Friday, August 23, 2013
အပေါ်ထပ်တက်ကြရအောင်..
မင်္ဂလာပါရှင်~~~
အော်..အပေါ်ထပ်တက်တာက၊ကျမရဲ့ မပြီးဆုံးနိုင်သေးသောအိမ်ဆောက်ခြင်းရဲ့ အဆက်လေးပါရှင်။
ဟိုတခါကမြေညီထပ်ဘိလပ်မြေလောင်းပြီး၊တန်းလန်းကြီးရပ်သွားတာ..ခုမှပြန်ဆက်ရတာပါ။
တကယ်ဘဲ..မြို့ လေးမှာလည်း ခဏခဏရပ်ရပါတယ်။ အိမ်အကြမ်းထည်ပြီးသွားတော့ သဲနုဆိုတာနဲ့ ၊ အိမ်ကိုပြန်ချောရတယ်ဆိုလား..။အဲဒီသဲနုမရလို့ (မိုးမရွှာလို့ တဲ့)ကုန်ကြမ်းပြတ်လတ်လို့ ဆိုပြီး ၁ဝရက်
လောက်နားရပါသေးတယ်။ ကုန်ကြမ်းတွေအားလုံးက အုတ်၊သဲ၊ဝါးလုံး၊သစ်ကလွဲလို့ ကျန်တာပုဆိန်ရိုး
မဟုတ်ပေမဲ့  ပြည်ပအားကိုး ကြရပါတယ်။ ဟင်းဟင်း..ဒီလိုအားကိုးလာတာလည်း မယ်မီးတသက်ရှိလေ ပြီပေါ့ရှင်..။
ပုံထဲမှာတွေ့ ရတဲ့သစ်သားပြားကြီးတွေကိုလည်းအများကြီးဝယ်ရတယ်။တိုင်ထောင်၊ထုတ်တန်းတွေအတွက်၊
သူ့ ကိုအရင်ရိုက်ပြီးမှဘိလပ်မြေလောင်းရတာကိုး..။
ကျမက ကိုယ့်အတိုင်းအတာနဲ့ တွက်ချက်ပြီး တခြမ်းစီကပ်ခိုင်းပါတယ်။တပြိုင်နက်အားလုံးသစ်ဘောင်တွေ
တခါထဲဆင်ပြီးတလက်စထဲဆိုရင် မြန်မြန်ပြီးမှာပါ။ 
တွက်ရေးကအန်မတန်မှ ချက်ချာတော့ ကန်ထရိုက် တာလည်း မျက်လုံးကြီးပြူးကြည့် မယ်မီးပြောသလို လိုက်လုပ်ပေးပါတယ်။ သစ်တတန်ကို ဘယ်လောက်ရှိလဲ..သိကြတဲ့အတိုင်းဘဲ..။သစ် ၃ တန်ဖိုးလောက်
ပိုက်ဆံအများကြီးသက်တာတယ်။
ဝါးလုံးတွေတော့အများကြီးဝယ်ရတယ်။သူ့ ဆီဝါးလုံးတွေဝယ်ရင်းစကားတွေပြောလို့ ရင်းနှီးသွားတယ်။
ကောက်ညှင်းချည်ထောက်စားမလားတဲ့..။ကြိုက်တာပေါ့..ဆိုတော့ဝါးလုံးသေးသေးလေးတွေ၊ကောက်ညှင်း
ချည်ထောက်ဖုတ်ဖို့ လာပေးတယ်။ကောက်လှင်းဆန်ပါတခါထဲပေးပါလို့ ထပ်တောင်းလိုက်တယ်..အဟဲ။
တကယ်သဘောကောင်းတယ်..လာပေးရှာပါတယ်။
 အစက သူတို့ လုပ်ထားတဲ့လှေခါးပေါ်မတက်ရဲဘူး...။နောက်မှအားတင်းပြီးတက်ရတာ...။
မဲ့နေ့ မှာပွဲထပ်တင်ရပါတယ်။နောက်အဝတ်အစား၂စုံ(ထူးဆန်းတာဖိနပ်၊ဦးထုပ်၊ပိုက်ဆံ၊ဆန်ဆီဆားလက်
ဖက်)တို့ ပေါ့..နောက်ရတနာတွေ ငွေဒင်္ဂါးဟောင်းတွေထဲ့ခိုင်းပါတယ်။ ကိုယ်တို့ လည်းမူးလို့  ရူစရာတောင်မ ရှိတော့ ရှေးခေတ်က ဆယ်ပြားစေ့အလေးတွေကိုထဲ့လိုက်ပါတယ်။ အဲဒီအချိန်မှာ သူတို့ တသိုက် ကျုပ်မယ်
မီးကိုကြည့်နေတဲ့အကြည့်များ တသက်မမေ့ဘူး..ဟီး...ဂြိုလ်သားတယောက်လိုကြည့်တာပါဆို..@_@
အိမ်အုတ်မြစ်ချဖို့ တူးတုံးကတွေ့ လာတဲ့အိုးဟောင်းတွေ၊အဲဒီမြေအိုးဟောင်းလေးမှာမီးရှို့ စပါးခွံမည်းမည်းအ
ပြည့်ပါတယ်။အဲဓါတ်ပုံပြန်ရှာတာမတွေ့ လို့ ..။
နောက်ပြီး ဒီရွှံရုပ်လေးတွေ့ တယ်။အရင်ကစော်ဘွားဟော်နန်းတခုရဲ့ တံခါးပေါက်နေရာဆိုတော့၊အစောင့်
တွေဘာတွေစီမံထားတာလားမသိပါဘူးလေ..မျှော်တာကတော့ ရွှေအိုးပေါ့ရှင်...ဟီး :P
အမေကအားလုံးသွားစွန့် ပြစ်ခိုင်းပါတယ်..။အမှတ်တရသိမ်းထားမယ်ဆိုလည်းမရဘူး.. :((
နောက်အထပ်သားပြားတွေအထူကြီးမှအထူကြီးဗျို့ ၊အများကြီးမှာရတယ်။ ဒီလို လေးခင်းပြီးဆေးသုတ်၊
ပြီးမှသံချည်သံကွေးတွေလုပ်တာပေါ့။နောက်တော့ ဘိလပ်မြေထပ်လောင်းမှာလေ..။
ကျမတို့ မြို့ ကလျှပ်စစ်မီးဆိုတာ လူတွေနဲ့ မတည့်ဘူးလားမသိပါဘူး။လာတဲ့ရက်ကနည်းတယ်။မီးလာတာ
မြင်လို့ ရှိရင်တောင်မနေနိုင်မထိုင်နိုင်ကိုဖြစ်လို့ ။ထူးဆန်းနေတာလေ..။ထမင်းအိုးထတည်ကြည့်၊ထမင်းမ
ကျက်ခင် တာတာပြီးသွားလိုက်မယ်။ ဒီတော့မြို့ လေးကအိမ်တွေဆောက်ရင်ခပ်မြင့်မြင့် လေဝင်လေထွက်
ကောင်းတယ်အလင်းရောင်တွေကိုသဘာဝအတိုင်းများများဝင်နိုင်အောင်လို့ ဆောက်ကြတယ်။
ပုံမှန်ဆိုရင် ၁၃ ပေအမြင့်ဆောက်ကြတယ်။ဒီတော့ မယ်မီးလည်း ၁၃ပေ ပေါ့။ ၁၅ပေလုပ်ပြီး ထပ်ခိုးသဘော
မျိုးလုပ်တာလည်းရှိကြပါတယ်။အပေါ်ထပ်ကိုဘိလပ်မြေလောင်းတော့တလမ်းလုံးမီးစက်သံတညံညံပေါ့။
တနေ့ နေ့ ဓါတ်ဆီဖိုးမနည်းကုန်တယ်။ မိုးလင်းကနေမိုးချုပ် စက်သံနဲ့ နားလည်းအူနေတာဘဲ။ လူတောင်
နားလေးချင်သလိုလိုနဲ့ စကားကိုအော်အော်ပြောနေတတ်ပါတယ်ဆို..။
ကိုင်း..အပေါ်ထပ်ကိုလောင်းတဲ့နေ့ ကပေါ့။ရှေ့ မှာရှုပ်နေတာနဲ့ ကြောက်တဲ့သစ်သားလှေခါးပေါ်တက်ပြီး
