Friday, August 31, 2012

စိန့် မြစ်ခရီးနဲ့ မျော်စင်ကြီး

မင်္ဂလာပါရှင်~~~
Paris ရောက်ရင် အီဖယ်တာဝါကိုသွားရသလို၊ ဒီစိန့် မြစ်သင်္ဘောခရီးစဉ်လေးကလည်း၊
လူတိုင်း မသွားမဖြစ်တဲ့ နေရာလေးပေါ့။
ကျမတို့ ကို ဂိုက်ကမနက်စောစောဟော်တယ်က ထွက်တာနဲ့ အဲ့..ကိုတန်းခေါ်သွားပါတယ်။

သူတို့ တံတားတွေလည်း ဥရောပလက်ရာတွေနဲ့ ခန့် ညားလှပနေတာ...


မြစ်လမ်းကြောင်းခရီးစဉ်တလျောက်ပြမြေပုံ...
ဘေးတဖက်တချက်မှာ သမိုင်းဝင်အဆောက်အဦ ကြီးကြီးမာမားတွေ ပြည့်နေတာဘဲ...။
တံတားတွေ ဘယ်လောက်ပေါများသလဲဆိုတာ ပုံထဲမှာမြင်နိုင်တယ်လေ..။
စုစုပေါင်း ၃၇ ခုတောင်ရှိတယ်တဲ့ဗျား...။ရှေးအကျဆုံးက မြစ်လယ်ခေါင်မှာရှိတဲ့ ကျွန်းငယ်လေးရဲ့ ထိပ်နဲ့ ၊ဟိုဖက်ဒီဖက်ထိပ်ဖြတ်ပြီးဆက်နေတဲ့ Pont Neuf တံတားပါ။ 
၁၆၀၇ ခုနှစ်ကတဲကဆောက်ထားတာတဲ့...။

 


Le Louvre ကိုစိန့် မြစ်ကနေလှမ်းတွေ့ ရတာ...(သစ်ပင်တွေကလည်းကမ်းနဖူးအပြည့်..ဒါတ်ရိုက်လို့ မကောင်း:))))


d'Orsay အရင်ကဘူတာရုံကြီးတဲ့...ဒီလောက်လှတဲ့ဘူတာရုံ..အထဲမဝင်ခဲ့ရပါဘူး...
ခုတော့အနုပညာ ပြတိုက်လုပ်ထားပါတယ်။

ဒါကတော့ နံမည်ကျော်တဲ့  Grand Paris ဆိုတဲ့ပြတိုက်ပါ။
ထုံးစံအတိုင်းပါဘဲ အရင်တုံးကတော့ နန်းတော်ပေါ့။

 

 Hotel de Ville ကိုနောက်ဖက်ကနေဘဲကြည့်ခဲ့ရပါတယ်။
ဒီလောက်ကြီးမားခန့် ညားလှတဲ့ အဆောက်အဦကြားထဲမှာ ပဲရစ်မြို့ ကအသေးဆုံးတိုက်ခန်းတဲ့ဗျားးးး

တိုက်၂လုံးကြားထဲက ပြုတင်းပေါက်တခုနဲ့ ဝင်ပေါက် ဘဲရှိတဲ့ အိမ်လေးး:P

သူ့ ကျတော့ အဝေးကကြည့်မြင်နိုင်ပါဧ။်..ပေါ့။

မြစ်ပေါ်ကအမြန်တက်မှ....:P အဆောက်အဦတိုက်ကြီးတွေဘဲမြင်နေရတာ သိပ်မဟန်သေးဘူး။

 
 Notre Dame  အဲ့နားရောက်တော့လူတွေအများကြီး ထုံးစံအတိုင်းဂိုက်က ဒီနေရာမှာ ချ၊
ဒီနေရာမှာ နောက်တနာရီတိတိ ပြန်လာဆိုပြီးတာတာလုပ်သွားတာပေါ့။
ကျေးဇူးရှင်ကြီးကလည်း ဗိုက်နာလို့ တဲ့။ ပြူးပြူးပြဲပြဲနဲ့ အိမ်သာရှာလည်းမတွေ့ ဘူး။
နောက်ဆုံး coffee shop ကောင်းကောင်းရှာမှရတော့မယ်ဆိုပြီး ရှာပုံတော်ဖွင့်ရတာပေါ့။
 

