Thursday, April 25, 2013

မှုန်ရီမှိုင်းနေတဲ့မြို့ လေးရဲ့ ဆောင်းရာသီမှာ..

မင်္ဂလာပါရှင်~~~~
ပြီးခဲ့တဲ့ အောက်တိုဘာလကုန် မြို့ ကိုခဏပြန်တဲ့အချိန်က ဆောင်းရာသီအခါသာမညကာလပေါ့...။
ကျိုင်းတုံဆောင်းနဲ့ ကင်းကွာခဲ့တာ ၁၉၈၉ ကတဲကဆိုတော့လည်း..၊
တော်တော့်ကို ပျော်ပါတယ်။မနက်ဆို စောစောထ၊ဘုရားကြီးသွား၊ချမ်းချမ်းစီးစီး၊
အိပ်ယာကထဖို့ တော်တော်အားယူရတာဘဲ။လေတဟူးဟူးတိုးလို့ ၊
မြူတွေဆိုင်း၊ချမ်းလွန်းလို့ မီးဖိုဖို့ အရင်ဆုံးလုပ်ရတယ်လေ။
ဖဟောင်းတိုင်မီးလေးနဲ့ ထရတာဘဲ။ ထုံးစံအတိုင်း မီးကမလာဘူးလေ...။
(တရုတ်ဖြစ်ဟီတာဆိုတာဈေးပေါပေမဲ့ မီးမလာတော့အလကားရလည်းအသုံးမဝင်ပါဘူး)၊

မီးလှုံ၊ ခေါပုတ်ကင်၊လမ်းလျောက်၊အိုး....ငယ်ငယ်တုံးကအတိုင်းဘဲ..။
အားလုံး...ကွက်တိ..ဆရာရေ့..။
ဒါပေမဲ့ လောကနိယာမအရ အရာရာအားလုံးက တိုးတက်ပြောင်းလဲနေကြတယ်လေ..။
အရင်တုံးက လမ်းဘေးတလျောက်မှာတွေ့ ရတဲ့ လယ်ကွင်းတွေလည်း၊
တိုးတက်ပြောင်းလဲသွားပြီး မြို့ သစ်ဖြစ်သွားသတဲ့..:P
ဟိုး..တောင်ပေါ်က စွမ်တောင်းဘုရား(ခု စွမ်ခမ်းတဲ့) ကိုလည်းမနက်နေရောင်အောက်က၊ မှုန်ရီရီလေးဖူးတွေ့ နိုင်တယ်။

မဟာမြတ်မုနိဘုရားကြီး။












ကျမအဒေါ်အိမ်အနောက်ကနေ မြို့  ကိုလှမ်းမြင်ရတာ..။
ကျိုင်းတုံအထွက်တာချီလိတ်မြို့  သွားတဲ့လမ်းတလျောက်..။
နေစပွင့်တဲ့အချိန်လည်းချမ်းနေပါသေးတယ်။
တောင်ကြီးက အင်းသားမိတ်ဆွေတယောက်လာလို့  သူ့ ဆီအသွားလမ်းတနေရာမှာ..။
ဟိုမြင်ရတဲ့ ပန်းရောင်အိမ်က အရင်တုံးက ကျိုင်းတုံရုပ်ရှင်ရုံဟောင်းနေရာပါ။
ခုတော့ သူလည်းတည်းခိုခန်းဆိုလား၊လပေးနဲ့ ဌားနေလို့ ရတဲ့အဆောင်ဆိုလား..ဘဲ။
တိုက်ကြီး ၂ခု ကဟီးနေတာဘဲ...။ ရှေ့ မှာ နောက်တတိုက်နဲ့ ဗျ။
ပိုင်ရှင်က အရင်တုံးက ကျမတို့ ကျောင်းမှာ ရေခဲချောင်းရောင်းတာတဲ့။
အော်..အရာရာတိုးတက်ပြောင်းလဲပါတယ်ဆို...နော့် :P
အိမ်အထွက်ကနေ လှမ်းကြည့်ရင်တောင် ရုပ်ရှင်ရုံနေရာဟောင်းက တိုက်ကိုမြင်ရတယ်။
အရင်တုံးက မုန့် ဆိုင်တန်းလေးတွေတန်းစီနေခဲ့တဲ့နေရာလေးပေါ့..။
ဥပုဉ်နေ့တနေ့မှာ ရှမ်းအဖိုးအိုတယောက်ကိုတွေ့လိုက်တယ်။ ဘုန်းကြီးကျောင်းသွားမလို့ရှ့တည့်တည့်
ကနေဓါတ်ပုံရိုက်ရမှာအားနာလို့၊နောက်ကနေဘဲရိုက်ယူထားတယ်။ လက်ထဲမှာ ထိုင်စရာဖုံ၊ပျားဖယောင်း
ရေဗူး၊ပန်း၊ပေါက်ပေါက်၊နဲ့လက်ဆွဲခြင်းတောင်းထဲမှာတော့၊ဆွမ်းခွက်တွေပါပါလိမ့်မယ်။ကျမတို့လည်း
ကျမတို့ရဲ့ ညနေဝင်ဆည်းဆာအချိန်ကို ဒီလိုဖြတ်သန်းသွားဖို့ အခွင့်အရေးတွေများရကြပါ့မလား..နော်။
 
