Friday, August 16, 2013

ဆဌမအာရုံ sixth sense

မင်္ဂလာပါရှင်~~~
ရှင်ရုင်ကားအကြောင်းလက်တို့တာဟုတ်ပါဘူးနော်။ထုံစံအတိုင်းပေါ့ရှင်...ကျမကြုံခဲ့တဲ့အဖြစ်အပျက်တွေပါ။လူတိုင်းလူတိုင်း တခါတလေကြုံဖူးကြမှာပါ။တချို့အဖြစ်တွေဟာ..ကြိုသိနေသလို၊ဖြစ်ခဲ့ဖူးသလိုလိုနဲ့လေ။စာတွေဘာတွေ ထဲဖတ်ဖူးတာ၊အဲလိုမျိုးကြိုတင်သိတတ်တဲ့ အာရုံကို ဆဋ္ဌမအာရုံ sixth sense လို့ခေါ်တယ် တဲ့။ ရုပ်ရှင်တောင်ရှိသေးတယ်။ ကျမ မယ်ငီးလည်း လူအထင်ကြီးအောင်ပြောရရင်တော့ sixth sense ရှိ သယောင်ယောင် (အတင်းစပ်ဟပ်ပြီးပြောကြည့်တာပေါ့...ကွာ)😁
အင်း..ပထမဇာတ်လမ်းကတော့ ၁၆နှစ် တရက်စွန်းအရွယ်မှာပေါ့..ဒေသကော လိပ်ကျောင်းသူကြီးကို အစ်မကကျောင်းနဲ့နီးတဲ့ရန်ကုန်ပြည်လမ်းမ ၅မိုင်ခွဲနေရာတခုမှာအဆောင်ဌားပေးလိုက်ပါတယ်။ ကျောင်းတက်ခါစအချိန်အဆောင်သူတွေနဲ့လည်းသိပ်မရင်းနှီးသေးဘူး။အခန်းဖော်သူငယ်ချင်းကလည်း လသာ၂ ကတဲကသူငယ်ချင်း..။သူ့နဲ့အဆောင်ရှေ့မြက်ခင်းပြင်ပေါ်က ဒန်းလေးမှာ ဒန်းစီးရင်း လေကန်ဝေဖန်ရေး လုပ်နေ ကြတာပေါ့..။ဒန်းက မြက်ခင်းနဲ့ခြံစည်းရိုးအလယ်လောက်မှာရှိတာ...။အကြာကြီးဘဲအာလူးတွေပေးရင်း မိုး
ချုပ်စပြုလာပြီလေ..။ အဲ့ဒီအချိန်မှာဘဲ လေချွန်သံ..ရွှီ..ဆိုပြီးကြားတယ်..။ ဒီအတိုင်းဘဲလမ်းမပေါ်မှာဖြတ် သွားတဲ့ကာလသားတွေ အဆောင်ကျောင်းသူတွေကို လေချွန်သံပေးတယ်ဘဲထင်တာပေါ့..။ နောက်ဆက်ခါဆက်ခါကြားလာတယ်။ ကျမသေသေချာချာနားထောင်ကြည့်တာ..လေကိုချွန်တာဟုတ်ဘူး.. 
လေကိုစုပ်ပြီးအသံပြုသလိုမျိုးဘဲ...။သူငယ်ချင်းကပြောနေသေးတယ်။ဒီကောင်တွေ အနားကပ်ခြံစည်းရိုးဖြဲပြီးကို အသံပြုတယ်ပေါ့..အရွှယ်လေးကလည်း ငယ်သေးတော့ ပဲတွေဆက်ပေးနေသေးကြတာလေ..ဟီး...:P ကျမတို့အဆောင်က
စဉ့်ကူဆောင်နဲ့နီးတော့ အဲဒီက ဘဲကြီးတွေ(ကိုယ်တို့အတွက်တော့ အသက်အရမ်း ကြီးကွာတယ် လို့ထင်ခဲ့တယ်လေ) လာပိုးတယ်လို့ဘဲယူဆတာပေါ့...။


