Sunday, August 11, 2013

ရွှေရတုသဘင်...

မင်္ဂလာပါရှင်~~~
နှစ် ၅ဝ ပြည့်ရင်ရွှေရတုသဘင်တဲ့.......

မွေးနေ့ ကိုသူကမှတ်မိပေးနေတယ်လေ...။
မနက်စောစော အီးမေးစစ်ဖို့ ဖွင့်လိုက်တာနဲ့ သူက ကိတ်တွေဘာတွေနဲ့ ...။
သူ(Google )လည်းတိုးတက်လာပြီဘဲ...။ကိုယ်တော့အိုသွားပါပြီ...။
အရင်ကတဲကစဉ်းစားထားတယ်...ဒီနေ့ ပြီးရင်ဘလော့ကိုရပ်နားလိုက်မယ်..လို့ ..။
အိုကြီးအိုမ..နဲ့ ခလေးတွေလူငယ်တွေကြားထဲမှာ မကောင်းပါဘူးလေ..။
အားလပ်ချိန်ရှိတုံးက လက်တည့်စမ်းထားတာတွေ၊
အာခါတွင်းတွေ့ သွားပြီးဆက်ခါဆက်ခါ ရေးနေ လေပေါနေ လိုက်တာ...။

ပေါက်ကရတွေရှောက်ရေးတတ်လို့ တချို့ ကထင်နေတာ လူငယ်အရွယ်လေး...တဲ့..။
အဟား.... မယ်ငီး အသက် ၅ဝ နှစ်တိတိရှိပါပြီ...။ မယုံဘူးလား... ^-^
အရွယ်တင်လိုက်တာနော် လို့ ဘဲအမြဲအပြောခံရတာ(ကြုံတုံးကိုယ့်ကိုယ်ကိုဖော်အုံးမှ :))
မိတ်ကပ် နှုတ်ခမ်းနီ ပါးနီ မသုံးတတ်ဘူးလေ...။ အဖေ့စကားနားထောင်တာ..။

(အဖေကပြောတယ်အဲဟာတွေလိမ်းထားရင်အခြောက်နဲ့ တူတယ်တဲ့..ဟွန့်  @-@ )
ဟင်းသီးဟင်းရွက်အစိမ်းနဲ့ ပြုတ်တာတွေအစားများတယ်လေ..။
အချို၊နဲ့ ဆီ ဆိုရင် မပါသလောက်ဘဲ...။ပဲကိုအဓိကထားစားတာ(လူလည်းပဲများတာလေ..:P )
အဲဒါကြောင့်လို့ ထင်တာဘဲ... (ထောက်ခံလိုက်ပါရှင်)
လသားအရွယ်ကနေ ၃ဝကျော်တဲ့အထိ....

ဒီနေ့ မှာ အဖေနဲ့ အကို ၂ယောက်ကိုအထူးသတိရတယ်...။
ငယ်ငယ်ကတဲက စိတ်ဆင်းရဲစရာခေါင်းထဲမှာ သိပ်မထဲ့တတ်ဘူး..။
ချော်လှဲရင်တောင် အော်ရီတတ်တဲ့ လူတန်းစားထဲကပါ..။
ပေါက်ကရရှစ်သောင်းတွေပြောပြီး တဟီးဟီးတဟားဟားအော်ရီနေရရင်ကျေနပ်တဲ့လူမျိုးပါ။
အူကြောင်ကျားအတွေ့ အကြုံတွေကိုပြောပြရင် အဖေနဲ့ အကို ၂ယောက်ကဒိုင်ခံ ရီပေးတတ်တယ်။
ငိုတယ်ဆိုတာမရှိဖူးသလောက်ဘဲ...။
အဖေနဲ့ အကိုတွေ ဆုံးရှုံးသွားတော့ တော်တော်တုန်လှုပ်မိတယ်။
တနေ့ ကိုယ်လည်းဒီလမ်းသွားကြရမှာဘဲလေ...။
သွားဖို့ ဘာအဆင်သင့်တွေပြင်ထားပြီးပြီလဲ လို့ ကိုယ့်ဖာသာကိုပြန်မေးမိတယ်။
နေပျော်အောင်နေတတ်ခဲ့သလို သေပျော်အောင်လုပ်ဖို့ လည်းလိုသေးတယ်လေ..။
ကိုယ့်အတိတ်ကာလက ပြုလုပ်ခဲ့တာတွေ အားလုံး လိပ်ပြာသန့် ခဲ့ပါတယ်။
သမီးကောင်း၊တပည့်ကောင်း၊ဆရာကောင်း အားလုံးအပေါ်မှာတတ်နိုင်သလောက်ကောင်းခဲ့တာပါဘဲ...။
ကျေးဇူးရှင်မိဘ ၂ပါးကိုဘယ်တော့မှ စိတ်ဆင်းရဲအောင်မလုပ်ခဲ့ဖူးဘူး..။
ဒါတွေနဲ့ ဘဲ သံသာရာခရီးသွားဖို့ မလုံလောက်သေးဘူးလေ..။
အများကြီးလုပ်ဖို့ အားထုတ်ဖို့ လိုသေးတယ်..။