တချို့ ဆိုင်တွေဆို ဖွင့်တောင်ဖွင့်သေးဘူး။
ထိုင်စရာနေရာနဲ့ ကျကျနနဆိုင်ရှိမှ ရေအိမ်အကြောင်းမေးလို့ ရမှာလေ။
ခပ်လှမ်းလှမ်းထောင့်တထောင့်မှာတော့တဆိုင်တွေ့ တယ်။ ကဲ..ဘာဘဲဖြစ်ဖြစ်ဝင်ရမှာဘဲ။
ကဲ..ကာဖီချီနို၊ခရိုဆောင်း၊လိမ္မော်ရည် ရယ်အောက်ပုံကပါတဲ့ကြက်ဥကြော်ရယ်...၁၂.၅၀ ယူရိုတဲ့...။
ရေအိမ်ကလည်း သူတို့ ပလပ်စတိတ်ပြားစေ့လေးနဲ့ ထဲ့ဖွင့်ရတယ်။
အဲတာကို..ကိုယ်တော်ကမစောင့်နိုင်တော့ ပြား၅၀ အစစ်ထဲ့ပြီးသွားခဲ့ရတယ်လေ...:P

 

သူ့ ကိစ္စများနေတုံး အပြင်သွားပြီးရှောက်ကြည့်ခဲ့တာ..အဝေးကနေပြီးရိုက်တာဘဲ.ဘာမှန်းလဲသိဘူး။
လူတွေ..Tourist တွေနေရာတကာပြည့်....။
 
နောက်တော့မြို့ အနှံ့ ကားပေါ်ကနေတော်တော်များများဘဲရူစားပြီး၊လည်ပတ်ခဲ့ရတယ်။

Les Invanlides လို့ ခေါ်တဲ့စစ်သမိုင်းပြတိုက်ပါ။
စစ်မူထမ်းဟောင်းရုံးနဲ့ စစ်ဆေးရုံလည်း..အဲထဲမှာပါဘဲ။

 ပြင်သစ်လေကြောင်းလိုင်းရုံးချုပ်...

စစ်သမိုင်းပြတိုက်အဆောက်အဦရဲ့ ရှေ့ တည့်တည့်ရောက်ပြီး ညာဖက်ကွေ့ လိုက်ရင် အီဖယ်တာဝါဖက်ကို
သွားတဲ့လမ်းဖြောင့်ထဲကိုရာက်ပြီလေ။

ရှေ့ ကTourist တွေကိုဝန်ဆောင်မှု့ ပေးတဲ့ ပြင်သစ်လုပ် Citroen ကားလေးပါ။



လမ်းရဲ့ ညာဖက်ခြမ်းမှာလေ...ထိုးထိုးထောင်ထောင်နဲ့ ကိုဖိုးမှောင်...:P


အပေါ်တက်ဖို့ တန်းစီနေတဲ့လူအုပ်ကြီးကလည်း ရာချီထောင်ချီ..။


 

အဲဒီပတ်ဝန်းကျင်မှာ ပလပ်စတိတ်လေးခင်းပြီး အီဖယ်ပုံစံငယ်လေးတွေရောင်းနေတာတွေ့ တယ်ဟုတ်။
သူတို့ ကိုလည်း စည်ပင်ကလိုက်ဖမ်းလို့ အထုပ်တွေသိမ်းပြီးပြေးကြရတယ်။
ဒါတော့ ဘယ်နေရာမဆိုတူတာဘဲ..:)))


ပြင်သစ်မျော်စင်ကသာရှည်တာဟုတ်ဘူး...။ကျမရဲ့ ပို့ စ်လည်းရှည်နေထှာ..ပြီးကိုပြီးနိုင်တော့ဘူး:P
အပြန်ကျတော့ ကားပေါ်ကနေဘဲ ငေးမောကြည့်ရူ ကင်မရာကိုင်ပြီး ပါးစပ်လေး ဟ လို့ ...:)))
ရိုက်ဖို့ တောင် မေ့ခဲ့တာတွေအများကြီး....ပါရီတော့ တကယ်လှတယ်...။


Grand Paris  ရဲ့ အရှေ့ ဖက်ဝင်ပေါက်...။


Avenus des Champs-Elysees  ဈေးအကြီးဆုံး၊အကောင်းဆုံးတွေဘဲ ရောင်းတဲ့ ဆိုင်တန်းကြီး ရှိတဲ့လမ်း..တဲ့။ အသေအချာကြည့်ထားအုံးမှ။ 
ထီပေါက်ရင် တလမ်းလုံးက ဆိုင်တွေမှာ ဝယ်ပစ်လိုက်အုံးမှာ....:)))