ဓါတ်ပုံရိုက်ခဲ့တာလေ...။
သူတို့ ကိုတနေ့ လုံးကျွေးတယ်။သနားစရာကောင်းပါတယ်။အရမ်းပင်ပမ်းတာဘဲ။ အဆင့်ဆင့်အပေါ်တင်ရ တာလေ..။
မီးစက်ကိုပိတ်ဖို့ အော်တဲ့သူ၊ရေစက်ဖွင့်ဖို့ အော်တဲ့သူ၊သဲတွေထပ်မှာဖို့ အော်တဲ့သူ.ဟူး...အသေအော်ကြတာ။
တလမ်းလုံးညစ်ပတ်ပေရေသွားတာပါဘဲ...။ရီစရာတခုကအိမ်မျက်စောင်းထိုးမှာနေတဲ့အဘွားကြီးတယောက်
ကရေတွေသူ့ အိမ်ဖက်ကိုစီးလာလို့ ဘာလိုလုပ်ပေးနိုင်မလဲဆိုပြီးလာတိုင်ပါတယ်..။တကယ်ပါ မောနေရတဲ့
အထဲမုဒိသာမပွားနိုင်တဲ့အိမ်နီးနားချင်းတွေနဲ့ အကုသိုလ်တွေတပုံကြီး ပြောမိဆိုမိပါတယ်...ဟူး....:((
ည ဂနာရီအထိလုပ်ကြတယ်..နေ့ လည်အစာပြေမုန့် တွေကျွေး၊ညနေ ၆နာရီမှာပဲနို့ ရည်နဲအစာသွပ်ပေါင်
မုန့် တယောက်တလုံးဆီလိုက်ဝေပြီး...ပြန်ခါနီးမှနောက်ဆုံးဘီယာ၃ဖာလောက် သူတို့ တော်လဂျီပေါ်တင်
ပေးလိုက်ပါတယ်။(ကောင်းမှု့ ကုသိုလ်တွေလေ... :))
ပြီးတော့ဒီလိုလေးဖြစ်သွားတာ၊အပေါ်ကနေကြည့်ရင် အားလုံးကိုမြင်ရတယ်..။ပျော်စရာကြီးဘဲ..။
မယ်မီးအမြင့်ရောက်ပြီကွ :P
 နောက်ခေါင်မိုးတထပ်အတွက်တိုင်ထပ်ထောင်ရပြီလေ..။
 သူတို့ ဘိလပ်မြေအိတ်ခွံနဲ့ ပြန်ပြီး သဲသယ်ကြပါတယ်။အုတ်တွေကျတော့ပစ်တင်ကြတာ၊ခဏခဏလက်
ချော်ပြီးပြန်ကျရင်ကွဲသွားတယ်။တခုကွဲရင် တခါကျမအော်ပါတယ်...။ တလုံး ၅၅ ကျပ်လေ၊တခါလေ ၆ဝ အထိပေးရတယ်။ကောင်လေးထိုင်နေတဲ့ပီပါက တလုံး ၃၅ဝဝဝ...အပေါက်ပြန်ဖေါက်ခက တလုံး၁ဝဝဝ...
 ညနေခင်းဆိုဒီလိုအိမ်ကိုမြင်ရတယ်...။နေရောင်ကတော့ရှယ်ဘဲ...။
ပြန်လာခါနီးအချိန်အထိတော့ အပေါ်ထပ်အခန်းကန့် ထားပြီးပြီ..။
အပေါ်ထပ်ကိုဘိလပ်မြေလောင်းတဲ့နေ့ က မယ်မီးပြေးလွှားနေရတာ၊အရမ်းမောတာဘဲ၊ဘာမှမစားရသေး
တာနဲ့ အိမ်နားကခေါက်ဆွဲဆိုင်မှာသွားတီးပါတယ်။
ခေါက်ဆွဲမီးခိုးတလူလူကြားထဲကတွေ့ ရတဲ့အိမ်က မယ်မီးတို့ အိမ်ပေါ့...။
သူ့  ဝက်သားလုံးကြည့်ရတာကိုယ်တိုင်လုပ်ပုံမရပါဘူး၊ ထိုင်းဖက်ကလာတာမဟုတ်ရင်ပြီးတာဘဲ...။
ခေါက်ဆွဲတပွဲကို ၁ဝဝဝကျပ်တဲ့...တန်မှတန်..ရန်ကုန်နဲ့ ဘာမှမဆိုင်နော်...။ ရန်ကုန်မှာဈေးတွေခေါင်ခိုက်နေ တာဘဲတဲ့..။
နောက်ဆုံးပုံကတော့ကျမကိုယ်တိုင်ဖုတ်တဲ့အုန်းနို့ ကောက်ညှင်းကျည်ထောက်ပေါ့ရှင်...။
တူးတဲ့ဟာကတူး...လက်ကိုမီးပူလောင်နဲ့ လူတကိုယ်လုံးလည်းမဲတူးသွားတာပေါ့..အဟဲ...။
ကဲ....နောက်အားလုံးပြီးမှဘဲဒီဇာတ်လမ်းက ဇာတ်သိမ်းခန်းရှိပါလိမ့်မယ်လေ...
Friday, August 16, 2013
ဆဌမအာရုံ sixth sense
မင်္ဂလာပါရှင်~~~
ရှင်ရုင်ကားအကြောင်းလက်တို့တာဟုတ်ပါဘူးနော်။ထုံစံအတိုင်းပေါ့ရှင်...ကျမကြုံခဲ့တဲ့အဖြစ်အပျက်တွေပါ။လူတိုင်းလူတိုင်း တခါတလေကြုံဖူးကြမှာပါ။တချို့အဖြစ်တွေဟာ..ကြိုသိနေသလို၊ဖြစ်ခဲ့ဖူးသလိုလိုနဲ့လေ။စာတွေဘာတွေ ထဲဖတ်ဖူးတာ၊အဲလိုမျိုးကြိုတင်သိတတ်တဲ့ အာရုံကို ဆဋ္ဌမအာရုံ sixth sense လို့ခေါ်တယ် တဲ့။ ရုပ်ရှင်တောင်ရှိသေးတယ်။ ကျမ မယ်ငီးလည်း လူအထင်ကြီးအောင်ပြောရရင်တော့ sixth sense ရှိ သယောင်ယောင် (အတင်းစပ်ဟပ်ပြီးပြောကြည့်တာပေါ့...ကွာ)😁
အင်း..ပထမဇာတ်လမ်းကတော့ ၁၆နှစ် တရက်စွန်းအရွယ်မှာပေါ့..ဒေသကော လိပ်ကျောင်းသူကြီးကို အစ်မကကျောင်းနဲ့နီးတဲ့ရန်ကုန်ပြည်လမ်းမ ၅မိုင်ခွဲနေရာတခုမှာအဆောင်ဌားပေးလိုက်ပါတယ်။ ကျောင်းတက်ခါစအချိန်အဆောင်သူတွေနဲ့လည်းသိပ်မရင်းနှီးသေးဘူး။အခန်းဖော်သူငယ်ချင်းကလည်း လသာ၂ ကတဲကသူငယ်ချင်း..။သူ့နဲ့အဆောင်ရှေ့မြက်ခင်းပြင်ပေါ်က ဒန်းလေးမှာ ဒန်းစီးရင်း လေကန်ဝေဖန်ရေး လုပ်နေ ကြတာပေါ့..။ဒန်းက မြက်ခင်းနဲ့ခြံစည်းရိုးအလယ်လောက်မှာရှိတာ...။အကြာကြီးဘဲအာလူးတွေပေးရင်း မိုး
ချုပ်စပြုလာပြီလေ..။ အဲ့ဒီအချိန်မှာဘဲ လေချွန်သံ..ရွှီ..ဆိုပြီးကြားတယ်..။ ဒီအတိုင်းဘဲလမ်းမပေါ်မှာဖြတ် သွားတဲ့ကာလသားတွေ အဆောင်ကျောင်းသူတွေကို လေချွန်သံပေးတယ်ဘဲထင်တာပေါ့..။ နောက်ဆက်ခါဆက်ခါကြားလာတယ်။ ကျမသေသေချာချာနားထောင်ကြည့်တာ..လေကိုချွန်တာဟုတ်ဘူး.. 