အဲဒီအချိန်မှာဘဲ ကျမလေ..ခြံစည်းရိုးကိုစိုက်ကြည့်နေတာ၊သူငယ်ချင်းကသွားမကြည့်နဲ့ဒင်းတို့ကိုကရုစိုက်တယ်လို့ထင်မှာတဲ့..။ကျမမျက်တောင်တောင်မခတ်ဘူးကြည့်တာ။သူငယ်ချင်းပြောလည်းနားမထောင်ဘူး။(သူတို့တွေအားလုံးနီးပါးက ကျမကိုသူငယ်ချင်းလိုထက်သူတို့ရဲ့ညီမငယ်ခလေး တယောက် လိုဆက်ဆံ တတ်ကြတယ်လေ၊ကိုယ်ကလည်းခပ်တုံးတုံး အဲဒီတုံးက ဘာမှသိပ်မသိ နားမလည်ခဲ့ဘူး)ကြည့်ရင်းနဲ့လှုပ်လှုပ်တခုကို တွေ့လိုက်တယ်။တဖြေးဖြေးထောင်တက်လာတယ်..ပြီး ကားလာတယ်။ကျမလက်ဝါးအရွှယ်လောက်ရှိမယ်။နောက်အဆောင်ပိုင်ရှင်တိုက်က ဝရံတာမီးဖြတ်ကနဲဖွင့်လိုက်တော့..၊အိုးလာ....လား...
မီးရောင်နဲ့ပါးပြင်းထောင်နေတဲ့မြွေမျက်လုံး လက်ကနဲဖြစ်သွားမှ သေသေချာချာတွေ့ရတာလျှာလို့ခေါ်ရမှာလား..သူပါးစပ်က လျှာအရှည်ကြီး အမြီး၂ ခွဆိုတာ အမှန်ဘဲ..၊ပလပ် ပလပ်နဲ့ အမေရေ ကယ်ပါ... လူလည်း လွှားကနဲ ခုန်လိုက်တာ ၃ လှမ်းလောက်နဲ့မြက်ခင်းပြင်ကျော်ကိုရောက်သွားတယ်။ပါးစပ်ကလည်း မြွေမြွေ အော်ပြီး ပြေးတာ အခန်းထဲက ကုတင်ပေါ်တန်းကနဲဘဲ..ဒီလိုသတ္တိခဲပါရှင်။ဘာလို့စိုက်ကြည့်ခဲ့တာလည်းမသိပါဘူး..ကောင်လေးတွေမို့လို့လဲမဟုတ်ဘူး..ကျမငယ်ငယ်ကတဲကယောက်ကျားလေးလိုဘဲနေခဲ့တာ။ကံကောင်းထောက်မလို့ ဆက်ပြီးပဲပေးနေသေးရင် အဲတုံးကတဲကသတင်းစာမျက်နှာ 
ဖုံးမှာ ပါလောက်ပြီ..:P (အဲဒါကိုမြွေပါးပြင်းထောင်တယ်လို့ခေါ်တာတဲ့၊လူကိုပေါက်ဖို့ပြင်နေတာလေ..နောက်၃ရက်ကြတော့ ခြံရှေ့မြောင်းထဲမှာတွေ့လို့ အဲနားကလူတွေရိုက်သတ် လိုက် ပါတယ်တဲ့)။

နောက်တခုက ကျောင်းပြီးလို့ကျိုင်းတုံမြို့လေးမှာနေတဲ့အချိန်ပေါ့ဆောင်းရာ သီ စွမ်တောင်းဘုရားပွဲကျင်းပတဲ့အချိန်လေ။ဘာဖြစ်လည်းဆိုတော့ စွမ်တောင်း
ဘုရားကတောင်ပေါ်မှာရှိတဲ့အတွက် ညကျတော့ လူခြေတိတ်ချိန်မှာ ပွဲခင်းကအသံတွေအတိုင်းသားကြားရတယ်..။"စွမ်"ဆိုတာအထွဋ်အထိပ်က၊ထိပ်ဖျား

ပိုင်းလို့အဓိပ္ပါယ်ရပြီး"တောင်း"ဆိုတာ ကြေး ပါ..။အဲဒီဘုရားကကျိုင်းတုံမြို့မှာအမြင့်ဆုံးစေတီတခုဖြစ်ပြီး ဘယ်နေရာကကြည့်ကြည့်ဝင်းကနဲ ထင်းကနဲမြင်ရတယ်။ ခုတော့ စွမ်ခမ်းဖြစ်သွားပြီလေ"ခမ်း"ဆိုတာ "ရွှေ" ရွှေထီးတင်လိုက်ပြီဆိုပါတော့။ အင်း..ကြုံတုံး..ကြွားရရင် အဲလေ ပြောရ ရင်တော့ကျမအဖေဦးဆောင်
ပြီးစွမ်တောင်းဘုရားကို ရွှေထီးဘုရားကပ်ပူဇော်ဖို့ဘုရားပွဲကျင်းပကြပါတယ်။ (အဖေက မြို့လေးမှာဘာဘဲလုပ်လုပ်ဦးစီးဦးဆောင်ခဲ့တာတွေအများကြီး၊သမီးကတော့ အိမ်ထဲကုပ်နေတာလောက်ဘဲသိတာ)

