Saturday, November 9, 2013

USအရှေ့ ဖက်ခြမ်းကဒုတိယအကြီးဆုံးမြို့ Philly


မင်္ဂလာပါရှင်~~~

မနက်ထတော့ရာသီဥတုသာသာယာယာရှိလာပြီ။ ကဲ..ဒီနေ့ Tour စလိုက်ရအောင်လားရှင်...။

  
မနက်စာကိုWaWa နဲ့ ဘဲငြိမ်းချမ်းလိုက်ရတာပေါ့။ WaWa  ဆိုတဲ့ဆိုင်လေးဟာ
Pennsylvania, New Jersey, Delaware, Maryland, Virginia, and Florida
ဆိုတဲ့ပြည်နယ်တွေမှာဘဲရှိသေးတာပါ..။ ကျမ အရင်လောင်းအိုင်းလိုင်းမှာနေတုံးက နယူး ဂျာစီ
ဖက်လာလို့ ဟော်တယ်မှာတည်းတုံးက ဟော်တယ်အရှေ့ ဖက်မှာ ဓါတ်ဆီဆိုင်နဲ့ တွဲဖွင့်ထားတာ

တခါသွားဝယ်ဖူးတယ်..။ပုံစံက 7/11လိုပါဘဲ ဒါပေမဲ့ သူ့ ထက်ထက်အပုံကြီးသာတဲ့ဆိုင်ပါ..။
ဒီက 7/11 ဆိုရင် အလုပ်သမားတွေအားလုံးဟာ ကိုအာချားဟဲတွေချည်းပါဘဲ..ဟီး


  
 
ကော်ဖီတွေဆို ပုံစံအမျိုးစုံနဲ့ ရတယ်။ မုန့် တွေမှာရင်လည်းအော်ဟစ်မှာစရာမလိုဘူး.။ ရှေ့ မှာရှိတဲ့
မော်နီတာမှာ လက်ညိုးနဲ့ တို့ ပြီး ကိုယ်လိုချင်တဲ့ဟာတွေရွှေးပြီးမှာလိုက်ယုံဘဲ..။ စလစ်လေး ထွက်လာမှကောင်တာမှာပိုက်ဆံပေးပြီးခဏစောင့်နေ ကိုယ့်နံပါတ်ခေါ်ရင် ယူလိုက်ပြီး ပူပူနွေးနွေး
လေးစားလို့ ကောင်းမှကောင်းပေါ့ရှင်..။ သူတို့ ရဲ့ Head quarter က Philadelphia မှာတဲ့...

သိပ်ပြီးချေးမများဘူးဆိုရင် မနက်စာနေ့ လည်စာဒီမှာတင်ကိစ္စပြတ်ပါတယ်...


 
ဒီနေ့ တော့ ဘတ်စ်ကားလက်မှတ်ပါတဲ့ City Pass ဖြတ်ထားပြီးသားလေ၊ကားကလည်း ၉း၃၀ မှထွက်တာ။
စထွက်တာကတော့မြို့ လယ်ခေါင်မှာပါ။ တကယ်ဆိုရင် ဟိုစားစရာတွေရောင်းတဲ့ဈေးမှာစားသောက်ပြီး
အဲနားကနေကားစစီးရင်တော့ အကောင်းဆုံးပါဘဲ။ ကျမတို့ ကတော့ ဟိုတယ်နဲ့ နီးတဲ့
Museum of Art
ကနေစောင့်စီးတာပါ..။ ခပ်ကောင်းကောင်းဘဲ... မနက်စောစော သူများတွေ လေ့ကျင့်ခန်းတွေလုပ်ကြတာ
မြင်ရတာပေါ့..။အားကျစရာကြီးဘဲ။ ပိန်ပိန်လေးတွေနဲ့ လှလိုက်ကြတာ။
 
