Sunday, August 31, 2014
ချက်စားဝယ်စား ၆
မင်္ဂလာပါရှင်~~~
ချက်လိုက် စားလိုက် သွားလိုက် လာလိုက်နဲ့ဘဲ အချိန်တွေကကုန်မြန်နေလွန်းသလိုပါဘဲနော့်။ဒီတနှစ်နွေ ရာသီက သိပ်မပူဘဲနဲ့ ပြီးတောင်ပြီးတော့မယ်။ နေပူပူလေပူပူမှာ အခုတလောအရည်တွေတော်တော်
သောက်ချင်နေတဲ့စိတ်ဖြစ်လာပြန်ရော..ဒီတခါတော့ အိမ်ကကျား ကျားကြီးအမြဲသောက်တတ်တဲ့
ဂျင်းရည်ကိုကြိုက်နေတယ်။ တနေ့တပုလင်းလောက်သောက်တယ်။ ချိုရှရှလေး။ ဘရွှတ်ကလင်ကလုပ်
တာတဲ့။ ငယ်ငယ်က အဖေလုပ်တတ်တဲ့ ဂျင်ဂျာဘီယာဆိုတာ သတိရတယ်။ အဖေကလုပ်ပြီးရင်မြေ
ကြီးထဲတဝက်မြုပ်ထားတဲ့ စဉ့်အိုးထဲမှာ၃ရက်လောက်ထားပြီးပုလင်းသွပ်ပါတယ်။ ပုလင်းကိုလည်း မြေကြီး
တူးပြီးတဝက်မြုပ်ထားသေးတယ်။ အချိန်တန်ရင် ဖွင့်လိုက်တာနဲ့ တဖောင်းဖောင်းအသံတွေ ဂက်စ်တွေ
ထနေ ပြီလေ။ အရမ်းသောက်လို့ကောင်းတာဘဲ..။လုပ်နည်းကိုမမှတ်ထားမိတာခက်တယ် :(
မိန်းခလေးတွေအတွက်ကောင်းတယ်လေ..။
တလတခါတော့ ဆေးဖြစ်ဝါးဖြစ် ဝိုင်လေးလည်း မော့တတ်ပါသေးတယ်.. ^_^ သူကလိုက်ရှာပေးရတာပေါ့
မိန်းခလေးတွေ အပျိုဝင်ကတည်းကစလို့ ရာသီတွေကုန်ဆုံးခါနီးအထိလည်း သတိထားရတယ်လေ။
သွေးဆုံးကိုင်တယ်ဆိုပြီးကြားဖူးမြင်ဖူးတော့ အဲဒီအချိန်ဆိုရင် ကိုယ့်ကိုယ်ကိုအရမ်းဂရုစိုက်မိပါတယ်။
ထူးဆန်းထွေလာတွေလည်း ချက်စားဖို့ကအချိန်မရှိတော့ဘူး..လိုရင်းတိုရှင်း အရည်သောက်တခွက် အသား တခွက် ငရုတ်သီးထောင်း တို့စရာအသီးအရွှက်တခုခု ပါရင်ပြီးတာဘဲ..။
မရိုးနိုင်သော မုန်ညှင်းစောပေါ့။ ကြက်ရိုးခုတ်ထစ်ပြီး ကြက်သွန်နီ၊ဖြူ ဂျင်းဆား အားလုံးပစ်ထဲ့တည်လိုက်ရုံ။
ချခါနီး မန်ကျဉ်းသီးလေးခပ်ပေါ့။ စပ်စပ်လိုချင်ရင် ကုလားအော်သီး ထောင်းထဲ့ နံနံပင်လေးရှိရင်ထဲ့..ပြီးရော။
ဘိုစားပဲသီးလေးကို၊ကြက်သားနဲ့ ပဲအနက်အနှစ်(ပုန်းရည်ကြီးလိုသဘောထားပြီး)ချက်...။
ဒါကအလွှယ်ဆုံးပေါ့ ကကြီးဆိုင်ကဝယ်လာတဲ့ ငါးနီတူခြောက်ကြော်.သူတို့ကပဲငံပြာရည်ပါထဲ့ကြော်တာတဲ့။