လေကိုစုပ်ပြီးအသံပြုသလိုမျိုးဘဲ...။သူငယ်ချင်းကပြောနေသေးတယ်။ဒီကောင်တွေ အနားကပ်ခြံစည်းရိုးဖြဲပြီးကို အသံပြုတယ်ပေါ့..အရွှယ်လေးကလည်း ငယ်သေးတော့ ပဲတွေဆက်ပေးနေသေးကြတာလေ..ဟီး...:P ကျမတို့အဆောင်က
စဉ့်ကူဆောင်နဲ့နီးတော့ အဲဒီက ဘဲကြီးတွေ(ကိုယ်တို့အတွက်တော့ အသက်အရမ်း ကြီးကွာတယ် လို့ထင်ခဲ့တယ်လေ) လာပိုးတယ်လို့ဘဲယူဆတာပေါ့...။
အဲဒီအချိန်မှာဘဲ ကျမလေ..ခြံစည်းရိုးကိုစိုက်ကြည့်နေတာ၊သူငယ်ချင်းကသွားမကြည့်နဲ့ဒင်းတို့ကိုကရုစိုက်တယ်လို့ထင်မှာတဲ့..။ကျမမျက်တောင်တောင်မခတ်ဘူးကြည့်တာ။သူငယ်ချင်းပြောလည်းနားမထောင်ဘူး။(သူတို့တွေအားလုံးနီးပါးက ကျမကိုသူငယ်ချင်းလိုထက်သူတို့ရဲ့ညီမငယ်ခလေး တယောက် လိုဆက်ဆံ တတ်ကြတယ်လေ၊ကိုယ်ကလည်းခပ်တုံးတုံး အဲဒီတုံးက ဘာမှသိပ်မသိ နားမလည်ခဲ့ဘူး)ကြည့်ရင်းနဲ့လှုပ်လှုပ်တခုကို တွေ့လိုက်တယ်။တဖြေးဖြေးထောင်တက်လာတယ်..ပြီး ကားလာတယ်။ကျမလက်ဝါးအရွှယ်လောက်ရှိမယ်။နောက်အဆောင်ပိုင်ရှင်တိုက်က ဝရံတာမီးဖြတ်ကနဲဖွင့်လိုက်တော့..၊အိုးလာ....လား...မီးရောင်နဲ့ပါးပြင်းထောင်နေတဲ့မြွေမျက်လုံး လက်ကနဲဖြစ်သွားမှ သေသေချာချာတွေ့ရတာလျှာလို့ခေါ်ရမှာလား..သူပါးစပ်က လျှာအရှည်ကြီး အမြီး၂ ခွဆိုတာ အမှန်ဘဲ..၊ပလပ် ပလပ်နဲ့ အမေရေ ကယ်ပါ... လူလည်း လွှားကနဲ ခုန်လိုက်တာ ၃ လှမ်းလောက်နဲ့မြက်ခင်းပြင်ကျော်ကိုရောက်သွားတယ်။ပါးစပ်ကလည်း မြွေမြွေ အော်ပြီး ပြေးတာ အခန်းထဲက ကုတင်ပေါ်တန်းကနဲဘဲ..ဒီလိုသတ္တိခဲပါရှင်။ဘာလို့စိုက်ကြည့်ခဲ့တာလည်းမသိပါဘူး..ကောင်လေးတွေမို့လို့လဲမဟုတ်ဘူး..ကျမငယ်ငယ်ကတဲကယောက်ကျားလေးလိုဘဲနေခဲ့တာ။ကံကောင်းထောက်မလို့ ဆက်ပြီးပဲပေးနေသေးရင် အဲတုံးကတဲကသတင်းစာမျက်နှာ ဖုံးမှာ ပါလောက်ပြီ..:P (အဲဒါကိုမြွေပါးပြင်းထောင်တယ်လို့ခေါ်တာတဲ့၊လူကိုပေါက်ဖို့ပြင်နေတာလေ..နောက်၃ရက်ကြတော့ ခြံရှေ့မြောင်းထဲမှာတွေ့လို့ အဲနားကလူတွေရိုက်သတ် လိုက် ပါတယ်တဲ့)။
နောက်တခုက ကျောင်းပြီးလို့ကျိုင်းတုံမြို့လေးမှာနေတဲ့အချိန်ပေါ့ဆောင်းရာ သီ စွမ်တောင်းဘုရားပွဲကျင်းပတဲ့အချိန်လေ။ဘာဖြစ်လည်းဆိုတော့ စွမ်တောင်းဘုရားကတောင်ပေါ်မှာရှိတဲ့အတွက် ညကျတော့ လူခြေတိတ်ချိန်မှာ ပွဲခင်းကအသံတွေအတိုင်းသားကြားရတယ်..။"စွမ်"ဆိုတာအထွဋ်အထိပ်က၊ထိပ်ဖျားပိုင်းလို့အဓိပ္ပါယ်
ရပြီး"တောင်း"ဆိုတာ ကြေး ပါ..။အဲဒီဘုရားကကျိုင်းတုံမြို့မှာအမြင့်ဆုံးစေတီတခုဖြစ်ပြီး ဘယ်နေရာကကြည့်ကြည့်ဝင်းကနဲ ထင်းကနဲမြင်ရတယ်။ ခုတော့ စွမ်ခမ်းဖြစ်သွားပြီလေ"ခမ်း"ဆိုတာ "ရွှေ" ရွှေထီးတင်လိုက်ပြီဆိုပါတော့။ အင်း..ကြုံတုံး..ကြွားရရင် အဲလေ ပြောရ ရင်တော့ကျမအဖေဦးဆောင်ပြီးစွမ်တောင်းဘုရားကို ရွှေထီးဘုရားကပ်ပူဇော်ဖို့ဘုရားပွဲကျင်းပကြပါတယ်။ (အဖေက မြို့လေးမှာဘာဘဲလုပ်လုပ်ဦးစီးဦးဆောင်ခဲ့တာတွေအများကြီး၊သမီးကတော့ အိမ်ထဲကုပ်နေတာလောက်ဘဲသိတာ)
စွမ်ခမ်းစေတီ
(ရှမ်းပြည်ရဲ့ထုံးစံလောင်းကစားတွေ ၄ကောင်ဂျင်တို့ ၁၂ကောင်ဂျင်တို့ မာခုတ်ခတ်ဆိုတဲ့အန်စာတုံးအကြီးကြီး၂ခုလား ၃ခုလားသိပ်တောင်မမှတ်မိချင်တော့ဘူး အဲ့တာကိုသေတ္တာထိပ်မှာတင်ထားပြီး ကြိုးနဲ့ဆွဲချအောက်ကပုံမှာတိရစ္ဆာန်ပုံလေးတွေပါတယ်။ အဲ့ဒီမှာပိုက်ဆံထပ်ထားရင် လျှော်ကြေးဘယ်နှစ်ဆဆိုတာရတာပေါ့။ ဒီလိုလောင်းကစားဒိုင်မျိုးစုံကို ကန်ထရိုက်ပေး ဘာညာပေါ့..အဟဲ အဖေမရှိမှသမီးဖြစ်သူကပြောရဲတာပါ) ဘုရားပွဲကျင်းပ အဲ့ဒီကဈေးကောက်တွေကောက် မြို့ထဲအလှုခံ အားလုံးအားလုံးစုပြီး ဘုရားကိုရွှေထီးချခဲ့တာပါ။အဖေပြောပြပါသေးတယ် မြို့ထဲအလှုလိုက်ခံတာ မင်းတို့အမေ ဂုံရှမ်းတွေတကယ်ကပ်စီးနဲဘဲ...တဲ့၊တရုတ်တွေဆိုရင်တကယ်ထဲ့တာတဲ့။ ပိုက်ဆံမလောက်လို့ဒီလိုလုပ်ရတာကွ..တဲ့(ရူး..တိုးတိုး..မြို့ကလူတွေသိရင် ကျုပ်တော့ အထောင်းခံရအုံးမှာ...) အင်း..ပြောချင်တဲ့နေရာရောက်အောင်ဆွဲခေါ်လာနေ 
တာလေ..ဘယ်တွေရောက်သွားပြီကြောင်း....!!!! လျှာရှည်တယ်ရှင့်...😁😂
အခုမြင်ရတဲ့စွမ်ခမ်းစေတီ
ကဲပါလေ..လိုရင်းတိုရှင်း..အဖေလည်းသူ့အလုပ်နဲ့သူရှုပ်နေ၊ လောင်းကစားတွေရှိတော့ လောင်းကြပြီပေါ့..ဘိန်းစား ဖိုးသမားလည်း အန်မတန်ပေါများတာကိုး..အဲဒီတုံးကမြို့ရဲ့မီးပေးဝေပုံကလည်း ည ၉ နာရီ တိတိ မှာတမြို့လုံးမီးပိတ်ပါတယ်။ဒီတော့ မီးမပိတ်ခင် ၅မိနစ် ၁ဝမိနစ်လောက်ဆိုရင်အိမ်သာပြေးရပြီလေ။ တောထုံးစံရေအိမ်ကလည်းဟိုး..ခြံနောက်ဆုံးထောင့်မှာ အိမ်က ပေ ၁ဝဝ  ရှည်ပါတယ်။အိမ်နောက်ကပ်ရပ်ဟော်နန်းဟောင်းတခု(ခလေးထိန်းကျောင်းလုပ်ထားတယ်လေ)၊သူများတွေတောပြောတောင်ပြောနဲ့အဲဒီမှာ ဝိဉာည်တွေဘာတွေရှိတယ် သူရဲတွေရှိတယ်ဆိုတော့ အသေကြောက်တာပေါ့။အိမ်မှာလည်း အမ နဲ့၂ယောက်ထဲဘဲရှိတယ်။လူကြီးတွေမပြန်လာကြသေးဘူး။၂ယောက်သားအိမ်နောက်ဖေးပြေးကြပါတယ်။ ၉နာရီထိုးခါနီးပြီလေ..