လမ်းလျောက်ရင်း ဓါတ်ပုံတွေရိုက်တာပေါ့...။ ဒီတဆောင်းက ကျိုင်းတုံသားတွေအတွက် အကောင်း ဆုံးဆောင်းရာသီပါဘဲ။
ကျိုင်းတုံကောလိပ်..
ကျမလည်းပွဲတော်တွေအများကြီးနဲ့ ကြုံခဲ့တယ်။စွမ်ဆတ်တောင်ကုန်းပေါ်ကခရစ်ယာန်ဘုရားရှိခိုးကျောင်း နှစ်၁ဝဝ ပြည့်တဲ့။အကြီးအကျယ်ကျင်းပတာဘဲ။နိုင်ငံခြားသားတွေလည်းအများကြီးလာတာတွေ့တယ်။
နှစ်ကူးကျင်းပတဲ့ မြို့ နယ်အားကစားကွင်းသစ်မှာ..မနက်စောစောသွားခဲ့တာ
နောက် ရှမ်းကောက်သစ်စားပွဲ၊ နှစ်ပေါင်း၆ဝ အတွင်းမှာ အကြီးကျယ်ဆုံးပြန်ကျင်းပလို့ ရတာတဲ့..။
နောက်တခါ ရှမ်းနှစ်ကူးပွဲအတွက်အစပျိုးထားလိုက်ပြီနော်..။
အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေရှင်~~~~
မီးမီး
#meemeenage

12 comments:

  1. It's really great to see all of your posts and pictures. I am so impressed for your efforts. Appreciated :)

    ReplyDelete
    Replies
    1. thanks :)
      When I post about my hometown,that mean I miss KT.
      I understand many people sometime they miss their hometown too.

      Delete
  2. I am glad you had a chance to attend all those special events during your visit.

    တိုက်ကြီး ၂ခု ကဟီးနေတာဘဲ...။ ရှေ့ မှာ နောက်တတိုက်နဲ့ ဗျ။
    ပိုင်ရှင်က အရင်တုံးက ကျမတို့ ကျောင်းမှာ ရေခဲချောင်းရောင်းတာတဲ့။
    Interesting.. how did he do it?

    ReplyDelete
    Replies
    1. This comment has been removed by the author.

      Delete
    2. ဆရာသမားမေးလည်း..
      များတို့ တော့ ပြောဘူး ..ဟွင်းဟွင်း :P
      အဟဲ...အမေပြောသလိုပြောရရင်တော့၊
      ရှေးဘဝက လုပ်စာတွေထိုင်စားနေကြတာတဲ့။
      ရှေးဘဝလုပ်စာထိုင်စားနေကြတာ မြို့ တဝက်ကျော်ကျော်ရှိတယ်။
      ခုဘဝ..ဘာလုပ်လဲ!!!..ဟုတ်လား.
      အော်..ကျောဘူးကျောဘူး..တေaတာင်ကျောဝူးဆို:)))
      ဟားဟားဟား...
      (ပေါက်ကရရှစ်သောင်းပြောရရင် အင်မတန်မှပျော် :P )
      Delete

      Delete
    3. ama, you are funny... lolz..

      Delete
  3. Did you change the font?
    I can't type Burmese font as before.
    I wanna visit your home town.
    Iora

    ReplyDelete
    Replies
    1. No,I didn't.
      I have limit knowledge about IT.
      I know only old fashion way :P
      But this time when I upload picture a bit difficult.
      When you visit to Burma,pls visit to my KT...
      Welcome sis Iora...:)

      Delete
  4. ကျိုင်းတုံးမြို့ လေးကို ကြားပဲကြားဖူးပြီး တစ်ခါမှမရောက်ဖူးပေမဲ့ အခုလို ဓာတ်ပုံလေးတွေပါ တွေ့ လိုက်ရတော့
    ရောက်ဖူးမိသွားပါတယ်။

    ReplyDelete
    Replies
    1. နောက်ဆို..မျက်စိနောက်အောင်ရေးအုံးမှာနော့် :))
      ဝိဝိ..ဒီနေ့ နယူးယောက်က သင်္ကြန်ပွဲသွားသေးလား..။
      ဈေးရောင်းပွဲတော်လည်းရှိတယ်လေ..။

      Delete
  5. ကျိုင်းတုံ ရောက်ဖူးဘူး..မြန်မာပြည်ရောက်ရင် သွားလည်ဦးမယ်..မမီး ဓာတ်ပုံလက်ရာတွေ မိုက်လာတယ်..း)

    ReplyDelete
    Replies
    1. ခပ်မိမိလူသားရိုက်ထားတာဘဲ၊
      ဂလောက်တော့ရှိရမှာပေါ့..အဟိ။
      လာခဲ့..မြို့ လည်ခေါင်ရောက်ရင် ကုန်းသာအော်လိုက်ပြေးလာကြိုမယ်:)

      Delete