သူတပါးအကျိုးစီးပွားပျက်စီးရာပျက်စီးကြောင်းမရည်ရွှယ်တဲ့ လုပ်ငန်းမှန်သမျှကို သမာအာစီဝလုပ်ငန်းလို့ဘဲ
မယ်ငီးတော့ အကြမ်းအားဖြင့်ဒီလို သိမှတ်ထားတာပါဘဲလေ။ တနေ့က ဓမ္မမိတ်ဆွေတယောက်နဲ့ ဖုံးပြော ရင်းဟိုအကြောင်းဒီအကြောင်းကနေ သိလာရတော့ မရေးဘဲမနေနိုင်ပါဘူး..။နဲနဲလောက်တော့ ပြောပြရအုံး
မှနဲ့တူတယ်လေ..။ ကိုယ်တိုင်လည်းကြုံတွေ့ဖူးခဲ့တာပါ။ ကျမမိတ်ဆွေများလည်း အနဲနဲ့အများကြုံဖူးကြမှာ ပါလေ။
ကျမကြုံဖူးခဲ့တာက ဒီလိုပါ...။ ရန်ကုန်မှာ နေခဲ့တုံးက ဟိုစပ်စပ် ဒီစပ်စပ်နဲ့ အလုပ်တွေအများကြီးလုပ်ခဲ့ဖူးပါ
တယ်။ အဲဒီထဲက တခုသောအူကြောင်ကျားအလုပ်က export လို့ခေါ်တဲ့ နိုင်ဂံခြားပြည်ကြီး၂ခုလောက်ကိုပစ္စည်း ၃-၄ မျိုးလောက်ပို့ဖူးပါတယ်။ စတာက စကားပြန်ကနေပါ။ နောက်တော့ ဟိုလူ့သိ ဒီလူသိနဲ့ စပ် ဆက်ပြီး buyer တွေဘာတွေက ဝယ်ချင်ပါတယ် လုပ်ပေးပါ။ မင်းဆီကဝယ်ပါ့မယ်..ဆိုတော့ လောဘဇော
တွေတက်လို့..ဟင်းဟင်း..ငါကွ..ဆိုပြီး ထလုပ်ပါတယ်။ ဘာစက်ရုံအလုပ်ရုံမှရှိတာမဟုတ်ပါဘူး။ ဟိုနား ပတ်ဝယ် ဒီနားပတ်ဝယ်နဲ့ တင်ပို့ဖို့တောင် သူငယ်ချင်းကုမ္မဏီနားအပူကပ်လို့ သဘောကောင်းလှတဲ့သူငယ် ချင်းကလည်း ကဲကဲ..မယ်ငီး လုပ်မှာသာလုပ်ပါ သူတို့ဆီမှာ MD တွေဘာတွေဖြစ်လို့ export ကြီးလုပ်ခဲ့တာ
ပေါ့လေ။ တင်ပို့တဲ့ ပစ္စည်းတွေထဲက တခုသောပစ္စည်းကလည်း လျှပ်စစ်မီးအသုံးပြုဖို့လိုတယ်လေ။ ဒီတော့
အများနည်းလို အဲဒီတုံးက စစ်တပ်တို့ ဘာတို့ ဝင်းထဲမှာဆို မီးက ၂၄နာရီလေ..။ ရွှေပြည်သာဖက်က စစ် တပ်လား ရဲဖက်ဝင်းတခုလား သိပ်တောင်မမှတ်မိတော့ပါဘူးလေ..။ ၆ လ အဆောက်အဦတခုကိုသွားဌား
ပြီးလုပ်ငန်းလုပ်ခဲ့ဖူးပါတယ်။ ကိုယ့်လိုဘဲ တခြားလုပ်ငန်း အသေးလေး ၂ခုလည်း အဲဝင်းထဲမှာ ဌားပြီးလုပ်