။အိမ်သာက မြောက်ဖက်ထောင့်မှာရှိပြီး ရေတွင်းကတောင်ဖက်ထောင့်မှာရှိပါတယ်။အမကအရင်ဝင်ပါတယ်။ ကဲ..မယ်ငီး တောင်ဖက်ထောင့်နားက ရေတွင်းဆီကိုတည့်တည့်မတ်မတ်သွားပါတယ်။ ရေတွင်းနဲ့ကပ်ရပ်မှာရှိနေတဲ့ စဉ့်အိုးကြီးထဲကရေကိုခပ်ပြီး အိမ်ထောင့်နားကစပါးလင်အုံ ကိုလှမ်းပြီး ရေနဲ့ပက်ပါတယ်။ ဆောင်းတွင်းဆိုရင် ကျမတို့ဖက်ကတအားအေးတာ..။ရေဆိုရင်မထိချင်ဘူး။အေးစက်ခဲနေတာဘဲ။ အမက သူရေအိမ်ကထွက်လာတော့ လှမ်းအော်ပါတယ်။မြန်မြန်လုပ် မီးငယ်မီးမိတ်တော့မှာ..။ကျမဆက်ခါဆက်ခါနဲ့လောင်းတာ ဘာဖြစ်လို့လဲမသိပါဘူး..။၄ခါလောက်လောင်းပြီးတော့..အီး..အား..အူး..ဆိုတဲ့အသံတွေ အဲဒီစပါးလင်ခြုံထဲကနေထွက်လာတယ်...။ အို..သတ္တိခဲ မယ်ငီးဘဲပြေးတာတန်းနေတာဘဲ..မမလည်းပြေးတယ်..။အိမ်တံခါးကိုမပိတ်ခဲ့ကြဘူး..။အိမ်ရှေ့ကနေ အပြင်ထွက်ပြီးအိမ်နီးနားချင်းကို အော်ဟစ်အကူအညီတောင်းရတာပေါ့..။နောက်တော့ ရပ်ကွက်ထဲက လူတွေလာကြ တယ်။ အော်...ညဦးကတဲက ခိုးဖို့စောင့်နေကြတဲ့ သူခိုး၂ယောက်မိသွားပါတယ်။သူတို့ကအေးနေတာရေနဲ့ထပ်တွေ့တော့မခံနိုင်တော့ဘူးလေ...
အော်တော့တာပေါ့...။
ကဲ...မယ်ငီးမှာ sixth sense ရှိပါတယ်ဆို... 😁😎😆
နောက်ယိုးဒယားမှာကြုံခဲ့တဲ့ sixth sense ကိုတော့ နောက်တခါပေါ့နော်...ဟီး..
ခဏခဏဂတိပေးတတ်တယ်..ပြီး..ကြာနေတာလေ...ခွင့်လွှတ်ပါရှင်.... :)
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေ~~~
#meemeenage
Sunday, August 11, 2013
ရွှေရတုသဘင်...
မင်္ဂလာပါရှင်~~~
နှစ် ၅ဝ ပြည့်ရင်ရွှေရတုသဘင်တဲ့.......
မွေးနေ့ကိုသူကမှတ်မိပေးနေတယ်လေ...။
မနက်စောစော အီးမေးစစ်ဖို့ဖွင့်လိုက်တာနဲ့သူက ကိတ်တွေဘာတွေနဲ့...။
သူ(Google )လည်းတိုးတက်လာပြီဘဲ...။ကိုယ်တော့အိုသွားပါပြီ...။
အရင်ကတဲကစဉ်းစားထားတယ်...ဒီနေ့ပြီးရင်ဘလော့ကိုရပ်နားလိုက်မယ်..လို့..။
အိုကြီးအိုမ..နဲ့ခလေးတွေလူငယ်တွေကြားထဲမှာ မကောင်းပါဘူးလေ..။
အားလပ်ချိန်ရှိတုံးက လက်တည့်စမ်းထားတာတွေ၊
အာခါတွင်းတွေ့သွားပြီးဆက်ခါဆက်ခါ ရေးနေ လေပေါနေ လိုက်တာ...။
ပေါက်ကရတွေရှောက်ရေးတတ်လို့တချို့ကထင်နေတာ လူငယ်အရွယ်လေး...တဲ့..။
အဟား.... မယ်ငီး အသက် ၅ဝ နှစ်တိတိရှိပါပြီ...။ မယုံဘူးလား... ^-^
အရွယ်တင်လိုက်တာနော် လို့ဘဲအမြဲအပြောခံရတာ(ကြုံတုံးကိုယ့်ကိုယ်ကိုဖော်အုံးမှ :))
မိတ်ကပ် နှုတ်ခမ်းနီ ပါးနီ မသုံးတတ်ဘူးလေ...။ အဖေ့စကားနားထောင်တာ..။
(အဖေကပြောတယ်အဲဟာတွေလိမ်းထားရင်အခြောက်နဲ့တူတယ်တဲ့..ဟွန့် @-@ )
ဟင်းသီးဟင်းရွက်အစိမ်းနဲ့ပြုတ်တာတွေအစားများတယ်လေ..။
အချို၊နဲ့ဆီ ဆိုရင် မပါသလောက်ဘဲ...။ပဲကိုအဓိကထားစားတာ(လူလည်းပဲများတာလေ..:P )
အဲဒါကြောင့်လို့ထင်တာဘဲ... (ထောက်ခံလိုက်ပါရှင်)
လသားအရွယ်ကနေ ၃ဝကျော်တဲ့အထိ....
ဒီနေ့မှာ အဖေနဲ့အကို ၂ယောက်ကိုအထူးသတိရတယ်...။
ငယ်ငယ်ကတဲက စိတ်ဆင်းရဲစရာခေါင်းထဲမှာ သိပ်မထဲ့တတ်ဘူး..။
ချော်လှဲရင်တောင် အော်ရီတတ်တဲ့ လူတန်းစားထဲကပါ..။
ပေါက်ကရရှစ်သောင်းတွေပြောပြီး တဟီးဟီးတဟားဟားအော်ရီနေရရင်ကျေနပ်တဲ့လူမျိုးပါ။
အူကြောင်ကျားအတွေ့အကြုံတွေကိုပြောပြရင် အဖေနဲ့အကို ၂ယောက်ကဒိုင်ခံ ရီပေးတတ်တယ်။
ငိုတယ်ဆိုတာမရှိဖူးသလောက်ဘဲ...။
အဖေနဲ့အကိုတွေ ဆုံးရှုံးသွားတော့ တော်တော်တုန်လှုပ်မိတယ်။
တနေ့ကိုယ်လည်းဒီလမ်းသွားကြရမှာဘဲလေ...။
သွားဖို့ဘာအဆင်သင့်တွေပြင်ထားပြီးပြီလဲ လို့ကိုယ့်ဖာသာကိုပြန်မေးမိတယ်။
နေပျော်အောင်နေတတ်ခဲ့သလို သေပျော်အောင်လုပ်ဖို့လည်းလိုသေးတယ်လေ..။
ကိုယ့်အတိတ်ကာလက ပြုလုပ်ခဲ့တာတွေ အားလုံး လိပ်ပြာသန့်ခဲ့ပါတယ်။
သမီးကောင်း၊တပည့်ကောင်း၊ဆရာကောင်း အားလုံးအပေါ်မှာတတ်နိုင်သလောက်ကောင်းခဲ့တာပါဘဲ...။
ကျေးဇူးရှင်မိဘ ၂ပါးကိုဘယ်တော့မှ စိတ်ဆင်းရဲအောင်မလုပ်ခဲ့ဖူးဘူး..။
ဒါတွေနဲ့ဘဲ သံသာရာခရီးသွားဖို့မလုံလောက်သေးဘူးလေ..။
အများကြီးလုပ်ဖို့အားထုတ်ဖို့လိုသေးတယ်..။
လူမှန်းသိတတ်စအရွယ်ကတဲက ဒီနေ့အထိပြုလုပ်ခဲ့ဖူးတဲ့ ဒါနကုသိုလ်၊
ဆောက်တည်ခဲ့ဖူးတဲ့ သီလကုသိုလ်၊
သမထဝိပဿသာနာပွားများခဲ့ဖူးတဲ့ ဘာဝနာကုသိုလ်၊
ဒီနေ့အတွက်ရည်စူးပြီးပြုခဲ့တဲ့ ဒါနသီလဘာဝနာကုသိုလ်အားလုံးကိုမိဘ၂ပါးနဲ့တကွ
ဆွေမျိုးမိတ်သင်္ဂဟ
များ ကျမရဲ့စာဖတ်မိတ်ဆွေများ၊မြင်ဆရာ၊ကြားဆရာ၊
မုန်းသူ၊ချစ်သူ၊ခင်မင်သူ၊ ခဏ တဖြုတ်ကြုံဖူးသူ၊ အွန်လိုင်းမှသိဖွယ်ရာများ၊
ချက်ပြုတ်နည်း ပညာများဝေငှသူ အားလုံးကိုရည်စူးပြီး  အမျှကုသိုလ်ပေးဝေ လိုက်ပါတယ်...။
ဟိုးတပတ်ကlongisland၂ညအိပ်သွားတာဟိုတယ်ကမှန်ရှေ့မှာ
ကိုယ်ဖာသာကိုယ်ရိုက်တာလေ
မျက်နှာတည့်တည့်ထားရင်ကွယ်နေလို့နေရာပေါင်းစုံရွှေ့ပြီး
အကောင်းဆုံးရှာရိုက်တာ..
