Saturday, April 6, 2013
Tonle Sap Lake(Cambodia)
မင်္ဂလာပါရှင်~~~
ဒီတခါ စိတ်ဝင်စားစရာတနေရာအကြောင်းပြောပြချင်ပါတယ်။
ကမ္မောဒီးယားသွားရင် အန်ကောဝပ်ရောက်မှ၊အန်ကောဝပ်ရောက်ရင်လည်း
ဒီ Tonle Sap Lake ကိုသွားရမှ၊ပြည့်စုံပါတယ်ရှင်။
ကြားခါစက မြန်မာပြည်ကအင်းလေးလောက်တောင်ရှိပါ့မလားထင်ခဲ့တာ..။
ဘယ်ဟုတ်လိမ့်မလဲ...တော်တော်ကြီးကိုကျယ်ပြန့် တာဘဲ။ 
အရှေ့ တောင်အာရှမှာ အကြီးဆုံးရေကန်တခု..တဲ့။ရေစီးဆင်းတာလည်း ၂မျိုးရှိတယ်တဲ့။ ခန်းခြောက်တဲ့ရာသီ နိုဝင်ဘာလကနေ မေအထိ၊ဆိုရင် ရေကမဲခေါင်မြစ်ထဲကို စီးဝင်တာပေါ့။
မိုးရာသီလို ရေများတဲ့အချိန်ကျတော့ ရေတွေက ရေကန်ထဲကိုပြန်စီးဝင်တာပေါ့။
အဲဒီအချိန်ဆိုရင် အဲဒီမှာနေတဲ့လူတွေက ကမ်းခြေကပ်ပြီးနေကြတယ်။
သူတို့ က ကျမတို့ အင်းထဲမှာလိုအိမ်အကျအနဆောက်နေတာ မဟုတ်ဘဲ၊
(အဲလို အိမ်မျိုးနေရာ မတွေ့ ခဲ့လို့ ) မပို့ ပေးတာလားမသိပါဘူး။
ကြော်ငြာထဲမှာတော့ တွေ့ မိသားဘဲ...။
ရေပေါ်ပေါလောမျောနေတဲ့ အိမ်နဲ့ နေကြတာလေ...။
အဲ့ဒီနေရာကို floating village ဆိုပြီးသွားကြည့်ကြတာပေါ့။
မော်တော်ဆိပ်၊လက်မှတ်ဖြတ်ပြီးမှအောက်ကိုဆင်းလို့ ရတယ်။
ရပေါ်မျောနေတဲ့ရွှာလေးဆိုပြီး..၊နိုင်ငံခြားသားတွေတအားသွားကြည့်ရတဲ့နေရာပေါ့။
(အော်..တုံးစံအတိုင်း လှေခ၊ဘာခတော့ပေးရတာပေါ့)။
ရေကတိမ်တိမ်လေး..တွေ့ လား..။ရှေ့ မြင်ရတဲ့စက်လှေနဘေးမှာ အဘိုးကြီးတယောက်ရေထဲဆင်းတာ ၊
ရေကပေါင်ရင်းတောင်ရှိဘူး..။
ဒီစက်လှေလေးကတော့ ဒေသခံတွေသုံးတဲ့စက်လှေလေးပေါ့..။
စက်လှေတွေကိုဒေါက်တင်ထားတာတဲ့။
အိမ်အခြေအနေကောင်းဘူး:(((  ယူနီဆက်ကဆောက်လှူဒါန်းထားတာတဲ့....