နေတာရှိပါတယ်။ ကပ်ရပ်က ကြက်ဥသေတ္တာတွေ သစ်သီးသေတ္တာတွေရိုက်တာ နောက်တခုကတော့ သနပ်ခါး လုပ်ငန်းတခုပါ။ ကလေးတွေကတော့ ပြောပါတယ် နံမည်ကြီးတံဆိပ်တဲ့။ ဗူးထဲထည့်ပြီး တနိုင်ငံ လုံးဖြန့်တာပေါ့လေ။ ရှမ်းမကလည်း သနပ်ခါးမကြိုက်တော့ ဖာသိဖာသာနေမိပါတယ်လေ။ နံမည်မမှတ်မိ
ပါဘူး..။တနေ့တော့ သဲတင်တဲ့ကားလိုမျိုး ၂စင်းဝင်လာတာနဲ့ထိပ်တိုက်တိုးတယ်။
ဒါနဲ့ မေးမိပါတယ်။ အဲ..သူတို့ကအဆောက်အဦချဲ့မလို့လားမသိဘူး..ဆိုတော့။ မဟုတ်ပါဘူး..ဒေါ်မီးရယ်..။
အဲဒီသနပ်ခါးမူန့်ထဲရောဖို့ ရွှံစေးမြေနုတွေပါ..တဲ့..။ အမြဲတမ်းလာပါတယ်တဲ့...ကဲ..ရွှံစေးတွေလူးဖူးကြပါရဲ့
လားရှင် ^_^ သနပ်ခါးဗူးထဲက သနပ်ခါးခဲတွေက ရွှံ့စေးထည့်မှ ရမှာတဲ့လား.သူ့ဖော်မြူရယ်လား.ဘာ
လားတော့မသိပါဘူး..ဒါပေမဲ့ ဒီလိုလုပ်တာက သမာအာစီဝမကျတဲ့လုပ်ငန်းတခုလို့ဘဲမြင်ပါတယ်။ ဒါကအ
ပြင်ဘန်းလိမ်းချယ်တာပါလေ..။ဟို စားကုန်သောက်ကုန်တွေဆိုရင် ပြောစရာမလိုတော့ဘူး။ လူတွေရဲ့အ သက်ကိုသတ်နေသလို ဖြစ်နေပေါ့ရှင်..။
တရုတ်လုပ်ကိုကြောက်နေကြတဲ့ ကျမတို့တိုင်းပြည်မှာ ပြည်တွင်းလည်း သိပ်ပြီး ထူးမခြားနားလှပါဘူး..။
တရုတ်ဆိုတော့ ကျမမြို့ကိုပြန်တုံးက ကြုံခဲ့ဖူးတာကတော့...လိမ်မ္မော်သီးပါရှင်..။ ဒါလည်းပြောရင် နဲနဲရှည်
ချင်ပါတယ်။ ကျမမြို့လေးက မြန်မာနိုင်ငံရဲ့လည်ပတ်ဖို့အကောင်းဆုံး ၁ဝ နေရာထဲကတခုတဲ့..။ မြို့လေးတည်
ဆောက်ပုံ အနေအထား သာယာလှပပါတယ်။ နေထိုင်ကြတဲ့ တိုင်းရင်းသားများစွာနဲ့ တကယ်ဘဲ တမူထူး
ခြားပါတယ်။ တောင်တွေပတ်လည်ဝိုင်းရံနေတဲ့ မြေပြန့်လွင်ပြင်ကြီးလို့နေရာပေါ့။ မြေလွှတ်မြေရိုင်းအန်မတန်
ပေါပြီး လယ်လုပ်ဖို့ စိုက်ပျိုးဖို့ အချိန်ကျရင် ပြည်မကလာတဲ့ လူတွေကို အားကိုးရပါတယ်။ ဒေသခံတွေက
တော့ထိုင်းမှာ ဆောက်လုပ်ရေးလုပ်ငန်းခွင်ထဲရောက်နေကြပါတယ်။ လယ်စိုက်သမများလည်း ဟိုဖက်က