အသက်ကဂဏန်းသချာၤတခုပါ၊လောကမှာနေတတ်ရင်ကျေနပ်စရာတွေအပြည့်နော်...။
အသက်ကြီးလာသလို နှလုံးသားရောဦးနှောက်ရော လိုက်ကြီးဖို့ကြိုးစားရင်း...၊
စိတ်ကအခုထိ အရွယ် မရောက်သေးပါ...။
အားလုံးဘဲရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး
Tuesday, August 6, 2013
ဖန်သားပြင်ပေါ်ကဟင်းချက်ဆရာကြီးများ
မင်္ဂလာပါရှင်~~~
ကျမတို့ တီဗီကြည့်ရင်(အိမ်ကလူဦးရေအပေါ်မှာမူတည်မယ်ထင်ပါတယ်)ချယ်နယ်လုနှိပ်ရတာလေ..၊
ဒီလိုအဖြစ်မျိုးတွေကြုံဖူးကြမှာပါ။တယောက်နဲ့ တယောက်အကြိုက်ခြင်းမတူကြတော့ လွှင့်သမျှ အစီအစဉ်
တွေကိုလည်းကိုယ်အကြိုက်သူ့ အကြိုက်လုရွှေးရသေးတယ်လေ..။ရန်ကုန်မှာနေတုံးက ကျမတခါမှတီဗီရှေ့  ၁ဝမိနစ်ပြည့်အောင်တောင် မနေဖူးခဲ့ပါဘူး။ စလောင်းတခုလောက်တပ်ထားပေးလိုက်တာနဲ့ အိမ်သားတွေ ညည နောင်ကျိန်နေကြတာ တကယ်စိတ်ပိန်တယ်။တူလေးက ကာတွန်း ၊အမေက ထိုင်းအခန်းဆက် ဇာတ် လမ်းတွဲ၊ အဖေက ဂေါက်ရိုက်တာ၊ အိမ်ကကောင်မလေးက ကိုးရီးယားကား...၊ကျမကတော့ တခါခါထိုင်းက  လာတဲ့ ခရီးသွားအစီအစဉ် ကိုကြိုက် တာ (အစီအစဉ်တင်ဆက်တဲ့သူကခရီးသွားရင်းသူရောက်တဲ့ဒေသရဲ့  အစားအစာတွေကိုပါပြတာလေ)။  ဒါပေမဲ့လည်းကိုယ့်ဖက်ကမဲမ သာတော့ ခဏဘဲကြည့်ရတာပါ..။ခုလည်း လူ၂ယောက်ထဲနေရတာ၊သူ့ နဲ့ လုနေရတယ်။ နေ့ လည်ခင်းအားချိန်ကြတော့လည်း ဟိုလုပ်ဒီ လုပ်နဲ့ တီဗီ
ရှေ့ မရောက်ဖြစ်၊ ဒီတော့ သူကနေ့ လည်ကြိုက်တာကြည့် ညကျသူ ကြိုက်တဲ့  လက်ဝှေ့ ကြည့် မယ်တဲ့..။ ကဲ...နေ့ လည်ဆိုကျမ အသေအချာထိုင်ကြည့်နေရပြီလေ..။ 
ကျမမိတ်ဆွေများဘာတွေကြည့်ကြလည်း...။ကျမတော့ ဟင်းချက်တာတွေကြည့်ရတာအန်မတန်သဘော
ကျတယ်..။ဗမာပြည်မှာနေတုံးက တီဗီစပေါ် ခင်ကာလလောက်မှာဘဲထင်တယ်..Yan can cook ဆိုတာကို စကြည့်ဖူးတယ်လေ..။ မစ္စတာ ယန်ကြီး သူ့ ဓါးနဲ့ စဉ်းနီတုံးကိုအားပါးတရခုတ်ပြီးဓါးကိုတင်လိုက်တာလေ..
မျက်စိထဲကတကယ် ထွက်ကိုမထွက်ဘူး။တကယ်မိုက်တယ်။ချက်တာ လည်းလွယ်တယ်လို့  ထင်ရတယ်။ ထိုင်းရောက်တော့ဟင်းချက်တဲ့အစီအစဉ်တွေတခုမှမလွတ်ဘူး..ရသလောက်ကြည့်ခဲ့တယ်။ဟင်းချက်တဲ့
အစီအစဉ်ထဲမှာမှ ကျမကခရီးထွက်ရင်း ရောက်တဲ့နေရာမှာ ဒေသခံတွေ ဆိုင်တွေ ချက်တာပြုတ်တာပြတဲ့ အဲ့ဒီလိုအစီစဉ်ကို ပို ကြိုက်လာတယ်..။ခုတော့ နံမည်တွေတောင်မေ့နေပါပြီ။ချယ်နယ် နံပါတ် ၃/ ၅ လို့ ထင် တာဘဲ။နေ့ လည်အချိန်လောက်လာတတ်တယ်။(ဟင်းချက်တာတွေကြည့်တတ်တာတခုပါဘဲ ဟင်းချက် လည်းညံ့ချက်တော့ ^_^ )
အမေရိကားမှာတော့ ဟင်းချက်တာတွေပြတဲ့လိုင်းတွေများပါတယ်။တကမ္ဘာလုံးလျောက်သွားပြီးပြတာ
လည်းရှိတယ်။အကင်အကြောင်းဘဲပြတာ၊ ဟမ်ဘာကာအကြောင်း၊ဆင်းစ်ဝှစ်အကြောင်း..အစားအစာ
တမျိုးထဲကိုဘဲ ဘယ်လိုလုပ်ကြတာလဲဆိုတာတွေ၊ ကားနဲ့ အစားအစာတွေလိုက်ရောင်းတဲ့လူတွေချက်တာ
နိုင်ငံတကာသွားစားပြတာ၊ကမ္ဘာပေါ်မှာရှိတဲ့ဝိုင်မျိုးစုံ၊ချိစ်မျိုးစုံ လိုက်ပြတာ၊နံမည်ကြီးဆိုင်တွေချက်တာ.....
အိုး..အများကြီးမှအများကြီး ပြောမကုန်နိုင်ဘူး..။ဂျာမဏီ၊နယ်သာလန်၊အင်္ဂလန်က ဟင်းချက်တဲ့ သူတွေ အကြောင်း. .နောက်ကြုံရင် နဲနဲအားလူးဖုတ်ပေးအုံးမယ်လေ...။ခုတော့ကျမကြည့်တဲ့  foodnetwork က
အစီအစဉ်တခုအကြောင်းကိုပြောပြ မယ်နော်...။ အဲဒီထဲမှာမှ ကားမောင်းရင်း သူက(အဓိကကတော့ အမေ
ရိကားထဲမှာပါဘဲ) သူတို့ ရဲ့ စားသောက်ဆိုင်( မူရင်း အမေရိကန်တွေစားတဲ့ဆိုင်) တွေကိုလိုက်ပြီးစား
သောက်၊ချက်ပြုတ်တဲ့နေရာအထိ ဝင်ပြီးဘယ်လိုချက်သလဲသွားရိုက်ပြီးပြတာပါ
..။Diners,Drive-Ins and Dives တဲ့ ။ အမေရိကားရုပ်ရှင်တွေမှာမြင်ဖူးကြမှာပါ ။ စတီးရောင်တွေနဲ့  ဘစ်ကားလိုလိုရှည်မျော်မျော်ကြီး Diner လို့ ရေးထားတတ်တဲ့စားသောက်တိုင်တွေလေ..။
နဂိုမူလကတော့ ဘတ်စ်ကားပေါ်မှာ သူတို့ မနက်နေ့ လည် ညစာတွေကိုလိုက်ရောင်းတဲ့  စားသောက် ဆိုင်မော်တော်ယာဉ်တွေပါတဲ့။ တချိန်ကသူတို့ လူမျိုးတွေရဲ့ အရေးပါတဲ့ ဆိုင်တွေပေါ့...။
နောက်ပိုင်း ကာလတွေပြောင်းခေတ်တွေပြောင်းလဲလာပေမဲ့တချို့ ဆိုင်တွေက အရင်တုံးကပုံစံကိုဘဲ
ထိန်းသိမ်းထားတာရှိသေးကြတယ်။
မနက်စာ ban cake ကနေ နေ့ လည်စာ အသားညှပ်ပေါင်မုန့်  ညစာအသားပြားကင်ကြော်တွေအထိ တနေကုန် ရတယ်။မနက်ကနေညအထိရောင်းတယ်လေ..