လူမှန်းသိတတ်စအရွယ်ကတဲက ဒီနေ့ အထိပြုလုပ်ခဲ့ဖူးတဲ့ ဒါနကုသိုလ်၊
ဆောက်တည်ခဲ့ဖူးတဲ့ သီလကုသိုလ်၊
သမထဝိပဿသာနာပွားများခဲ့ဖူးတဲ့ ဘာဝနာကုသိုလ်၊
ဒီနေ့ အတွက်ရည်စူးပြီးပြုခဲ့တဲ့ ဒါနသီလဘာဝနာကုသိုလ်အားလုံးကိုမိဘ၂ပါးနဲ့ တကွဆွေမျိုးမိတ်သင်္ဂဟ
များ ကျမရဲ့ စာဖတ်မိတ်ဆွေများ၊မြင်ဆရာ၊ကြားဆရာ၊ မုန်းသူ၊ချစ်သူ၊ခင်မင်သူ၊ ခဏ တဖြုတ်ကြုံဖူးသူ၊ အွန်လိုင်းမှသိဖွယ်ရာများ၊ ချက်ပြုတ်နည်း ပညာများဝေငှသူ အားလုံးကိုရည်စူးပြီး  အမျှကုသိုလ်ပေးဝေ လိုက်ပါတယ်...။
ဟိုးတပတ်ကlongisland၂ညအိပ်သွားတာဟိုတယ်ကမှန်ရှေ့ မှာ
ကိုယ်ဖာသာကိုယ်ရိုက်တာလေ
မျက်နှာတည့်တည့်ထားရင်ကွယ်နေလို့ နေရာပေါင်းစုံရွှေ့ ပြီး
အကောင်းဆုံးရှာရိုက်တာ...ဂလိုလေးရခဲ့တယ်...
၅ဝ နှစ်ရှိတဲ့မယ်ငီးပေါ့.....

အသက်ကဂဏန်းသချာင်္တခုပါ၊လောကမှာနေတတ်ရင်ကျေနပ်စရာတွေအပြည့်နော်...။
အသက်ကြီးလာသလို နှလုံးသားရောဦးနှောက်ရော လိုက်ကြီးဖို့ ကြိုးစားရင်း...၊ စိတ်ကအခုထိ အရွယ် မရောက်သေးပါ...။


အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေရှင်~~~
မီးမီး

25 comments:

  1. Happy Birthday ပါဗျား.....

    ReplyDelete
  2. ပျော်ရွှင်ဖွယ်မွေးနေ့ များအမြဲပိုင်ဆိုင်နိုင်ပါစေ....
    အိုင်အိုရာ

    ReplyDelete
  3. ဓါတ်ပုံလေးတွေကချစ်စရာကောင်းလိုက်တာအရမ်းဘဲ။
    အိုင်အိုရာ

    ReplyDelete
  4. Happy Birthday!!! Blog ရေးတာကိုတော့ မရပ်လိုက်ပါနဲ့နော် ။ တခါမှခြေရာမချန်ဖူးခဲ့ပေမဲ့ အမြဲဝင်ဖတ်နေကျပါ ။

    ReplyDelete
  5. Happy Birthday!!!
    Unbelievably so young.

    ReplyDelete
  6. ပျော်ရွှင်သောမွေးနေ့ ဖြစ်ပါစေ..