ဒီ Museum of Art အဆောက်အဦရဲ့ ပတ်ဝန်းကျင်ကပန်းခြံထဲမှာနံမည်ကျော်ရုပ်ထုတခုကတော့ 
ကို Rocky Balboa စတားလုံးကြီးပေါ့...။ သူ့ ရှပ်ရုင်စီးရီးကြီးက ၁၉၇၅-၁၉၇၆ လောက်ကစပြီး ၂ဝဝ၆ အထိ
၆ ကားလောက်ရှိခဲ့တယ်လေ..။ သူ့ ရှပ်ရုင်ထဲမှာမြင်ဖူးကြမှာပေါ့..လှေခါးထစ်ပေါ်ပြေးတက်ပြီးလေ့ကျင့် တာလေ..။ အဲဒါဒီနေရာမှာပေါ့ရှင်...။ ကိုယ်လည်းအားကျမခံ...ဟား...ငါကွ..ပုကွကွ..မယ်ငီးဟေ့..လို့ 
အော်ဟစ်ဓါတ်ပုံရှိက်ခဲ့ပါတယ်.. ^_^ 
ကဲပါလေ..အထဲတော့မဝင်ပါတော့နဲ့ အဝင်ဝကရုပ်ထုနဲ့ ဘဲကျေနပ်လိုက်ပါတော့နော်...။ City Pass
ကနေရာ ၄ခုရဲ့ ဝင်ခွင့်နဲ့ ဘတ်စ်ကားTour ပါတယ်လေ..။ရွှေးချယ်စရာလည်းပါတယ်..။ ဒါပေမဲ့
ကျမတို့ ရွှေးခဲ့တဲ့
Adventure Aquarium  ကရာသီဥတုဆိုးဝါးလို့ မဖွင့်ဘူးတဲ့.. ဟွန့် ..ပိုက်ဆံနှမျောထှာ..
 
အားကစားလာကစားတဲ့သူတယောက် သူ့ စက်ဘီးကိုသော့ခတ်သိမ်းတာအရမ်းမိုက်တယ်။
ရှေ့ ဘီးကိုဖြုတ်ပြီး နောက်ဘီးနဲ့ ပူးချည်ထားတယ်လေ.. :P
 ကိုင်း..ကားပေါ်ရောက်ပြီ..ဂိုက်ကပြောချင်ရာပြောမယ်..ကျမကလည်းတွေ့ ကရာရိုက်ပါတော့မယ်လေ...
city hall ကြီးကတော့ပြင်ဆင်နေတာပါဘဲ..အမြင့်ပေပေါင်း ၅၄၈ အပေါ်မှာရှိတဲ့ရုပ်တု
ကမြင်ရတာသေးသေးလို့ ထင်ပေမဲ့ တကယ်တန်းကျတော့ အကြီးကြီးရယ်...
ရုပ်ထုကလူကြီးကတော့ မြို့ ကိုစတင်တည်ထောင်တဲ့သူတယောက်ပါ..။ William Penn တဲ့..။

                                                                                          
တချိန်ကတော့   ၁၉ဝ၁-၁၉ဝ၈ ပတ်ဝန်းကျင်မှာပေါ့ကမ္ဘာ့ အမြင့်ဆုံးအဆောက်အဦ စာရင်းဝင် ခဲ့ပါသေးတယ်တဲ့..။

အမြင့်ကြီးပေါ်မှာဘယ်လိုလုပ် ပြီး ဒီလိုရုပ်ထုတွေသွားတပ်ထားကြပါလိမ့်...လက်ရာမြောက်ပါတယ်..။
 

ကဲ..ကျမပြောခဲ့တဲ့အတိုင်းပါဘဲ..ဂိုက်ပြောတာမကြားတချက်ကြားတချက်..သူ လက်ညိုးညွှန်ရာ ဓါတ်ပုံ
ရိုက်ခဲ့ပေမဲ့ဘာမှန်းသေသေချာချာသိခဲ့ဘူး..အော်..သမိုင်းဝင်တဲ့အဆောက်အဦးလို့ ဘဲ မှတ်ပါရှင်.. ဟီး




ကျမတော့သစ်ပင်လှနေတာဘဲ..အာရုံကစိုက်ခဲ့တယ်...


သူတို့ ရဲ့ နံရံပေါ်ကပန်းချီလက်ရာလေးတွေလှတယ်..