 တချို့ ကလည်းနဲနဲပါးပါးဘဲပြန်လည်ပြုပြင်ထားကြတယ်။ အထဲမှာတော့ နေရာကျဉ်းကျဉ်းလေးပါ..။
ဆိုင်ပုံစံကစိတ်ဝင်စားစရာကောင်းသလို သူတို့ ဒေသအလိုက် (ပြောင်းလာတဲ့နိုင်ငံနဲ့  လူမျိုးတွေက များသောအားဖြင့် စုနေထိုင်ကြတာကိုး..ဥပမာဂျာမာန်တွေများတဲ့နေရာဆိုဂျာမာန်အစားအစား နဲနဲပုံစံ
ပြောင်းထားတဲ့ Diner)
စားသောက်ပုံစံအလိုက် အမျိုးမျိုးရောင်းတာ ကပိုစိတ်ဝင်စားစရာ။ အမေရိကား မှာနေထိုင်ကြတာလည်း တကမ္ဘာလုံးကလူမျိုးပေါင်းစုံလေ..။
ကျမကြည့်နေတာ..တလောကလုံးဝယ်ဘဲစားနေကြတာဘဲ..ချက်စားကြတဲ့သူတွေများနဲလာကြပြီလား..။
မသိပါဘူး..။အစီအစဉ်တင်ဆက်တဲ့လူက Guy Fieri တဲ့ မျက်မှန်ကြီးကို နဖူးမှာပြောင်းပြန်တပ် ထားတတ် တယ်။သူ့ စတိုင်နေမှာ..:)  ဒီအစီအစဉ်မှာသူချက်တာမရှိပါဘူး..သူများတွေချက်တာကြည့်မေးမြန်းစပ်စု
အားပါးတရ ပါးစပ်ထဲထည့်..ကိုယ်တို့ က ပါးစပ်လေးဟောင်းလောင်းနဲ့ ငေး...ဒါပါဘဲ...။ 
အဲဒီမှာသူတို့ ချက်တဲ့ ဟမ်ဘာဂါ တို့ ဆိုတာ အတူတူလို့ ထင်ပေမဲ့၊နဲနဲဆီကွဲတယ်။ ကိုယ်ပိုင်ဗားရှင်းတွေနဲ့ 
လေ..။ကျမတွေ့ တာတော့ အသားတုံးကြီး အမဲသား၊ဝက်သား..တခုခုကို ဂျင်း ကြက်သွန်ဖြူ ဆား အားလုံး နီးပါးအမှုန့် ဘဲသုံးကြတယ်၊ ပြီးသူတို့ ရဲ့ ဟင်းခတ်အမွှေးအကြိုင်တွေ...အမယ်ပေါင်းဆယ်မျိုးထက်မနည်း
သိမ်းကြုံးထဲ့လိုက်တာဘဲ။ နောက် နာရီများစွာ၊တချို့ လည်းညသိပ်ထားကြတယ်။ တချို့ ကရေထဲ မှာထဲ့စိမ် တယ်။နောက်မှ ဖုတ်မယ်၊ကင်တယ်၊ပြုတ်တယ်ပေါ့...။ပေါင်မုန့် ကြားထဲထဲ့ဖို့ အသားလေးကိုနွှင်၊ တချို့
တောက်တောက်စင်း၊ခရင်းနဲ့ ဖွ..နည်းပေါင်းများစွာ...ပြီးတော့ဆော့စ်လုပ်ပါတယ်..အဲလိုဘဲ ဆား ရှာလကာ ရည်ကစလို့ ငရုတ်သီး ဝိုင်သကြား..နောက်ထပ်အမျိုးပေါင်းသောင်းခြောက်ထောင် ထပ်ထဲ့ကြို.. အဲဒါ ကျ
တော့အသားပေါ်ပြန်လောင်းနယ်ထားလိုက်တယ်၊ စားသုံးသူလာရင်ပေါင်မုန့် ကင် ပြီး အသားနဲ့ ဆော့စ်နယ် ထားတာအလယ်မှာထည့်ပေး အရွက်လေးကြက်သွန်ကွင်းလေး နဲနဲထဲ့ ..အိုး..နောက်ဟမ်ဘာဂါထဲမှာထဲ့
တတ်တဲ့ မရွှမ်းနစ်ပါထဲ့ပေးတတ်သေးတယ်။ ကဲ...အဲဒီဟမ်ဘာဂါကြီး ဘာအရသာမျိုးထွက် မလဲတော့ မသိ ဘူး..ကိုကိုGuy ကြီးတော့ အားပါးတရ ဝါးပြတာဘဲ..။ ကျမတော့ကြည့်တာဘဲကြိုက်တာ။
စားတာတော့လိုက်
မစားချင်ပါဘူး။အမျိုးပေါင်းသောင်းခြောက်ထောင်ထဲ့ထားတာ ကိုယ်မကြိုက်တာပါနေလို့ ၊ ကျမကရှာလကာ
ရည်မကြိုက်ဘူး။ချဉ်ပြုံးပြုံးအရသာကြီးလေ...။
ဆိုင်တိုင်းနီးပါး ဒီလိုဟမ်ဘာကာတွေရတတ်တယ်။ ကျမကတခြာဟင်းတွေစိတ်ဝင်စားတာပါ။ ပြီးခဲ့တဲ့အ ပတ်က ကြည့်တာ ဖရဲသီးနဲ့ baby arugula သုပ်တာလေ။ အရွှက်ကခါးသက်သက်လေးအရသာရှိတယ်။
ကျမကဒီအတိုင်းစားတတ်တယ် တခါတလေ အရွှက်ကြော်ချက်သဘောမျိုးလည်းချက်ပါတယ်။ သူ့ နည်းကို
ကြည့်ပြီးလိုက်သုပ်ကြည့်တာ အရမ်းကောင်းတယ် ချိုချိုခါးခါးလေး...နောက်တခါမှဓါတ်ပုံရိုက်ပြီးပြမယ်။
ခုတော့စားလို့ ကုန်သွားပြီး..အဟီး..။ အဲဒီအစီအစဉ်လေးကိုကြည့်တာ တကယ်ကောင်းတယ်။ ဟင်းတွေကို
ဘယ်လိုအကွန့် တက်ပြီး ချက်စားရမလဲဆိုတာ နဲနဲနားလည်လာတယ်။ တချို့ ကလည်း ကိုးရီးယားတွေ ကင် ချီနဲ့ အနောက်နိုင်ငံက ဟင်းတွေပေါင်းစပ်ပြီး ကိုယ်ပိုင်ထွင်ထားတာ...စားကောင်းမဲ့ပုံဘဲ..။စမ်းသပ်ပြီး ချက်လိုက်အုံးမယ်လေ...ကောင်းမှ အာလူးလာဖုတ်ပြီးဓါတ်ပုံလေးနဲ့ ကြွားလို့ ရမှာ..ခုတော့ ကြည့်ရှု စမ်းသပ်တဲ့အဆင့်ဘဲဗျို့ ..... :P
ကျမဟိုဟိုဒီဒီကြည့်ပြီး လိုက်တုပထားတဲ့ နေ့ လည်စာ ငါးကင်နဲ့ သရက်သီးသုပ်(သရက်သီးကချဉ်လွန်းလို့ 
ဒီလိုလုပ်ပြီးစားလိုက်ရတာလေ) ^_^
အားလုံးဘဲရွှင်လန်းချမ့် မြေ့ ကြပါစေရှင်~~~
မီးမီး
Friday, August 2, 2013
မယ်ငီးကားမောင်းရျ်ခရီးသွားနေသည်..