ခုတော့ပဲပြုတ်ကောင်းကောင်းပြုတ်တတ်နေပြီလေ..။ white bean နဲ့ပြုတ်တာ။နံပြားက Costco ကနေ ဝယ်တာ ၈ ချပ်လောက်ရှိမယ်နဲ့တူတယ်။ 5/6 $လောက်ဘဲပေးရတယ်။ မနက်ဆိုရင် ပဲနံပြားလေးနဲ့..ဂွတ်း)
ပိတ်ရက်တို့ တနင်္ဂနွေတို့ဆိုရင် မအားရဘူး။ ထမင်းဘူးအတွက်ချက်ပြုတ်နေရလို့။ ကြက်သားကိုပင်စိမ်းရွှက်
နဲ့ငရုတ်သီးကြော်..(ကျားကျားအကြိုက်..လေ )
ကုလားဆိုင်မှာရခဲ့တာ တခါတောင်ထောင်းစားပြီးပြီ..ဇီးဖြူသီးဘယ်လိုထောင်းကြလဲဆိုပြီး ကိုဂူးဂဲကြီးနား
ကပ်ပြီးရှာဖွေတော့ အမျိုးပေါင်းသောင်းခြောက်ထောင်တောင်ရှိပါလား..ဟရို့။
တခါတုံးကထောင်းတော့ မြေပဲဆံနဲ့။ ဒီတခါတော့ ကုန်နေတယ်လေ။ ရှိတာလေးနဲ့ ဝအောင်စားတဲ့..
အမေကမှာလိုက်တယ်လေ..ဟီး..ဒီတော့ ရှိတဲ့ဗန်ဒါစေ့ ထောင်းတာပေါ့။ အော်..ကျမငရုတ်ဆုံကမြင်သူများ
မျက်ရည်တောင်လည်သွားမယ်..ထိုင်းမှာ အယုဒ္ဓယသွားလည်တုံးက ဝယ်လာတဲ့ ခလေးကစားစရာ သစ်သားဆုံသေးသေးလေးပါ..
ဒီတော့ ဘလန်းလန်းနဲ့..ခဏလောက်လုပ်လိုက်ရင် ရပါပြီ..။
တက္ကသိုလ်ကောလိပ်တက်တုံးက ရွှေဂေါင်းပြောင်ဟင်းဆို လုံးဝမထည့်ပါနဲ့လို့ ဟင်းဂျိုင့်မှာကတည်းကပြော
ထားရတယ်..။လုံးဝမကြိုက်ပါ။ခုတော့ ဘာစားရမှန်းမသိတာနဲ့ ချက်ပြီးစားနေရတယ်လေ..း)))
ငါးကြီးအိုးကပ်ပေါ့..ငါးကမသေးဘူး..နဲနဲကြီးသွားလို့..။
 ကကြီးတွေရဲ့ မီးခိုးကြပ်တိုက်ဘဲသားတဲ့..smoked duck တဗူးကို ၁၈ဒေါ်လှ ကျော်ကျော်လောက်ရှိတယ်။
ဝယ်လာမိပြီးမှ ဘာလုပ်စားရမှန်းမသိဘူး။ ဒယ်ပြားထဲထည့်လိုက်တာ ဆီအရမ်းထွက်တာဘဲ..။
ဒီတော့ စပါကက်တီခေါက်ဆွဲဖတ်အသေးနဲ့ကြော်လိုက်တယ်။
အိုးထဲမှာကြော်တုံးရိုက်တော့ အရောင်ကဒီလိုလေး။ ဗူးထဲထည့်လိုက်တော့ ဝါထိန်နေတာဘဲ ^_^ ဘာဖြစ်လို့ကြောင်း ...
tortilla chips(ပြောင်းဖူးမူန့်နဲ့လုပ်တာ) တွေဝယ်လာပြီး dip တို့စားရတဲ့ခရမ်းချဉ်သီးအသုပ်ခေါ်မလားဘဲ
မက်စီကန်တွေလုပ်သလိုမစားချင်တာနဲ့ ကိုယ့်ဖာသာ carrot နဲ့လုပ်တဲ့အချဉ်...
ဆူရှီကသိပ်အကြိုက်ကြီးမဟုတ်ပါဘူး..နောက်ဆုံးအဆင့်ရွှေးချယ်စရာမရှိမှစားတာ။ ထမင်းအေးနေရင်သိပ်
မစားတတ်ဘူးလေ..