စွမ်ခမ်းစေတီ



(ရှမ်းပြည်ရဲ့ထုံးစံလောင်းကစားတွေ ၄ကောင်ဂျင်တို့ ၁၂ကောင်ဂျင်တို့ မာခုတ်ခတ်ဆိုတဲ့အန်စာတုံးအကြီးကြီး၂ခုလား ၃ခုလားသိပ်တောင်မမှတ်မိချင်တော့ဘူး အဲ့တာကိုသေတ္တာထိပ်မှာတင်ထားပြီး ကြိုးနဲ့ဆွဲချအောက်ကပုံမှာတိရစ္ဆာန်ပုံလေးတွေပါတယ်။ အဲ့ဒီမှာပိုက်ဆံထပ်ထားရင် လျှော်ကြေးဘယ်နှစ်ဆဆိုတာရတာပေါ့။ ဒီလိုလောင်းကစားဒိုင်မျိုးစုံကို ကန်ထရိုက်ပေး ဘာညာပေါ့..အဟဲ အဖေမရှိမှသမီးဖြစ်သူကပြောရဲတာပါ) ဘုရားပွဲကျင်းပ အဲ့ဒီကဈေးကောက်တွေကောက် မြို့ထဲအလှုခံ အားလုံးအားလုံးစုပြီး ဘုရားကိုရွှေထီးချခဲ့တာပါ။အဖေပြောပြပါသေးတယ် မြို့ထဲအလှုလိုက်ခံတာ မင်းတို့အမေ ဂုံရှမ်းတွေတကယ်ကပ်စီးနဲဘဲ...တဲ့၊တရုတ်တွေဆိုရင်တကယ်ထဲ့တာတဲ့။ ပိုက်ဆံမလောက်လို့ဒီလိုလုပ်ရတာကွ..တဲ့(ရူး..တိုးတိုး..မြို့ကလူတွေသိရင် ကျုပ်တော့ အထောင်းခံရအုံးမှာ...) အင်း..ပြောချင်တဲ့နေရာရောက်အောင်ဆွဲခေါ်လာနေ 
တာလေ..ဘယ်တွေရောက်သွားပြီကြောင်း....!!!! လျှာရှည်တယ်ရှင့်...😁😂
 