မင်္ဂလာပါရှင်~~~
ကားတံခါးဆွဲပိတ်၊ခါးပတ်ကိုပတ်၊နေကာမျက်မှန်ပြောင်းတပ်(အဲဒီမျက်မှန်ကလည်း သူ့အလုပ်ဆိုက်ထဲ
မှာသုံးတဲ့မျက်မှန်တွေထဲကတခုပေါ့)၊ရှေ့ကမှန်လေးဖွင့် ကိုယ့်မျက်နှာအဆီပြန်နေလားပြန်ကြည့်၊ လက်
လေးနဲ့ပြန်သပ်၊ အားလုံးဂွတ်..အိုကေ..ပြည့်စုံပြီ..သွားကြစို့ကျားကျားရေ...မောင်းတော့ရှင့်..။
(သူကတော့ ကားမောင်းလိုင်စင်ပါမပါ၊လိုအပ်တဲ့ပစ္စည်းတွေစစ်တာပေါ့..ဒါတော့ သူတို့အလုပ်လေ ကျမတို့ကတော့ကိုယ့်မျက်ခွက်လေး တကွက်ထဲကြည့်ရှုစောင့်ရှောက်တတ်တာတခုဘဲ..  သိတယ်..ဒါ
မိန်းမတွေရဲ့ မဟာအလုပ်ရှင့်...)
မိုးလေးတဖွဲဖွဲနဲ့ဆိုတော့ ကိုယ်ကြိုက်တဲ့ငြိမ့်ညောင်းသံစဉ်သီချင်းတွေရှာဖွင့်..၊(ကျမတော့ 100.7 FM လိုင်း
နားထောင်လေ့ရှိတယ်။ သီချင်းလေး၂ပုဒ်လောက်ဖွင့်လိုက်  ကြော်ငြာဝင်လိုက်သူတို့တောင်ပြောမြောက်
ပြောတာ သေသေချာချာနားထောင်ပြီး လိုက်ရီမိတယ်...။ ဟာဟား..မယ်ငီးလိုဘဲ ဒင်းတို့ လည်းအတော် အာချောင်တာဘဲ..နော်..အဟီး) တေးသွားလေးတွေလိုက်ဆို...တတ်တဲ့နေရာဆိုအကျယ်ကြီးလိုက်ဆိုပေါ့
မတတ်ရင် ဒါဒါ ဒီဒီ ဒိုဒို ပေါ့) မျက်လုံးတော့ဖြတ်သန်းသွားတဲ့ရူခင်းတွေမလွှတ်တမ်းကြည့်။ ပါးစပ်ကလည်း မနေပါဘူး တခါခါပြောမိပါတယ် အဲ..ဒီနားက အရင်ကဆို ခြောက်ကပ်နေတာဘဲ ခုတော့စည်ကားလာပြီ 
ဟင်း..ကားတွေနှေးသွားကြပြီ..အော်..လမ်းပိတ်ထားတာကိုး..တနင်္ဂနွေအလုပ်မလုပ်ဘဲနဲ့ ကာထားပိတ် ထားတဲ့ဟာတွေ မဖယ်ပြစ်ကြဘူး..ဒီလူတွေနော်..တော်တော်ခက်တယ်...(နိုင်ငံခြားမှာ ကားလမ်းဆို အမြဲ
ပြင်နေတာဘဲ တို့ဆီကလွဲလို့နေမှာ ရန်ကုန်မြို့လယ်ခေါင်က လကမ္ဘာပေါ်သွားနေရသလို ချိုင့်ခွက်တွေနဲ့
ဟုတ်လား...)
"Don't know much" Linda Ronstadt & Aaron Neville က သီချင်းလေး...ကောင်းလိုက်တာအေးအေး
လေးနဲ့...Look at this face I know the year are showing....Look at this life, I still 
don't know where it's going,I don't know much.....ကြာ...ဒီ GPS ကလည်း တမှောင့် keep right 
and stay on left lane...balah balah...နဲ့ဒင်းအသံကြောင့် feel ငုပ်တယ်။ သီချင်းကောင်းနေပါတယ်
ဆိုနေမှ ကျားကျားရေ ဖြေးဖြေးနောက်က ကားလမ်းတောင်းနေတယ်..ပေးလိုက်.. တို့တွေအလျင်
မလိုဘူး..ဟွန့် Sunday လည်းလာလုပ်ပေးရတယ်။ နဲနဲနောက်ကျလည်း ဘာဖြစ်လဲကွာ..ဈေးကိုင်ထား..
(NJ George Washington Bridge ကနေ NY Long island Westbury   အထိသာမာန်အချိန်ဆိုရင်
ပုံမှန်ပေါ့ ၁နာရီသာသာလောက်ပါဘဲမောင်းရတာ..ကားလမ်းတွေအရမ်းပိတ်နေတဲ့တခါက ၃နာရီ အထိ ကြာဖူးတယ်လေ) 
နေပြန်သာရင်ဓါတ်ပုံရိုက်ရအုံးမယ်..ကောင်းကင်ပြာပြာ သစ်ပင်စိမ်းစိမ်းနဲ့လှလိုက်တာကျားကျားရေ...
And I'll see your true colors shining through I see your true colors I see your true colors
so don't be afraid to let them show your true colors are beautiful like a rainbow
True color...သီချင်းဟောင်းလေးပါ..ပြန်ဆိုတဲ့သူတွေများလွန်းလို့ဘယ်သူ့မူရင်းမှန်းတောင်မသိတော့
ဘူး..ကိုယ်တော့ မိန်းခလေးအသံနဲ့ပိုကြိုက်တယ်..။ကြိုက်ရင်တော့စာသားကိုလိုက်အော်ဖို့နဲနဲတော့
တတ်တယ်...အဟဲ...I see you true color... တတ်သလောက်အော်ပြီးဟဲလိုက်တယ်လေ...။
ကဲ..ကျားကျားရေ..Tollgate နားရောက်တော့မယ် တို့ကcash လိုင်းဆိုတော့ အစွန်ဆုံးသာကပ်ထားနော်.။
ဒါနဲ့ ရှင့် E pass ဘယ်တော့ ပြန်လုပ်မလဲ၊ ရော့..အင့်..ပိုက်ဆံပေးရင်းနဲ့ ပြောလိုက်အုံး..ကျေးဇူးပြုရျ် receive ပေးပါလို့( တာဝန်နဲ့ခရီးထွက်ရင် ကုမ္မဏီကို ပြန် claim လုပ်ရတယ်လေ၊ပိုက်ဆံအကြောင်းဆိုရင် မိန်းမကပိုစေ့စပ်သေချာပါတယ်နော့ ...^_^ )ကဲ..ဂျော့ဝါရှင်တန်တံတားကို အောက်ကနေဘဲဖြတ်တယ်၊အပေါ်ကဆိုကုန်တင်ကားတွေနဲ့ရှုပ်လို့။
အဝင်ဝပေါ့...။ပိတ်ရက်လည်းလူများတာပါဘဲ...။တံတားက ၂ထပ်လေ..အောက်ထပ်က ကားငယ်တွေ ဘဲသွားခွင့်ရှိတယ်။အပေါ်ထပ်ကျတော့ ကုန်တင်ကားတွေ ကားကြီးတွေနဲ့ရူပ်တတ်တယ်။
အပေါ်ဖြတ်တုံးက ရိုက်ထားတဲ့ပုံပါ...။
တခါခါတော့ အူကြောင်ကြောင်စဉ်းစားမိပါတယ် ဒီလောက်ကားတွေအများကြီးနဲ့အပေါ်ထပ်အောက်ထပ် အပြည့်ကားတွေရဲ့အလေးချိန်ကို တံတားကြီးခံနိုင်ပါ့မလား...ကျိုးကျသွားမလားလို့ပါ.... @_@
ဟာ...GPS က massage လာတယ်..။ခုသွားနေတဲ့လမ်းက ၂ဝမိနစ်နောက်ကျမယ်တဲ့။ ၁၂ မိနစ်ပိုမြန်တဲ့လမ်းကသွားမလားတဲ့။ မီးတော့ Yes နှိပ်လိုက်ပြီနော်  ...၁၂ မိနစ်လည်းနည်းဘူး..(ဒီလိုလမ်းရွှေးပေး
တဲ့setting က US မှာဘဲရသေးတာတဲ့) သူပြောတဲ့အတိုင်းသာနင်းပေတော့....ကျားကျားရေ့......
ဒီပုံတခါကပြောဖူးတယ်လေ...အပေါ်မှာ အိမ်အမြင့်ကြီးရှိတယ်လို့...အသည်းယားပါတယ်ဆို....
အောက်မှာကားလမ်းမကြီး....
ကားလမ်းအပေါ်ကမိုးမျော်တိုက်ကြီး....
ဟော..ရှေ့က ဟတ်ဆန်မြစ်ဆိုတာလေ...။ Day light oh-woah,oh-woah oh -woah............
we knew this day would come,we knew it all along...How did it,come so fast? ................
And when the daylight comes I'll have to go ..When the sun comes up I will leave...........
