Monday, April 15, 2013

ကျမတို့ မြို့ ရဲ့ ဈေးကြီး...(ကျိုင်းတုံ)

မင်္ဂလာပါရှင်~~~
ကျမတို့ မြို့ က ဈေးကြီးကတော့ ဘယ်နေရာဘယ်ဒေသ နဲ့ မတူတာတွေ ၊
ထူးဆန်းတာတွေ အများကြီးရှိတယ်..။ကဲ...ပြောပြမယ်နော်...။

ဒီတခါမြို့ လေးကို ပြန်ဖြစ်တာ၊အပင်ပန်းဆုံးနဲ့ အတန်ဆုံးပါဘဲ။
တနေ့ ၂၄ နရီဆိုတာ ဘယ်လိုကုန်မှန်းမသိအောင်၊သွားလာလှုပ်ရှားနေခဲ့ရတယ်။
ဈေးကိုတောင် ကျိုင်းတုံရောက်ပြီး ၁လကြာမှ ရောက်ဖြစ်တယ်။
ရှမ်းနှစ်ကူး(၁၂.၁၂.၂၀၁၂)ရောက်တော့မယ်လေ..။
အဲဒီနေ့ မှာ ဝတ်ဖို့ ရှမ်းဝတ်စုံလိုချင်လို့ ပါ။
ကိုယ့်မှာရှိတဲ့ဟာတွေတော့ တူမချောတွေကိုဝေမျှပေးလိုက်တာ ကြာခဲ့ပြီကော..။