အခုမြင်ရတဲ့စွမ်ခမ်းစေတီ

ကဲပါလေ..လိုရင်းတိုရှင်း..အဖေလည်းသူ့အလုပ်နဲ့သူရှုပ်နေ၊ လောင်းကစားတွေရှိတော့ လောင်းကြပြီပေါ့..ဘိန်းစား ဖိုးသမားလည်း အန်မတန်ပေါများတာကိုး..အဲဒီတုံးကမြို့ရဲ့မီးပေးဝေပုံကလည်း ည ၉ နာရီ တိတိ မှာတမြို့လုံးမီးပိတ်ပါတယ်။ဒီတော့ မီးမပိတ်ခင် ၅မိနစ် ၁ဝမိနစ်လောက်ဆိုရင်အိမ်သာပြေးရပြီလေ။ တောထုံးစံရေအိမ်ကလည်းဟိုး..ခြံနောက်ဆုံးထောင့်မှာ အိမ်က ပေ ၁ဝဝ  ရှည်ပါတယ်။အိမ်နောက်ကပ်ရပ်ဟော်နန်းဟောင်းတခု(ခလေးထိန်းကျောင်းလုပ်ထားတယ်လေ)၊သူများတွေတောပြောတောင်ပြောနဲ့အဲဒီမှာ ဝိဉာည်တွေဘာတွေရှိတယ် သူရဲတွေရှိတယ်ဆိုတော့ အသေကြောက်တာပေါ့။အိမ်မှာလည်း အမ နဲ့၂ယောက်ထဲဘဲရှိတယ်။လူကြီးတွေမပြန်လာကြသေးဘူး။၂ယောက်သားအိမ်နောက်ဖေးပြေးကြပါတယ်။ ၉နာရီထိုးခါနီးပြီလေ..။အိမ်သာက မြောက်ဖက်ထောင့်မှာရှိပြီး ရေတွင်းကတောင်ဖက်ထောင့်မှာရှိပါတယ်။
အမကအရင်ဝင်ပါတယ်။ ကဲ..မယ်ငီး တောင်ဖက်ထောင့်နားက ရေတွင်းဆီကိုတည့်တည့်မတ်မတ်သွားပါတယ်။ ရေတွင်းနဲ့ကပ်ရပ်မှာရှိနေတဲ့ စဉ့်အိုးကြီးထဲကရေကိုခပ်ပြီး အိမ်ထောင့်နားကစပါးလင်အုံ ကိုလှမ်းပြီး ရေနဲ့ပက်ပါတယ်။ ဆောင်းတွင်းဆိုရင် ကျမတို့ဖက်ကတအားအေးတာ..။ရေဆိုရင်မထိချင်ဘူး။အေးစက်ခဲနေတာဘဲ။ အမက သူရေအိမ်ကထွက်လာတော့ လှမ်းအော်ပါတယ်။မြန်မြန်လုပ် မီးငယ်မီးမိတ်တော့မှာ..။ကျမဆက်ခါဆက်ခါနဲ့လောင်းတာ ဘာဖြစ်လို့လဲမသိပါဘူး..။၄ခါလောက်လောင်းပြီးတော့..အီး..အား..အူး..ဆိုတဲ့အသံတွေ အဲဒီစပါးလင်ခြုံထဲကနေထွက်လာတယ်...။ အို..သတ္တိခဲ မယ်ငီးဘဲ
ပြေးတာတန်းနေတာဘဲ..မမလည်းပြေးတယ်..။အိမ်တံခါးကိုမပိတ်ခဲ့ကြဘူး..။အိမ်ရှေ့ကနေ အပြင်ထွက်ပြီးအိမ်နီးနားချင်းကို အော်ဟစ်အကူအညီတောင်းရတာပေါ့..။နောက်တော့ ရပ်ကွက်ထဲက လူတွေလာကြ တယ်။ အော်...ညဦးကတဲက ခိုးဖို့စောင့်နေကြတဲ့ သူခိုး၂ယောက်မိသွားပါတယ်။သူတို့ကအေးနေတာ
ရေနဲ့ထပ်တွေ့တော့မခံနိုင်တော့ဘူးလေ...အော်တော့တာပေါ့...။

ကဲ...မယ်ငီးမှာ sixth sense ရှိပါတယ်ဆို... 😁😎😆

နောက်ယိုးဒယားမှာကြုံခဲ့တဲ့ sixth sense ကိုတော့ နောက်တခါပေါ့နော်...ဟီး..
ခဏခဏဂတိပေးတတ်တယ်..ပြီး..ကြာနေတာလေ...ခွင့်လွှတ်ပါရှင်.... :)

အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေ~~~
#meemeenage

14 comments:

  1. လုပ်ပြီဒေါ်မီးရေ..
    အတွေ့ အကြုံတွေကလည်းများပြားထူးဆန်းနေတာချည်းပါလား..
    km

    ReplyDelete
    Replies
    1. အဟဲ..
      ထူးဆန်းမယ်ထင်တာဘဲရေးတာကိုး.ဗျ :P

      Delete
  2. ကိုယ်ထင်တာကတော့လူတိုင်းတချိန်မဟုတ်တချိန်တော့အဲဒီအာရုံရှိတယ်ထင်တာဘဲ။
    ကိုယ်လည်းခဏခဏဖြစ်ဖူးကြုံဖူးတယ်။ မြွေနဲ့ လည်းကြုံဘူးတယ်။ ကံကောင်းလို့ မသေတာ။ မီးမီးလိုဘဲမြွေဟောက်ကြီး။
    သူခိုးနဲ့ လည်းကြုံဘူးတယ်။
    အို်င်အိုရာ

    ReplyDelete
    Replies
    1. ဟုတ်တယ်နော်..
      မြွေအပေါ်ကနေမျက်နှာချင်းဆိုင်၊
      တည့်တည့်ပေါ်ပြုတ်ကျလာတာလည်း၊
      ကြုံဖူးတယ်..။
      သူများတွေလည်းကြုံတတ်တယ်..လို့ ကြားတယ်။
      အော်..မအိုင်အိုရာ တယောက်လည်းပါတာပေါ့..
      သူခိုးနဲ့ တွေ့ တော့ ဘာတွေဘာတွေသေးလဲ..
      :)