ရေကန်အဝင်ဝက အားကစားကွင်းတဲ့...။သူ့ နောက်ဖက်မှာမြင်ရတဲ့ ရွာတန်းရှည်ကြီးက
မလေးဖက်ကနေလာတဲ့ တံငါသည်မွတ်စလင်တွေ နေတဲ့ရွာတဲ့။ 
လှိုင်းတွေလှုပ်ရင် အိမ်တွေကလည်းလှုပ်တုတ်တုတ်နဲ့ ..။
ကျမတို့ ကို ဗီယက်နာမ်တွေအများစုနေတဲ့ရွာဖက်လိုက်ပို့ ပါတယ်။
အဲဒီမှာ နေကြတဲ့အများစုက ခိုးဝင်လာတယ်လို့ ပြောရမလားဘဲ။မှတ်ပုံတင်မရှိကြဘူးတဲ့။
အိမ်သာလေ...ရှယ်ဘဲ..ခန်းဆီလေးနဲ့ ။
ဟိုး..တအိမ်ဆို..သစ်ပင်လေးဘာလေးနဲ့ စိုက်ထားသေးတယ်။
ဈေးရောင်းတာလေ..။
အိမ်လှေတစီးကို ပိုင်ဆိုင်သမျှတွေတွဲချည်ထားတယ်..။သွားလေရာပါအောင်လို့ ..။
ဒီမော်တော်တွေက ဌားလို့ ရတယ်တဲ့။အဖွဲ့ အစည်းပိုင်ပေါ့။ 
ဒီကရတဲ့ဝင်ငွေနဲ့ ဒီရေကန်မှာမှီတင်းနေထိုင်ကြတဲ့သူတို့ ကိုပြန်ကြည့်ရှုစာင့်ရှောက်တယ်တဲ့။ 
နိုင်ငံခြားသားတွေဆီကကောက်တဲ့ပိုက်ဆံနဲ့ ပြန်အသုံးချပေးတယ်..ဆိုပါတော့။
(ကိုယ်တို့ ဆီကကော!!!!!!)....အဟဲ...။
ဒီကလူတွေလည်းများသောအားဖြင့်ဆင်းရဲနွမ်းပါးကြပါတယ်။ ဒီလှေအိမ်လေးက အမိုက်ဆုံးဘဲ..။
ရေအရောင်ကတော့ ကော်ဖီလား..လက်ဖက်ရည်လား...ဟင်း...
မော်တော်ဆရာကမောင်းပို့ တယ်။ဂိုက်ကောင်လေးတယောက်က ရှင်းပြတယ်။
အဓိက ကတော့ အဲ့ဒီ ရွှာမှာနေတဲ့တံငါသည်ရဲ့ သားသမီးတွေ(သူတို့ မိဘတွေက၊သဘာဝဘေးဒဏ်၊
ငါးသွားရှာရင်းသေဆုံးသွားကြလို့ မိဘမဲ့ခလေးတွေ)နေဖို့ ကျောင်းလေးတခုရှိတယ်တဲ့။
သူတို့ ကမြို့ ပေါ်မလာနိုင်ကြဘူးလေ..။
အဲဒီ ကျောင်းလေးက အလှုငွေပေါ်မှာဘဲ မှီတင်းနေထိုင်ကြတာတဲ့..။
ပိုက်ဆံလှုမဲ့အစား ဆန် ဆီဆား စတာတွေလှုပေးရင်ကောင်းပါတယ်။
အဲဒီကျောင်းကိုခေါ်မသွားခင် အဲဒီဆိုင်ကိုခေါ်သွားမယ်ဆိုပြီး...ကိုယ့်တို့ လည်း..ဒိုးရတာပေါ့။
 ဟိုး..မြင်ရတဲ့ အဝါရောင် အဆောက်အဦက ဆိုင်ပေါ့...။
ကဲ...ကိုယ်တို့ ၂ ယောက်လည်း ဆန်၊သောက်ရေ  စုစုပေါင်း ၅ဝ $ ဖိုးဝယ်ပြီး အလှူလုပ်ခဲ့ပါတယ်။
စာသင်ကျောင်းတဲ့...များသောအားဖြင့် ဗီယက်နာမ်ခလေးများပါတယ်။
ကဲ... နေတောင်စောင်းပြီ။
ရှေ့ ကမြင်ရတဲ့ ဆိုင်က ကိုးရီးယားစားသောက်ဆိုင်။( ကကြီးဆိုင် ၂ဆိုင်တောင်ရှိတယ်)
ကျမတို့ ကတော့ ဒီဆိုင်ကိုသွားကြတယ်။(အစားအသောက်မစားရဲဘူး၊အဲ့ဒီကရေနဲ့ ဆေးကြမှာဘဲ..:)))
ငါးတွေ မိချောင်းတွေရှိတယ်။
ဗီယက်နမ် မိသားစု..။ခလေးမလေးက သူ့ မြွေနဲ့ လူတွေကိုလိုက်တို့ တတ်တယ်။
ကကြီးတသိုက်ထွက်ပြေးကြတာ..တန်းနေတာဘဲ..:P
သူ့ ကိုမုန့် ဖိုးမပေးလို့ ၊သူ့ မြွေကိုဓါတ်ပုံမရိုက်ဖို့ အော်ပြောတယ်..။
တောင်းတာလည်း ခပ်မိုက်မိုက်ဘဲ..ဒေါ်လာပေးပါတဲ့။
ကိုးရီးယားလိုပြောတောင်းတာ...ဗျ..