အဲဒါနဲ့ အဒေါ်တယောက်ကလိုက်ပို့ မယ်ဆိုတာနဲ့ ၊ဈေးကို ၂ယောက်သား ချီတက်ခဲ့ကြပါတယ်။
ကဲ..ဒီတခါ ဈေးအရှေ့ ကနေမဝင်ဘူး..။ရဲစခန်းအနောက်ဖက်ကနေ ပတ်ဝင်တယ်။
စကားမစပ်..ကျမတို့ မြို့ မှာ..အင်မတန်မှ ဆိုင်ကယ်ပေါတယ်ကိုး..။
လမ်းထိပ်ထွက်လည်း ဆိုင်ကယ်နဲ့ ၊ဟိုနားဒီနားလည်း ဆိုင်ကယ်နဲ့ ။
အိုး...ကျမ မယ်မီး ဆိုင်ကယ် အက်စီးဒင့် ဖြစ်ဖူးကတဲက လုံးဝမစီးရဲဘူး..။
၉၆၉၃ (ကိုယ့်ခြေထောက်ကိုယ်သုံးဘဲ) မယ်လမ်းလျောက်ရှင့်...။ 
ဒါကအရှေ့ ကဝင်တဲ့အပေါက်
သုံးဘီးဆိုင်ကယ်လည်း ပေါသလားမမေးနဲ့ ။
ဈေးပတ်ပတ်လည်မှာ ဆိုင်ကယ်ရပ်စရာ ရှာရ ခက်ထှာ..။
(အိမ်မှာတခုခုလိုရင်၊ဈေးကို ၂ယောက်သွားတယ်၊အဝင်ပေါက်နဲ့ နီးတဲ့နေရာရပ်၊
တယာက်ကဆိုင်ကယ်ပေါ်မှာထိုင်စောင့် ..ပြီးတယောက်ကပြေး..ဒီလိုဘဲ..အကြံပိုင်ပုံကလေ)
ဒါက ဈေးတောင်ဖက်ကနေ ကျိုင်းခုံဖက် အထွက်..။
ဈေးအပြင်ဖက်က ဟင်းသီးဟင်းရွှက်တွေရောင်းတဲ့တန်း..။
ဈေးအနောက်ဖက်တည်တည့် အထွက်ပေါက်နေရာ..မှာပေါ့..။
ဈေးထဲက အလယ်တန်းဟင်းရွှက်ဈေးသည်..။
ဒီပုံကိုရိုက်တာက ငရုတ်သီးပင်စည်ခေါ်မလား..၊အကိုင်းလို့ ခေါ်မလားဘဲ..။
တွေ့ လား...ဈေးသည်လက်မောင်းအောက်ထဲမှာ။အဲဒီအကြောင်းကိုတခါက ဒီမှာ ရေးဖူးသေးတယ်။
ဒါကတော့ အမနဲ့ သွားတုံးကသရက်သီးအချဉ်သုပ်။ ဈေးသည်က သူ့ တပည့်ရဲ့ အမေ..တဲ့..။
အလကားအတင်းပေးလိုက်တယ်..။
ဟင်း..ဒီကလည်း..အားနာနာနဲ့ ၂ ထုတ်လောက်ဘဲယူခဲ့ပါတယ်..။
ပဲပုပ်နံလေးမွှေးမွှေး..။ရူးရှဲ ရူးရှဲ နဲ့ စပ်လိုက် စားလိုက်...:P
တွေ့ လားသူ အားပါးတရ နယ်နေတာလေ...။ဘာစားရမှန်းမသိဘူး...။
သဘောင်္သီး ရှမ်းသုပ်လည်းရှိတယ်..။အားလုံးက...ပဲပုပ်နဲ့ ပေါ့။
အိုး..ကပ်ရပ်ကတော့ ဆန်ကိုခပ်မာမာလေးချက်။ပြီးရေနဲ့ အထပ်ထပ်ဆေး၊ ကြံရည်မွှေးမွှေးလေးနဲ့ ၊
ကျမတို့ အခေါ် ခေါက်စွေ...။ထုတ်သွားလည်းရတယ်။စားရင်လည်းပုံးထဲကပုဂံသေးသေးနဲ့ ထဲ့ပေးတယ်။
တခွက်မှ ၁ဝဝ၊၂ဝဝ ထဲရယ်...။
အိမ်မှာ အိမ်ဆောက်နေတဲ့အလုပ်သမားတွေရှိတယ်။သူတို့ ကိုကျမ ညနေ၃နာရီ ဆိုတခုခုအမြဲကျွေးလေ့ရှိတယ်။ ကျမတို့ စားရင်သူတို့ ကကြည့်ကြည့်နေတတ်လို့ လေ..။
လက်ဖက်သုတ်၊ခေါက်လန်ဖွန်း၊အကြော်၊လက်ဖက်ရည်...ကြုံရင်ကြုံသလိုဘဲကျွေးတယ်။
ဒီတခါတော့ သူတို့ အတွက်ခေါက်လန်ဖွန်းဝယ်မလို့ ။
အတုံးသေးက ၅ဝဝ ဖိုး ၃ တုံးတဲ့၊တတုံးဆို ၂ဝဝတဲ့။
အကြီးကျတော့ တတုံး ၅ဝဝ၊ ကျမတို့ က သူ့ အခေါက်ကိုကြိုက်ကြတယ်လေ..။
တတုံးထဲဝယ်ရင်အခေါက်နဲနဲဘဲရလို့ ၊ ၃တုံး ၅ဝဝဖိုးဝယ်တယ်။
ပဲပုပ်ချဉ်အထုတ်အသေးဆုံးက ၁ဝဝ၊ အကြီးက ၅ဝဝ၊၁ဝဝဝ၊ အမျိုးမျိုးဘဲ၊
စပ်တယ်(များသောအားဖြင့် အချိုမှုန့် များတယ်)။ ကျမတော့ ကျမအဒေါ်မိုင်းလွေ(မိုင်းယန်းနားမှာရှိတယ်)၊
ကနေလုပ်ပို့ ပေးတဲ့ ပဲပုတ်ချဉ်ကိုပိုကြိုက်တယ်။ပဲပုပ်ချဉ်က အလယ်မှာထိုဖူးတတုံး
(ဆီထိုဖူးလို့ သိကြတဲ့ဟာလေ) ကိုမြုပ်ထားပြီး ဖက်နဲ့ တထုတ်ချင်း ထုပ်ထားတာ။
နံမည်ကြီးတယ်။ မိုင်းလွေပဲပုပ်ချဉ်ဆိုပြီးတော့...။အရမ်းကြီးကိုစားကောင်းတာဘဲ။