      Delete
  3. meemee,
    I also like you,I had such many experience like you.
    Ma

    ReplyDelete
  4. တွေ့ လား ဒါကြောင့်ပြောတာ စာဆက်ရေးပါလို့ ..ပြောပြစရာတွေ အများကြီး ရှိတယ့်ဟာကို..း) sixth sense ဆိုတာ ကြားသာကြားဖူးပြီး တခါမှမကြုံဖူးသေးဘူး..စိတ်ဝင်စားဖို့  တအားကောင်း...ဘန်ကောက်က sixth sense ကိုလည်း မျှော်နေကြောင်းဗျား...

    ReplyDelete
    Replies
    1. အေးပါ..ဒီကလည်းအပြင်ဘဝမှာ၊
      အပေါင်းအသင်းကမူးလို့ ရှုစရာမရှိလေတော့၊
      စာလေးဖတ်လိုက်ရေးလိုက်နဲ့ ပီတိတွေဖျာ..၊
      လေလိုင်းပေါ်ကသူတွေနဲ့ ရင်းနှီးပျော်ရွှင်နေတာ၊
      အမှန်တော့ တကယ်စိတ်ချမ်းသာစရာကြီးဘဲ..
      မျှော်ပါ..မကြာမှီလာပါမည်.. :))

      Delete
  5. ဟန်ကြည်August 20, 2013 7:58 AM

    ဒီပြည်နယ်မှာတော့ အနှီကစားနည်းကို အံကလုံလို့ ခေါ်ကြပါသဗျား...အတုံးကြီး သုံးတုံးနဲ့အားမရလို့ ဧရာမအတုံးကြီးခြောက်တုံးကို လူလက်ခုပ်တစ်ဖောင်လောက်အမြင့်မှာ တင်ထားပြီး ဆွဲလိုက်ကြတာများ တဒုံးဒုံးနဲ့ နားကွဲမတတ် ( စပ်မိလို့ပြောရရင် အညာမှာတော့ အနှီကစားနည်းကို ဂလုံးဂလုံးလို့ ခေါ်သဗျ မြည်သံစွဲနဲ့ ခေါ်လိုက်တာဖြစ်မယ် )တစ်ခါသားမှာ အိမ်ဘေးကွက်လပ်မှာ အနှီဂလုံးဂလုံးလာဖွင့်တော့ ဘာပြောကောင်းမလဲ အိပ်ရေးပျက်လိုက်တာမှး)

    တစ်ခုစဉ်းစားမိတယ် ဒေါ်မီးရေနဲ့လှမ်းပက်လိုက်တဲ့ သူခိုးနှစ်ကောင်က ပစ္စည်းခိုးဖို့လာတာမဟုတ်ဘဲ...လူခိုးဖို့ လာတာများလားလို့ ဟဲ ဟဲး)

    ReplyDelete
    Replies
    1. အော်..ကျမတို့ ဖက်ကတော့ရှမ်းလိုဘဲခေါ်ကြတာ။
      ကိုယ်တို့ လည်းပွဲဆိုတာနဲ့ ထိပ်ဆုံးကထိုင်ပြီးကစားတတ်ပါတယ်။
      (အမြဲနိုင်တတ်တယ်သိလား...)
      အဲ..ဖွ..ဟုတ်ရပါဘူးတော်..သူတို့ ကမြို့ ထဲကနံမည်ကြီး
      တရုတ်တယောက်ရဲ့ သားတော်မောင်နဲ့ အပေါင်းဖော်တွေ
      ဘိန်းစားတွေလေ...ကျုပ်ဘိန်းဖိုးရှာတတ်ဘူးတော့..
      ဒီတော့ အိမ်ကအညာသားကြီးကိုဘဲလက်ချိတ်ထားတာပေါ့။
      :P

