Tuesday, November 12, 2013
Philly က Liberty Bell နဲ့ လည်ပတ်စရာနေရာများ
မင်္ဂလာပါရှင်~~~
ဖီလာဒဲဖီးယားမှာနံမည်ကျော်ကြားဆုံးနေရာတခုကတော့ အက်ကွဲနေတဲ့  Liberty Bell တခုပါဘဲရှင်။ ဒီကွဲနေတဲ့ခေါင်းလောင်းက အမေရိကားလွတ်လပ်ရေးသမိုင်းနဲ့ အတူသမိုင်းဝင်တဲ့ခေါင်းလောင်းတခုပါ။
လန်ဒန်ကနေသွန်းထုပြုလုပ်ပြီး ယူခဲ့တာပါ။ဖီလာဒဲဖီးယားကိုရောက်ပြီး စမ်းသပ်တီးကြည့်တဲ့အချိန်မှာ
စပြီးကွဲသွားတာပါတဲ့..။သူတို့ လွတ်လပ်ရေးကြောငြာစတမ်းဖတ်တဲ့အချိန်
July 8, 1776 မှာ တီးဖို့ ရည်ရွှယ်ခဲ့ပေမဲ့၊ ဒီခေါင်းလောင်းကြီးကနေမတီးခဲ့နိုင်ဘဲနဲ့ တခြားခေါင်းလောင်းကနေတီးခဲ့ရ
တယ်လို့ လည်းပြောတယ်။၂ခါတောင်ပြန်ပြင်ခဲ့ရတဲ့ခေါင်းလောင်းမျက်နှာစာမှာတော့ John Pass and John Stow ဆိုတဲ့ခေါင်းလောင်းကိုပြန်ပြင်ပေးသူ အမေရိကန်ပုဂ္ဂိုလ်၂ဦးရဲ့ နောက်ဆုံးနံမည်ရေးထိုးထားတာတွေ့ ရ ပါလိမ့်မယ်။ ခေါင်းလောင်းကြီးနဲ့ ပတ်သက်ပြီး အမျိုးမျိုးကွဲပြားခြားနားတဲ့မှတ်တမ်း
တွေရှိတယ်..။
(ကိုယ်တို့ ဆီကိုခေါင်းလောင်းလာမှာရင် ဒီလိုကွဲတာနဲ့ ကြုံရမှာမဟုတ်ဘူးနော် ..အဟဲ)
 ခေါင်းလောင်းက တန်ချိန် ၂ဝဂဝ ပေါင်ရှိပါတယ်တဲ့..။
 ကိုယ်တော့ အဝင်ဝမှာတွေ့ တဲ့လူမည်းနဲ့ လူနီ သူတို့ ရဲ့ ဓါတ်ပုံကိုသဘောကျခဲ့တယ်..။
ဖီလာဒဲဖီးယားကကျွန်စနစ်ဆန့် ကျင်တဲ့အဖွဲ့ ...တဲ့။
နောက်တခုက ဒီခေါင်းလောင်းကိုကြည့်ဖို့ ဝင်ကြေးမပေးရပါဘူး..ကျန်တဲ့ဟာတွေကတော့ ဝင်ကြေးနဲ့ ပါ။
ကဲပါလေ..ခေါင်းလောင်းနားမှာတိုးမပေါက်လူများနေတယ်... နံမည်ကြီး ဒလိုင်းလားမားဘုန်းကြီးနဲ့ 
မင်ဒဲလားတို့ နားကပ်ရပ်ပြီး ဒီခေါင်းလောင်းနား မယ်မီးရောက်လာတဲ့အကြောင်း မှတ်တမ်းတင်ထားမှ @_@
နောက်တခုက..အခန်းထဲကနေလှမ်းတွေ့ လိုက်တာ..ဖေဖေကြီးတယောက် ခလေးငယ်လေးကိုရင်ခွင်ပိုက်ချီ
ထားတာသဘောကျလို့ ..အဲဒီနေ့ မှာ အမေမပါဘဲ ခလေးထိန်းနေတဲ့ အဖေကြီးအများကြီးဘဲတွေ့ ခဲ့တယ်။
single father ..single mother တို့ ဆိုတာ ဒီမှာပေါမှပေါဗျို့ ...