မှန်လုံခန်းထဲမှာ လေအေးစက်နဲ့ငြိမ့်နေကြပါတယ်။ အခြေခံအလုပ်သမားတယောက်အတွက် ကျိုင်းတုံမှာ တရက်ကို ကျပ်၎ဝဝဝ-၅ဝဝဝ အနိမ့်ဆုံးရပါတယ်။ ကျမအိမ်ဆောက်တော့ ပြည်မကလာတဲ့ လက်သမား လင်မယားပြောပြတာပါ။ ယောက်ကျားက ၉ဝဝဝ ရတယ်တဲ့။ မိန်းမက ၅ဝဝဝ ဆိုတော့ ၂ယောက်ပေါင်း
တော့ တစ်သောင်းကျော်ပြည်မမှာ ဘယ်လိုမှမရနိုင်ဘူးတဲ့..။ ဒီလိုပါဘဲ..ဒီဒေသခံတွေ ကလည်း တွက်တာ
ပေါ့။ ဘတ်ငွေ ဘယ်လောက်ဆိုရင် ကျပ်နဲ့တွက်လိုက်ရင် ထိုင်းမှာရတာက ပိုများတာကိုး..။ သူများဆီမှာ
မျက်နှာငယ်နဲ့ သွားရောက်လုပ်ကိုင်ရတာကိုတော့ သူတို့ထည့်တွက်ဖို့မစဉ်းစားနိုင်ဘူး..။ လက်ရှိ ဝမ်းရေး
ကပိုအရေးကြီးပါကောလား..။
ကျိုင်းတုံတမြို့လုံး..ယုံလားဘုရားပန်းတွေကအစ ထိုင်းကနေသွင်းပါတယ်။တရုတ်ကနေယူပါတယ်။ ဆန် ငရုတ် ကြက်သွန် ဆိုရင် ပြည်မကနေဘယ်ပါတယ်။ ကျမငယ်ငယ်က ရန်ကုန် မှာကျောင်းအိပ်ကျောင်းစား သွားတက်တာ အပြန် ဖရဲသီးလေးပိုက်လို့လေယာဉ်ပျံပေါ်တက်တာနော့်..ဟီး။ပြောချင်တာက ကျမတို့လူ
တွေပျင်းကြတယ်လို့ပြောရင် နာကြမှာဘဲ။ မြေရှိတယ် ရေရှိတယ်။ ကိုယ့်မြေစွန့်ပြီးသွားကြတယ်။အိုကေ
လေ ပညာရှင်ကြီးတွေ ပရော်ဖက်ရှင်ကြီးတွေဆိုရင်လည်း တမျိုးပေါ့။ဒါလည်း ပြန်လာပြီးကူညီမယ်ဆိုတာ
မရှိသလောက်ပါဘဲ..။ စနစ်မကောင်းလို့ ဘာလို့ပြောမနေကြပါနဲ့။ ကျမတို့ စိတ်ဓါတ်တွေကိုက တကိုယ်
ကောင်းဆန်တဲ့ စိတ်ဓါတ်အခံဗျ ။ အချင်းချင်းကူညီမယ် ရိုင်းပင်းမယ်ဆိုတာ တဖြေးဖြေးနဲပါးလာကြတယ်။
စိတ်ဓါတ်သိမ်ဖျင်းလာတော့ တီထွင်ကြံဆနိုင်တဲ့ စွမ်းအားမှာလည်း ရော့နဲကုန်တယ်နဲ့တူပါတယ်လေ။ စွန့်ဦး တီထွင်လို့်ချမ်းသာလာတယ်ဆိုပြီး ကိုယ့်ကိုယ်ကိုပြောတဲ့ လူကိုတောင် မဆီမဆိုင်သွား သတိရနေမိတယ်။ @_@ သံယံဇာတပစ္စည်းတွေထုတ်ပြီး လုပ်ကိုင်နေတဲ့အလုပ်ထက် တနိုင်ငံလုံးလိုအပ်တဲ့ စားကုန်သောက် ကုန်တွေ စိုက်ပျိုးထုတ်လုပ် ပေးတဲ့တောင်သူလယ်သမားတွေကပိုပြီး သမာအာစီဝကျတဲ့အလုပ်ပါ။ အဲ..တခု