I hold you so close...အိုးဝိုးဝိုး..အိုး..ဝိုးဝိုး...ခေါင်းလည်းခါ ကိုယ်လည်းလှုပ် အိုး...မိုက်စ်....တေးသွားနဲ့
လိုက်ပြီးကရင်းလည်းဟင်းချက်တတ်တဲ့ မယ်ငီး ကားထဲမှာတော့အပျော့ပေါ့...နော့်...... :)
ဟော..နေပြန်သာပြီ...ဒီ GWB တံတားကနေ Long island ကိုလာရင် ဒီ Bronx ဆိုတဲ့နေရာ ကနေဖြတ် ရတာမကြိုက်ဆုံးဘဲ..အမည်းလူကြီးတွေ လူကထွားထွားကားကကြီးကြီး နဲ့ကြမ်းတမ်းသလိုဘဲ...။
သူတို့ကိုလည်းစေ့စေ့မကြည့်ရဲူဘူး ကြောက်လို့...
အဲ...သူတို့လူမျိုးတွေကို အရင်က နီ.. လို့ခေါ်တာလေ..အဲလိုအခေါ်ကောင်းလို့ ကြည့်နေကြ Food net work  က Paula Deen တောင်ပြုတ်သွားပါကောလား ဒီတော့ မယ်မီးလည်း သူတို့နံမည်ကိုအပြည့်မရေးရဲ
ဘူး..သူတို့နယ်မြေမှာနေတော့ သူတို့ဥပဒေကို လိုက်နာရမယ်လေ..အဟီး...
တွေ့တယ်ဟုတ်..တံတားအဝင်ကိုလုပြီးဝင်နေရတယ်။သူ့တို့ကားအကြီးတွေကိုမယှဉ်နိုင်တော့ နေရာ
ဖယ်ပေးရတယ် ဒီနားမှာတံတားကျော်တာနဲ့ Yankee stadium ရှိတယ်လေ သူတို့ပွဲသာရှိရင် ဒီမှာဘဲ....
နာရီနဲ့ချီ ရွှာပတ်နေပြီ။
 Throgs Neck တံတားကျော်ရင် ကားလမ်းနဘေးက ကမ်းခြေတလျောက်မှာ အားကစား လုပ်နေကြ
 ပြေးနေကြ ရွှက်လှေတွေတိုက်နေကြတာ ပျော်စရာကြီးဘဲ..။ပိတ်ရက်ဆိုစက်ဘီးစီးကြတာပိုများတယ်။
ရှင့်မလဲ..အားရက်တောင်မရှိဘူး...ပိတ်ရက်လည်း..လုပ်နေရတာဘဲ..Holland က Oostverne ရွှာလေး ကိုသတိရတယ်..နေ့တိုင်းကမ်းခြေမှာလမ်းလျောက်နိုင်တယ်...။ မြို့ကြီးရောက်တော့ ဘာမှမလုပ်နိုင်။
sailing  အိုး....rod stewart ရဲ့ကွဲအက်ရှတသံလေး.... ဒီနေရာ ဒီအချိန်မှလားကွာ.... 
we are sailing cross the sea...oh lord to near you to be free.......
ကျားကျားရေ...ရှင်တို့ကော..မြန်မာပြည်မှာနေတုံးက အားရင်ဘာလုပ်လဲ...(စပ်စုကြည့်တာ)...
ကိုယ်လား..အားရင် ပိုကာဒေါင်းတယ်...(တိန်..ကောင်းလိုက်တဲ့အဖြေ..^_^ )
ဟိုမှာကြည့်စမ်း..ကောင်မလေးတယောက်အားနဲ့မာန် နဲ့ပြေးနေလိုက်တာ သူ့အသားစိုင်ကြီးတွေတုန်
နေတာဘဲ..တအားဝတာကိုး...တော်တော်မောနေတဲ့ပုံ..ဒါနဲ့ကျုပ်တို့တပတ်၄ ရက်ပြေးနေတာ ကျုပ်ဗိုက်ပူ
ကြီး ပိန်နိုင်ပါ့မလား ဟိုကောင်မလေးလို တနေ့ကျရင်တုန် ရွှဲလာနိုင်တဲ့အခြေအနေဘဲ။ကမန်းကတန်းဘဲ
လာနေတဲ့ သီချင်းလိုက်ဆိုမိတယ်...ဂါဂါ..သီချင်း.. 
born this way... my mama told me when I was young we are all born superstar.....
                         don't hide yourself in regret,just love yourself and your set....
                         Born this way....born this way.......
ရှင်ကလည်း လမ်းကြောင်းကို ဟိုပြောင်းဒီပြောင်းမလုပ်နဲ့လေ ဒီလမ်းဆိုဒီလမ်းပေါ့ ရှေ့ကျကွေ့ရမှာကြီးကို
တခါကမမှတ်သေးဘူးလား..JFK လေယာဉ်ကွင်းနားမှာ အမည်းမလေးတယောက်ရဲ့အသစ်စက်စက်မာစီး
ဒီးကို နောက်ကနေပန်းတက်မလို့ကွေ့ဝင်ရင်း ဆောင့်မိတာလေ...။(အမည်းတွေများချစ်စရာကောင်းပုံက
စကားပြောရင် ဖ အစချီပြီး နဲ့f#&*  what the f *# u doing you f #* with my car shit f&# f#% f #!...
အံမယ်နောက်ဆုံးကျတော့ ၃ ခွန်းဆက်တိုက်ဗျား ဖ ဖ ဖ..ဟဟ) သူလည်းဂျာမာန်ကား ကိုယ်တို့လည်း
ဂျာမာန်ကား တော်သေးတယ် သူ့ကားဘာမှမဖြစ်ဘူး ဂျပန်ကားဆို အဲနေရာမှာဘဲ ကိုယ်တို့လည်း ကားက နဲနေမှာ..ကိုယ်တို့နံပါတ်ပြားလေးနဲနဲပိန်သွားတယ်..ဒါဘဲ) အဲဒါကို သူ့ခေါင်းဆတ်ကနဲ တုန်သွားအချိန်မှာ နာသွားလို့တရားစွဲမလို့လုပ်တာတဲ့..ကားအာမခံကုမ္မဏီကပြောပြတယ်..ဟင်းဟင်း..အမေရိကား တရားစွဲ နံပါတ် ၁...ခုတောင်အချုပ်ထဲမှာ ကောင်လေးတယောက်၅ ရက်ချုပ်ခံထားရပြီး ဘာမှလာမလုပ်ဘူး သက် ဆိုင်သူတွေမေ့နေတာလေ..အစာလည်းမစားရဘူး..ပြန်တရားစွဲတာ ဒေါ်လာ ၄သန်းကျော်ရချင်တာတဲ့... 
@-@...ကျားကျားရေ နောက်ပိုင်း longisland ကားလမ်းတအားကြပ်လာတယ် သတိထားမောင်း....ဟင်း...
တလမ်းလုံးကိုယ်ဘဲသတိပေးနေရတယ်...ဘယ်ကွေ့ညာကွေ့ ဟို exit ထွက် ဒီလမ်းမှာနေ..ဟူး.မောထှာ
ကဲရောက်တော့မယ်..(အလွန်ချိုသာသောလေသံ ချက်ချင်းပြောင်း သွားတယ်)  မောလိုက်တာကွာ...... တလမ်းလုံး ကို မောင်းပေမဲ့ မီးက နဘေးကနေလိုက်ထိန်းပေးနေရတာ ခုလိုဘေးမသီရန်မခ ရောက်လာပြီ
အလုပ်အေးအေးဆေးဆေးလုပ်နော် အလုပ်မှာလိုက်ပြီး စောင့်မနေတော့ဘူး Broadway Mall မှာဘဲ ချထား
ပေးခဲ့ ရေလေးဘာလေးသောက် ခြေဆန့်လက်ဆန့်လုပ်လိုက်အုံးမယ် ဘယ်လောက်ကြာကြာရတယ်..
မီးကိုစိတ်မပူနဲ့နော်...စိတ်ပြေလက်ပျောက်လျောက်ကြည့်လိုက်အုံးမယ်...(ကြုံတုံးအပြတ်ဝယ်ပစ်မှာ..)
တကယ်ပါ တခါတလေလောက် ကျမလို ပါးစပ်လေးနဲ့ကားမောင်းကြည့်ပါလား..တကယ်ပင်ပန်းတာနော့်
စိတ်မအား လူမအား ပါးစပ်မအား မျက်စိမအား တကယ်လုံးဝနားချိန်တောင်မရှိလိုက်ဘူး nonstop......
born this way...born this way.... :P
(မယ်ငီးကားမမောင်းတတ်ပါ)
ရွှင်လန်းချမ်းမြေ့ကြပါစေရှင်~~~
မီးမီး