မင်္ဂလာဆောင်စုံတွဲတတွဲ National Park ထဲဓါတ်ပုံလာရှိုက်တာ...ဒါနဲ့ ပြောရရင်တော့ အဲဒီနေ့ မှာထူးထူးဆန်းဆန်း မင်္ဂလာစုံတွဲ ၆ စုံတွေ့ ခဲ့တယ်။ ၂စုံက လိင်တူတွေပါ...။ သူတို့ တွေပျော်နေလိုက်ကြတာ...
ကြားဖြတ်ဓါတ်ပုံလေးပြမယ်နော်...ဟီး.. ခင်စပ်စုနဲ့ တွေ့ တော့ အွန်လိုင်းပေါ်ရောက်ကုန်တာပေါ့..ဆို..
ဒါကပြေးလာကြတာ..နောက်ကျနေတာလားဘာလားမသိ...ကားပေါ်ကနေရိုက်မိတာ.. 
ဒီပုံကိုတော့အရမ်းသဘောကျတယ်..အိုက်တင်ပေးတဲ့သူရော၊ဓါတ်ပုံဆရာရော..တကယ်ချီးကျုးပါတယ်..။
သူတို့ နေရာယူတာလမ်းဆုံခွမှာ..နောက်ခံကလမ်းမတန်းနဲ့ ပန်းခြံ တည့်တည့်အရှည်ကြီးပေါ့..
သူတို့ ကတော့ Limousine ကြီးစီးပြီး အနုပညာပြတိုက်မှာလာရိုက်တာ..
 ဒီ၂ယောက်ကတော့ လမ်းလျောက်လိုက်တယောက်နဲ့ တယောက်kiss လိုက်နဲ့ ..ဟူးး.. :P
ဘယ်သူကကိုကို ဘယ်သူကမမလုပ်မယ်..ဆိုတာတော့..မယ်ငီးလည်းခွဲခြားတတ်ဘူး
သူတို့ ကျတော့ သတို့ သားအရံ ခေါ်မလားအများကြီး..ဘဲ..အုပ်စုလိုက်နဲ့ ..ပျော်နေကြတာ..
နောက်တနေရာကတော့ Constitution center ကိုသွားတာပါ။ကပ်ရပ်တွေချည်းပါဘဲလှည့်ပတ်သွားယုံပေါ့။
သူကတော့ဝင်ကြေးရှိပါတယ်
အဝင်ဝမှာကင်းထောက်လူငယ်လေးတွေအလံတင်နေကြတာတွေ့ လို့ ..ချစ်စရာ အေပေးလေးတွေ..
အထဲမှာသူတို့ တွေချည်းဘဲ ဆူညံနေတာဘဲ ပြေးလွှားလို့ ကိုယ့်ကိုဝင်ဝင်တိုက်သွားကြတယ်လေ.
ပြတိုက်၊ပြခန်းတို့ ထုံးစံ အဝင်မှာတော့ကျယ်ကျယ်ပြန့် ပြန့် နဲ့ ခမ်းနားနေတာပေါ့
 အပေါ်ထပ်တက်ရင်ထိပ်ဆုံးအခန်းကကြေးရုပ်လူသားတွေချည်းပါဘဲ..ဟီး
လူသားတယောက်လည်းရုပ်ထုတွေကြားထဲကပ်ပါသွားပါတယ်..သူလည်းဝင်ဆွေးနွေးခဲ့တယ်ဆိုလား..ဟီး
 ကင်းထောက်လူငယ်လေးတွေအတွက် လက်တည့်စမ်းစရာစိတ်ဝင်စားစရာတွေအများကြီးရှိတယ်။
ပြောရင်းနဲ့ မေ့နေတာ..ဒီလိုလက်မှတ်ဝယ်ထားတာပါ။ ရောက်တဲ့နေရာမှာဆိုင်ရာလက်မှတ်ဆုပ်ပေးလိုက်၊
ကိုယ့်ကိုလက်ပတ်လေးပတ်ပေးလိုက်နဲ့ ပေါ့..။
Freedom rising  ဆိုတဲ့လက်မှတ်ကိုတော့ ပုံမှာမြင်တဲ့အတိုင်း ၃၆ဝဒီဂရီပတ်လည် Theater
မှာဝင်ကြည့်ဖို့ ပါတကယ်ဆိုရင်တော့နားထောင်တာပါ..
“We the People.”