ဒါကတော့မုန့် စားတန်းဖက်ကိုလျောက်ကြည့်နေတာ..။ဘာစားရမှာလဲလို့ ...။တွေ့ ပြီကွ..။ ဝက်သားလုံး
ဆန်ခေါက်ဆွဲ....။ကောင်လေးက ဝက်သားကို သံတုတ်နဲ့ ရိုက်နေတယ်။ သူ့ နှဘေးကရေနွေးဇလုံ
ပွက်ပွက် ဆူနေတဲ့အထဲ သံတုတ်နဲ့ ရိုက်ထားတဲ့ကြေညက်နေတဲ့ဝက်သားတွေကို၊လက်နဲ့ ဖြစ်ညှစ်ပြီး ဝက်သားလုံး
လုပ်နေတယ်။ ကဲ..ဘယ်လောက်လတ်ဆတ်လဲ..။စားမယ်ဆိုတော့..မမက နောက်တဆိုင်ကကျမရဲ့ တပည့်
မလေး..ကျမကိုအမြဲမေးနေတာ ဆိုပြီးခေါ်သွားတယ်။

ဟော...ရောက်ပြီ ဝက်သားလုံး ဝက်ခြေထောက်ပေါင်းနဲ့ အရောဆန်ခေါက်ဆွဲ...တပွဲ။
တပွဲမှ ၁ဝဝဝ ကျပ်၊ စားတော်ပဲကြော်၊မုန်ညှင်းချဉ်၊ အခါးရည်လေးငဲ့..အိုး...ဂွတ်မှဂွတ်။
ရွှေပဲရွှက်နဲ့ ..ဟားဟား..ကျိုင်းတုံကွ...အစားအသောက်ပေါမှပေါ။ သန့် ရှင်းလို့ ..။
ရန်ကုန်ကြေးအိုး ၃ဝဝဝ ကျော်တဲ့...ဘာမှကောင်းဘူး...။
(နောက်တလ လောက်ကျတော့ နောက်တခါထပ်သွားသေးတယ်။ဒါလည်းဒီဆိုင်မှာဘဲစားတယ်)
ဟီး...အလကားရလို့ ဟုတ်ဘူး..ကျမတပည့်မလေးက ချစ်စရာကောင်းတယ်။
ဆရာမငယ် အရွက်တွေ ထဲ့မလားတဲ့..မေးပုံ..များများသာထဲ့ကွယ်...ဆြာမဂီး..ပါးစပ်ပြင်နေတယ်..။

ဒီတခါတော့ ဝက်သားလုံးနဲ့ ရိုးရိုးဝက်သားဘဲ(တွေ့ လား ရှမ်းမတွေက ခေါက်ဆွဲထဲသကြားမတဲ့ရင် မရဘူးဆရာ၊ ချဉ်ချဉ် ချိုချို ငံငံ စပ်စပ်...ရူးရှဲ ရူးရှဲ..)
ပြီး ရွှေရင်အေးလေးနဲ့ ....ရှိသမျှထဲ့ခိုင်းမလား..။ကြိုက်တာရွှေးမလား...ပြော...။စိတ်ကြိုက်...:)))
 
ကျမတော့ ရှိသမျှ အားလုံးနီးပါးထဲ့စားတယ်..ဟီး..(အလကားစားရတယ် အီကိုယ်က...ဆရာမငယ်..လေ) 

အော်..ရေးရင်း...ပြောရင်းနဲ့ အစားဖက်ဘဲရောက်ရောက်သွားတယ်။
ထူးခြားတဲ့ဈေးအကြောင်းထဲပြန်ဆွဲခေါ်အုံးမှ...။  
ကျမပြောချင်တဲ့ထူးခြားချက်ဆိုတာ...ဒီလို..။
ကျိုင်းတုံကနေ ၃ နာရီလောက်ကားမောင်းရင် တရုတ်နယ်စပ် မိုင်းလားကိုရောက်တယ်။
၎နာရီ၊ ၅နာရီလောက်မောင်းရင် တာချီလိတ် ထိုင်းနယ်စပ်ကိုရောက်တယ်..။
ခု..နိုင်ငံခြားသား တွေကိုဖွင့်ထားပေးတော့ ထိုင်း တရုတ် အဖြူတွေ ဘိုထီး ဘိုမ တွေလည်း ၊
နယ်စပ်အပေါက်တင်မက ပါဘူး၊ ရန်ကုန်ကနေရော လာကြပါတယ်။