ဒါကတော့ ဘာမှမဟုတ်ပါဘူး...အပေါ်ကမီးကြိုးတွေပေါ်မှာ ဒီလိုဖိနပ်ပစ်တင်ထားတာ နယူးယောက်က
NY Time သတင်းစာတိုက်ရှေ့ မှာလည်းတခါတွေ့ လို့ ရိုက်ဖူးသေးတယ်။

ကျမတို့ ကAdventure Aquarium ကိုသွားမလို့ ..
လမ်းတလျောက်လုံးတကယ်လှပသာယာလိုက်တာ...
သူတို့ အဝေးပြေးလမ်းမကြီးကမြို့ လယ်ခေါင်မှာရှိပေမဲ့ အောက်ကနေဖေါက်ထားတာ...
လမ်းဟိုဖက်ဒီဖက်ဖြတ်တဲ့နေရာပေါ်မှာပန်းခြံတွေလုပ်ထားတာတွေ့ ရတယ်..

ဒီတော့ မြို့ ကိုတွေ့ ရတာ အဝေးပြေးလမ်းတွေနဲ့ ပင့်ကူကွန်ယက်လိုမျိုး ရှုပ်မနေဘူးပေါ့။

ကဲ...ရာသီဥတုဆိုးလို့ (လေအရမ်းတိုက်တာပါ)ကျမတို့ ကဟိုဖက်ကမ်းကိုလှေစီးပြီးသွားရမယ်လေ..
လှေမရှိဘူးတဲ့.. :(((

ဟိုးရှေ့ က မြင်ရတဲ့အဆောက်အဦတွေဖက်ကိုသွားရမှာလေ...
နောက်ဘတ်စ်ကားပြန်စောင့်စီးပြီး Liberty Bell ကြည့်ဖို့ ပြန်လာရတာပေါ့..။
လူတွေအများကြီးတန်းစီ....
 
တရုတ်ကလူတွေလည်း ရှေ့ မှာ ဘာဘာညာညာတွေပြလို့ ၊သူတို့ တိုင်းပြည်မှာဘယ်လိုနှိပ်စက်တာတွေနဲ့ 
စိတ်တည်ငြိမ်အောင် ယောကကျင့်နည်းတွေ မျှနေတာလည်းတွေ့ ခဲ့ရတယ်..။

နောက်ထပ်အများကြီးရှိပါသေးတယ်လေ
ဆြာမကြီး မယ်ငီး လေစိမ်းတွေမိလို့ (လေကျက်အေးကလည်းမတိုက်ဘူးလေနော်)
နှာတရှုံ့ တရှုံ့ နဲ့ ရေးရတာ သိပ်ဖီလင်မလာဘူးဖြစ်နေတယ်...
ဒီနေ့ အတွက်ကို အခန်းဆက်လေးထားပါရစေရှင်....

အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေရှင်~~~
မီးမီး

12 comments:

  1. လှမှလှ။ နံရံပန်းချီတွေလဲ လှလိုက်တာ။
    သူတို.ဆီမှာလည်း မြင်းလှည်းရှိတယ်နော်

    ReplyDelete
    Replies
    1. မြင်းလှည်းကအများအားဖြင့်
      ခရီးသွားဧည့်သည်တွေစီးကြတာများတယ်။
      နံရံပန်းချီကားက မြို့ ပြင်ဖက်က
      apartment တခုမှာတွေ့ မိသေးတယ်..
      အတန်းလိုက်..စီပြီးဆွဲထားတာလှလိုက်တာ..

      Delete
  2. လှတယ်မမီး သစ်ရွက်တွေနီနီဝါဝါနဲ့
    လေတိုက်ရင် ရှိရင်းစွဲအပူချိန်ထက် ၁၀ လောက်ပိုအေးသွားသလို ခံစားရတယ်

    ReplyDelete
    Replies
    1. အဲဒီမြို့ ကိုတော်တော်ကြိုက်သွားပြီ..
      သန့် ရှင်းတာကတော့ နယူးယောက်ထက်အများကြီး
      သာတယ်။ဒါပေမဲ့ အိမ်ခြေယာမဲ့တွေများသလိုဘဲ..

      Delete
  3. ကျေးဇူးပါမီးမီးရေ။
    အမြဲလိုက်လည်မယ်နော်။
    သစ်ပင်တွေကအရမ်းလှတာဘဲ။
    မီးမီးနားတုန်းကိုယ်လည်းနားလိုက်အုန်းမယ်။ အဟဲ..
    အိုင်အိုရာ

    ReplyDelete
    Replies
    1. အဟဲ..မအိုင်အိုရာအတွက်ရည်ရွှယ်ပြီးရိုက်လာတာရှိသေးတယ်
      သိလား...သစ်ပင်သစ်ရွက်လေးတွေချစ်တယ်ဆိုလို့ ...
      မနက်ဖန်ညဆိုနှင်းစကျတော့မယ်တဲ့..
      လေတိုက်လို့ အရွက်တွေလည်းပြောင်ကုန်ပြီ..