တော့ ရှိတယ်..ပဲနီလေး ၂တင်းထွက်ရင် ခဲလုံး ၂ပြည်လောက်ရောပြီးမှ ရောင်းတယ် ဆိုတာမျိုးတော့ ဟုတ်
သေးဘူးလေနော့်..ဟားဟား..တကယ်ဘဲမြင်ဖူးတာပါ။
မယ်ငီးတောင် ပါးစပ်ဘဲပြောတတ်တာ ဘာလုပ်ပေးတတ်လို့လဲ..(အဲ..ဒီလိုမထင်ပါနဲ့ တချိန်ကျရင်နယ်စပ်
တနေရာမှာ မယ်ငီးမိဘမဲ့ခလေးတွေကိုစာသင်နေတာ မြင်ရအုံးမှာပါလေ..လူတိုင်းလည်း သူ့စိတ်ကူးနဲ့ သူရူးနေကြတာချည်းပေါ့ရှင်..ပုတုဇနောဥမ္မတကော..တဲ့..ဟီး)
ကဲ..ဒီတခန်းကို စာရင်းမြန်မြန်ချုပ်မှ..ဒီလိုရှင့်..အရင်ကဆောင်းပေါက်ရင် လိမ္မော်သီးပေါ်ချိန်အမြဲစားရတာ
လေ။ ဒီတော့ ကိုယ်လည်း ဈေးထဲက လိမ္မော်သီး ခပ်ကြီးကြီးလေးရွှေးလို့ ၁ဝလုံးဝယ်လာခဲ့တာပေါ့။ အမေ့
ကိုကျွေး ကိုယ်နဲ့ တူမလေးနဲ့အားပါးတရစားကြ။ အမကကျောင်းကပြန်လာပြီး သူပါဝင်စားလိုက်သေးတယ်။ မှတ်မှတ်ရရတူမလေးရဲ့ယောက်ကျားဘဲ မစားတာ။ ညရောက်တော့ အန်ကြတယ်။ အမေက ပန်းလည်းပန်း အန်လည်းအန်ကြတာလေ..။ ဆေးခန်းပြေးရတယ်။ နောက်သေသေချာချာပြန်စစ်တော့မှ လိမ္မော်သီးကိုမြင်
မိတာ. အဲ လိမ္မော်သီးက တရုတ်ကလာတာတဲ့။ ရောင်းတဲ့ကောင်မလေးက အမရဲ့တပည့်မလေး။ တရုတ် နယ်စပ်မိုင်းလားဖက်မှာ သစ်သီးဂိုဒေါင်တွေဆိုရင် အကြီးကြီးဘဲတဲ့။ လိမ္မော်သီးဆိုတာ နှစ်ပေါက် ထားတာ တဲ့။ ဆေးတွေဖြန်းထားလို့ ကျမတို့သွားဝယ်ရင် ဂိုဒေါင်တံခါးလှပ်လိုက်တာနဲ့ လူတောင်မူးမေ့သွား မတတ် ဘဲတဲ့ ဆေးနံ့မပြယ်သေးဘူးပေါ့။ ဟင်...ဟိုးအရင်က ကိုယ်တို့ဆီက လိမ္မော်ခြံတွေကော..ဆိုတော့။ အလုပ်
သမားရှားလို့ ဆရာမရဲ့။ အပင်တွေလည်း အိုလှပြီ..။ အသစ်ထပ်စိုက်တာတွေတော့ရှိပါတယ်။လူတွေလည်း
များလာတယ်။ ဝယ်လိုအားမမျှဘူးလေ..တဲ့။ အမ်...ပါးစပ် ဟောင်းလောင်းဟလေသည်ပေါ့ :P
နောက်တခု..မိတ်ဆွေပြောပြတာကတော့..။ရန်ကုန်မှာ သူတို့နဲ့ခင်တဲ့ အသိမိသားတစုက သရက်သီးသနပ်