ရုပ်ရှင်သွားကြည့်ရင် အဲ့ဆိုင်မှာ စားဖြစ်တယ်။ Garden state plaza မှာပါ။ ဝိုင်အကြောင်းမေးတော့ အမြည်းလေးလာပေးတယ်။ကြိုက်မှမှာပါတဲ့..ချစ်စရာလေး..။
နေ့လည်စာလည်းမဟုတ် ညစာလည်းမဟုတ်တော့ ဟမ်ဘာဂါသဘောမျိုးဘဲမှာတာ..အိုး..လာလိုက်တဲ့ပန်း
ကန်လင်ပန်းကြီးက ကြောက်စရာကြီး..။
သူက ကြက်သားအစပ်တဲ့..မစပ်ဘူးလို့ပြောတာဘဲ..။
ကိုယ်ကသေသေချာချာမဖတ်လို့ပါ..ရေးထားတာက ဝက်သားကင်ဆင်းဝှစ်တဲ့..ဟီး..
အလုပ်လုပ်တဲ့နေရာနဲ့နီးတဲ့ Whole food market မှာလည်းခဏခဏစားဖြစ်နေတယ်။ တခါတလေလည်း
အိမ်ဝယ်ပြန်လာပြီးစားတာပါ။ ဒီတခါ ကြက်သားနဲ့ အသီးအရွှက်ဟင်းရည်တဲ့..။ ကောင်းသားဘဲ..။
ကြက်သားအုန်းနို့နဲ့ပြောင်းဖူးသုတ်၊ အားလူးထောင်း...
ကုလားဆိုင်လည်းတပတ်တခါမှန်မှန်ချီတက်တာဘဲ.. ဘူဖေးလေ..။ လာချပေးတဲ့နံပြားနဲ့ ဆိတ်သားဟင်း
(၂ခါ ၃ခါလောက်ပြန်ထခပ်တာပေါ့..ဘာရမလဲနော့်..)တန်မှတန်..သေသေချာချာ လက်နဲ့ဖဲ့ဖဲ့ပြီးစားပစ်တယ်
ကျားကျားက ဟင်းနံတွေနံနေလို့ သူ့အနာကတော်တော်နဲ့မကျက်နိုင်ဘူး..ပွစိပွစိပြောလို့..တချိန်လုံးအပြင်စာ
တွေစားနေရတာပါ...
ဟီး...သူများတွေပြောပြောတဲ့ဘလော့ဒေးဆိုတာ မယ်ငီးဘယ်လိုရေးရမှန်းမသိပါဘူးလေ..။တော်တော်
များများတော့သွားဖူးခဲ့တာပါဘဲ..။သိတဲ့ဘလော့ဆိုတာကလည်း တယောက် ၂ယောက်လောက် အဲ..ဟင်း ချက်တာတွေဘာတွေဆိုရင်တော့ တော်တော်သိတယ်။ ကိုယ်တော့ အားလုံးကိုသိပါတယ်။ သူတို့ကတော့ ကိုယ့်ကိုသိကြမယ်မထင်ပါဘူး... ^_^ မိတ်ဆက်ပေးရမယ်ဆိုရင်တော့ ကျမပရိုဖိုင်ကို ဖွင့် ကြည့်လိုက်ရင်
တွေ့ရမဲ့ကမ္ဘာအနှံက
တပုံတခေါင်းဟင်းချက်ဆရာမများအားလုံးနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်..။
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး
24 comments:
  1. Hi Ma Mee Nage!!
    Khine
    ReplyDelete
  2. Replies
    1. ကိုယ်လည်းခုတလော
      အမြဲဆာနေတတ်ပါတယ်ဆို..း))
      Delete
  3. ချက်စားစားဝယ်စားစား
    အစားအသောက်ဆိုကိုယ်တို့ ကကြိုက်ပြီးသား။
    အိုင်အိုရာ
    ReplyDelete
    Replies
    1. အကြိုက်ချင်းတူနေပြီနော့..
      Delete
  4. ရွှင်လန်းချမ်းမြေ့ပါတယ်ရှင်၊
    ဒီနေ့ နည်းနည်း မကြည်မလင် ဖြစ်နေတာ ၊
    ပိုစ့်တွေ လိုက်ဖတ်ပြီး ကြည်ရွှင်သွားသလိုပါပဲ။
    ReplyDelete
    Replies
    1. အဟဲ..အမြဲရွှင်လန်းချမ်းမြေ့ပါစေ..
      ဒါနဲ့..ဘုရားခန်းလေးကိုအရမ်းသဘောကျတယ်ကွယ်..
      နေရောင်ကတိုက်ရိုက်တိုးနေတာကိုလည်းကြိုက်တယ်။
      Delete
    2. ကျေးဇူး၊
      မြန်မာပြည်ပြန်လာရင် လာလည်ပါ။
      Delete
    3. တကယ်နော်..
      ပြန်ခါနီးကန်စွန်းရွက်နဲ့ပေါက်ပေါက်ဆုပ်တာင်းမယ်
      ပျော်လိုက်တာ..
      လည်ဖို့တနေရာရပြီ :P
      Delete
  5. အိမ်စိုးမေSeptember 01, 2014 2:19 AM
    ReplyDelete
  6. အစားအသောက်တွေ လာငမ်းသွားတယ် မုန်ညင်းစော ကြိုက်... ဆူရှီ မကြိုက် တာတူ တယ်
    ReplyDelete
    Replies
    1. ခုတော့ လက်ဆောင်ရထားတဲ့ပဲပုပ်မူန့်တွေရှိနေတော့
      မုန်ညှင်းဟင်းရည်က ပဲပုပ်နံလေးသင်းလို့ပေါ့.. ဟီးး)))
      Delete
  7. အားလုံးစားချင်တယ်...မမီး
    ReplyDelete
    Replies
    1. သုံးဆောင်ပါရှင်..
      ဒီကလည်းမိုးငွေ့ချက်တာတွေကို
      သဘောကျနေတတ်တယ်..
      Delete
  8. ဘလော့ဒေးအတွက် ဟင်းလျာစုံလင်စွာနဲ့ တည်ခင်းပေးတာ ကျေးဇူးပါ မီးမီးရေ.. တီတင့်က ကုလားစာ တရုတ်စာ မြန်မာစာ အားလုံးအပြင် ဥရောပစာလဲကြိုက်စ် … :P
    ReplyDelete
    Replies
    1. ကောင်းတယ်..အစားအသောက်သိပ်မရွှေးတာ၊
      အဆင်ပြေတယ်..ဘယ်နေရာရောက်ရောက်..နော်
      တီတင့်ရဲ့ ဟင်းချက်အတွေ့အကြုံလေးတွေလည်းမျှဝေပါအုံးရှင့်
း)))
      Delete
  9. တီတီမီးဆီလာလည်ပြီးရင်ဗိုက်လေးပွတ်ပြီးပြန်သွားရတယ်။
    ဗိုက်တောင်ဆာလာပြီ.. :D
    ReplyDelete
    Replies
    1. မန္တလေးကမြီးရှည်နဲ့လဲလှယ်ပြီးစားကြရအောင်..
      ;P
      Delete
  10. ဘာဖြစ်လို့ကြောင်း ...ဆိုတဲ့စာသားလေးဖတ်ပြီးအင်းထဲက အမျိုးတွေကိုအမှတ်ရသွားတယ်။
    ဇာလုပ်ကြောင်း။
    မိုးဦး
    ReplyDelete
    Replies
    1. လူခဲ.. :P
      တခါခါလည်း..စကားပြောရောကောပေါ့..
      အန်းစကူးသွေးလည်း ပေါ်တတ်ဆော်..
      ဟုတ်ကြောင်းမဟုတ်ကြောင်း..
      ဟဟဟား.. ^_^
      Delete
    2. ဟားဟား။
      မမီးငယ်အခု ဖယ်မှာနေဟား။ အမီးအခု ယူအက်စ်ကိုရောက်နေလယ်။ တနားလာလည်ဟာ။ စင်္ကာပူမှာက အင်းဆားစကား ၀ကနယ် ပြောရတယ်။ အခု ယူအက်စ်မှာ အင်းဆားစကားမပြောရပဲလောက်။
      Delete
    3. ဟယ်..
      လူခဲ..နယူးဂျာစီ(နယူးယောက်နဲ့ကပ်ရပ်လောက်)မှာဆော်..
      ဘယ်နားဆက်ရမကြောင်း..
      အီးမေးတွေစာတွေရေးလာ..
      ဖုံးနံပါတ်ပေးမယ်..
      ကတောက်ကတဲ့ပျော်ဆော်..
      (ဟီး..သိပ်မပြောတတ်ပါဘူးနော်)
      Delete