ဆိုတဲ့ခေါင်းစဉ်နဲ့ 
အမျိုးသမီးတယောက်က အမေရိက
လွတ်လပ်ရေး ဘယ်လို စတင်ပေါ်ပေါက်လာပြီး တိုင်းပြည်ရဲ့ ပြည်တွင်းစစ်တွေ ကျွန်စနစ်တွေနောက်ဆုံးဘယ်လိုဒီမိုကရေစီရယူခဲ့ကြပုံကိုပြောပြတာပါ..။
သိထားဖို့ ကအရေးကြီးဆုံးပါဘဲလေ
ပြီးမှနောက်ဆုံးသူကပြန်မေးလိုက်ပါသေးတယ်..ရှေးကလူတွေ
တိုက်ပွဲဝင်ပြီးရလာပြီ..
ဆက်လက်ထိန်းသိမ်းဆောင်ရွက်ဖို့ ကမင်းတို့ ကျမတို့ ရှင်တို့ တာဝန်ဘဲ 
မဟုတ်လားတဲ့..ကဲ..သူမေးပြီ......
#ဒီကလည်းဖြေချင်ပါတယ်လေ....# 
ကိုယ့်တို့ ဆီမှာတော့ဟိုကပိတ်ဒီကဖာနဲ့ ဘယ်ကနေဘယ်လိုဆုံးရှုံးသွားသလဲဆိုတာ
ခုထိသူ့ ကြောင့်၊မင်းကြောင့်ဟိုလူလက်ညိုးထိုးအပစ်ပုံချကြတုံး...သမိုင်းကိုပြင်ပြီးသင်ကြားတာခံ
ခဲ့ရတုံး..အစိုးရအဖွဲ့ ထဲပါရင်ကမ္ဘာကျော်သူဋ္ဌေးတွေဖြစ်ကုန်လို့  လိုက်တုပြီး မယ်ငီးလည်း အစိုးရခဏလောက်ဖြစ်ချင်သား....ဟီး...ကျန်တဲ့တာဝန်တွေတော့မသိဘူး..တာဝန်ယူရင်
သူဋ္ဌေး
ဖြစ်တာတော့အမှန်ပါဘဲရှန်...(နဲနဲတော့ ခေါင်းကြိမ်းသားဘဲ...ရှည်ချင်တာကလည်း ၂ယောက်မရှိ)
ဒီစာအုပ်ပုံစီထားတာသဘောကျတယ်ဗျာ...
အမှန်တရားတွေကို ပုဂံပြားနဲ့ ခဏဖုံးထားပြီးရှေ့ ဆက်ကြတာပေါ့...စုစုပေါင်း ၁ရ မိနစ်ဘဲကြာပါတယ်။
ပြန်ထွက်လာရင်ပြခန်းတွေထဲရောက်သွားတယ်...။လေ့လာစရာ ကြည့်စရာတွေအများကြီးပါ..။
ကဲ..နောက်ပြခန်းတခုမဆက်ခင်..ထမင်းလေးဘာလေးရှာဖွေစားသောက်မှ...
စားစရာတွေရောင်းတဲ့ဆိုင်ရှာရခက်ပါတယ်ဆို..လမ်းဘေးကားလေးနဲ့ ရောင်းတဲ့ ပေါင်မုန့် အသားညှပ်
ဆိုတာကလည်းတောသား၂ယောက်မဝါးတတ်ပါ ဒီတော့ ဟိုငေးဒီငေးနဲ့ ဆိုင်တခုထဲရောက်သွားတယ်။ ရတာစားရတာပေါ့..သူက ဆော်လမွန်ငါး၊ ကိုယ်ကတော့ ဂဏန်းဆလတ်ပါတဲ့...ဈေးကြီးထှာ..တပွဲ ၁၄
ကျော်တယ်ဗျား....ပြီးမှထိုင်း(ဖတ်ထိုင်း)ခေါက်ဆွဲကြော်ရောင်းတာတွေ့ ရတယ်..တပွဲမှာ ၆ဒေါ်လာလောက် ဘဲပေးရတာတဲ့။
ကားကလည်း၂ခါစီးပြီးသွားပြီ..နောက်တခါထပ်စီးမယ်...Eastern state Penitentiary ဆိုတဲ့
တခေတ်တခါကအန်မတန်ရက်စက်ကြမ်းကြုတ်တဲ့ထောင်ဆိုတာသွားလည်ရအုံးမယ်...