ဒါက ... သမ္မတအိမ်သွားတဲ့လမ်းပေါ့။ အချိန်ကလည်းသစ်ရွက်ကြွေချိန် ဆောင်းအကူး ကာလပေါ့။


 Nicolas Sarkozy (အဲဒီတုံးက သမ္မတပေါ့) နေတဲ့ အိမ်တော်၊


အပေါက်ဝမှာလည်း အစောင့်တယောက်ထဲတွေ့ ခဲ့တယ်။ သူအိမ်မှာမရှိတာလားမသိဘူး။



Hotel de Ville အရင်တုံးက ဒါတ်ပုံတွေထဲမြင်ဘူးတာ..လှလို့ ။ 
ခုပြင်နေတာနဲ့ တိုးနေလို့ ..မမိုက်တော့ဘူးပေါ့။

စကားမစပ်...ပြောရမယ်ဆိုရင် ကျမအရင်တုံးက Marie Antoinette ဆိုတဲ့ရှပ်ရုင်ကိုကြည့်ဖူးတယ်။
သူကတော့ ကမ္ဘာကျော်စကားတခွန်း ပြောခဲ့တဲ့ အမျိုးသမီး၊ ပြင်သစ်လူဝီ၁၆ဘုရင်ရဲ့ မိဖုရား ဖြစ်ပါတယ်။
"ပေါင်မုန့် မရှိရင် ကိတ်မုန့် စားပေါ့ " အဲဒီစကားကို ကျမတို့ ခဏခဏယူသုံး ပြောင်လှောင်ခဲ့ဖူးတယ်လေ။
အဲဒါကို ရုပ်ရှင်ပြန်ရိုက်ထားတာ ၂ခုရှိတယ်။
 ၁၉၃၈ ခုနှစ်ကတခု နဲ့  ၂၀၀၆ မှာနောက်အသစ်တခု ပြန်ရိုက်ပါတယ်။ ကျမကြည့်ခဲ့တာ နောက်အသစ်ရိုက်တဲ့ကားပါ။
ဗာဆိုင်းနန်းတော် ဆိုပြီးငယ်ငယ်က သမိုင်းမှာသင်ခဲ့ဖူးတာ။
ခုတော့ ရိုက်ရှင်ကြည့်ပြီး အရမ်းသွားချင်နေခဲ့တာ။
သွားတော့လည်း မရောက်ခဲ့ပါဘူး..ဟီး။
ရုပ်ရှင်ထဲမှာပါတဲ့  သူတို့ စားတာ ဝတ်တာ ကြည့်ပြီး စိတ်ကျဉ်းကျပ်လိုက်တာ...။
မကြည့်ရသေးရင်လည်း ကြည့်နိုင်ပါတယ်။နန်းတော်ကြီးက ခန်းနားလွန်းနေတယ်..။
အဲဒီရုပ်ရှင်က ဟာသဒရမ်မာ အမျိုးအစားထဲကပါ။

အဲ...နောက်ဆက်ရန်ရှိသေးတယ်...ပြီးကိုမပြီးနိုင်တော့ဘူး...:)))
တကယ်ပါ ၄ခုနဲ့  ဒီပြင်သစ်ကိုနူတ်ဆက်ပါ့မယ်...:P

အားလုံးဘဲရွှင်လန်းချမ်းမြေ့ ကြပါစေ...
မီးမီး
( ၃ ရက်လောက်ရေးယူရတယ်။ဖောင့်ကာလာတွေ ဘယ်လိုဖြစ်လည်း သိဘူး။အရောင်ရောနေတယ်။
ပြင်တာလည်းရဘူးးးးးသီးခံပါရှင်...ကြိုးစားပြီးပြင်ကြည့်ပါအုံးမယ်:))))