မြို့ ထဲမှာလည်စရာကလည်း ဒီဈေးက အခရာဘဲလေ...။
မှောင်ခိုခေတ်တုံးက ဆို ကျိုင်းတုံပစ္စည်းဆိုပြီး မြန်မာပြည်မှာနံမည်ကြီးဘဲ..ဟာ..။
(တကယ်ဆို..ဘာမှရှိတာဟုတ်ဘူး.ပစ္စည်းတွေ.ဖြတ်သန်းသွားလာနားခိုရာနေရာလေးတခုပါ)

ကဲပါလေ...ဒီလို လူပေါင်းစုံ၊ အတွက်ရောင်းချပေးနေတဲ့ဈေး..ဆိုတော့...။
ဈေးသူဈေးသားတွေလည်း...အန်မတန်မှ ပါးနပ်ပါတယ်။
ရုပ်ကြည့်မယ်..။ပြောစကားလေးတချက်နားထောင်မယ်..။
ပြီး...ဈေးစကားဆိုတယ်ပေါ့..။
သူတို့ ဘတ်(စ်)စင်းလုံးနဲ့ လာတတ်တဲ့ထိုင်းတွေဆိုရင် ဆဝပ်ဒီခါး....ဘတ်ငွေနဲ့ ပြောရောင်းတာပေါ့။
နိဟောင်မား...ဆိုတဲ့ အိဆန်ကွားဆိုရင်လည်း..ယွမ်ပေါ့..။(တရုတ်လိုက အားလုံးတတ်ကြတယ်လေ)။
How r u!!!ဆိုရင် ဒေါ်လာနဲ့ တွက်ရောင်း..။
အဲ...တောဖက်က ရှမ်းတွေက ခုထိ ငွေဒင်္ဂါးဟောင်းကိုင်သုံးနေတတ်သေးတယ်လေ..။
ငွေဟောင်း အပြား ၁ခု၊ ၂ခု...ဒီလိုရောင်းကြတာပေါ့..။
ဟော...ပြည်မကလာတဲ့ မြန်မာတွေဆိုရင် ...နာနာကျပ်တာပေါ့..ဟီး(သူတို့ ကပိုက်ပိုက်ပေါတယ်လေ..
ဟို..ထမ်းဒီထမ်း အရာရှိ ဘာရှိတွေလေဗျာ..ပေါတာပေါ့...နော့်..)

မိတ်ဆွေ...ဘာအရွက်ကိုင်ခဲ့လဲ(ပိုက်ဆံရွက်ကိုဆိုလိုတာပါ)။
ဘာနဲ့ လဲချင်ပါသလဲ...။ လာခဲ့..ဈေးလယ်ခေါင်မှာ သေတ္တာကြီးချပြီး ကြိုက်တဲ့ငွေရွက်နဲ့ လဲနိုင်ပါတယ်။
ပေါက်ဈေးပေါ့...တကမ္ဘာလုံးနဲ့ ဖုံးဆက်ပြီး ပေါက်ဈေးမေးမလား...စိတ်ကြိုက်ဆရာ..။
ဘာ.အဆောက်အဦ..ဘယ် money exchange ဘာမှမလိုပါဘူး..။
ဈေးထဲဝင်..ဟင်းစားစရာဝယ်ပြီး တချက်သွားလဲ..လို့ ရတယ်နော့်...။ 