      Delete
  6. မမီးရယ်....အတွေ့အကြုံတွေကလည်းစုံတယ်နော် ။ ဆုမြတ်တော့ ဆဌမအာရုံရှိမရှိမသိဘူး ။
    အတွေ့အကြုံတော့ရှိတယ် ။ ကျောင်းတုန်းက သူငယ်ချင်းတွေကျောင်းကိုတစ်ရက်လာလည်မယ်ပြောထားဖူးတယ်။ စိတ်ထဲမရှိဘဲ သူငယ်ချင်းတစ်ယောက်ကိုပြောလိုက်တယ်..ဒီနေ့အဲတစ်ယောက်ကျောင်းကိုလာမယ်ထင်တယ်လို့ပြောလိုက်တာ တကယ်ပဲနေ့ခင်းကျောင်းဆင်းချိန်မှာ အဲဒီအုပ်စုတွေရောက်လာကြတယ်..။ ဘာမှလည်းအဆက်သွယ်မလုပ်ဘဲ အလိုလိုသိနေတာလေ...။
    တခါတခါဆိုရင် အိမ်တံခါးပွင့်နေလိမ့်မယ် သော့ထုတ်စရာမလိုဘူးဆိုပြီး စိတ်ထဲမရှိဘဲဒီအတိုင်းပြောလိုက်မိတယ်...။ တကယ်လည်းတံခါးက လော့ခ်မချထားဘူး (ဆုမြတ်က အိမ်ကနောက်ဆုံးထွက်တဲ့သူမဟုတ်ဘူး...) ။ ပါးစပ်က လွှတ်ခနဲထုတ်ပြောလိုက်ရင် တကယ်ဖြစ်လာတတ်တယ်..။ ဘာကြောင့်မှန်းတော့မသိ။ ဆဌမအာရုံမရှိတာတော့သေချာပါတယ် ။ဆက်ရေးပါဦးနော်

    ReplyDelete
    Replies
    1. ဆုမြတ်မိုးလေးရေ..
      အဲဒါတွေကိုခြုံလို့ ဆဌမအာရုံ ဆိုပြီးနံမည်တပ်တယ်လို့ ထင်တာပါဘဲလေ။
      လူတိုင်းလူတိုင်းရှိတတ်ကြတယ်။
      ပိုပြီးစိတ်တည်ငြိမ်တဲ့အချိန်၊
      အင်း..ဗုဒ္ဓဘာသာအရတော့၊
      ငါးပါးသီလတွေဘာတွေပိုလုံနေတဲ့အချိန်ဆိုရင်၊
      ပိုသိသာတယ်လို့ လည်းစာထဲမှာဖတ်ရတာဘဲ။
      ကိုယ်တို့ ငယ်တုံးကတော့၊
      လောဘ၊ဒေါသ၊မောဟမရှိတဲ့အရွယ်လေ၊
      ဒီတော့ပိုကြုံဖြစ်တယ်၊
      အသက်အရွယ်ရလာတော့၊
      စီးပွားရေး၊အိမ်ထောင်ရေးနဲ့ ၊
      လောဘတွေတက်နေတာနဲ့ 
      ကိုယ်လည်း..၊
      အဲ့လိုမျိုးအသိတွေသိပ်မရတော့ဘူး..၊
      တရားမှတ်တာတောင်၊
      ငယ်ငယ်တုံးကတရားထိုင်ခဲ့တာ၊
      တရားပိုရတယ်။
      ခုတော့စိတ်ငြိမ်အောင်ဖမ်းနေရတာက၊
      နာရီဝက်လောက်ကြာနေတယ်..။
      စကားမစပ်..ဆုရဲ့ ဘလော့ကို၊
      ရိုးရိုးလက်(ပ်)တော့နဲ့ သွားရင်၊
      လေးထောင့်ကွက်ဘဲမြင်ရတယ်။
      note 10.1 နဲ့ ဖတ်ရင်တော့ရတယ်။
      ကွန့် မန့် ပေးလို့ ရဘူး..ရယ် :((

      Delete
    2. အဲ..အခုမှပဲသိတယ်..မမီးရယ်..။ ဘယ်လိုဖြစ်လဲမသိဘူး ။ chrome နဲ့စမ်းကြည့်ပါလားဟင်..။ chorme မှာဆိုရင် MyanmarFontTagger 2.0.2 extension ကို enable လေးလုပ်ကြည့်ရင် မြင်ရမယ်ထင်ပါတယ်မမီးရယ်..အဲဒါလုပ်လို့လည်းမမြင်ရသေးဘူးဆိုရင်ပြောပါဦးနော်..။

      ချစ်တဲ့
      ဆုမြတ်

      Delete
    3. လူကလည်းခပ်ညံ့ညံ့..
      လုပ်တော့လုပ်ကြည့်တာဘဲ..
      တခုပျောက်သွားလိုက်..
      ပြန်လုပ်လိုက်နဲ့ သံသာရာလည်နေတုံး...

      Delete