    မမီး အရမ်းနုတယ်။ တကယ့်ကိုပဲ...မထင်ခဲ့ဘူး။
    နေမြဲအတိုင်းနေ၊ ရေးမြဲအတိုင်းဘလော့ဂ်ရေးပါ။
    ဒါမှ ယခုအတိုင်း ဆက်လက်နုပျိုနေမှာပေါ့.. ဟုတ်တယ်နော... :D

    ReplyDelete
  7. ဟန်ကြည်August 11, 2013 7:42 AM

    ဟာ ထင်တောင် မထင်ဘူးဗျာ...တကယ့်ကို အရွယ်တင်တာပဲ...ပျော်ပျော်နေတတ်တဲ့ ဗီဇကိုလည်း အားကျမိပါရဲ့...သဘောအကျဆုံးကတော့ ဓာတ်ပုံလေးတွေ စနစ်တကျ သိမ်းထားတာပါပဲ...

    မွေးနေ့မှသည် နှစ်ရာချီအောင်
    ချစ်ကြည်ချမ်းမြ သာသည့်လနှယ်
    ထွန်းပတောက်ရွှန်း တိုးတက်စေ...

    အသက်ငါးဆယ်ပြည့်ပြီဆိုတော့ နောက်တစ်နှစ်ဆိုရင် လေးဆယ့်ကိုးပေါ့ ( ဒုံးပျံတွေ လွှတ်သလို reverse count down လုပ်မယ်ဆိုရင်ပေါ့း)

    ReplyDelete
  8. Oh..wonderful meemee..
    Can't believe it, you are so young than your age.
    Happy birthday my dear..
    keep blogging...
    KM

    ReplyDelete
  9. Happy Birthday <3
    ကျနော်လည်း နောက် ၂ ရက်နေရင် မွေးနေ့ပဲ.. တခါမှ comment မရေးဖူးပေမယ့် မမီးရေးသမျှ အမြဲတမ်း ဖတ်ပါတယ်
    TZ

    ReplyDelete
  10. Happy birthday...

    ReplyDelete
  11. Daw Mee Yae !!

    Hope not to stop your lovely blog.You also can post Dhamma talk instead.In Sherlock Holmes movie,Watson comments on his blog and he said that "This is my living ,Sherlock".......................
    :):):):)..............................................

    ReplyDelete
  12. Happy Birthday အစ်မ..ဟာ ကန့်တော့ ကန့်တော့ နော်.. တီတီ မီးမီး ဟီ ….အိမ်ဆောက်တာလေး ဆက်အုံးနော် တီတီမီးမီး

    ReplyDelete
  13. Belated Happy Birthday!!
    ပြောလို့သာ ကြားရတယ်..
    ရွှေရတု ပြည့်သွားတဲ့သူလို့ မထင်ရဘူး..အရွယ် တင် တယ်..
    =)
    -m

    ReplyDelete
  14. Happy Belated Birthday!!! Ma Mee Nage!!!
    You are still very Young!! Aww ! My Young Lady!! or My Young Girl!!
    Khine

    ReplyDelete
  15. Happy Birthday a ma..

    really? 50? I cannot believe. You look so young outside too..

    ReplyDelete
  16. Happy BD. You look so young. What medicine are you taking? Just kidding.