အပေါ်ဆုံးနေရာတက်..နေဝင်ချိန်လေးခံစားလို့ ..အကောင်းဆုံးလို့ ထင်ရတာဘဲလေ..။
ရှေ့ နောက်တောင်မြောက်..ဒါတ်ကလေးတွေရိုက် ပြီးတော့..ညစာဘူဖေး(သူတို့ ရိုးရာအကနဲ့ )
အဲဒါအမှီ အမြန်ပြန်ခဲ့ကြပါတယ်။
ကျမလည်း အင်းသားမျိုးဆက်တယောက်ပါ။သူတို့ အင်းမှာတော့ ကျမတို့ ဆီကလို အပင်တွေစိုက်၊ ရေမှော်တွေ၊ဒိုက်တွေမတွေ့ ရဘူး..။မွဲခြောက်ပြီး ပူပြင်းတာတခုဘဲရှိတယ်။
အဲဒါကို တနှစ် နိုင်ငံခြားခရီးသည် ၃ သန်းလောက်လာကြည့်ကြတယ်တဲ့....။
အင်းလေးကို ဒီလို ဝင်တဲ့သူတိုင်းပိုက်ဆံကောက်ပြီး ပြန်ပြင်တိန်းသိမ်းနိုင်ရင် ဘယ်လောက်ကောင်းမလဲ..နော်..။
ခုလည်းလုပ်တော့လုပ်နေကြတာပါဘဲ..။ အလှူငွေတွေ ဒေါ်လာသန်းချီရတယ်။
တကယ်တမ်းအသုံးပြုမဲ့ ပမာဏ ကဘယ်လောက်ဆိုတာ ဘယ်သူက သိကြမှာလဲ...နော့်
(နဲနဲ ရှည်ရမှကျေနပ်တယ်လေ..အဟိ)
ကိုင်း...ချောင်းထဲဝင်လာပြီ....။နေလုံးကိုမြင်နေရတုံးဘဲ...။
မနေ့ က စေတီတခုပေါ်မှာ နေဝင်ချိန်ကိုသွားကြည့်ကြတယ်..။
ထုံးစံအတိုင်း...ကိုရွှေနေက ပုန်းရှိုးကွယ်ရှိုးနဲ့ လေ....။
လူတွေမှာအများကြီးဘဲ...ချွေးတွေရွှဲနှစ်နေတာဘဲ...ဓါတ်ပုံကောင်းတွေလည်းမရလိုက်ပါဘူး..။
ကျိုင်းတုံက ဓါတ်ပုံတွေ ခုထိပြန်ရှာမရလို့ ၊ ဟိုယောင်ယောင်ဒီယောင်ယောင်နဲ့ ၊
ကြောင်တောင်တောင်လုပ်ပြီ...ကြံဖန်ဖြစ်ညှစ်ရေးခြစ်လိုက် လိုက်ပြန်တယ်..နောက်တပို့ စ်..
ဟီး.........ဘဲဒီးဆော်ဒီး...မိတ်ဆွေများ....
အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေရှင်..
မီးမီး
#meemeenage
8 comments:
  1. ကောင်းပါတယ်။ ဖတ်လို့ ရော ကြည့်လို့ ရောပေါ့။း)
    အိုင်အိုရာ
    ReplyDelete
    Replies
    1. မအိုင်အိုရာကို...
      အားနာလိုက်တာ..ဟယ်။
      ခဏခဏနေမကောင်းဖြစ်နေတာနဲ့ ။
      စာမရေးဖြစ်သေးဘူး။
      ရှိတဲ့ဓါတ်ပုံလေးတွေနဲ့ ကိုယ့်မြို့ အကြောင်းတွေရေးနေပါတယ်နော်..။
      Delete
  2. Ma Mee Nage;
    Good one and nice photo.
    khine
    ReplyDelete
  3. အင်းလေးလိုပဲနော်..အင်းလေးက ပိုလှသလားလို့ ...မရောက်ဖူးတယ့်ဒေသက အကြောင်းတွေ သိရတာ ကောင်းလိုက်တာ..မမီးမီး များများ သွားနိုင်ပါစေ..ခရီးပြောတား)
    ReplyDelete
    Replies
    1. စန်းထွန်းလေးရယ်..။
      များများသွားတတ်ပါတယ်။
      ၂ ခုလုံးနော်..:P
      Delete