နောက်တခုက မတ်လဆန်းလောက်မှာ ဒီဈေးကို ၁ရက်ပိတ်ပြီး၊ အရင်စော်ဘွားခေတ်တုံးက ဈေးတည်နေရာဟောင်းလေးမှာ ဈေးဟောင်းနေ့ ဆိုပြီး၊
ဖွင့်ပါတယ်။ မြို့ လည်ခေါင်နေရာမှာပေါ့။ လူတွေအားလုံးသွားလည်တယ် ဝယ်တယ်၊
ဈေးထဲကဆိုင်တွေလည်း အားလုံးနီးပါး လာဖွင့်ကြတယ်။ 
ဒီနေ့ မှာရောင်းရင် တနှစ်ပတ်လုံးရောင်းကောင်းတယ်..ဆိုပြီးတော့လေ..ယုံကြည်ကြတာပေါ့..။
အဲဒီနေ့ ဆို ဈေးလည်းချိုတယ်၊ (ဟင်းဟင်း..ကျမတို့ အိမ်ရှေ့ တည့်တည့်မှာလေ....)
အဲဒီနေ့ ဆိုအသေပျော်တယ်..။လူတွေအများကြီး အိမ်ရှေ့ မှာ...စားစာရာ အများကြီးဘဲ..။




ကဲပါလေ...ရောက်တုံးရောက်ခိုက် ဈေးကြီးထဲက အစားတွေကျွေးအုံးမှ...။
ကျမရဲ့ အသဲစွဲ ဝက်အူကြွပ်ကြော် ခေါက်ဆိန့် (တပွဲမှ ၅ဝဝ ထဲ ဗျာ....ဟင်းဟင်း....တန်မှတန်)
ဆိုင်က ဈေးအနောက်ဖက် ငါးရောင်းတဲ့တန်းတွေကြားထဲမှာ...။

အော်...ပြီးဟင်းချက်စရာမလိုဘူး...။
လျောက်လည်နေလို့ ...ဒီလိုနေရာတွေမှာဘဲ ဝယ်ပြန်လာတယ်..။
လောက်ကဲအို(အထဲမှာဝက်သားပါတယ်၊အပွင့်တခုနဲ့ ထုပ်ပြီးကြော်တာ)၊၊ငါးဒုက္ခ..။

ငရုပ်သီးထောင်းတွေ
ဆားငံဘဲဥ
(ဒါတွေကကျမရဲ့ မြို့ လေးကို..အခု..ကျမဖက်ကနေမြင်တဲ့ရူဒေါင့်တွေပေါ့ဗျာ....)

ကိုင်း...အထည်ဆိုင်ရောက်ပြီ၊ချည်ထည်တွေပါ။ ကျိုင်းမယ်၊ကျိုင်းရိုင်းဒေသကနေလာတာ..။
၂ စုံကြီးများတောင် မျက်စိမှိတ်ပြီးဝယ်ခဲ့တယ်...။
(ကျမအတွက်တော့ ဈေးကြီးထှာ...နော်..ရှေ့ ဆုံးက ထမီတထည်က ၁၆ဝဝဝကျပ်တဲ့..)
နှစ်သစ်အခါမှာ အားလုံးဘဲ ရွှင်လန်းချမ်းမြေ့ ကြပါစေရှင်...
မီးမီး

10 comments:

  1. မမီး... ခေါက်လန်ဖွန်း စားချင်ပါတယ်ဆိုမှနော်.. မလွှပွင့်ဝက်သားအဆာသွတ် အရမ်းကြိုက်တယ် အပွင့်က ခါးသက်သက်လေး။ အပွင့်ကို ဒီတိုင်းလည်း ချက်စားတယ် အိမ်မှာ။ ငါးဒုက္ခစားချင်တာကတော့ပြောမနေနဲ့တော့။ ရှမ်းဝက်အူချောင်းမွှေးမွှေးလေးလည်း စားချင်တယ်။ နောက်ပြီး ဝက်အူကြွပ်ကြော်နဲ့ ခေါက်ဆိန့်ရော :( အချဉ်တွေတော့ သွားကြိမ်းလို့ စားတော့ဘူး :)