    ReplyDelete
  17. ချစ်သောစာဖတ်မိတ်ဆွေများအားလုံးကို၊
    မွေးနေ့ ဆုမွန်ကောင်းတောင်းပေးကြတာ၊
    အထူးဘဲလှိုက်လှိုက်လှဲလှဲကျးဇူးတင်ပါတယ်။
    ကျမအချိန်ဖြုန်းဖို့ ဆိုပြီးဒီဘလော့ကိုစခဲ့ပေမဲ့၊
    ဒီလိုအရေးတယူဖတ်ရူပေးတဲ့သူရှိတာကို၊
    တကယ်ဘဲပျော်ရွှင်မိတယ်။
    စိတ်ချမ်းသာစရာကောင်းတာဘဲ..၊
    နောက်လည်းဆက်ပြီးရေးသွားအုံးရတော့မယ်ပေါ့..။
    မိတ်ဆွေတယောက်ပြောသလို...ပေါ့၊
    Part of my life..လို့ ၊
    သဘောထားလိုက်မယ်လေ..၊
    ကျမကြုံခဲ့တွေ့ ခဲ့မြင်ခဲ့တာတွေလာပြီး၊
    လေကန်ဝေဖန်အာလူးပေးရတာပေါ့..။
    အရွယ်တင်ဖို့ လှို့ ဝှက်ချက်ကတော့၊
    တနေ့ ၃ခါ မပြုံးဘဲဝါးလုံးကွဲအောင်ရီတတ်ဖို့ ၊
    ခန္ဓာကိုယ်အတွက်အကျိုးရှိမဲ့အစားအစာရွှေးချယ်တတ်ဖို့ နဲ့၊
    ခန္ဓာကိုယ်ကျမ်းမာရေးအတွက်အပြေးလေ့ကျင့်ခန်း၊
    စိတ်ကျမ်းမာဖို့ အတွက်တရားထိုင်...၊
    ဒီလိုရှင်းရှင်းလေးပါဘဲ...ရှင်။
    အိမ်ကိုလည်းဆက်ဆောက်သွားပါ့မယ်
    ဆိုတဲ့အကြောင်း...
    အားလုံးကျမ်းမာချမ်းသာကြပါစေလို့ ..
    ပြန်ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်။

    ReplyDelete
  18. Happy Belated Birthday ပါ မမီးရယ်... အရမ်းနုတာပဲ အားကျတယ် ။ ဆုမြတ်အဖေက ငါးဆယ့်တစ်နှစ် အမေက လေးဆယ့်ကိုးနှစ်လေ.... မမီးထက်အများကြီးရုပ်ရင့်ကြတယ် ။ မမီးလို့ခေါ်ရမှာအားတောင်နာသွားပြီ ။ မွေးနေ့မှသည် သက်ဆုံးတိုင်စိတ်ချမ်းသာ ကိုယ်ကျန်းမာ လိုရာပြည့်ပါစေ မမီးရယ်..

    ချစ်တဲ့
    ဆုမြတ်

    ReplyDelete
  19. Happy birthday sis! sorry fr late wish...ur blog make some of my days...thz fr sharing:)

    ReplyDelete
  20. comment မရေးဖူးပေမယ့် မမီးရေးသမျှ အမြဲတမ်း ဖတ်ပါတယ်
    Happy Birthday naw

    ReplyDelete
  21. Happy Birthday Belated, Ma Mee !
    ကျန်းမာပျော်ရွှင်စွာနဲ့  စာတွေအများကြီး ရေးနိုင်ပါစေ..
    ၃၀ ကျော်လို့ ပဲ ထင်ရတယ်...း) စာတွေ ဆက်ရေးပါ မမီးရယ်...မမီး အတွေ့ အကြုံတွေ၊ ရှမ်းပြည်က အကြောင်းတွေက ဗဟုသုတရတယ်....

    ReplyDelete
  22. မွေးစကနေ ၃၀ ကျော်အထိ ဓာတ်ပုံတွေကို သဘောကျတယ်..

    ReplyDelete
  23. အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်..။
    အဲ..ဆုမြတ်လေးမေမေထက်ကိုကြီးနေပါကောလား...။
    ဒီတော့ ကြီးကြီးမီး..ကြီးကြီးမီးမီးငယ်..ဟား..
    ကြီးတာရောငယ်တာရောရှုပ်ကုန်ပြီ.. :P
    ၃ဝကျော်ဓါတ်ပုံတွေက လွန်ခဲ့တဲ့ ၄ နှစ်လောက်မှာ
    ဘန်ကောက်လေယာဉ်ကွင်းမှာသေတ္တာပျောက်လို့ လေ..။
    အားလုံးပါသွားပါရော့လား... :(
    ဟုတ်သားဘဲ MAI နဲ့ စွာခဲ့တာလေးပြန်ပြောပြရအုံးမယ်..
    သတိရလာပြီ..နောက်တခါနော့်...
    ကတိတွေတလှေကြီးပေးပြီး အရေးကမသန်ဘူး..
    ဖြစ်နေလေပြီ...

    ReplyDelete
  24. တီတီမီးငယ်က..ငယ်ကတည်းချောတယ်
    ♫♫Happy Birthday To you♫♫
    နောက်ကျမှပြောရတယ် :P

    ReplyDelete