လုပ်ငန်းတခုလုပ်ပါတယ်တဲ့။ အချို အစပ် အစုံပေါ့။ တနိုင်တပိုင်လုပ်ငန်းဆိုတော့ လိုအပ်တဲ့ ငရုတ်သီးအမူန့်
ကိုတော့ အမူန့်ကြိတ်စက်ဆီပြေးရတာပေါ့လေ..။ အဲဒီမှာငရုတ်သီးလာလာကြိတ်တဲ့လူတယောက်နဲ့ရင်းနှီး
သွားတယ် ဆိုပါတော့။ ငရုတ်သီးလာကြိတ်တဲ့မိတ်ဆွေကတော့ ဈေးထဲမှာ ငရုတ်သီးတမျိုးထဲရောင်းတာပါ။
တော်တော်ရောင်းကောင်းပါတယ်တဲ့။ အဓိကဖေါက်သည်တွေကတော့ မုန်ဟင်းခါးဆိုင် အသုတ်ဆိုင်..တဲ့။
သူကအကြမ်းဘဲကြိတ်လေ့ရှိတယ်။ ဒါနဲ့ သရက်သီးသနပ်လုပ်တဲ့လူက မေးမြန်းကြည့်တာပေါ့။ အသုတ်ထဲ
မုန့်ဟင်းခါးထဲမယ် ငရုတ်သီးအကြမ်းကြီးတွေ မထည့်ဘူးနဲ့တူတယ်။ တွေ့ဖူးတာက ခပ်မူန့်မူန့်လေးဖြစ်တာ ပါ..ဆိုတော့..ကိုငရုတ်သီးက ရှင်းပြတယ်လေ..။ ကျုပ်တို့က လွှစာမူန့် အနုစားကိုမနဲရှာပြီး ပြန်ရောရတယ်
လေ...တဲ့။ ရောင်းပန်းလှတယ်..တဲ့။
ကဲ... မြေမူန့်လေးတွေလူးလို့..လွှစာမူန့်လေးစားပြီး သဲလုံးဟင်းရည်လေးသောက်လို့..အော်..မဟာရန်ကုန်
မြို့ကြီး မယ်ငီးလည်း နှစ်ပေါင်းများစွာနေခဲ့ဖူးတာပေါ့။ အသည်းကင်ဆာ အဆုတ်ကင်ဆာ လည်ချောင်းကင် ဆာ ...အမယ်များစွာသောကင်ဆာရောဂါတွေ ဖြစ်လာလိုက်ကြတာ သောက်သောက်လဲ..ဒါတွေက ဘာ
ကြောင့်လဲ..စနစ်ကြောင့်လို့ပြောကြမှာဘဲလေ.. အခြေခံစိတ်ဓါတ်တွေပျက်ပြားလာကြတာအမှန်ဘဲ..။အရင် က ရန်ကုန်နဲ့အခုရန်ကုန် ကွာခြားလာတာလည်း အမှန်ပါဘဲ..။ သူများတွေပြောနေတဲ့တိုးတက်လာတယ် ဆိုတာ ပျက်စီးခြင်းတွေပိုတိုးလာတာကိုဘဲတွေ့ရတော့ မတိုးတက်စေချင်ဘူး..အရင်ကနေထိုင်ကျင်လည်
ခဲ့ဖူးတာမျိုးဘဲ ပြန်လိုလားတောင့်တမိနေတယ်။ အားလုံးက သမာအာစီဝကျကျ လုပ်ကိုင်ကြရင်ဖြင့်.........
......................... အဲ..အိပ်ချင်မူးတူးနဲ့ ဘာတွေရေးမိကြောင်း..ဟုတ်ကြောင်းမဟုတ်ကြောင်း....
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး