Friday, August 1, 2014

ခလေးများနဲ့ဥယျာဉ်မူးဖေဖေမေမေတို့တတွေ...

မင်္ဂလာပါရှင်~~~
ခလေးမရှိလို့ ခလေးမချစ်တတ်ဘူးလို့မထင်ပါနဲ့ ခလေးဆိုတာ ကျမအတွက်တော့ ကမ္ဘာပေါ်မှာ အသည်း ယားစရာ ချစ်စရာအကောင်းဆုံးအရာပါဘဲရှင်။ ဖြစ်ချင်တော့လည်း ခုတလော အလုပ်လုပ်ရတာ ခလေး
ဖိနပ်လေးတွေ ကစားစရာ အသုံးအဆောင်တွေဖက်မှာ ယောင်ဆစ်တင်း ဟိုပစ္စည်းဒီရွှေ့ ဒီကဟာဟိုရွှေ့
နဲ့ ယောင်တောင်ပေါင်တောင်လုပ်နေရတဲ့ကာလလေ။ ဒီအချိန်က ဒီဖက်မှာ အမေရိကားမှာပေါ့ Back to
school လို့ခေါ်တဲ့ နွေရာသီကျောင်းပိတ်ရက်ကုန်ဆုံးခါနီး ကျောင်းတွေပြန်ဖွင့်တော့မယ်လေ..။ ဒီတော့
သူတို့လိုအပ်တဲ့ ဖိနပ်ဘောင်းဘီ အင်္ကျီကျောပိုးအိတ်တွေ စာအုပ်ခဲတံ ဘာညာကွိကွ များပြားလှတဲ့ အသုံးအဆောင်တွေကို မိဘတွေက လိုက်ဝယ်ပေးတဲ့ကာလဖြစ်ပါတယ်။
credit to Google
ကုန်တိုက်တွေ စတိုးဆိုင်ကြီးတွေက ခုလိုကာလဆိုရင် ကျောင်းသားတွေနဲ့ပတ်သက်တဲ့ အပြင်အဆင်
တွေကျကျနနလုပ်ပြီး ခလေးတွေကိုမြူတာပေါ့ရှင်။ လူကြီးမိဘ လက်တွဲပြီးဝင်လာတဲ့ သေးသေးကွေးကွေး မကြီးတကြီး မလတ်တလတ်တွေရော.." mom!!! Can I take it, I want it ...mom..here...Oh...mom
so cool!!! " ဒီလို တမန်ထဲမန်ပြီးအော်ကြဟစ်ကြနဲ့လေ..။ဟိုဟာလေးကိုင်လိုက် အော်လိုက် ဒီဟာလေး ကိုင်ကြည့် အောက်ပစ်ချ ဘာကိုစဝယ်ရမှန်းတောင်မသိ မိဘများကိုအော်ဟစ်ပြသတော့တာပါဘဲ။ဖြူဖြူ မည်းမည်း ဝါဝါ နီနီ ပြာပြာ ဘာအသားအရောင်ဘဲဖြစ်ဖြစ်ပါဗျာ..မိဘအားလုံးရဲ့တူညီတဲ့ဆန္ဒကတော့ကိုယ့် သားသမီးတွေကို အကောင်းဆုံးပေးချင်ကြ တာပါဘဲလေ..။

ဒီရက်ပိုင်းတွင်းကြုံတွေ့ရတဲ့ ခလေးများနဲ့ သူတို့ဥယျဉ်မူးတသိုက် အကြောင်းနဲနဲဖေါက်သည်ချအုံးမယ်..ဟီး
စကားလှလှလေးပြောတာပါ..တကယ်ဆိုရင် အတင်းတုတ်တယ်ဆိုပါတော့ဗျာ...။ လူတွေနဲ့ဆက်ဆံ တဲ့အခါမှာ ကိုယ်လိုတာလေးတွေ ခွဲခြမ်းကြည့် စူးစမ်းလေ့လာရတာကလည်း ပျော်စရာတမျိုးပါဘဲ။ ဒီတခါ
ကျမအမြင်ကိုပြောပါရစေ..။ ပထမဦးဆုံးကတော့ လူမျိုးအလိုက်လို့ပြောရမှာဘဲ...။ လူ့စရိုက်ဆိုတာ ကလည်းပြောရခက်သား ဒီလူမျိုးတွေကဒီလိုပါဘဲလေလို့ သိမ်းကြုံးမပြောချင်ပေမဲ့ တခါခါတော့ တကယ်ပါ
လူမျိုးအလိုက်စရိုက်တွေရှိကြပါတယ် အနဲအများဘဲကွာတယ်။


ကိုအားချားဟဲတို့တသိုက် ဘာဇာကြောင့်များ ဒီ Brand name နံမည်ကြီးတံဆိပ်ကို အရမ်းမက်မောလဲမသိ၊
ဖိနပ်ဝယ်ဖို့လာရင်Sketchers တပြားမှမလျှော့ပါ နို့မို့ရင်လည်း Adidas , ကိုယ်တို့ဆီမှာမရှိတဲ့ Puma ကို ခဏခဏမေးလို့ရှင်းပြရတာလည်း အာပေါက်မတတ်။ သိတဲ့အတိုင်း Sketcher ကလည်းဈေးကြီးတာ ကိုးပုံကလည်းသိပ်အဆန်းမဟုတ်ပါ။ ဒီနေရာမှာ ခြေဖဝါးဗြက်ကြီး သူတွေအတွက် ရွှေးချယ်စရာသိပ်မရှိ တတ်။သူတို့ခြေထောက်နဲ့မတော် မတန်၊ မရပါ အရမ်းကိုလိုချင်ပါသည်။ Adidas လောက်ဆိုရင်နဲနဲစိတ်ဝင်
စားပေမဲ့တခြားBrand ဆိုရင် နိုးတူးပါဘဲ..။ ကျမစကားပြောရင်း ခင်မင်သွားရတဲ့ အာချားဟဲကတော်တ
ယောက်ကပြောပြလို့သိတာပါ...။ ငါတို့အားလုံးက Sketchers ဘဲစီးတာ တခြားတံဆိပ်စီးသွားရင်မဖြစ်ဘူး တဲ့။ ကားဆိုလည်း Mercedes BMW ကနေခုဆိုလည်း Lincoln Cadillac တို့ဘာတို့ဗျ.. ။ မတတ်နိုင်ရင် ကြိတ်စုတယ်။ အငတ်ခံပြီးများစုကြလားတောင်မသိပါဘူး...။ ဒီ Brandရောဂါနဲ့ခက်တာဘဲ..။ ဟဟ..ပြော ရင်းဘေးချော်ချင်နေပါရော့လား..ကဲကဲ..အနှီအကောင်းစားလို့ထင်မှတ်ထားတာကြီးကို ရင်သွေးတော်များ အတွက် လည်းဆင်ယင်ပေးရအုံးမယ်လေ..။

ဒီမိသားစုက အဖေနဲ့လာတာ သားတော်မောင်ကထောင်ထောင်မောင်းမောင်းကြီးပါ။ Sketchers နဲ့ကျေနပ်
သေးဘူးတဲ့။ နောက်တခုတဲ့... သူ့အခေါ် ..တက်!!!! Daddy ..dad  ပေါ့ (အားချားဟဲတွေက သိပ်ပြီး အမေ
ရိကန်ဆန်ချင်ကြတာ လုပ်ရင်သာသောက်တလွဲ...) ဒီတခါ Sneakers ဟုတ်ဘူး Dress Shoe တဲ့။ ကျမ
ကောင်းကောင်းတွေ့လိုက်တယ် ဖခမည်းတော်ကြီး ဈေးနူန်းတွေလိုက်ဖတ်ပြီး ဈေးနဲနဲပိုကြီးတဲ့ Docker တံဆိပ်ယူပါတယ်။ သားတော်မောင်က တစ်စခန်းထလာပါတယ်..ခြေအိပ်နဲ့ဝတ်ပြီးစမ်းချင်ပါတယ်တဲ့။
ဆိုင်ကထားပေးတဲ့အသားကပ်တခါသုံး ခြေအိတ်ကိုမကြိုက်ဘူး။ ခြေအိပ်သွားဝယ်ပေးပါလို့ ပြောသံကြား
တယ်။ ကျမကိုဘယ်နေရာမှာရောင်းလဲလို့မေးပါတယ်။ အောက်ထပ်က ယောက်ကျားတွေပစ္စည်းတန်းမှာ
လို့ပြောပြလိုက်ပြီး ကျမလည်း အထဲဖက်ကိုခဏဝင်သွားလိုက်တယ်။ ပြန်ထွက်လာတော့ သူ့အဖေက အဲနားမှာရောင်းဖို့ချိတ်ထားတဲ့ မိန်းခလေးခြေအိတ်တထုတ်ယူပြီး သားကိုပေးလိုက်တယ်။ အထုတ်ကို ဆွဲဖေါက်ပြီး သားတော်မောင်ကို ဝတ်ခိုင်းပါတယ်။ ပြီးတော့ ဖိနပ်ကိုယူသွားပြီး ဖေါက်ထားတဲ့ခြေအိတ် ၃စုံတထုတ်ကအောက်မှာပြန့်ကြဲလို့ပေါ့...။ မဝယ်ဘူး ဖေါက်ပြီးသုံးသွားလည်း ဘယ်သူ့ကိုမှ ဂရုစိုက်စရာ မလိုဘူးဆိုတဲ့အမေရိကန်တွေရဲ့အကျင့်လေ။

ဒီလို ဥယျာဉ်မူးဖခင် daddyကြီး သင်ပေးလိုက်တဲ့ သင်ခန်းစာကို သားတော်မောင် ဒီနေ့ကောင်းကောင်း ယူတတ်သွားပါတယ်။ကြီးလာလို့လူလားမြောက်အရွယ်ကြရင် လူကိုလူလို မမြင်တတ် ကိုယ်ချင်းစာနာ တရားမရှိ သူများကိုဂရုစိုက်စရာမလိုဘူး ကိုယ်ကျိုးဘဲသိတဲ့ လူသားတယောက်ဖြစ်ဖို့အလွန်လွယ်ကူသွား
ပြီ ဖခင်ကြီးပြုစုပျိုးထောင်ပေးလိုက်တာလေ..။

နောက် အာချားဟဲကတော်လေးတယောက်က အဖော်တယောက် မြီးကောင်ပေါက်မသမီးလေးနဲ့လာ ပါတယ်။ ကျမနဲ့လုပ်ဖော်ကိုင်ဖက် ၃ယောက်ပစ္စည်းတွေ နေရာရွှေ့နေကြတဲ့အချိန်ပေါ့။ နွေဦး ရာသီက ပစ္စည်းဟောင်းတွေကို Clearance တန်းကထုတ်ပြီး ဒီရာသီအတွက်အသစ်ရောက်တဲ့ ပစ္စည်းခင်းတာပါ။
အပေါ်မှာရှိတဲ့ ဆိုင်းဘုတ်ကိုပါရွှေ့ရတာပါ။ အဲဒီအချိန်မှာ မမလေးက အသစ်ပစ္စည်းခင်းလက်စတွေထဲက
တခုကိုကိုင်ပြီးဈေးမေးပါတယ်။ ဈေးနူန်းကအပြည့်ပေါ့။ ခုမှရောက်လာတဲ့ပစ္စည်းအသစ်ကိုး...။ သူကမဖြုတ်
ရသေးတဲ့ဆိုင်းဘုတ်ကို လက်ညိုးထိုးပြီးပြောပါတယ်။ ဒီမှာ Clearance လို့ရေးထားတယ် ဈေးကအပြည့်နဲ့
တခုခုမှားနေပြီတဲ့။ ကျမကမမှားပါဘူး အရင်ကနေရာက ဈေးချပစ္စည်းရောင်းတာဟုတ်ပါတယ်။ အခုပြောင်း လိုက်တာ..လို့ပြောတော့၊ သူကလေးဘာပြောတယ်မှတ်လဲ..ရှင်တို့မှားတာ ဒါကြောင့်သူ့ကို ဈေးချထားတဲ့
ဈေးနူန်းနဲ့တရံရောင်းပေးရမယ်..တဲ့..ကဲ..ဇွတ်ကြီးအတင်းလိုက်ပြောနေတယ်။ မန်နေဂျာကိုပြောပေးပါ..တဲ့။
"အလုပ်လုပ်နေတာ မပြီးသေးဘူးတန်းလန်းကြီး ခင်ဗျားလည်းမြင်တာဘဲ ဘာကြောင့်ဈေးချပြီးရောင်းပေး ရအောင် ငါတို့မှားတယ်လို့ပြောရမှာလဲ.."မယ်ငီး ဒေါပွပြီး အပြတ်ပြန်ပြောတာ သူငယ်ချင်းက အတင်းဆွဲ
ခေါ်ပြီးရှောင်ထွက်သွားရအောင်လို့ပြောတာနဲ့ လှည့်ထွက်လာလိုက်တယ်..သူ့သမီးက မျက်လုံးလေးက လယ်ကလယ်နဲ့ ပြူးကြည့်နေလေရဲ့။ တကယ်လူပါးဝတယ်လို့ဘဲ ပြောချင်တယ်။ သူ့သမီးရှေ့မှာဆိုတော့ ကလေးက အမေ့အတိုင်းတနေ့တော့ လိုက်တုပမိမှာအမှန်ဘဲ...။

နောက်..အားချားဟဲမမတယောက်တော့ မျက်စိထဲကထွက်ကိုမထွက်ဘူး..ဆိုတာမျိုးပါဘဲ..။ ကိုယ်တို့ဆီ
မှာလည်း recall လို့ခေါ်တဲ့ ပစ္စည်းထုတ်တဲ့ကုမ္မဏီ နို့မို့ရင်လည်း buyerက ပြန်သိမ်းခိုင်းတဲ့ပစ္စည်းတွေရှိ
တတ်ပါတယ်။ အဲဒီနေ့က မယ်ငီး recall စာရင်းစာရွှက်နဲ့ ထိုင်လိုက်ထလိုက် ပစ္စည်းတွေလိုက်ရှာရတာပေါ့။

အောက်ဆုံးတန်းက ပစ္စည်းကို ကုန်းဖတ်နေတဲ့အချိန်မှာ မဆလာနံပြင်းတဲ့ဘိုသံနဲ့(အမြင်ကပ်လို့လေ..ဟီး)
သူ့ခြေထောက်နဲ့ ပစ္စည်းကိုထိုးပြီးမေးတာ..အဲဒါ ဘယ်လောက်လဲတဲ့..အဟဲ..ကပ်ရပ်ဘဲကြားတာပေါ့ မကြားချင်ယောင်ဆောင်နေလိုက်ပြီး လွင့်နေတဲ့ သီချင်းကို လိုက်ညည်းရင်း လှည့်ထွက်လာတယ်.. မှတ်ကရော..မယ်ငီးကွ။ လက်တွန်းလှည်းပေါ်မှာခလေးကြီးတွန်းလို့ လက်တဖက်နဲ့ဖုံးပြောလည်းမပျက် ပါဘူး..။ နောက်ကနေ လိုက်လာပြီးမေးတယ် နောက်ထပ်ပစ္စည်းတခုကိုင်လို့ လူသားအင်မတန်ဆန်လှတဲ့ စိတ်ကောက်စိတ်ဆိုး စိတ်ခုတတ်တဲ့ မယ်ငီးလည်း ရှင့်လိုချင်တဲ့အရောင် အရွှယ်အစားမရှိပါဘူး..လို့ဘဲ
ဖြေလိုက်ပါတယ်။(ဟီး..သူကရိုင်းတာကိုး..အနောက်နိုင်ငံကလူဆိုရင် နားလည်ပေးနိုင်ပေမဲ့ အရှေ့တိုင်း သူတွေ လုပ်ပြီးဒီလိုခြေထောက်နဲ့ သုံးတာကိုတော့ လုံးဝခွှင့်မလွှတ်နိုင်ပါဘူးရှင်) ကလေးလေးကနားလည်
တယ်နဲ့တူတယ်။မျက်နှာပေးပြောပုံကသိသာတာကြီးကို စိတ်လည်းမကောင်းပါဘူး..ကလေးကြီးလာရင် ယဉ်ကျေးသိမ်မွေ့မူ့ဆိုတာ ဘာလဲဟင်..လို့သူ့အမေကိုပြန်မေးရမယ်နဲ့တူတယ်..။


နောက်ထပ်အတွေ့အကြုံထဲမှာတော့ လာတီးနို လို့ခေါ်တဲ့ စပိန်စကားပြောလက်တင်အမေရိကနိုင်ငံကလူ
တွေပေါ့။ ခလေးမလေးကို လက်တွန်းလှန်းပေါ်တင်ပြီးတွန်းလာပေမဲ့၊ သူကသိပ်အငယ်ကြီးမဟုတ်ပါဘူး..။
မူလတန်းကျောင်းသူကြီးအဆင့်လောက်တော့ ရှိလောက်တယ်။ မေ့မေ့အသည်းလေးက စင်ဒရဲလားဖိနပ်
ပြိုးပြိုးပြက်ပြက်လိုးလိုးလက်လက်လေးရချင်တာတဲ့..။ မီးလေးတွေလင်းနေရမယ် စီးကွင့်လည်းပါရမယ် တဲ့။
ဈေးဝယ်လက်တွန်းလှည်းပေါ်ကလည်းမဆင်းချင်ဘူး။ ရှိသမျှဗူးတွေ ဖွင့်ပြီး ဆွေမျိုးတသိုက်လုံး ရွာလုံး ကျွတ် အဖေအမေသာမက ဦးဦးဒေါ်ဒေါ်ကိုကိုမမ ရှော့ပင်းထွက်လာကြတယ်ဆိုတော့။ တယောက်ကို တမျိုးစီသွားရွှေးကြပြီး ဝိုင်းစွပ်ပေးကြတာပေါ့..သူတို့စကားတွေအော်ဟစ်ပြောဆိုနေလိုက်တာ ကျွှတ်ကျွတ်
ညံလို့ပေါ့။ ပြီး ၄၅ မိနစ်လောက်အချိန်ကုန်ပြီးသကာလမှာတော့ ဈေးချထားတဲ့ ခပ်ပေါပေါရိုးရိုးလေးတရံပိုက်
လို့အောင်မြင်စွာထွက်ခွါသွားကြပါတယ်။ သူတို့ဖွထားတဲ့ ကြမ်းပြင်မှာတော့ အရံပေါင်း ၁ဝ ထက်မနည်းပြန့်
ကြဲနေတာပေါ့..ဘယ်ဗူးက ဘာဖိနပ်တွေပြန်ထဲ့ရမှန်းတောင်မသိပါဘူး ငါတော့ သူတို့ကို အရမ်းစိတ်ပျက် တာဘဲတဲ့..ပြန်သိမ်းရတဲ့ ကျမလုပ်ဖော်ကိုင်ဖက်ကပြောပါတယ်။ သူကအမြဲဓါတ်ပုံတွေ ရိုက်ထားလေ့ရှိ တယ်။ စည်းကမ်းမရှိတဲ့နေရာမှာတော့ လာတီးနိုတွေတကယ်ဘဲ စိတ်ပျက်စရာကောင်းပါတယ်။



ဒီလို အားလုံးမဟုတ်ပါဘူးလေ။ တချို့တွေကြတော့ ချစ်စရာကောင်းလိုက်တာ...။ ဗြိတိသျှအသံဝဲဝဲလေးနဲ့
ကောင်လေးတယောက်က သူ့အမဒေါက်မြင့်ဝယ်လို့ သူလည်းဒေါက်မြင့်ဘဲ စီးချင်လို့ ငိုနေတာ..အရမ်းရီ
ရတာဘဲ။ အမွှာကောင်လေး ၂ယောက် ၄နှစ်ပတ်ဝန်းကျင်လောက်ရှိမယ်ထင်တယ်။ ကလေးကစားစရာ
တခုစီကိုင်ပြီး ကိုယ့်နားကပ်လို့ စကားလာပြောတယ်။ ပြောတာလည်း." ရှိရှိ ရှရှ"ဒီလို အသံထွက်တာလေ
Hebrew ဘာသာ Arabic စကား ဂျူးဘာသာဆိုပါတော့ ကျမကဒီလိုဘဲနားလည်ထားတယ်။ သူတို့ပတ်ဝန်း
ကျင်ကြည့်တော့လည်း ဘယ်လူကြီးမှမရှိဘူး။ အကြာကြီး အမေအဖေပျောက်နေတာလေ..။ ကျမခလေး ၂ယောက်နဲ့ ဒုက္ခရောက်သွားတယ်။ သူတို့ပြောတာလည်း ကိုယ်ကမသိ အင်္ဂလိတ်စကားလည်း သူတို့နား
မလည်။ အနားက အလုပ်ထဲက ဖီလစ်ပိုင်မလေးကလည်းတမှောင့် စပိန်စကားပြောတတ်တဲ့သူသွားရှာမယ်
ဆိုဘဲ..ရုပ်ရည်ကြည့်ပြီးမခွဲခြားတတ်ကြဘူး..။ နောက် Security ခေါ်ပြီး ဟိုရှာဒီရှာနဲ့ ၁၅မိနစ်လောက်မှ သူ
တို့အမေ အိမ်သာထဲကနေထွက်လာတယ်..အမလေး...ခေါင်းပေါင်းထားတဲ့ အာရပ်အဖွားကြီး..ကျမတော့
ပြောလိုက်တယ် ဘာဖြစ်လို့ခလေးကို အထဲခေါ်မသွားတာလဲ..ဒီအမေရိကားမှာ ခလေးပျောက်တာက ထိပ်ဆုံးဘဲ အရမ်းကြောက်စရာကောင်းတာ..ဘာညာပေါ့..။ တချို့လည်းတအားယဉ်ကျေးကြတယ်။

အဖေတယောက်ကိုမြင်ဖူးတယ်။ သားကိုဆုံးမနေတာ ခလေးကအရုပ်လိုချင်လို့အော်ငိုတာ။ သူက ကျကျနန
ထိုင်ခိုင်းပြီးသေသေချာချာပြောတာ အခုလာတာ အရုပ်ဝယ်ဖို့မဟုတ်ဘူး ဖိနပ်နဲ့ လွယ်အိပ် ဝယ်ဖို့လာတာ။
သိတယ်မဟုတ်လား နားလည်လား..။ ဘလားဘလားပေါ့..။လိုအပ်တာဘဲဝယ်ရမယ်လေ..ဆိုဘဲ။ခလေးကို
ပြောနေတာ သူနားလည်လာပြီး သားအရုပ်မလိုချင်တော့ပါဘူး..ဆိုတဲ့အထိ ပြောနေတာ..။တကယ်စံပါဘဲ။
တော်တယ်။ အမေ့ကို ပူဆာပြီးမရလို့ အော်ငိုတဲ့သမီးငယ်လေးကို အမေက relax..deep breath.. ok..
တဲ့..next time..တဲ့။ ဟိုကလည်း..ဟုတ်ကဲ့..တဲ့။ သားသမီးကိုသေသေချာချာပြန်ပြောဆိုဆုံးမတာတွေက
များသောအားဖြင့် အဖြူတွေများတယ်။ ခုတလော ဈေးဝယ်လာတဲ့ မိသားစုတွေထဲမှာ ပုံစံဆောင့် ကြွားကြွား နဲ့ထောင့်မကျိုးအချိုးမပြေတဲ့ မိသားစုတွေကိုကြည့်လိုက်ရင် အမေရိကန်ဆန်ချင်နေတဲ့ ကိုယ်တို့အာရှတွေ လာတီးနိုတွေဖြစ်နေတာ ထူးဆန်းစွာနဲ့သတိထားမိတယ်..။ 


ဥယျာဉ်မူးဖြစ်လာရင် ကောင်းကောင်းပြုစုပျိုးထောင်ပေးမှ ကိုယ့်ခြံထဲက ပန်းတွေအစွမ်းကုန်ဖူးပွင့်ဝေဆာပြီး
ကိုယ်လည်းဝမ်းသာကြည်နူးပီတိဖြာနိုင်မှာလေ..။ကျမတော့ ဥယျာဉ်မူးကောင်းတွေလက်ထဲက လှပတဲ့
ပန်းပွင့်လေးတွေဘဲမြင်ချင်ပါတယ်။


အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး

(ဓါတ်ပုံတွေက ကျမလုပ်ဖော်ကိုင်ဖက် သူစိတ်ပျက်လက်ပျက်နဲ့မှတ်တမ်းတင်ထားတာပါတဲ့)

6 comments:

  1. Facebook မှာဆိုရင်တော့ Like လုပ်မိမှာ အမှန်။

    ReplyDelete
    Replies
    1. ခုလည်း Likeတခုရပြီလေ..ဟီး
      ကျေးကျေးနော်..အပြုံးပန်းလေးရေ..
      Facebook မှာတော့ရေးဘူး၊
      လူတွေရူပ်ပြီးခေါင်းတွေနောက်လို့၊
      နံမည်မပါဓါတ်ပုံမရှိလူတွေကိုလည်း
      request လက်မခံဖြစ်ဘူး၊
      သူငယ်ချင်းအပေါင်းအသင်းတွေ
      ဆွေမျိုးသားချင်းတွေနဲ့၊
      ပျော်ပျော်ပါးပါးစနောက်လိုက်၊
      ပျော်စရာတခုအဖြစ်ဘဲထားချင်ပါတယ်လေ..။

      Delete
  2. အဖြူ အစစ်တွေ က လက်လံပါတယ် ဆုံးမတယ်နေရာမှာ ကိုယ့်တွေ တော့ အိမ် က ၂နှစ်ခွဲလေး ကိုတောင်မနဲ နိုင်အောင်ရှင်းပြနေရတယ် စိတ်ရည်ပါဘူး တီမီးရယ် သူ့ ကလဲ လိုချင်တာမ၇ရင် မလုပ်၇ရင် အာပြဲပြီး ငိုပါရောဗျာ..စိတ်ပိန်

    ReplyDelete
    Replies
    1. ကိုယ်တို့တွေကကလေးမငိုရင်ပြီးရော..
      ဆိုပြီးအလိုလိုက်တတ်တယ်လေ..။
      ဒါပေမဲ့ လိုချင်တာရအောင်၊
      မာယာရော ဘာညာ မျိုးစုံကို
      လုပ်တတ်တဲ့အတတ်ပညာတွေကိုတော့၊
      ခလေးက ငယ်ကတဲကနားလည်၊
      သဘောပေါက်သွားခဲ့ပြီလေ။
      ဒီလိုတွေကိုသူတို့ကသိပ်တွက်ချက်၊
      ပြီးခလေးတွေကိုပြောဆိုဆုံးမကြတာဘဲ။
      ခလေးမမွေးခင်ကတဲကဘယ်လိုသွန်သင်ဆုံးမ၊
      ထိန်းကျောင်းရမလဲဆိုတဲ့သင်တန်းတွေ၊
      စာအုပ်အတမ်းတွေမှအများကြီး..
      ဟီး..ဟိုးတလောက အမိုက်ပုံနားမှာ၊
      ခလေးနဲ့ပတ်သက်တဲ့စာအုပ်တွေ၊
      တပုံးလုံးလာပစ်ထားတာ၊
      ကောက်ပြီးဖတ်နေတာ...^_^

      Delete
  3. ဟင်ပစ္စည်းတွေလုပ်ထားခဲ့တာလဲပွစိတွေကိုကြဲလို့..စိတ်ပျက်စရာ..
    တီတီမီးငယ်ပြောသလိုပဲ. ဟိုမရောက်ဒီမရောက်တွေကပိုဆိုးတယ်ဆိုတာတော့တကယ်..
    ကလေးတွေနဲ့အလုပ်လုပ်နေရတဲ့သူမို့..အထူးသဖြင့်ဟိုမရောက်ဒီမရောက်မိဘတွေရဲ့သားသမီးတွေဆိုတော့ မှတ်သားစရာလေးတစ်ခုတော့ရသွားပါတယ် :P

    ReplyDelete
    Replies
    1. ခလေးကိုဖိနပ်ခိုးပြီးပေးတဲ့မိဘတွေလည်း
      ရှိသေးတယ်။
      မဝယ်ဘဲခိုးတာလေ..၊
      ခလေးစီးလာတဲ့အဟောင်းကိုထားခဲ့ပြီး၊
      အသစ်ကောက်စွပ်သွားတာမျိုးပေါ့၊
      စောရအတတ်တွေသင်ပေးတာ..
      ကြောချမ်းစရာပါဘဲ..း))

      Delete