Sunday, August 26, 2012

ချဉ်ငံစပ်လို့ ခေါ်တဲ့ခေါက်လန်ဖိန်း

မင်္ဂလာပါရှင်~~~
ခရီးသွားတဲ့ကိစ္စမပြီးဆုံးခင်မှာဘဲ၊တခါကFBပေါ် က ဂိန်းကစားမိတ်ဆွေ  မေးထားတာကို၊
ရုတ်တရက်ကြီးသတိရလာတယ်။(ကိုယ်ကလည်းစားချင်နေတာကိုး....)
အဲဒါကတော့ သူများတွေကတော့ချဉ်ငံစပ်လို့ အမည်ပေးထားတာကိုတောင်ကြီးကနေစကြားဘူးတယ်။
ကျမတို့ အခေါ်တော့ခေါက်လန်ဖိန်းပေါ့၊။ဆန်မှုန့် နဲ့ လုပ်တဲ့ဆန်ထိုဖူးပါ။

ကျမစားရင်တော့အရည်များများထဲ့စားတာကြိုက်တယ်။
ကျမတို့ ကျိုင်းတုံရှမ်းတင်မကပါဘူး။တခြားဒေသကရှမ်းအနွယ်တွေအားလုံးဘဲစားကြပါတယ်။
နေရာဒေသလိုက်ပြီးပြုလုပ်ပုံတွေ၊စားတာတွေတော့၊နဲနဲစီကွဲပြားကြမယ်နဲ့ တူတယ်။
ကျိုင်းတုံမှာတောင်၊နဲနဲမြို့ ပြင်ကျတဲ့ရွာတွေဖက်ကဆိုရင် မြို့ ပေါ်နဲ့ ပုံစံကမတူပါဘူး။
ထဲ့စားတဲ့အစာပလာတွေကွာတာပါ။

ဆန်မှုန့် ကိုတော့ကျမတို့ ဆီမှာကြိတ်ဆုံခေါ်မလားဘဲ။ကျောက်ပြားတွေနဲ့ ကြိတ်ကြတာပါ။
ဆန်တောင်မှ မနော်ဟရီမှကောင်းတာတို့ ဘာတို့ ရှိသေးပါတယ်။

phto creadit
ခုခေတ်မှာတော့အစစအရာရယ်ဒီမိတ်ဆိုတော့ ဆန်ရေစိမ်၊ကြိတ်ဆုံရှိတဲ့နေရာသွား၊ကြိတ်၊
ကျောက်တုံးနဲ့ ဖိ..ဆိုတဲ့ဒုက္ခတွေကိုသိစရာမလိုတော့ဘူးလေ။
ကဲလေ..ပြောပြမယ်နော်၊ခပ်လွယ်လွယ်လေးနည်း(ကျမတော့တခါမှမစမ်းပါ။ညီမလေးတွေ၊အဒေါ်တွေ၊
လုပ်တာကြည့်ပြီး၊ချွေးပြန်ပါတယ်)။ကိုင်း...သူတို့ နည်းပြန်ပြောပြတာပေါ့နော်...။
Skype ကနေပြတာကို ကျမပြန်ရွှီးရတာပေါ့:))))

ဆန်မှုန့် (ဘာဆန်ဖြစ်ဖြစ်တဲ့) တခွက်(ဘယ်ပုံစံခွက်နဲ့ ထဲ့ထဲ့၊ရေကို၂ခွက်ခွဲထည့်ရပါတယ်)။
သူတို့ ကတော့ ဆန်မှုန့် တခွက်ခွဲ၊ပြောင်းဖူးမှုန့် ခွက်ဝက်ထဲ့ပါတယ်။(ပိုစေးပြီးအိတယ်တဲ့)
ဆီနဲနဲလေးထဲ့ပါ(အိုးဖင်မကပ်အောင်..တဲ့)
အဲ..ကျိုတဲ့အထဲမှာတော့ဆားတို့ ဘာတို့ မထဲ့ပါနဲ့ ။
ထုံး... မကျဉ်းစေ့ တဝက်တဲ့။အင်း..သူတို့ ပြောတို့ အတိုင်းဘဲ..ဆရာ...။
ထုံးကိုရေဖျော်ပါ။ထုံးများရင်ခါးတတ်ပါတယ်။
ကျမခေါက်ဖိန်းဆရာမတွေက ဂျပန်မှာတယောက်၊စင်ကာပူမှာတယောက်။
(ကွမ်းယာဆိုင်ကထုံးတထုပ်ဝယ်ပြီး၊ထမိန်ကြားထဲခိုးထဲ့ယူသွားကြတယ်တဲ့...:P )
ကျမမှာထုံးမရှိလို့ မထဲ့ဘဲနဲ့ ကြိုမယ်ဆိုတော့၊ကိုယ့်လူတွေကမရဘူးတဲ့ဆရာ...။