      Delete
  4. နိုင်အာဂရာရေတံခွန်သွားတုန်းက လမ်းတလျှောက် အဲဒီ wawa နဲ့ ပဲ နှစ်ပါးသွားရတာ..ကော်ဖီသောက်လို့ ကောင်းသားပဲ..သစ်ပင်တွေ၊ နံရံပေါ်က ပန်းချီကားတွေ၊ ရှေးဟောင်းလက်ရာတွေနဲ့  တကယ်လှတာပဲ...Liberty Bell ဓာတ်ပုံ မတင်ဘူးလား...နှာတရှုံ့ ရှုံ့  ဖြစ်နေတဲ့ မမီး အမြန်ဆုံးသက်သာပြီး နောက်အပိုင်းတွေ တဂျိမ်းဂျိမ်း တင်နိုင်ပါစေ...မျှော်နေတယ်နော်..း)

    ReplyDelete
    Replies
    1. ဟုတ်လား...သူတော့ကော်ဖီကို
      စက်ထဲကမှာသောက်တာဘဲတွေ့ တာ
      ကျုပ်တို့ ကသစ်သီးလောက်ဘဲစားတတ်တာလေ..
      Liberty Bell မရောက်ခင်ခဏရပ်လိုက်ရတယ်၊
      နှာရည်ယိုပွဲတပို့ တွဲ..အဲ..ဟုတ်ဘူး..
      လေတိုက်ရင်..တချိန်လုံးဘဲ..
      လှတယ်စန်းထွန်းလေးရေ..သွားဖြစ်အောင်သွား..
      လူယောက်လာကော်မန့် ပေးထားတာက
      ဗမာစားသောက်ဆိုင်လည်းရှိတယ်တဲ့.
      ကိုယ်တို့ မသိလိုက်ဘူး..လေ

      Delete
  5. အမြဲတမ်း စောင့်ဖတ်ဖြစ်တဲ့ ဘလော့ဂ်ပါ
    စာဖတ်သူကို ကိုယ်တိုင်ခေါ်သွားသလိုမျိုးထိ ဆွဲဆောင်နိုင်လို့ .. :)

    နံရံပန်းချီတွေ လှလိုက်တာဗျာ
    အဲလိုနေရာမျိုးမှာ ကင်မရာတစ်လုံးနဲ့ လျောက်လည်ရရင် သိပ်ကျေနပ်ဖို့ကောင်းမယ်။

    ReplyDelete
    Replies
    1. အားပေးတာ..ကျေးဇူးတင်ပါတယ်..
      ကင်မရာတလုံးနဲ့ လျောက်သွားကြတဲ့
      သူတွေများလွန်းလို့ ..
      နေရာကောင်းရအောင်လုရိုက်ရတယ်..ဟဟ..
ွှဲဒါလေ..ဘယ်နေရာမဆိုဘဲသိလား..:P

      Delete
  6. အမ,
    နောက် တစ်ခါသွားရင် DUCK Tour စီးကြည့်။ ကားက နှစ်မျိုး မောင်းလို့  ရအောင် လုပ်ထားတာ။ ကုန်းပေါ်မောင်းရင်း တစ်နေရာ ရောက်တော့ ရေထဲဆင်း မောင်းသွားရော။ View နှစ်ခု ကြည့်ရတယ်။

    http://philadelphia.ridetheducks.com/

    ReplyDelete
    Replies
    1. တွေ့ ခဲ့တယ်..ကိုယ်လေ..
      သူ့ ကိုပြောနေတာ..သူကမသိလို့ တဲ့
      အွန်လိုင်းမှာပေါ်တာဘဲမှာလိုက်တာတဲ့..
      Adventure Aquarium ဝင်ဖို့ လက်မှတ်ကရက်ကျန်သေးတာ
      ထပ်သွားဖို့ တော့ချိန်နေဆနေတုံး..

      Delete