ဟော်လန်ရဲ့ နာမည်ကျော်သစ်သားဖိနပ် |
မင်္ဂလာပါရှင်~~~
ဒီတခါတော့လေရဟတ်ဟောင်းကြီးပေါ်ကိုတက်ကြည့်ရအောင်..။
သူ့ ကဗျဉ်းတင်ထားတဲ့အဆိုအရတော့ ၁၈၉၂ ကဆောက်ထားတာတဲ့။ လေဖမ်းဒန်းစီးပြီးဆိုရရင်တော့ ကျန်တဲ့ခုနှစ်ကပြန်ပြင်ဆောက်တယ်လို့ ဘဲဆိုပါတော့..ဟဲ။
အော်..ဒတ်ခ်ျစာတတ်ဘူးလေဟယ်..။
အိုး...မြင်မြင်သမျှစိုက်ခင်းတွေဟာ ပန်းစိုက်ခင်းတွေ ချည်းပါဘဲ..။
ဘတ်စ်ကားနဲ့ လာခဲ့တဲ့လမ်းဘေးတဖက်တချက်မှာလည်း ပန်းပင်လယ်ကြီး..။
ကွန်တာနာကားကြီးတွေအများကြီးပါဘဲ။ဂိုဒေါင်ကလည်း ကြီးမားလိုက်တာ၊
ဘောလုံးကွင်း ၂ခု-၃ခု စာလောက်တောင်မကဘူး..တိတိကျကျလည်းခန့် မှန်းတတ်ပါဘူးလေ..။
အဲဒီကတီဗီမှာမြင်ဘူးတာ ပန်းတွေကိုလေလံတင်တာတော့ သိတယ်။
ဒီနေရာ မှာလည်းလေ့လာ နိုင်ပါတယ်။
ပန်းခြံကိုလာခဲ့ရင် ဘတ်စ်ကားရပ်တဲ့နေရာ အရှေ့ ဖက်မှာ စက်ဘီးဌားတဲ့ဆိုင်ရှိတယ်။
တချို့ လည်းစက်ဘီးစီးပြီးစိုက်ကွင်းတွေသွားကြတယ်..။
ဘတ်စကားရပ်တဲ့နေရာ၊ |
စက်ဘီးဌားတဲ့နေရာ |
ပြီးရင် ကျုးလစ်ပြခန်းသွားရအောင်..။
ကျမတို့ က ကျုးလစ်ဆိုရင်ဟော်လန်နဲ့ တွဲသိကြတယ်။တကယ့် မူရင်းကသူတို့ ဆီကမဟုတ်ပါဘူး။
အရင်ပို့ စ်မှာပါတဲ့စိုက်ခင်းထိပ်မှာဆို ဘယ်ပန်းက ဘယ်ဒေသကလာတယ်ဆိုတာပြထားပါတယ်။
အဓိက ကတော့ တူရကီ၊ရှရှားတချို့ ဒေသ၊နဲ့ အာဖဂန်နက်စတန်၊တာဂစ်စတန်..
အို..စတန်စတန်နဲ့ ဆုံးသော၊အရမ်းအေးတဲ့တောင်ကုန်းဒေသတွေကလာတာပါတဲ့။
(ကိုင်း..လိုရင်းတိုရှင်းပေါ့...နော်)
အို..စတန်စတန်နဲ့ ဆုံးသော၊အရမ်းအေးတဲ့တောင်ကုန်းဒေသတွေကလာတာပါတဲ့။
(ကိုင်း..လိုရင်းတိုရှင်းပေါ့...နော်)
ဆော်လမွန်ဘုရင့်ခေါင်းဆောင်းကြီးက အဲဒီကျုးလစ်ပန်းဥ ကိုကြည့်ပြီးလုပ်တာတဲ့။
ပါးရှန်းပင်လယ်ဖက်ကအထွဋ်အမြတ်ထားတဲ့တော်ဝင်ပန်းပေါ့။
(သူများရှင်းပြတာကြားတချက်မကြားတချက်နဲ့ ..ဟီး..ရွှီး ကြည့်တာ)
ဟိုးအရင်တုံးက ဒီပန်းခြံမှာ ပန်းပွင့်တွေကိုဘယ်လို ပြုစု၊ဥတွေကိုဘယ်လိုလုပ်ရသလဲဆိုတာ၊
ပုံလေးတွေနဲ့ ပြထားပါတယ်။ သူ့ လ နဲ့ သူဇယားလေးရှိတယ်။
ဘယ်လမှာဥကိုဘယ်လိုထားရမယ်ဆိုတာပေါ့။
နဲနဲပွင့်လာတော့လည်းလှလို့ ဘဲ |
ပွင့်အာလာတော့..အယ်..အထဲကအဆံချောင်ကြီးနော်..:) |
ကဲပါလေ...ထင်ချင်သလိုထင်..တို့ များတော့လှနေမှာဘဲ...(ပန်းလေးကကပ်ပြောတာပါဗျာ)..
ပန်းအိုးထိုးတဲ့သူတွေဆီသွားရအောင်..။
အော်..ဒတ်ခ်ျတွေ ကဗျာဆန် ပန်းချစ်ကြတာ အန်ကယ်ကြီးပန်းအိုးထိုးနေတာလေ..။
ကျမ ဖြင့်ကိုယ်ကိုကိုယ်ရှက်မိတယ်။ကဗျာမဆန် ပန်းမကြိုက်တဲ့ မိန်းမမဆန်တဲ့ အမျိုးသမီးလေ..:P
ပြတယ်ရောင်းတယ်လေ.. |
သဘောင်္သားဟောင်းတွေလား...သီချင်းဆိုတာနားထောင်လို့ ကောင်းတယ်.. |
ပန်းတွေလှတာဘဲသိတာပါ..။ ပန်းနံမည်လည်းခွဲခြားပြီးသေသေချာချာသိပါဘူး။
သစ်ခွလေးတွေကိုတော့ ဒီမှာတင်ဖူးပါတယ်။စာတော့ပါဘူး..ပုံတွေချည်းဘဲ..;P
အဝင်ဝကလူတွေ... |
ပန်းပုံတွေများသွားလို့ ပမ်းသွားကြပြီပေါ့လေ...
မီးပိတ်..မှိတ်အိပ်ကြတော့နော်...
ပန်းတွေရောင်းတဲ့နေရာ၊နားစရာ စားသောက်ဆောင်နေရာ၊
ဗီဒီယိုတွေက ကျမရိုက်တာပါ။
ပန်းဥတွေကနေဘယ်လိုပန်းပင်ဖြစ်လာတယ်ဆိုတဲ့အချိန်အပိုင်းအခြားလေးတွေပါပါတယ်။
ရွှင်လန်းချမ်းမြေ့ ကြပါစေ...
မီးမီး