အိုးစဗွက်တာနဲ့ မွှေပေတော့..တလစပ်။နို့ မို့ ရင်အခဲအခဲလိုက်ဖြစ်နေတတ်တယ်။စားလို့ ကောင်းဘူး။
မွှေတံကိုပါ သူကညွှန်လိုက်ပါသေးတယ်။အလုံးလေးကပိုကောင်းတယ်တဲ့။ယောင်းမနဲ့ ဆိုကောင်းဘူးတဲ့။
ပြီး..၂၀ မိနစ်လောက်ရှိမှ ရေဖျော်ထားတဲ့ထုံးကိုထဲ့ပါ။နောက်ထပ် ၁၅ မိနစ်လောက်စေးပိုင်လာပြီဆိုမှ၊
ကြွေဇလုံရှိရင်ကြွေဇလုံထဲထဲ့။သံဇလုံရှိရင်သံဇလုံထဲလောင်းထဲ့တာပေါ့။
(ပလပ်စတိတ်တော့ရဘူးနော်..) စကနေဆုံးအထိ တောက်ရှောက်မွှေနေခဲ့ဖို့ လည်းမမေ့နဲ့ နော်။
အားလုံးပြီးရင်..ဒီလိုလေးလေသလပ် အအေးခံရုံပါဘဲ။

တယောက်နဲ့ တယောက်လုပ်ပုံလေးတွေနဲနဲကွာကြပါတယ်။

photo credit 
လာအိုကရှမ်းတွေလည်းစားကြတာပါဘဲ။သူတို့ လုပ်တာကတော့ ကျမတို့ ဆီကလိုပါဘဲ။
စားတာဘဲကွာတာ။ကျမတို့ ဆီကရွာတွေဖက်ကစားသလိုပါဘဲ။ရိုးရိုးလေးဘဲထဲ့ကြတယ်။
တချို့ ရွာတွေဖက်မှာစားဖူးတာ၊ခရမ်းချဉ်သီးပြုတ်ရည်နဲ့ ဂျင်းငရုပ်သီးထောင်းဘဲပါတယ်။
ပဲပုပ်တောင်ပေးဘူး..:((((

photo credit 
အဓိကတော့ ပဲပုပ်ပါဘဲ။ကျမတို့ ဆီကဂျင်းများများနဲ့ စပ်စပ်ပဲပုပ်တွေသုံးကြတယ်။
ပြီး..ဂျင်းနဲ့ ငရုတ်သီးချဉ်လည်းပါသေးတယ်။နောက်ငရုပ်သီးကြော်ကသပ်သပ်။ကော်ဖီထုပ်ပါးပါးလေး၊
နံနံပင်ရိတ်ရိတ်လေးလှီးထားတာလည်းထဲ့။အချဉ်ရည်က ခရမ်းချည်သီးပြုတ်ရည်၊မုန်ညင်းချည်ရည်
(ဆန်ဆေးရည်၊ထမင်းရည်နဲ့ ချည်တဲ့ဟာ)၊ကြံသကာကိုအချည်ဖေါက်ထားတဲ့အရည်ကြံသကာအချိုရည်
ဒီ ၄ မျိုးလုံးဆိုင်မှာသွားစားရင်တွေ့ ရမယ်။

ဒါလည်းဒီကနေကျေးဇူးပြုပြီးယူခဲ့တာပါဘဲ
ဒီလိုလေးပေါ့...။ကျမတော့အချိုရည်ပါနဲနဲထဲ့တတ်တယ်။ချိုချဉ်ချဉ်လေးစပ်စပ်လေးနဲ့ ..လေ။
ဂျင်းနံမွှေးမွှေးလေးနဲ့ ..အောင်မငီး...ခုဘဲစားချင်လာပြီ။