ထုံးစံအတိုင်း..အဟဲ..ခင်လျှာရှည်နဲနဲလေကြောရှည်သွားလို့ ...ဆက်ရန်ပေါ့ရှင်...
အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေရှင်~~~
မီးမီး
Philadelphia နဲ့ ပတ်သက်သမျှ..
၁.
Philadelphia ခရီး
၂.US အရှေ့ ဖက်ခြမ်းကဒုတိယအကြီးဆုံးမြို့ 
13 comments:
  1. နံမည်ကြီး ၂ ယောက်နဲ.တွဲရိုက်လိုက်တော့ မမီးလည်း နံမည်ကြီးပြီပေါ့း))
    မှတ်တမ်းတင်ပေးနေတဲ့ဓါတ်ပုံဆရာကို ပိုပြီးသဘောကျမိပါရဲ.။
    ReplyDelete
    Replies
    1. အဟဲ...နောက်တခါဆိုရင်
      နံမည်ကိုစာလုံးပေါင်းကြီးကြီးနဲ့ ပေါင်းမှ..:P
      သတို့ သမီးကိုမြေကြီးမှာပြားပြားဝပ်
      ရိုက်ပေးတဲ့ကိုယ်တော်ကို..ဟုတ်လား..
      Delete
    2. ဟုတ်တယ်မမီး။
      လမ်းလယ်ကြီးမှာ ပြားပြားကို ၀ပ်လို.း))
      Delete
  2. အဲဒီ လစ်ဘာတီခေါင်းလောင်းကြီးကို ရောက်ဖူးချင်တာ...မမီး ဦးထုပ်လေးက ချစ်စရာလေး...အဟဲ လူရောနော်...အေပေးလေးတစ်ယောက်လောက်ကို လည်ပင်းညှစ်ထည့်လိုက်တာ ဟုတ်ဘူး...သာမီးလည်း ဝံကြီးခဏလောက် ဖြစ်ချင်တာ..ပြီးမှ လယ်ကွက်တွေ သိမ်းပလိုက်မယ်...လုပ်ပိုင်ခွင့်တွေကို အမျိုးတွေ၊ သူငယ်ချင်းတွေကို ချပေးလိုက်မယ်..ဟဲ..ဟဲ...မမီး ချစ်ချစ်ကြီးကလည်း အိုက်တင်ပေးတတ်သားနော်...ဂဏ္ဏန်းဆလတ်ကို စားချင်သွားပြီ...အဲဒီထောင်က ဘယ်လိုများ ရက်စက်ကြမ်းကြုတ်မှာပါလိမ့်...မျှော်နေပါသည်း)
    ReplyDelete
    Replies
    1. သွားဖြစ်အောင်သွားလည်နော့်
      ဦးထုပ်က အမြဲဆောင်းလေ့ရှိတယ်
      နေပူရင်တမျိုး ဆောင်းတွင်းကျတမျိုးနဲ့ 
      (ဟီး..မှန်တာပြောရရင်တော့ ဆံပင်ဖြူတာလူသိမှာစိုးလို့ )
      အတော်ဘဲ..စန်းထွန်းလေးသာဝံကြီးဖြစ်ရင်
      ကိုယ်တို့ လည်းအချောင်ပွပြီ..
      ထောင်ကကြောက်စရာကောင်းတယ်..
      ကင်မရာဓါတ်ခဲကုန်သွားလို့ 
      ဖုံးအစုတ်လေးနဲ့ ဘဲရိုက်ခဲ့ရတယ်.. :(
      Delete
  3. မီးမီးရေ..
    စန်းထွန်းဝံကြီးဖြစ်ရင်ကိုယ်တို့ ကိုလည်းကပ်ရက်ခြံကွက်လေးတွေချပေးပါလို့ တောင်းရအောင်။
    ဆက်ရန်မျှော်နေတယ်နော်။
    အိုင်အိုရာ
    ReplyDelete
    Replies
    1.ွှဟီး..စိတ်ကူးတွေတူနေပြီ..
      ခြံလေးဘာလေးရလာရင်..
