာတဲ့
ဝန်ကြီးဝန်ကျားတွေနဲ့ဖွင့်ပွဲလုပ်တော့
ပြင်ဆင်ရပြီပေါ့နော့်
ပန်းတွေများတောင်လိုပုံသုံးရတာ..
ရောင်စုံပါဘဲ
အဆောက်အဦတခုလုံးပတ်လည်ဆင်တာဘဲတဲ့
ပရောဂျက်တည်နေရာပြတာပါ


အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး
PS
တဂ်ပို့စ်တင်တဲ့ချစ်ညီမလေးများကိုလည်း အားနာပါတယ်..ဒီတခါမျက်စိကိုဒေါက်ထောက်လို့ကြိုးစား     ပမ်းစားရေးသားပေးလိုက်ပြီနော်..နဲနဲနောက်ကျသွားတာကလွဲရင်.. :P

8 comments:

  1. ကိုယ်ကလာလာချောင်းနေတာ
    မတင်တာကြာလို့ ။
    ဘာတွေများအော်ထားလဲလို့ ..
    အိုင်အိုရာ

    ReplyDelete
    Replies
    1. မရာ..
      ဘာတွေနဲ့ဘယ်လိုရူပ်နေမှန်းကို
      မပြောတတ်အောင်ဘဲ
      အချိန်ကမလုံလောက်နေဘူး..
      ဟီး..ရေးချင်တဲ့စိတ်တော့ရှိနေတာဘဲ..
း))))

      Delete
  2. မီးမီးငယ်ရဲ့ကျားကျား စိတ်ပျက်ရခြင်းအကြောင်းရင်းတွေဖတ်ရင်း ဗဟုသုတလေးတွေ သဲ့သွားပြီနော် .. သစ်ပင်ပန်းပင်လေးတွေဟာ စိတ်ရှုပ်ထွေးမှု စိတ်ညစ်ညူးမှုတွေကို တခဏတော့ ငြိမ်းချမ်းစေတယ်.. :)

    ReplyDelete
    Replies
    1. အန်တီရဲ့အားပေးမူ့တွေကြောင့်
      နောက်ခဏခဏအာလူးဖုတ်ဖြစ်တော့မယ်နဲ့တူတယ်..
      :D
      သစ်ပင်တွေတော့ချစ်တတ်တယ်..
      ပန်းပင်တွေကဒီအသက်အရွယ်ထိ..
      နံမည်တောင်စုံနေအောင်မခေါ်တတ်ဘူးဆို.. :P

      Delete
  3. ဘာပဲဖြစ်ဖြစ် ဖတ်ရတာ စိတ်ဝင်စားပါတယ်၊
    ဖတ်ရင်းနဲ့ အတွေ့အကြုံအသစ်တွေ ရတာကို အားတွေ ကျနေမိပါတယ်။

    ReplyDelete
    Replies
    1. ဒီကလည်းပြုံးပန်းရဲ့အိမ်ဂေဟာလေးကို
      ချစ်နေတာ..
      ဒါနဲ့နွေရောက်ရင်အရမ်းနေပူထိုးနေမလားဘဲနော်..
      အဟဲ..မေးကြည့်စပ်စုကြည့်တာပါ..
      အေးလေ..အာယားကွန်းကြီးရှိသားဘဲ..ဟိ

      Delete
  4. တို့တွေဆီကထက်တောင် ပိုကဲနေသလားလို့ ဟိဟိ.. သဘောကျတယ် မမီးရေ

    ReplyDelete
    Replies
    1. ဟုတ်ပါ့..
      ပေါ်တင်ကြီးတောင်းတာနော့်
      လက်ဖက်ရည်ဖိုးပေးပါဟုတ်ဘူး..
      ငါဒါရချင်တာ
      ငါပိုက်ဆံလိုချင်တာ..ဂလိုတဲ့..ဟီး

      Delete