photo credit 
အရည်နဲ့ မစားချင်ရင် ခေါက်ဖိန်းကိုအံစာတုံးပုံလေးလှီးပါတယ်။
တို့ စရာက ကိုယ့်ဖာသာစိတ်ကြိုက်ထဲ့တာပေါ့။ပဲပုပ်ချဉ်၊ငရုပ်သီးကြော်ဆီချက်၊ဂျင်းငရုပ်သီးချဉ်၊ဆား...
အိုး....ကောင်းမှကောင်း...။
အားလုံးပြီးသွားရင်၊ခေါက်ဖိန်းဇလုံအပေါ်ကမာမာအခေါက်လေးကိုတလွှာလောက်၊အဆစ်ပေးပါတယ်။
စပ်နေတာကိုး..ဆားလေးနဲနဲတို့ ပြီး၊ပါးစပ်ထဲကမန်းကတန်းသာဝါးလိုက်ကြတာဘဲ...။
တချို့ ဆိုင်ကဆို ခေါက်ဆိန့် ဝှစ်(မုန့် ဟင်းခါးဖတ်၊အချဉ်ဖောက်ထားတာ)ပါတွဲရောင်းတယ်။
ဒီတော့ ၂ပွဲလောက်စားရတာပေါ့။ တပွဲက ခေါက်ဆိန့် နဲ့ ။အစာပလာထဲ့တာတော့အတူတူပါဘဲ။
ဒီမှာခေါက်ဖိန်းမလုပ်နိုင်တော့ ခေါက်ဆိန့် လေးနဲ့ ဘဲဖြေသိမ့်လိုက်တော့မယ်လေ။
ချဉ်ချဉ်ငံငံစပ်စပ်လေးနော်..:P


ကိုင်း....စပ်လွန်းလို့ ပွင့်ကုန်ပြီလား...။
ရွှင်လန်းချမ်းမြေ့ ကြပါစေ။
မီးမီး

Sunday, August 19, 2012

ရင်စည်းဗလာကချေသည်နဲ့ ပဲရစ်ညခင်း..


မင်္ဂလာပါရှင်~~~


မရောက်ဖူးတဲ့ဒေသရောက်တော့မှ မမြင်ဘူးတာတွေလည်း၊ မြင်ခဲ့ရတာပေါ့..:P 
Paris  ကိုရောက်တဲ့Tourist တွေအတွက်၊သွားကိုသွားကြတဲ့နေရာဖြစ်တဲ့  NOUVELLE EVE ကို ဂိုက်ခေါ်သွားတော့လည်းရောက်ခဲ့ရတာပေါ့။ဝင်ကြေးမှာရှန်ပိန်တယောက်တခွက်ပါတယ်။ထပ်သောက်ချင်
ရင် ပိုက်ပိုက်လေးထပ်ပေးပေါ့..။အားလုံးဘဲ၂ခွက်၃ခွက်တွေ မှာသောက်နေကြတာတွေ့ တယ်။
(ရှန်ပိန်များ..ဘာလို့ ဈေးကြီးတာလည်းမသိပါဘူး။အရသာကချဉ်စုပ်စုပ်နဲ့ ..အဟဲ)
ကျမတော့၃ခါလောက်ငုံခဲ့ပါတယ်။ဈေးကြီးလို့ ၊နှမြောလို့ ..ကြိုက်ပါဘူး၊တောသားပြောလည်းခံရမှာဘဲ:))

ပြပွဲအဝင်ဝ..။ဒီလိုမျိုးပြပွဲတွေ အဲဒီနေရာပတ်ဝန်းကျင်မှာအများကြီးရှိတယ်တဲ့။
ကတဲ့မမလေးတွေ တကယ်လှ၊ရင်စည်းပါလည်းလှ၊မပါလည်းပိုလှ။ဆိုတဲ့အမျိုးသမီးကျတော့ဖော်ဘူးဗျ..။
 
Moulin Rouge တဲ့ ဒါကပိုနာမည်ကြီးတဲ့နေရာတဲ့။နှစ်ပေါင်း၁၂၀ကျော်ပြီ။
ဒီလိုပေါင်တံလေးတွေမြောက်မြောက်ပြီးကတဲ့can-can အကစတင်ပေါက်ဖွားလာတဲ့နေရာတဲ့...။


ပြပွဲစတာနဲ့ ဒါတ်ဒါတ်တွေပေးမရိုက်ဘူး။အပေါ်ကနေသေသေချာချာစောင့်ကြည့်နေတာ။
(အပေါ်ဆုံး၂ပုံကအင်တာနက်ကမ္ဘာကနေကျေးဇူးပြုယူလာတာလေ..:)))


အဆောက်အဦအဝင်ဝ..။

နောက်တညတော့ Paris တမြို့ လုံးစီးမြင်ရတဲ့ အဆောက်အဦ ကိုသွားကြပါတယ်။
ညနေခင်း နေဝင်ချိန်..ကားထဲကနေလျှပ်တပျက်ရိုက်ချက်တွေလေ။
အပေါ်ထပ်ရှေ့ ဆုံးခုံလုထိုင်ပြီးရိုက်တာနော်။