      ဘိန်းလေးဘာလေးစိုက်စားမှ..တိန် :P
      Delete
  4. ဟန်ကြည်November 14, 2013 8:56 AM
    မင်္ဂလာဆောင်ပုံ ရိုက်နေတဲ့ ဓာတ်ပုံသမား အတော်သတ္တိကောင်းတယ်...ရွှေပြည်မှာ အနှီလို လာရိုက်ကြည့် အပေါ်က ဆိုင်းဘုတ်ကြီး ပြုတ်ကျလို့ သေချာပေါက် ဆေးရုံရောက်မယ်...စကားမစပ်ဗျာ သူများတိုင်းပြည်များ အင်တာနက် လိုင်ကောင်းပုံက ဓာတ်ပုံတွေ တပြွတ်ကြီး တင်လို့ရတယ်...ကျုပ်တို့များတော့ ယိုးဒယားလိုင်းသုံးနေတာတောင် တစ်ပုံတင်ဖို့ အတော်အားစိုက်ရတယ်...ဟဲ ဟဲ ကိုယ်ကလည်း ကပ်စေးနှဲပြီး မိုဘိုင်းအင်တာနက် သုံးနေတာကိုးဗျ...ဒီလကုန်ရင်တော့ သုံးသိန်းခွဲလောက် ပလုံအဖြစ်ခံပြီး 2Mbps တစ်လိုင်းယူလိုက်ပါဦးမယ်...ဒေါ်မီးအားကျပြီး ရွာက နှပ်ချေးထူလေးတွေပုံတွေ ဝေေ၀ဆာဆာ တင်ရအောင်လို့...
    ( ရေးရင်းနဲ့ အရှိန်လွန်သွားသဗျို့...း)
    ReplyDelete
    Replies
    1. ဟုတ်လား...ရွှေပြည်ကဆိုင်းဘုတ်ကဂလောက်တောင်ဘဲလားဗျာ..
      ဆြာဟန်ကလုပ်တော့မယ်..
      စာရေးမကောင်းတော့ ဓါတ်လေးတွေကူရတယ်လေဗျာ..
      ထန်းခေါက်ဖာလေးခေါင်းပေါ်တင်လို့ ၊
      ရွှာရိုးကိုးပေါက်ရှောက်သွားတာတွေကို၊
      အားပေးတဲ့အမာခံပိတ်သတ်ကြီးတွေရှိတယ်လေဗျာ...
      ရိုက်သမျှတင်လို့ ပြောဖူးတဲ့သူတယောက်တော့ရှိဖူးတယ်..
      သူ့ ဘလော့မှာရေးပြီးပြောတာ..
      နောက်တော့သူကိုယ်တိုင်လည်း
      မယ်ငီးလမ်းစဉ်လိုက်လာတယ်လေ..ဟီး..
      ထိုင်းကလိုင်းတွေကောင်းတယ်မဟုတ်ဘူးလား..
      လုပ်လေဗျာ..ကျောင်းအုပ်ကြီးကလဲ..
      မယ်ငီးသွားလေရာမိတ်ဆွေတွေကိုလည်း
      အားလုံးခေါ်သွားလည်တယ်..
      ဆြာဟန်လည်းနေ့ ဓတူဝစာသင်တာ..
      ကျုပ်တို့ ကိုလည်းလှမ်းသင်လို့ ရတယ်လေ...
      တပည့်ကျော်လုပ်ချင်ပါတယ်ဆို.. :)
      Delete
  5. လာရောက်ဖတ်၇ှုသွားတယ် မမီး
    ReplyDelete
    Replies
    1. စူးနွယ်ပျောက်နေတယ်ကော..
      ဘိရုမာနေပူတော်အကြောင်းလည်း
      ပြေပြအုံးလေဟာ... :)
      Delete
  6. National Treasure ထဲမှာ ကြည်ပြီးကထည်းက စိတ်ဝင်စားနေတာ... ကျေးဇူးပါဗျား
    ReplyDelete
    Replies
    1. National Treasure ကိုယ်လည်းအဲဒီလိုင်းခဏခဏကြည့်ဖြစ်တယ်
      history channel တွေဆိုရင်အကြိုက်ပေါ့...
      ဖတ်ဖူးခဲ့တာတွေ မြင်ရတာအရမ်းမိုက်တာဘဲ..
      တချို့ ဆိုနဲနဲပါးပါးကြားဖူးတာ...
      အစအဆုံးအခုမှသိရတာလေ...
      တန်လိုက်တာ...
      Delete