    ReplyDelete
    Replies
    1. နေ့ လည် ၃ နာရီပတ်ဝန်းကျင်လောက်ဆိုရင်၊
      ပိုစားလို့ ကောင်း...:P
      အော်..ဗမာလို မလွပွင့်တဲ့လား..။
      မသိပါဘူး...။
      ငါးဒုက္ခကိုငါးခူနဲ့ လုပ်စား၊
      အရင်မကြော်ဘဲ ကင်လိုက်ပြီးမှ ပြန်ကြော်တာ...။
      ဂွတ်ဂွတ်..၊ခေါက်ဆိန့် ကျန်တော့ မနက်တိုင်းစားလည်း မုန်းနိုင်ဘူး..။
      အချဉ်က သိပ်အချဉ်ကြီးဟုတ်ဘူး..။
      ဒီအချိန် သင်္ကြန်အကြောင်းရေးရင်၊
      သတိရစရာတွေများလို့ ရှောင်ပြီးရေးတာလေ..။

      Delete
  2. ဇိမ်နဲ့ ထိုင်ဖတ်နေတာ။ ချစ်ချစ်ကအလုပ်သွားရမှာမအိပ်သေးဘူးလားတဲ့။
    ဆက်တင်အုန်းနော်။ ဖတ်လို့ မ၀ဘူး။ ကြည့်လို့ လည်းမ၀ဘူး။
    အဲဒီဈေးထဲသွားပြီးတမျိုးပြီးတမျိုးလျှောက်စားချင်တယ်။း)
    အိုင်အိုရာ

    ReplyDelete
    Replies
    1. ဟဟ..ချစ်ချစ်ကြီးတောင်သတိပေးနေရပြီ..။
      ဈေးထဲကို ၃/၄ ခါလောက်ဘဲရောက်တယ်။
      ရောက်ရင် ရှေ့ နောက်တောက်မြောက်ပတ်ပြီး၊
      စားသောက်နေတာဘဲ..။
      မုန့် တွေလည်း အများကြီးဘာဝယ်စားရမှန်းတောင်၊
      သိဘူး...။ကိုယ်လည်း..ဘာဘဲရေးရေး..ဒီစားသောက်တာလေး၊
      မပါရင် ဟာတာတာနဲ့ ..ဟီး။
      ငတ်ကြီးကျတယ် သိလားမအိုင်အိုရာ..ရေ့ ..။

      Delete
  3. မမီးရေ..ရှလွတ်..ရှလွတ်..မလွှပွင့်နဲ့ငါးကိုစားချင်လိုက်တာ..ခေါက်ဆွဲတွေကိုလဲအကုန်စားချင်တယ်...အရမ်းလဲရောက်ဖူးချင်တယ်။ စု

    ReplyDelete
    Replies
    1. စုတကယ်မြန်မာပြန်တဲ့အချိန်ဆိုရင်၊
      ခေါ်မှာပေါ့..။
      စုရဲ့ ချစ်ချစ်ကြီးကိုလည်း ရှမ်းခေါက်ဆွဲတွေတဝကြီး
      ကျွေးလိုက်မယ်။ သူ့ ဂျာမာန်စာတွေ မေ့သွားစေရမယ်..။
      ဟင်းဟင်း...:)

      Delete
  4. ကျိုင်းတုံခေါက်ဆွဲတယ့် ထောင်ကြီးမှာ စားခဲ့တာ..သိပ်ကောင်းတာပဲ..ကျိုင်းတုံးက အစားအသောက် ပေါတယ်နော်...မြန်မာပြည်ရောက်ရင် သွားလည်ဦးမယ်...

    ReplyDelete
    Replies
    1. လာခဲ့ပါ စန်းထွန်းလေးရေ့...
      လာခါနီးသတင်းပေးလိုက်..
      ပုန်းနေမယ်..အဲ..
      နေရာအနှံ့ လိုက်ပို့ ပေးမှာပေါ့နော်..:P

      Delete
  5. လိုက်လည်ချင်လာပြီ။ဘယ်တော့သွားအုံးမှာလဲ။ ကျမ မေလကုန်ခါနီးရှိမယ်။

    ReplyDelete
    Replies
    1. အိရေ..ဒီတနှစ်တော့၊
      မပြန်တော့ဘူး။
      နောက် ၂၀၁၄ မတ်လမှပြန်မယ်။
      ဟိုမှာကြံကြရင်သိပ်ကောင်းမှာဘဲနော်..။

      Delete