Tour Montparnasse လို့ ခေါ်တဲ့အဆောက်အဦ ၅၉ထပ်ရှိပြီး၊၅၆ထပ်မှာပဲရစ်တမြို့ လုံးကို၊
အပေါ်စီးကနေကြည့်နိုင်ပါတယ်။အဲဒီကနေအပေါ်ဆုံးအထိကိုတော့လှေခါးနဲ့ 
လမ်းလျောက်တက်သွားကြည့်နိုင်ပါတယ်။လေအရမ်းတိုက်ပြီးအေးလွန်းလို့ အမြန်ပြန်ပြေးခဲ့ရတယ်။


(ကျမတို့ ရောက်ခဲ့တုံးအချိန်က အမြင့်ဆုံးတဲ့။မနှစ်ကတော့ Tour First အဆောက်အဦက ထိပ်ပိုင်းလေးပြင်မြင့်လိုက်လို့ သူကဒုတိယအဆင့်ကျသွားတယ်)


မှန်ကနေတဆင့်ရိုက်ရတာအလင်းကပြန်တော့၊သိပ်အဆင်မပြေဘူး။




နဲနဲမှောင်လာမှ လှလာသလိုဘဲ...။မြို့ ကွက်လေးတွေ နံပြားလိုပုံ၊ပြားကားကားကြီးလိုဘဲမြင်မိတယ်။
လေးထောင့်စပ်စပ်မဟုတ်နေဘူး။

ဒါပေမဲ့ လှနေတယ်လေ...လင်းလို့ ဝင်းလို့ သာလို့ ယာလို့ ...။

အဲဒီမှာ ပြခန်းနဲနဲရှိတယ်။မြို့ ပြတိုးတက်ဖြစ်ပေါ်ပုံ၊အီဖယ်တာဝါတည်ဆောက်ပုံ..စတာတွေပေါ့။


ကဲ..ခပ်မှောင်မှောင်လေးမှာ၊ကိုယ်တို့ လည်းခပ်ပြောင်ပြောင်ဘဲ..(နဲနဲဝင်အုံးမှ:P...)

ပြီးတော့ မြို့ ပတ်ပြတာပေါ့..။
နေ့ လည်ကမရောက်လိုက်တဲ့နေရာလေးတွေလွှတ်သွားတဲ့နေရာတွေ၊ပြန်ကြည့်ရတယ်လေ။



ဒီလမ်းလေးက ဘယ်အချိန်မဆိုလူတွေနဲ့ အပြည့်...။

နေ့ လည်ကလူတွေပြည့်နှက်နေတာတွေ၊ကြက်ပျောက်ငှက်ပျောက်။


ကိုင်း...နောက်ဆုံးပိတ်လေးကို...ညစာလေးနဲ့ ဧည့်ခံမယ်:))
ဒုတိယညမှာ စားခဲ့ရတာက လည်ချောင်းအဝမှာဘဲ ပျောက်ကွယ်သွားပါတယ်...ဟီး

စစချင်း..ထုံးစံအတိုင်းဝိုင်ဖြူ နီ ကြိုက်တာယူ၊တယောက်တခွက်...။


ချိစ်ဆလတ်တဲ့...အားလုံးတူတူဘဲ။ရွှေးစရာပလာနတ္တိ..choice မရှိ။

ခိုစာလား.. ကြောင်စာလား..လို့ ထင်နဲ့ နော်..ဒါဘဲစားခဲ့ရတယ်။ပုဂံကြီးကြီးတော့လာချပေးတယ်:(((

ကျမက ငါးနဲ့ ....လေ။

အချိုပွဲနဲ့ အစာပိတ်လေး..ကဲပြောဘူးလား။လည်ချောင်းဝမှာတင်ပျောက်ကွယ်သွားပါတယ်ဆို...။
အကျွန်ုပ်...မဝခဲ့ဘူးဗျ...(အဟဲ)

ပြီးသေးဘူးနော်..ခုမှဒုတိယအပိုင်း..နောက်တပိုင်းကျန်သေးပါတယ်... :)))))
ခဏနားလိုက်ပါအုံးမယ်လေ..။
အားလုံးဘဲ ရွှင်လန်းချမ်းမြေ့ ကြပါစေ။
မီးမီး